ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၇ အမှတ် ၅ စာ. ၁၂-၁၃
  • သည်းထိတ်ရင်ဖို စွန့်စားခန်းတွေ အကျိုးနပ်ရဲ့လား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သည်းထိတ်ရင်ဖို စွန့်စားခန်းတွေ အကျိုးနပ်ရဲ့လား
  • နိုးလော့!—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အခက်အခဲ
  • သိသင့်သိထိုက်ရာ
  • လုပ်ဆောင်နိုင်ရာ
  • “အန္တရာယ်များတဲ့ အားကစားနည်းများ” ကစားသင့်သလား
    နိုးလော့!—၂၀၀၀
  • ရွယ်တူချင်း ဖိအားကို တွန်းလှန်နိုင်ပုံ
    နိုးလော့!—၂၀၁၄
  • သည်းထိတ်ရင်ဖို ခံစားလိုသူများ—အသက်အန္တရာယ်နီးသောအရာကိုမှ အဘယ်ကြောင့် စွဲလမ်းနေကြ
    နိုးလော့!—၂၀၀၃
  • အိမ်ပြင်ခိုးထွက်ခြင်းသည် အဘယ်ကြောင့် မှားသနည်း
    နိုးလော့!—၂၀၀၂
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၇
န၁၇ အမှတ် ၅ စာ. ၁၂-၁၃
သည်းထိတ်ရင်ဖို အားကစားကို အင်တာနက်မှာ ကြည့်နေတဲ့ လူငယ်နှစ်ဦး

မိသားစုအတွက် အကူအညီ | လူငယ်များ

သည်းထိတ်ရင်ဖို စွန့်စားခန်းတွေ အကျိုးနပ်ရဲ့လား

အခက်အခဲ

“မြေအောက်လိုဏ်ခေါင်းထဲ အရှိန်ပြင်းပြင်း ခုတ်မောင်းနေတဲ့ ရထားဘေးနားမှာ ကျွန်တော် ရပ်နေတယ်။ အဒရီနလင်ဟော်မုန်း ထွက်လာပြီး ကျွန်တော် ဘာကိုမှ မမှုတော့ဘူး။”—လီယွန်။a

“အန္တရာယ်ရှိတဲ့ ချောက်ကမ်းပါး အမြင့်ကြီးကနေ ရေထဲ ဒိုင်ဗင်ထိုးချလိုက်တဲ့အခါ စက္ကန့်ပိုင်းလောက် ဟာခနဲ ဖြစ်သွားတယ်။ အဲဒီခံစားချက်ကို ကျွန်မ သိပ်ကြိုက်တာပဲ။ တစ်ခါတလေတော့ ကြောက်တာပေါ့။”—လာရီဆာ။

လီယွန်နဲ့ လာရီဆာတို့လို လူငယ်များစွာဟာ သူတို့ ဘယ်လောက်အစွမ်းပြနိုင်မှန်း သိဖို့ အသက်ရင်းပြီး စွန့်စားကြည့်ကြတယ်။ သင်ကော အဲဒီလို စမ်းကြည့်ချင်စိတ် ပေါ်ဖူးသလား။ ဒါဆိုရင် ဒီဆောင်းပါးကို ဖတ်ကြည့်ပါ။

သိသင့်သိထိုက်ရာ

သည်းထိတ်ရင်ဖို စွန့်စားခန်းတွေဟာ တမ်းတမ်းစွဲ ဖြစ်စေနိုင်တယ်။ စွန့်စားခန်းတွေဟာ ခဏတာ ရင်ဖိုစရာကောင်းပေမဲ့ ပိုပြီး ရင်ဖိုစရာကောင်းတာတွေကို စမ်းကြည့်ချင်စိတ် ပေါ်လာစေတယ်။ မြေအောက်လိုဏ်ခေါင်းထဲ ဝင်ခဲ့တဲ့ လီယွန်လိုပဲ မာကိုက “စွန့်စားခန်းတွေကိုမှ အစွဲကြီးစွဲနေမိတယ်။ အဲဒီအခိုက်အတန့်လေးမှာ ပျော်လိုက်တာ။ ဒါပေမဲ့ ဒီထက်ပိုပြီး စွန့်စားချင်လာတယ်” လို့ ပြောတယ်။

အရှိန်နဲ့သွားနေတဲ့ကားကို ကိုင်ထားရင်း စကိတ်စီးတဲ့ ဂျက်စတင်က “ရင်ဖိုစရာကောင်းလို့ ထပ်စမ်းကြည့်ချင်လာတယ်။ လူတွေ အားကျတဲ့အကြည့်နဲ့ ကြည့်တာကို လိုချင်တယ်။ ဒါပေမဲ့ ဆေးရုံရောက်သွားတာပဲ အဖတ်တင်တယ်” လို့ ပြောတယ်။

ရွယ်တူချင်းတွေကြောင့် ဆင်ခြင်ဉာဏ် ပျောက်သွားနိုင်တယ်။ “သူငယ်ချင်းတွေက ကျွန်တော့်ကို တိုက်အမြင့်ကြီးပေါ် သိုင်းကြိုးမပါဘဲ တွယ်တက်ခိုင်းတယ်။ ‘လုပ်စမ်းပါကွာ၊ မင်း တက်နိုင်မှာပါ’ လို့ မြှောက်ပေးကြတယ်။ ကျွန်တော် သိပ်ကြောက်နေတာ။ နံရံပေါ် တွယ်တက်ရင်း တဆတ်ဆတ် တုန်နေတာပဲ” လို့ မာဗင်ဆိုတဲ့ လူငယ်လေး ပြောတယ်။ အစောပိုင်းမှာပါတဲ့ လာရီဆာက “သူများတွေ လုပ်သလို ကျွန်မ လိုက်လုပ်တယ်။ လုပ်ဆို လုပ်ကြည့်လိုက်တာပဲ” လို့ ပြောတယ်။

သည်းထိတ်ရင်ဖို စွန့်စားသူတွေကို ချီးမွမ်းခန်းထုတ်ပြီး အန္တရာယ်တွေ ထည့်မဖော်ပြတဲ့ အင်တာနက်ကလည်း ရွယ်တူချင်းဖိအားတစ်မျိုးပါပဲ။ အင်တာနက်ပေါ် တင်ထားတဲ့ သည်းထိတ်ရင်ဖိုပြကွက်တွေ ချက်ချင်းဆိုသလို ပျံ့သွားပြီး အဲဒီလိုစွန့်စားသူတွေကို လူသိများလာတယ်။

ဥပမာ၊ အိမ်၊ နံရံ၊ လှေကား စတာတွေကို ဘာအကာအကွယ်ပစ္စည်းမှ မပါဘဲ ကျွမ်းကျွမ်းကျင်ကျင်၊ သွက်သွက်လက်လက် တွယ်တက်တာ၊ ပြေးတာ၊ ခုန်ပျံကျော်လွှားတာတွေကို ရိုက်ပြထားတဲ့ ဗီဒီယိုတွေလည်း ရှိတယ်။ အဲဒီလိုစွန့်စားခန်းတွေက (၁) အန္တရာယ်မရှိဘူး၊ (၂) လူတိုင်းလုပ်နေတာပဲဆိုပြီး အထင်ရောက်စေတယ်။ အသက်အန္တရာယ်များတဲ့ စွန့်စားခန်းတွေကို စမ်းကြည့်ချင်စိတ် ပေါ်လာစေတယ်။

အန္တရာယ်ကင်းပြီး စိတ်ချရတဲ့နည်းတွေနဲ့ ကိုယ့်စွမ်းဆောင်နိုင်စွမ်းကို စမ်းကြည့်နိုင်တယ်။ “ကာယလေ့ကျင့်ခန်းလုပ်တာက အနည်းငယ်ပဲ အကျိုးရှိတယ်” လို့ ကျမ်းစာပြောတယ်။ (၁ တိမောသေ ၄:၈) ‘ချင့်ချိန်တတ်ဖို့’ လည်း သတိပေးတယ်။ (တိတု ၂:၁၂) ဘယ်လို ချင့်ချိန်ရမလဲ။

လုပ်ဆောင်နိုင်ရာ

အန္တရာယ်တွေကို ထည့်တွက်ပါ။ “အမြော်အမြင်ရှိသူက အသိပညာနဲ့အညီ ပြုမူတတ်တယ်။ လူမိုက်ကတော့ ကိုယ့်မိုက်မဲမှုကို ဖော်ထုတ်တတ်တယ်” လို့ ကျမ်းစာပြောတယ်။ (ပညာအလိမ္မာ ၁၃:၁၆) တစ်ခုခုမလုပ်ခင် ဘာအန္တရာယ်တွေ ရှိနိုင်မလဲဆိုတာ သိအောင်လုပ်ပါ။ ‘ဒါကို လုပ်လိုက်ရင် အသက်အန္တရာယ် ရှိနိုင်မလား၊ ဒဏ်ရာအကြီးအကျယ် ရနိုင်မလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။—ကျမ်းစာလမ်းညွှန်ချက်– ပညာအလိမ္မာ ၁၄:၁၅။

အသက်ကိုတန်ဖိုးထားတဲ့ မိတ်ဆွေတွေနဲ့ ပေါင်းပါ။ မိတ်ဆွေစစ်တွေဟာ အသက်အန္တရာယ်ရှိတာ၊ သင် မလုပ်ချင်တာကို လုပ်ခိုင်းမှာ မဟုတ်ဘူး။ “မိတ်ဆွေစစ်တွေဟာ လုပ်ချင်တာမဟုတ်ဘဲ လုပ်သင့်တာကို ရွေးချယ်တတ်အောင် ကူညီပေးတယ်။ အဲဒီလိုမိတ်ဆွေတွေနဲ့ ပေါင်းတဲ့အခါ ကျွန်မဘဝလည်း ကောင်းမွန်လာတယ်” လို့ လာရီဆာပြောတယ်။—ကျမ်းစာလမ်းညွှန်ချက်– ပညာအလိမ္မာ ၁၃:၂၀။

‘ဒါကို လုပ်လိုက်ရင် အသက်အန္တရာယ် ရှိနိုင်မလား၊ ဒဏ်ရာအကြီးအကျယ် ရနိုင်မလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။

အသက်အန္တရာယ် မရှိတာတွေကို လုပ်ဆောင်ပါ။ ကြီးပြင်းလာတာနဲ့အမျှ “ကိုယ့်စည်းမျဉ်းဘောင်နဲ့ကိုယ် နေတတ်အောင် သင်ယူရတယ်” လို့ မြီးကောင်ပေါက်တို့၏ စွန့်စွန့်စားစား အမူအကျင့်များ စာအုပ်မှာ ဖော်ပြတယ်။ အန္တရာယ်ကင်းတဲ့နေရာမှာ အကာအကွယ်ပစ္စည်းတွေသုံးပြီး ကိုယ့်စွမ်းဆောင်နိုင်စွမ်းကို စမ်းကြည့်နိုင်တယ်။

ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိပါ။ လူတွေက သည်းထိတ်ရင်ဖို စွန့်စားခန်းတွေကြောင့် မဟုတ်ဘဲ ဘဝအခက်အခဲတွေကို အောင်မြင်စွာ ကျော်လွှားပုံကြောင့် သင့်ကို လေးစားကြလိမ့်မယ်။ “ချောက်ကမ်းပါးအမြင့်ကြီးကနေ ကျွန်မ ဒိုင်ဗင်ထိုးချတဲ့အချိန်ကစပြီး ကိုယ့်သေတွင်း ကိုယ်တူးတဲ့ ဘဝကို ဦးတည်တော့တာပဲ။ အဲဒီတုန်းက ငြင်းတတ်ခဲ့မယ်ဆိုရင် သိပ်ကောင်းမှာ” လို့ လာရီဆာပြောတယ်။

အချုပ်– မလိုအပ်ဘဲ သည်းထိတ်ရင်ဖို စွန့်စားမယ့်အစား အပန်းဖြေမှု ရွေးချယ်ရာမှာ ကောင်းကောင်း ချင့်ချိန်သုံးသပ်ပါ။—ကျမ်းစာလမ်းညွှန်ချက်– ပညာအလိမ္မာ ၁၅:၂၄။

a အမည်လွှဲ။

ကျမ်းစာအကြံပြုချက်များ

  • “အမြော်အမြင်ရှိသူကတော့ ခြေလှမ်းတိုင်းကို စဉ်းစားဆင်ခြင်တတ်တယ်။”—ပညာအလိမ္မာ ၁၄:၁၅။

  • “ဉာဏ်ပညာရှိသူနဲ့ ပေါင်းဖော်ရင် ဉာဏ်ပညာရှိလာမယ်။”—ပညာအလိမ္မာ ၁၃:၂၀။

  • “အသက်လမ်းက ထိုးထွင်းဉာဏ်ရှိသူကို အထက်ကို ပို့ဆောင်ပေးတယ်။ အောက်အရပ်မှာရှိတဲ့ သင်္ချိုင်းကို ရှောင်ရှားစေတယ်။”—ပညာအလိမ္မာ ၁၅:၂၄။

ပီတာ

ပီတာ

“စွန့်စားရတာဟာ ပျော်စရာသိပ်ကောင်းတယ်။ ဒါပေမဲ့ ဒွန်တွဲနေတဲ့ အန္တရာယ်တွေကိုလည်း ထည့်တွက်ရမယ်။ ဘယ်သူကများ ဘီးတပ်ကုလားထိုင်ပေါ်မှာ ဘဝဆုံးချင်ပါ့မလဲ။”

ရီယို

ရီယို

“ကိုယ်မလုပ်ချင်တဲ့အရာကို သူငယ်ချင်းတွေ လုပ်မယ်ဆိုရင် သူတို့နဲ့ လိုက်မသွားတာ အကောင်းဆုံးပဲ။ လိုက်သွားပြီးရင်တော့ ငြင်းဖို့၊ စိတ်ပြောင်းဖို့ဆိုတာ သိပ်နောက်ကျသွားပြီ။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ