၁၁ လေဝိအမျိုးသားတွေက သေတ္တာထဲမှာ ငွေများလာမှန်း သိတဲ့အခါ ဘုရင့်ဆီ ယူလာပြီး အပ်ကြတယ်။ ဘုရင့်စာရေးတော်ရော ပုရောဟိတ်မင်းရဲ့ ကိုယ်စားလှယ်ပါ ရောက်လာပြီး ငွေတွေထုတ်ယူတယ်။+ ပြီးတော့ သေတ္တာကို သူ့နေရာမှာ ပြန်ထားတယ်။ နေ့တိုင်း အဲဒီလိုလုပ်တဲ့အတွက် ငွေအမြောက်အမြား စုမိတယ်။