ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yb16 စာ. ၁၀-စာ. ၁၅ ပိုဒ်. ၃
  • “JW ရုပ်သံထုတ်လွှင့်မှုကို သိပ်ကြိုက်တာပဲ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “JW ရုပ်သံထုတ်လွှင့်မှုကို သိပ်ကြိုက်တာပဲ”
  • ၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • JW ရုပ်သံအစီအစဉ်က ‘အားရှိစေပြီး လန်းဆန်းမှု ဖြစ်စေ’
    ၂၀၁၇ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • အင်တာနက် မရှိတဲ့ ဒေသတွေအတွက် JW ဂြိုဟ်တုလိုင်း
    အလှူငွေတွေကို အသုံးပြုပုံ
  • အငတ်ဘေးမှ လွတ်မြောက်
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
  • ကြည်လင်စွာ “မြင်ရ၊ ကြားရ” တဲ့ အစည်းအဝေးကြီး အစီအစဉ်များ
    အလှူငွေတွေကို အသုံးပြုပုံ
နောက်ထပ် ကြည့်ပါ
၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
yb16 စာ. ၁၀-စာ. ၁၅ ပိုဒ်. ၃
JW ရုပ်သံထုတ်လွှင့်မှုကို ကြည့်ရှုနေတဲ့ သက်ကြီးမောင်နှံနဲ့ ညီအစ်ကိုငယ်လေး

ပြီးခဲ့တဲ့နှစ်ရဲ့ ပေါ်လွင်ချက်များ

“JW ရုပ်သံထုတ်လွှင့်မှုကို သိပ်ကြိုက်တာပဲ”

၂၀၁၄၊ အောက်တိုဘာ ၆ ရက်မှာ JW ရုပ်သံထုတ်လွှင့်မှုလို့ခေါ်တဲ့ အင်တာနက်ရုပ်သံအစီအစဉ်ကို အင်္ဂလိပ်ဘာသာစကားနဲ့ အစမ်းထုတ်လွှင့်ခဲ့တယ်။a ၂၀၁၅၊ ဩဂုတ်လကစပြီး ဘာသာစကား ၇၀ ကျော်နဲ့ ဘာသာပြန်ခဲ့တာမို့ ယုံကြည်ခြင်းခိုင်ခံ့စေတဲ့ ဒီရုပ်သံထုတ်လွှင့်မှုအစီအစဉ်ကနေ ညီအစ်ကိုညီအစ်မများစွာ အကျိုးခံစားနေရတယ်။ ကမ္ဘာတစ်ဝန်းက ကြည့်ရှုသူများစွာဟာ စိတ်လှုပ်ရှားစရာ ဒီအစီအစဉ်သစ်အတွက် ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြတယ်။ ဒါပေမဲ့ JW ရုပ်သံအစီအစဉ်ကို ထုတ်လွှင့်နိုင်ဖို့ ဘာတွေလုပ်ဆောင်ခဲ့ရသလဲ။

ဦးဆုံး၊ သင့်တော်တဲ့နေရာ လိုအပ်တယ်။ ဒါကြောင့် ဘရွတ်ကလင်၊ နယူးယောက်၊ ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်၊ ၃၀ ကိုလံဘီယာဟိုက် အဆောက်အအုံကို အကောင်းဆုံးနေရာအဖြစ် ရွေးချယ်လိုက်တယ်။ အဲဒီနေရာကို တစ်ပတ်အတွင်း ရှင်းလင်းပြီးတာနဲ့ ပြုပြင်ထိန်းသိမ်းရေးဌာနက ရုပ်သံထုတ်လွှင့်မယ့်နေရာကို စတင်ပြင်ဆင်တယ်။ ဒီဇိုင်းအဖွဲ့က ကျက်သရေရှိပြီး ခေတ်လည်းမီတဲ့ ပုံစံဖြစ်အောင် ရေးဆွဲဖန်တီးကြတယ်။ အမေရိကန်နိုင်ငံတစ်ဝန်းက ညီအစ်ကိုညီအစ်မတွေဟာ စတူဒီယိုဒီဇိုင်းဆွဲတာ၊ မြန်မြန်ဆောက်ပြီးနိုင်ဖို့ အစီအစဉ်ဆွဲတာတွေကို နေ့မနားညမနား လုပ်ဆောင်ကြတယ်။ လနဲ့ချီလုပ်ရမယ့် ရှာဖွေလေ့လာမှုတွေကို ရက်ပိုင်းနဲ့လုပ်ခဲ့ကြတယ်။ အဝယ်တော်ဌာနကလည်း ရာနဲ့ချီတဲ့ပစ္စည်းတွေကို အမြန်ဆုံး အော်ဒါမှာပေးကြတယ်။

မိုင်ပေါင်းများစွာရှည်တဲ့ ဝါယာကြိုးတွေကို တပ်ဆင်ခဲ့တယ်။ စက်ပစ္စည်းကိရိယာတွေ ကောင်းကောင်းလည်ပတ်နိုင်အောင် သေချာလုပ်ဆောင်ကြတယ်။ ဒီအတောအတွင်း သံစုံတီးဝိုင်းအဖွဲ့ကလည်း ပက်တာစင်က အော်ဒီယို/ဗီဒီယို စတူဒီယိုမှာ အဓိကတေးသွားကို အသံသွင်းတယ်။ တေးသီချင်းတွေကို အသံသွင်းဖို့ရောက်နေတဲ့ နိုင်ငံပေါင်းစုံက ညီအစ်ကိုညီအစ်မတွေက ကူညီပေးတယ်။ စာမူတွေ ရေးသားပြီး ပြန်သရုပ်ဆောင်ကြတယ်။ ဘရွတ်ကလင်၊ ပက်တာစင်၊ ဝေါလ်ကီးလ်နဲ့ ကမ္ဘာတစ်ဝန်း နိုင်ငံအသီးသီးမှာရှိတဲ့ အော်ဒီယို/ဗီဒီယိုအဖွဲ့သားတွေက ဗီဒီယိုထုတ်လုပ်ရေးမှာ ကြိုးစားပမ်းစား လုပ်ဆောင်ကြတယ်။ စတူဒီယို တည်ဆောက်တာ၊ စက်ပစ္စည်းကိရိယာတွေ တပ်ဆင်တာ ပြီးသွားတဲ့အခါ ဦးဆုံးလအနည်းငယ်အတွက် ပြင်ဆင်ထားတဲ့အကြောင်းအရာတွေကို စတင်ထုတ်လွှင့်တယ်။

JW ရုပ်သံထုတ်လွှင့်တဲ့ စတူဒီယို၊ ဘရွတ်ကလင်၊ နယူးယောက်

JW ရုပ်သံထုတ်လွှင့်မှု စတူဒီယို၊ ဘရွတ်ကလင်၊ နယူးယောက်

ဒီလောက်အရွယ်အစားရှိတဲ့ စတူဒီယိုတစ်ခုကို တည်ဆောက်ဖို့ ပုံမှန်အားဖြင့် ဘယ်လောက်ကြာမလဲလို့ ကျွမ်းကျင်သူတစ်ယောက်ကို မေးကြည့်တော့ တစ်နှစ်ခွဲလောက်ကြာမယ်လို့ ပြောတယ်။ ဒါပေမဲ့ အလုပ်ကြိုးစားတဲ့ ညီအစ်ကိုညီအစ်မတွေက နှစ်လတည်းနဲ့ လုပ်ဆောင်ခဲ့ကြတယ်။

အကျိုးရလဒ်ကတော့ တကယ့်ကိုအားရှိစရာပါပဲ။ လစဉ်ထုတ်လွှင့်မှုတစ်ခုစီကို အဲဒီလရဲ့ ဦးဆုံးတနင်္လာနေ့မှာ ဝက်ဘ်ဆိုက်ပေါ် တင်ပေးပြီး လစဉ်ကြည့်ရှုသူ နှစ်သန်းကျော်ရှိတယ်။ ရုပ်သံထုတ်လွှင့်မှုနဲ့ ဗီဒီယိုအားလုံးကိုတော့ လစဉ်ကြည့်ရှုသူ ဆယ်သန်းကျော်ရှိတယ်။

“ဒီအစီအစဉ်ကြောင့် ယေဟောဝါရဲ့အဖွဲ့အစည်းနဲ့ရော၊ အုပ်ချုပ်ရေးအဖွဲ့နဲ့ရော ပိုရင်းနှီးလာတယ်။ ချစ်ခြင်းမေတ္တာအများကြီးရှိတဲ့ မိသားစုအဝင်ဖြစ်မှန်း သိလာတယ်။”—ကင်ညာ။

ဒီအစီအစဉ်သစ်နဲ့ပတ်သက်ပြီး ယေဟောဝါရဲ့လူမျိုး ဘယ်လိုခံစားရသလဲ။ ကျေးဇူးတင်စကားတချို့ကို နားထောင်ကြည့်ပါ–

  • “ဒါက ကျွန်တော့်ဘဝမှာ ပျော်စရာအကောင်းဆုံး ညနေခင်းတစ်ခုပါ။ ဒီညမှာ ကျွန်တော်တို့ဇနီးမောင်နှံဟာ ၂၀၁၅၊ မေလအတွက် JW ရုပ်သံထုတ်လွှင့်မှုကို ကြည့်ပြီးပြီ။ ဘယ်လောက်ပျော်ရွှင်ရသလဲဆိုတာ ပြောမပြတတ်အောင်ပါပဲ။ ယေဟောဝါဆီကရတဲ့ အဖိုးတန်ဆုံးလက်ဆောင်တစ်ခုပါ။ အုပ်ချုပ်ရေးအဖွဲ့နဲ့တကွ ဒီအစီအစဉ်ပြီးမြောက်ရေးအတွက် ကြိုးစားလုပ်ဆောင်ပေးတဲ့ ညီအစ်ကိုညီအစ်မအားလုံးကို ကျေးဇူးတင်ပါတယ်။”—အင်ဒိုနီးရှား။

  • “မကြာသေးခင်အချိန်အထိ ညီအစ်ကိုများစွာဟာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ ဟောပြောချက်ကို မကြားဖူးကြဘူး။ အခုတော့ သူတို့ဟောပြောချက်တွေကို ကြားနိုင်တဲ့အပြင် သူတို့ကိုလည်း တွေ့နိုင်ပြီ။ အုပ်ချုပ်ရေးအဖွဲ့နဲ့ရော၊ ကမ္ဘာချီညီ အစ်ကိုအသင်းအပင်းနဲ့ရော ဒီလောက်စည်းစည်းလုံးလုံး ရှိနေတယ်လို့ အရင်က မခံစားခဲ့ဖူးဘူး။”—ကင်ညာ။

  • “ကျွန်မခင်ပွန်းက မယုံကြည်သူဆိုတော့ ဆယ်ကျော်သက်ကလေးနှစ်ယောက်နဲ့ မိသားစုဝတ်ပြုမှုလုပ်ဖို့ သိပ်ခက်တယ်။ ဒါကြောင့် ရုပ်သံထုတ်လွှင့်မှုအစီအစဉ်ဟာ ကျွန်မအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့အရာပဲ။ ငါက ဒီအဖွဲ့အစည်းအဝင်ပါလားလို့ ခံစားရတယ်။ ကျွန်မနဲ့ကလေးတွေလိုအပ်တဲ့ အားပေးမှုအများကြီးရတယ်။ ဒါက ယေဟောဝါဆီကရတဲ့ ကောင်းချီးတစ်ခုပါပဲ။”—ဗြိတိန်။

  • “JW ရုပ်သံထုတ်လွှင့်မှုကို သိပ်ကြိုက်တာပဲ။ ဒီအစီအစဉ်ကို တခြားဘာသာစကားတွေနဲ့လည်း ကြည့်ရှုနိုင်တာကြောင့် ကျွန်တော်တို့ရဲ့ဆုတောင်းချက် ဖြေကြားခံရပြီ။ ယေဟောဝါရဲ့ဝတ်ပြုရေးမှာ ရွှင်လန်းဝမ်းမြောက်စွာ ပါဝင်နေကြတဲ့ ညီအစ်ကိုတွေကိုမြင်ရတာ သိပ်အားရှိတာပဲ။ ဒီတီဗီအစီအစဉ်ကြောင့် ကျွန်တော်တို့ဟာ ယေဟောဝါရဲ့ ထူးခြားကောင်းမွန်လှတဲ့ အဖွဲ့အစည်းအဝင် ဖြစ်ပါလားလို့ ပိုခံစားလာရတယ်။”—ချက်သမ္မတနိုင်ငံ။

  • “အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ ဟောပြောချက်တွေကို ကိုယ့်ဘာသာစကားနဲ့ကြားရလို့ ယေဟောဝါနဲ့ပိုရင်းနှီးလာတယ်။”—ဘရာဇီး။

  • “ကျွန်တော် ယေဟောဝါကို ဝတ်ပြုလာတာ ၁၆ နှစ်ရှိပြီ။ ဒါပေမဲ့ အခုအချိန်မှာ ကျွန်တော်ခံစားနေရတဲ့ စိတ်လှုပ်ရှားမှုနဲ့ရွှင်လန်းမှုဟာ နှစ်ခြင်းခံတုန်းကခံစားချက်နဲ့ အတူတူပဲ။ ချစ်ရတဲ့ညီအစ်ကိုတို့၊ JW ရုပ်သံထုတ်လွှင့်မှုအတွက် ကျေးဇူးတင်ပါတယ်။”—ဘရာဇီး။

ယေဟောဝါရဲ့ ကူညီထောက်မမှုကြောင့် JW ရုပ်သံထုတ်လွှင့်မှုဟာ ကမ္ဘာချီညီအစ်ကိုအသင်းအပင်းအတွက် ကြွယ်ဝတဲ့ကောင်းချီးတစ်ခု ဆက်ဖြစ်နေမယ်၊ ယေဟောဝါကို ပိုပြီးချီးမွမ်းဂုဏ်တင်မှုဖြစ်စေမယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။

a JW ရုပ်သံထုတ်လွှင့်မှုကို tv.jw.org ကနေ ဝင်ကြည့်နိုင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ