ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwwd ဆောင်းပါး ၁၁
  • ပက်ကျိရဲ့ ကော်နဲ့တူတဲ့ အကျိအချွဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပက်ကျိရဲ့ ကော်နဲ့တူတဲ့ အကျိအချွဲ
  • အလိုလို ဖြစ်လာနိုင်ပါ့မလား
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဟက်ငါးရဲ့ အကျိအချွဲ
    အလိုလို ဖြစ်လာနိုင်ပါ့မလား
  • ခရင်းကောင်ရဲ့ ကော်စေး
    အလိုလို ဖြစ်လာနိုင်ပါ့မလား
  • ပင့်ကူမျှင်ရဲ့ လျှို့ဝှက်ချက်
    နိုးလော့!—၂၀၁၄
  • မာတိကာ
    နိုးလော့!—၂၀၁၁
နောက်ထပ် ကြည့်ပါ
အလိုလို ဖြစ်လာနိုင်ပါ့မလား
ijwwd ဆောင်းပါး ၁၁
အကျိအချွဲတွေနဲ့ ပက်ကျိတစ်ကောင်ကို တွေ့ရစဉ်။

အလိုလို ဖြစ်လာနိုင်ပါ့မလား

ပက်ကျိရဲ့ ကော်နဲ့တူတဲ့ အကျိအချွဲ

ခွဲစိတ်ကုဆရာဝန်တွေဟာ ခွဲစိတ်ဒဏ်ရာတွေမှာ အသားမျှင်တွေ ပြန်ကပ်သွားစေတဲ့ ကော်မျိုး လိုအပ်နေတာ အတော်ကြာခဲ့ပြီ။ အခုလောလောဆယ် အသုံးပြုနေတဲ့ ကော်အတော်များများက ကိုယ်ခန္ဓာ အတွင်းပိုင်း ခွဲစိတ်ကုသမှုတွေအတွက် စိတ်မချရဘူး။ အဆိပ်တက်နိုင်တယ်၊ ခြောက်တဲ့အခါ မာသွားနိုင်တယ်။ စိုစွတ်နေတဲ့ အသားမျှင်တွေဆိုရင် မကပ်နိုင်ဘူး။ သိပ္ပံပညာရှင်တွေဟာ ပက်ကျိaရဲ့ အကျိအချွဲကို လေ့လာပြီးတဲ့အခါမှာတော့ အဲဒီပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ နည်းတစ်နည်း တွေ့ရှိသွားကြတယ်။

စဉ်းစားကြည့်ပါ– အန္တရာယ်ရှိတယ်လို့ ပက်ကျိ ခံစားရတဲ့အခါ အကျိအချွဲတစ်မျိုး ထွက်လာပါတယ်။ အဲဒီအကျိအချွဲက သတ္တဝါတစ်ကောင် စိုစွတ်နေတဲ့ သစ်ရွက်မှာ ကပ်နေနိုင်လောက်အောင် စေးပျစ်တယ်။ ဒီခုခံတဲ့နည်းစနစ်က ပက်ကျိကို အကာအကွယ် ပေးသလို ကွေးနိုင်ဆန့်နိုင် လှုပ်ရှားလို့လည်း ရစေတယ်။

ပက်ကျိရဲ့ အကျိအချွဲကို ပညာရှင်တွေ လေ့လာဆန်းစစ်ကြည့်တဲ့အခါ အလွန်ကောင်းတဲ့ သဘာဝကော်တစ်မျိုးဖြစ်နေရတဲ့ အချက်အလက် အတော်များများကို ရှာဖွေတွေ့ရှိကြတယ်။ ဥပမာ၊ အကျိအချွဲတွေမှာ ဓာတုဓာတ်ပေါင်း၊ လျှပ်စစ်တည်ငြိမ် ဆွဲငင်အားကို အသုံးပြုထားတယ်။ အကျိအချွဲက ပက်ကျိတွယ်ကပ်နေတဲ့ မျက်နှာပြင်မှာ ထိုးဝင်စွဲကပ်နေစေတယ်။ ပက်ကျိပေါ် ဖိအား သက်ရောက်လာတဲ့အခါမှာတော့ တွန်းကန်စေတယ်။ ပက်ကျိ အကျိအချွဲလိုမျိုး ဂုဏ်သတ္တိရှိတဲ့ပစ္စည်းကို လေ့လာထုတ်လုပ်ကြတဲ့ သုတေသီတွေဟာ သက်ရှိအင်္ဂါတစ်ခုမှာ ကပ်နိုင်စွမ်းရှိတဲ့၊ လက်ရှိ ဆေးလောကမှာ အသုံးပြုနေတဲ့ကော်ထက် ပိုခိုင်ခံ့တဲ့ ကော်တစ်မျိုးကို တီထွင်ထားကြပါပြီ။ “အင်္ဂါအစိတ်အပိုင်းတွေမှာသာမက အရိုးနုနဲ့ အရိုးတွေ” ဆက်ဖို့အတွက်လို့ ပြောကြတယ်။

အဲဒီကော်ကို ခွဲစိတ်ကုသမှုတိုင်းမှာ အသုံးပြုလာနိုင်ခြေရှိတယ်၊ ခွဲစိတ်ဒဏ်ရာကို ပြန်ချုပ်တာမျိုး ရှိတော့မှာ မဟုတ်ဘူးလို့ ပညာရှင်တွေ ယုံကြည်ကြတယ်။ အရိုးနု အစားထိုးတဲ့အခါ ဒါမှမဟုတ် ခန္ဓာကိုယ်အတွင်း လိုအပ်တဲ့နေရာမှာ ဆေးကုသမှု ကိရိယာတွေ တပ်တဲ့အခါမှာ အဲဒီကော်ကို အသုံးပြုနိုင်မယ်။ အဲဒီကော်ကို အသုံးပြုပြီး ဝက်နှလုံးမှာရှိတဲ့ အပေါက်၊ ကြွက်ရဲ့ အသည်းမှာရှိတဲ့ အပေါက်တွေကို ဖာထေးနိုင်တယ်ဆိုတာ စမ်းသပ်မှုတွေက သက်သေထူခဲ့ပါပြီ။

သိပ္ပံပညာရှင်တွေဟာ ပတ်ဝန်းကျင်က သဘာဝလောကကို လေ့လာပြီး ကြုံရတတ်တဲ့ ပြဿနာတွေအတွက် အလွန်ကောင်းတဲ့ ဖြေရှင်းနည်းတွေကို ရှာဖွေတွေ့ရှိကြပါတယ်။ ကော်ကို တီထွင်ဖန်တီးခဲ့ကြတဲ့ တက္ကသိုလ်က ဒါရိုက်တာ ဒေါ်နယ် အင်ဘာက “တစ်ခုခုကို ကြည့်တဲ့အခါ ဘယ်နေရာမှာ ရှာရမလဲဆိုတာ သိဖို့၊ အကြံဉာဏ်ကောင်းကို အသိအမှတ်ပြုဖို့ပဲ အရေးကြီးတာပါ” လို့ပြောတယ်။

ဘယ်လို ထင်ပါသလဲ။ ပက်ကျိ အကျိအချွဲမှာရှိတဲ့ သဘာဝကော်ဟာ သူ့အလိုလို ဖြစ်လာတာလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပြုလုပ်ထားတာလား။

a ပက်ကျိရဲ့ သိပ္ပံနာမည်က Arion subfuscus ဖြစ်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ