ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၈ အမှတ် ၁ စာ. ၄-၇
  • ကျမ်းစာသွန်သင်ချက်တွေဟာ အချိန်တိုင်း အကျိုးပြု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာသွန်သင်ချက်တွေဟာ အချိန်တိုင်း အကျိုးပြု
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အခုခေတ် လိုက်နာဖို့လိုတဲ့ စံနှုန်းများ
  • သင့်ကို အခု အကျိုးပြုနိုင်ပုံ
  • ၃ ပြဿနာတွေကို ခံရပ်နိုင်ဖို့ ကူညီပေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၈
  • အမှားနဲ့ အမှန်– စိတ်ချရတဲ့ လမ်းညွှန် ကျမ်းစာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၄
  • ဉာဏ်ပညာ၏ သာ၍မြင့်မားသောဇာစ်မြစ်
    သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော
  • မျက်မှောက်ခေတ်အသက်ရှင်နေထိုင်မှုအတွက် လက်တွေ့ကျသောစာအုပ်
    လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၈
ကလ၁၈ အမှတ် ၁ စာ. ၄-၇
လူမျိုးပေါင်းစုံ

ကျမ်းစာသွန်သင်ချက်တွေဟာ အချိန်တိုင်း အကျိုးပြု

ရှေးဟောင်းရုပ်တုတွေ ပြသထားတဲ့ ပြတိုက်တစ်ခုမှာ လှည့်လည်ကြည့်ရှုနေတယ်လို့ မြင်ယောင်ကြည့်လိုက်ပါ။ ရုပ်တုအများစုဟာ ကျိုးပဲ့ပျက်စီးပြီး အရောင်မှိန်နေတယ်။ အင်္ဂါအစိတ်အပိုင်း မပြည့်စုံတော့တဲ့ ရုပ်တုတွေလည်း ရှိတယ်။ ရုပ်တုတစ်ခုကျတော့ ရှေးလက်ရာမပျက် ရှိနေတယ်။ အနုစိတ်ကအစ အပြည့်အစုံပဲ။ “ဒီရုပ်တုကို မကြာသေးခင်က ထုထားတာလား” လို့ မေးကြည့်တော့ ဧည့်လမ်းညွှန်က “မဟုတ်ဘူး။ ဒါဟာ ရှေးအကျဆုံးရုပ်တု၊ မူလလက်ရာအတိုင်းပဲ” လို့ပြောတယ်။ “ဒါဆို ကောင်းကောင်းစောင့်ရှောက်ထားလို့လား” ဆိုပြီးမေးတော့ “မဟုတ်ဘူး၊ မိုးဒဏ်လေဒဏ် အခံရဆုံးရုပ်တုပဲ။ လက်သရမ်းသူတွေကလည်း ဖျက်ဆီးဖို့ ကြိုးစားခဲ့သေးတာ” လို့ ပြောတယ်။ သင် အံ့သြလွန်းလို့ ‘ဘာနဲ့များ လုပ်ထားပါလိမ့်’ ဆိုပြီး တွေးမိမှာပဲ။

ကျမ်းစာဟာလည်း အဲဒီထူးခြားတဲ့ရုပ်တုနဲ့ တူတယ်။ ရှေးအကျဆုံးစာအုပ်ပဲ။ ရှေးကျတဲ့ တခြားစာအုပ်တွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကျိုးပဲ့ပျက်စီးနေတဲ့ ရုပ်တုတွေလိုပဲ ရှေးကျတဲ့ စာအုပ်အများစုဟာ အချိန်ကြာလာတာနဲ့အမျှ ပျက်စီးကုန်တယ်။ ဥပမာ၊ ရှေးခေတ် သိပ္ပံဆိုင်ရာ ဖော်ပြချက်တွေဟာ အထောက်အထားခိုင်လုံတဲ့ အသစ်တွေ့ရှိချက်တွေနဲ့ လုံးလုံးကွာခြားတယ်။ ရှေးခေတ် ဆေးဘက်ဆိုင်ရာ အကြံပြုချက်တွေဟာ အကူအညီ မပေးတဲ့အပြင် အန္တရာယ်တောင် ရှိတယ်။ ရှေးဟောင်းစာပေများစွာဟာ အရင်ကအတိုင်း အပိုင်းအစတွေအဖြစ် ရှိနေတယ်။ ပျောက်သွားတာ၊ ပျက်စီးသွားတာတွေလည်း ရှိတယ်။

ကျမ်းစာကတော့ တစ်မူထူးခြားတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃,၅၀၀ ကျော်က ရေးခဲ့ပေမဲ့ လက်ရာမပျက် ရှိနေတယ်။ ရာစုနှစ်တွေတစ်လျှောက် မီးရှို့တာ၊ ပိတ်ပင်တာ၊ အထင်သေးတာ အကြိမ်ကြိမ်ခံခဲ့ရပေမဲ့ ကျမ်းစကားတွေကတော့ မူရင်းအတိုင်း ရှိနေဆဲပဲ။ တွေ့ရှိချက်အသစ်တွေကြောင့် ခေတ်နောက်ကျသွားမယ့်အစား ကျမ်းစာဖော်ပြချက်တွေဟာ အံ့သြစရာကောင်းလောက်အောင် ခေတ်ရှေ့ပြေးတယ်။—“ခေတ်နောက်ကျသွားပြီလား၊ ခေတ်ရှေ့ပြေးနေဆဲလား” လေးထောင့်ကွက်ကို ကြည့်ပါ။

အခုခေတ် လိုက်နာဖို့လိုတဲ့ စံနှုန်းများ

ဒါပေမဲ့ ‘ကျမ်းစာသွန်သင်ချက်တွေဟာ အခုခေတ်မှာ တကယ်လက်တွေ့ကျသေးရဲ့လား’ လို့ သင် တွေးမိမှာပဲ။ အဖြေရဖို့ ‘အခုခေတ်လူတွေ ကြုံနေရတဲ့ အဆိုးရွားဆုံး ပြဿနာတွေဟာ ဘာလဲ။ ဘယ်ပြဿနာဟာ ထိတ်လန့်စရာ အကောင်းဆုံးလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ စစ်၊ လေထုရေထု ညစ်ညမ်းမှု၊ ရာဇဝတ်မှု၊ အကျင့်ပျက်ခြစားမှုတွေအကြောင်း သင် စဉ်းစားမိမှာပဲ။ ကျမ်းစာအခြေခံသွန်သင်ချက်တချို့ကို သုံးသပ်ကြည့်ရအောင်။ သုံးသပ်ရင်းနဲ့ ‘ကျမ်းစာစံနှုန်းတွေအတိုင်း လူတွေ လိုက်နာကြမယ်ဆိုရင် ကမ္ဘာကြီးဟာ နေချင်စရာ ပိုကောင်းလာမလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။

ငြိမ်သက်မှုကို ချစ်မြတ်နိုးခြင်း

“ငြိမ်သက်မှုရှိအောင် လုပ်ဆောင်သူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။ ဘုရားသခင်ရဲ့သားတွေလို့ အခေါ်ခံရလိမ့်မယ်။” (မဿဲ ၅:၉) “ဖြစ်နိုင်မယ်ဆိုရင် လူအားလုံးနဲ့ သင့်မြတ်အောင် အတတ်နိုင်ဆုံး ကြိုးစားပါ။”—ရောမ ၁၂:၁၈။

သနားကြင်နာခြင်း၊ ခွင့်လွှတ်ခြင်း

“သနားကြင်နာတတ်သူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။ သူတို့ သနားကြင်နာခံရလိမ့်မယ်။” (မဿဲ ၅:၇) “အချင်းချင်း မကျေနပ်စရာ ရှိနေရင်တောင် ဆက်ပြီးသည်းခံကြပါ၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ကြပါ။ ယေဟောဝါကa ခင်ဗျားတို့ကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်သလို ခင်ဗျားတို့လည်း အဲဒီလိုပဲ ခွင့်လွှတ်ကြပါ။”—ကောလောသဲ ၃:၁၃။

လူမျိုးရေးခွဲခြားမှု မရှိခြင်း

“ဘုရားသခင်က လူတစ်ဦးတည်းကနေ လူအမျိုးမျိုးကို ဖန်ဆင်းပြီး မြေတစ်ပြင်လုံးမှာ နေထိုင်စေတယ်။” (တမန်တော် ၁၇:၂၆) ‘ဘုရားသခင် မျက်နှာမလိုက်ဘူး၊ ဘယ်လူမျိုးဖြစ်ဖြစ် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မှန်ရာလုပ်မယ်ဆိုရင် ဘုရားရဲ့ နှစ်သက်လက်ခံမှုကို ရတယ်။’—တမန်တော် ၁၀:၃၄၊ ၃၅။

ကမ္ဘာမြေကို တန်ဖိုးထားခြင်း

“ယေဟောဝါဘုရားက လူကို ဧဒင်ဥယျာဉ်မှာ နေခိုင်းတယ်။ ဥယျာဉ်ကို ထွန်ယက်စိုက်ပျိုးပြီး ထိန်းသိမ်းစောင့်ရှောက်ခိုင်းတယ်။” (ကမ္ဘာဦး ၂:၁၅) ဘုရားသခင်က ‘ကမ္ဘာမြေကို ဖျက်ဆီးတဲ့သူတွေကို ဖျက်ဆီးမယ်။’—ဗျာဒိတ် ၁၁:၁၈။

လောဘကြီးတာ၊ လိင်အကျင့်ယိုယွင်းတာကို ရွံမုန်းခြင်း

“လောဘကြီးခြင်း အမျိုးမျိုးကို သတိနဲ့ရှောင်ကြပါ။ ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်ဟာ စည်းစိမ်ကြွယ်ဝနေရင်တောင် သူ့စည်းစိမ်က အသက်မပေးနိုင်ဘူး။” (လုကာ ၁၂:၁၅) “လိင်အကျင့်ယိုယွင်းခြင်း၊ အမျိုးမျိုးသော ညစ်ညူးခြင်း၊ လောဘကြီးခြင်းအကြောင်းတွေကို စကားနဲ့တောင် မပြောကြနဲ့။ ဒါတွေဟာ သန့်ရှင်းသူတွေနဲ့ လုံးဝ မအပ်စပ်ဘူး။”—ဧဖက် ၅:၃။

ရိုးသားခြင်း၊ အလုပ်ကြိုးစားခြင်း

‘ကျွန်တော်တို့ဟာ အရာရာမှာ ရိုးရိုးသားသား ကျင့်ကြံပြုမူချင်စိတ်ရှိတယ်။’ (ဟီဘရူး ၁၃:၁၈) “ခိုးတတ်တဲ့သူလည်း မခိုးပါနဲ့တော့။ ကောင်းတဲ့အလုပ်ကို ကိုယ်တိုင် ကြိုးစားလုပ်ဆောင်ပါ။”—ဧဖက် ၄:၂၈။

လိုအပ်နေသူတွေကို ကူညီပေးခြင်း

‘စိတ်ဓာတ်ကျနေသူတွေကို ကြင်ကြင်နာနာ ပြောပါ။ အားနည်းသူတွေကို ထောက်မပေးပါ။ လူတိုင်းကို စိတ်ရှည်ပါ။’ (၁ သက်သာလောနိတ် ၅:၁၄) ‘မိဘမဲ့တွေ၊ မုဆိုးမတွေ ဒုက္ခရောက်တဲ့အခါ ကြည့်ရှုစောင့်ရှောက်ပါ။’—ယာကုပ် ၁:၂၇။

ကျမ်းစာဟာ အဲဒီစံနှုန်းတွေကို ဖော်ပြရုံပဲ မဟုတ်ဘူး။ အဲဒီစံနှုန်းတွေကို တန်ဖိုးထားပြီး နေ့စဉ်အသက်တာမှာ လက်တွေ့ကျင့်သုံးဖို့လည်း သင်ပေးတယ်။ အထက်ပါအချက်တွေကို လက်တွေ့ကျင့်သုံးမယ်ဆိုရင် ပြဿနာအတော်များများကို ရှောင်နိုင်မယ်။ တကယ်ဆိုရင် ကျမ်းစာစံနှုန်းတွေဟာ လက်တွေ့ကျပြီး အသုံးဝင်နေဆဲပဲ။ အခုချိန်မှာ ကျမ်းစာသွန်သင်ချက်တွေက သင့်ကို ဘယ်လို အကျိုးပြုနိုင်သလဲ။

သင့်ကို အခု အကျိုးပြုနိုင်ပုံ

ပညာရှိတစ်ဦးက “ဉာဏ်ပညာဟာ ဖြောင့်မတ်တယ်ဆိုတာကို လုပ်ရပ် [အကျိုးရလဒ်] တွေနဲ့ သက်သေပြလိမ့်မယ်” လို့ ပြောဖူးတယ်။ (မဿဲ ၁၁:၁၉) သင် သဘောတူတယ် မဟုတ်လား။ လက်တွေ့ကျင့်သုံးတဲ့အခါ အကျိုးရှိမှသာ စစ်မှန်တဲ့ဉာဏ်ပညာလို့ ပြောနိုင်မယ်။ ‘ကျမ်းစာဟာ တကယ်ပဲ လက်တွေ့ကျတယ်ဆိုရင် ငါ့အသက်တာမှာ အကျိုးသက်ရောက်မှု ရှိမယ်မဟုတ်လား။ အခုကြုံနေရတဲ့ ပြဿနာတွေ ဖြေရှင်းဖို့ ဘယ်လို အသုံးဝင်မလဲ’ ဆိုပြီး တွေးမိနိုင်တယ်။ ဥပမာတစ်ခု သုံးသပ်ကြည့်ပါ။

ပြီးပြည့်စုံတဲ့ဘဝကို ဒက်ဖနီb ပိုင်ဆိုင်ထားတယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ ဒုက္ခတွေ တစ်ခုပြီးတစ်ခု ကြုံတွေ့ရတယ်။ ဆယ်ကျော်သက်သမီးလေး ဆုံးသွားတယ်။ အိမ်ထောင် ပြိုကွဲတယ်။ စီးပွားပျက်သွားတယ်။ “သမီးမရှိ၊ ယောက်ျားမရှိ၊ အိမ်မရှိ၊ ဘာဆိုဘာမှ မရှိတော့ဘူး။ အသက်ရှင်ရတာ အဓိပ္ပာယ်မရှိတော့ဘူးလို့တောင် ခံစားရတယ်” ဆိုပြီး ပြောတယ်။

“ကျွန်တော်တို့ရဲ့ သက်တမ်းဟာ အနှစ် ၇၀ ပါပဲ။ သန်မာလှရင်တော့ အနှစ် ၈၀ ပေါ့။ ဒါပေမဲ့ ဒုက္ခတွေ၊ ဝမ်းနည်းစရာတွေနဲ့ပဲ ပြည့်နေတယ်။ အဲဒီနှစ်တွေ အကုန်မြန်လွန်းလို့ ကျွန်တော်တို့ ပျောက်လွင့်သွားမှာပဲ” ဆိုတဲ့ ကျမ်းစကား မှန်ကန်တယ်ဆိုတာ ဒက်ဖနီ ကိုယ်တွေ့ ကြုံခဲ့ရတယ်။—ဆာလံ ၉၀:၁၀။

အခက်အခဲကြုံရချိန်မှာ ကျမ်းစာကနေ ဒက်ဖနီ အကူအညီရခဲ့တယ်။ သူရခဲ့တဲ့အကူအညီဟာ တကယ်ထူးခြားတယ်။ ဘဝပြဿနာတွေ ကြုံရတဲ့အခါ ကျမ်းစာသွန်သင်ချက်တွေကနေ ထူးထူးခြားခြား အကူအညီရခဲ့သူတွေအကြောင်း နောက်ဆောင်းပါးသုံးခုမှာ ဖော်ပြထားတယ်။ သူတို့အတွက်တော့ ကျမ်းစာဟာ ဆောင်းပါးအစမှာပါတဲ့ ရုပ်တုလိုပဲ။ ခေတ်ကုန်သွားတဲ့ စာအုပ်တွေနဲ့လည်း လုံးဝမတူဘူး။ ကျမ်းစာဟာ ဘာကြောင့် တစ်မူထူးခြားနေရတာလဲ။ လူ့အတွေးအခေါ်တွေ မဟုတ်ဘဲ ဘုရားရဲ့ အတွေးအခေါ်တွေ ပါနေလို့များလား။—၁ သက်သာလောနိတ် ၂:၁၃။

ဘဝဟာ တိုတောင်းပြီး ပြဿနာတွေ ပြည့်နှက်နေတယ်ဆိုတာ သင်လည်း သဘောတူမှာပဲ။ ပြဿနာတွေ ကြုံတဲ့အခါ နှစ်သိမ့်အားပေးမှုနဲ့ စိတ်ချရတဲ့အကြံဉာဏ်တွေကို ဘယ်ကနေ ရနိုင်မလဲ။

ကျမ်းစာက လက်တွေ့ကျကျ အကူအညီပေးတဲ့ အဓိကနည်း သုံးနည်းကို သုံးသပ်ကြည့်ကြစို့။ ကျမ်းစာဟာ

  1. ၁ ပြဿနာတွေကို အတတ်နိုင်ဆုံး ရှောင်လွှဲနိုင်ပုံ

  2. ၂ ကြုံရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ပုံ

  3. ၃ ရှောင်လွှဲလို့မရတဲ့ ပြဿနာတွေကို ခံရပ်နိုင်ပုံကို သင်ပေးတယ်။

ဒီကဏ္ဍသုံးခုကို နောက်ဆောင်းပါးတွေမှာ ဆွေးနွေးပါလိမ့်မယ်။

a ယေဟောဝါဆိုတာ ကျမ်းစာမှာပါတဲ့ ဘုရားသခင့်နာမည်ပဲ။—ဆာလံ ၈၃:၁၈။

b ဒီဆောင်းပါးတွဲတွေမှာ အမည်လွှဲတွေ သုံးထားတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ