ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၄၄ စာ. ၁၀၈-စာ. ၁၀၉ ပိုဒ်. ၃
  • ယေဟောဝါကို ဝတ်ပြုဖို့ ဗိမာန်တော်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါကို ဝတ်ပြုဖို့ ဗိမာန်တော်
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှောလမုန် ဗိမာန်တော်ဆောက်တဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ပညာရှိဘုရင် ရှောလမုန်
    သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
  • သူက သင့်အတွက် စံနမူနာလား၊ သတိပေးချက်လား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ကြွယ်ဝစွာဆုချခံခဲ့ရသည့် လည်ပတ်မှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၄၄ စာ. ၁၀၈-စာ. ၁၀၉ ပိုဒ်. ၃
ယေဟောဝါဆီကနေ ပူဇော်ရာပလ္လင်ပေါ် မီးကျပြီး ပူဇော်သက္ကာတွေ လောင်ကျွမ်းကုန်တယ်

သင်ခန်းစာ ၄၄

ယေဟောဝါကို ဝတ်ပြုဖို့ ဗိမာန်တော်

ဘုရင်ရှောလမုန် ဆုတောင်းနေ

ရှောလမုန်ဟာ အစ္စရေးဘုရင်ဖြစ်လာပြီးနောက် ယေဟောဝါက သူ့ကို ‘ဘာလိုချင်လဲ’ လို့ မေးတဲ့အခါ ‘ကျွန်တော်ဟာ အသက်ငယ်သေးတယ်၊ ဘာလုပ်ရမယ် မသိဘူး။ ကိုယ်တော့်လူမျိုးကို အုပ်ချုပ်နိုင်ဖို့ ဉာဏ်ပညာပေးပါ’ လို့ ပြောတယ်။ ဒါနဲ့ ယေဟောဝါက ‘ဉာဏ်ပညာပေးဖို့ တောင်းလို့ မင်းကို ကမ္ဘာပေါ်မှာ ဉာဏ်ပညာအရှိဆုံးသူ ဖြစ်စေမယ်။ စည်းစိမ်ဥစ္စာတွေလည်း ပေးမယ်။ ငါ့စကားနားထောင်ရင် အသက်ရှည်မယ်’ လို့ ပြောတယ်။

ရှောလမုန်ဟာ ဗိမာန်တော်ကို စဆောက်တယ်။ အကောင်းဆုံး ရွှေ၊ ငွေ၊ သစ်သား၊ ကျောက်တွေကို သုံးတယ်။ ထောင်နဲ့ချီတဲ့ ကျွမ်းကျင်အလုပ်သမားတွေဟာ ဗိမာန်တော်ကို ဆောက်လုပ်ကြတယ်။ ခုနစ်နှစ်ကြာတော့ ဗိမာန်တော်ကို ယေဟောဝါဆီ အပ်နှံခဲ့ကြတယ်။ အဲဒီမှာ ပူဇော်ရာပလ္လင်ရှိတယ်။ ပူဇော်ရာပလ္လင်ရှေ့ ရှောလမုန် ဒူးထောက်ပြီး ‘အို၊ ယေဟောဝါ၊ ဒီဗိမာန်တော်ဟာ ကိုယ်တော် စံမြန်းနိုင်လောက်အောင် မကျယ်ဝန်းပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဝတ်ပြုမှုကို လက်ခံပြီး ဆုတောင်းသံကို နားထောင်ပေးပါ’ လို့ အသနားခံတယ်။ ယေဟောဝါက အဲဒီဗိမာန်တော်နဲ့ ရှောလမုန်ဆုတောင်းတာကို ဘယ်လိုသဘောထားလဲ။ ရှောလမုန် ဆုတောင်းပြီးတာနဲ့ ကောင်းကင်က မီးကျပြီး ပူဇော်ရာပလ္လင်ပေါ်က ပူဇော်သက္ကာတွေ လောင်ကျွမ်းကုန်တယ်။ ဗိမာန်တော်ကို ယေဟောဝါ လက်ခံတဲ့ သက်သေပဲ။ ဒါကို အစ္စရေးတွေ မြင်တဲ့အခါ ပျော်ရွှင်ကြတယ်။

ယေဟောဝါဆီကနေ ပူဇော်ရာပလ္လင်ပေါ် မီးကျပြီး ပူဇော်သက္ကာတွေ လောင်ကျွမ်းကုန်တယ်

ရှောလမုန်မင်းကြီးရဲ့ ဉာဏ်ပညာဟာ အစ္စရေးပြည်မှာသာမက တခြားပြည်တွေမှာပါ ကျော်ကြားသွားတယ်။ လူတွေမှာ ပြဿနာတွေရှိရင် ရှောလမုန်ဆီ လာကြတယ်။ ရှေဘဘုရင်မတောင် ခက်ခဲတဲ့မေးခွန်းတွေနဲ့ သူ့ကို ပညာစမ်းခဲ့တယ်။ ရှောလမုန်ရဲ့ အဖြေတွေကိုကြားပြီး ဘုရင်မက ‘လူတွေ မင်းကြီးအကြောင်း ပြောတာ မယုံခဲ့ဘူး။ အခုတော့ သူတို့ပြောတာထက် မင်းကြီးပိုတော်တယ်ဆိုတာ သိပြီ။ မင်းကြီးရဲ့ဘုရား ယေဟောဝါက ကောင်းချီးပေးနေတာကိုး’ လို့ပြောတယ်။ အဲဒီအချိန်မှာ အစ္စရေးပြည်သားတွေရဲ့ ဘဝဟာ ပျော်စရာကောင်းပြီး ငြိမ်းချမ်းသာယာတယ်။ ဒါပေမဲ့ မကြာခင် အခြေအနေတွေ ပြောင်းလဲတော့မယ်။

“အခု ဒီနေရာမှာ ရှောလမုန်ထက် ပိုကြီးမြတ်တဲ့သူ ရှိနေတယ်။”—မဿဲ ၁၂:၄၂

မေးခွန်း– ယေဟောဝါက ရှောလမုန်ကို ဘာကြောင့် ဉာဏ်ပညာ ထက်မြက်စေတာလဲ။ ယေဟောဝါဟာ ဗိမာန်တော်ကို နှစ်သက်ကြောင်း ဘယ်လို ဖော်ပြခဲ့သလဲ။

၁ ဘုရင်များ ၂:၁၂။ ၃:၄-၂၈။ ၄:၂၉–၅:၁၈။ ၆:၃၇၊ ၃၈။ ၇:၁၅–၈:၆၆။ ၁၀:၁-၁၃။ ၂ ရာဇဝင်ချုပ် ၇:၁။ ၉:၂၂

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ