ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၄ အမှတ် ၁ စာ. ၆-၉
  • အမှားနဲ့ အမှန်– စိတ်ချရတဲ့ လမ်းညွှန် ကျမ်းစာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အမှားနဲ့ အမှန်– စိတ်ချရတဲ့ လမ်းညွှန် ကျမ်းစာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်တော်တို့ သိပ်လိုအပ်တဲ့ လမ်းညွှန်
  • ဘုရားလမ်းညွှန်ချက်တွေကို ကျမ်းစာမှာ ဖော်ပြထားပုံ
  • အမှားအမှန်နဲ့ပတ်သက်တဲ့ ကျမ်းစာစံနှုန်းတွေ အခုချိန်ထိ အရေးပါနေဆဲလား
    ထပ်ဆင့် အကြောင်းအရာများ
  • မိသားစုအတွက် ထပ်ဆင့်အကူအညီ
    နိုးလော့!—၂၀၁၈
  • လုံခြုံစိတ်ချရတဲ့ အနာဂတ်အတွက် လမ်းညွှန် ရှိသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
  • အမှားနဲ့ အမှန်– သင် ရွေးချယ်ဆုံးဖြတ်ရမယ့်အရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၄
ကလ၂၄ အမှတ် ၁ စာ. ၆-၉

အမှားနဲ့ အမှန်– စိတ်ချရတဲ့ လမ်းညွှန် ကျမ်းစာ

ကိုယ့်အထင် ဒါမှမဟုတ် တခြားသူတွေရဲ့ အမြင်ကိုပဲ အခြေခံပြီး ရွေးချယ်ဆုံးဖြတ်ရင် အကျိုးရှိမရှိ မသေချာဘူး။ ဘာကြောင့်လဲဆိုတာ ကျမ်းစာမှာ ဖော်ပြထားတယ်။ ဒါ့အပြင် အမှားအမှန် ခွဲခြားသိဖို့ စိတ်ချရတဲ့ လမ်းညွှန်လည်း ပေးထားတယ်။ ပျော်ရွှင်ကျေနပ်စရာ ဘဝ ပိုင်ဆိုင်ရစေမယ့် လမ်းညွှန်ပါ။

ကျွန်တော်တို့ သိပ်လိုအပ်တဲ့ လမ်းညွှန်

လူတွေဟာ ကိုယ့်ခြေလှမ်းကို လမ်းညွှန်နိုင်စွမ်း မရှိဘူး၊ လမ်းညွှန်ချက် ရဖို့ ယေဟောဝါa ဘုရားကို အားကိုးရမယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ယေရမိ ၁၀:၂၃) ဒါကြောင့်လည်း ကျမ်းစာမှာ အမှားအမှန်နဲ့ပတ်သက်ပြီး လမ်းညွှန်ချက်တွေ ဘုရား ပေးထားတာ။ လူတွေကို ဘုရား သိပ်ချစ်တယ်။ အရေးကြီး ဘဝဆုံးဖြတ်ချက်တွေကို အလွဲလွဲအမှားမှား ချမိပြီး ဆိုးကျိုးတွေ ခံစားရတဲ့အဖြစ်မျိုး မကြုံစေချင်ဘူး။ ပူလောင်မနေစေချင်ဘူး။ (တရားဟောရာ ၅:၂၉။ ၁ ယောဟန် ၄:၈) ဒါ့အပြင် ဘုရားဟာ ဖန်ဆင်းရှင် ဖြစ်တာမို့ ဉာဏ်ပညာ၊ အသိပညာ ပြည့်ဝတယ်။ ဒါကြောင့် အမှားအမှန်နဲ့ပတ်သက်ပြီး အကောင်းဆုံး လမ်းညွှန်ပေးနိုင်တယ်။ (ဆာလံ ၁၀၀:၃။ ၁၀၄:၂၄) ဒါပေမဲ့ မိမိစံနှုန်းတွေကို လူတွေ လိုက်နာဖို့ အတင်း ဖိအားမပေးဘူး။

ပထမ လူသားမောင်နှံ အာဒံနဲ့ ဧဝ စစ်မှန်တဲ့ ပျော်ရွှင်မှု ခံစားရဖို့ လိုအပ်သမျှကို ယေဟောဝါဘုရား ပြင်ဆင်ပေးတယ်။ (ကမ္ဘာဦး ၁:၂၈၊ ၂၉။ ၂:၈၊ ၁၅) ရိုးရှင်းတဲ့ လမ်းညွှန်ချက်တွေလည်း ပေးတယ်။ ဒါပေမဲ့ လိုက်နာ၊ မလိုက်နာ ကိုယ်တိုင် ရွေးချယ်စေတယ်။ (ကမ္ဘာဦး ၂:၉၊ ၁၆၊ ၁၇) ဝမ်းနည်းစရာက ဘုရားစံနှုန်းတွေအတိုင်း မဟုတ်ဘဲ ကိုယ့်စံနှုန်းတွေအတိုင်း နေဖို့ အာဒံနဲ့ ဧဝ ရွေးချယ်ခဲ့ကြတယ်။ (ကမ္ဘာဦး ၃:၆) ဘာရလဒ် ရသလဲ။ ကိုယ့်စံနှုန်းတွေအတိုင်း နေလို့ လူတွေ ပျော်ကြသလား။ မပျော်ကြပါဘူး။ ဘုရားစံနှုန်းတွေကို လျစ်လျူရှုတာက တည်မြဲတဲ့ ငြိမ်သက်မှု၊ ပျော်ရွှင်မှု မရစေကြောင်း သမိုင်းက သက်သေထူတယ်။—ဒေသနာ ၈:၉။

ကျွန်တော်တို့ နောက်ခံ ဘယ်လိုပဲ ရှိပါစေ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်အောင် ကူညီပေးမယ့် လမ်းညွှန်ချက်တွေ ကျမ်းစာမှာ ပါတယ်။ (၂ တိမောသေ ၃:၁၆၊ ၁၇။ “လူတိုင်းအတွက် စာအုပ်” လေးထောင့်ကွက်ကို ကြည့်ပါ။) ကျမ်းစာမှာ ဘယ်လို လမ်းညွှန်ထားသလဲ သုံးသပ်ကြည့်ပါ။

ကျမ်းစာကို “ဘုရားသခင်ရဲ့ တရားစကား” လို့ ဘာကြောင့် တပ်အပ်ပြောနိုင်ကြောင်း ထပ်လေ့လာကြည့်ပါ။—၁ သက်သာလောနိတ် ၂:၁၃။ သမ္မာကျမ်းစာရဲ့ အာဘော်ရှင်က ဘယ်သူလဲ ဗီဒီယိုကို jw.org မှာ ကြည့်ပါ။

လူတိုင်းအတွက် စာအုပ်

အမှားအမှန်နဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်တွေကို လူတိုင်း ရနိုင်ဖို့ ဉာဏ်ပညာရှိပြီး မေတ္တာပြည့်ဝတဲ့ ဖန်ဆင်းရှင် ပြင်ဆင်ပေးထားတယ်။ ကျမ်းစာနဲ့ပတ်သက်တဲ့ ဒီအချက်အလက်တွေ သုံးသပ်ကြည့်ပါ–

နိုင်ငံအမျိုးမျိုးက လူတွေ ကျမ်းစာ ဖတ်နေ။ ပုံနှိပ်ပုံစံနဲ့ကော ဒီဂျစ်တယ်ပုံစံနဲ့ပါ ကျမ်းစာတွေကို ပြထား။
  • ၃,၅၀၀+ ကျမ်းစာကို တစ်စိတ်တစ်ပိုင်း ဖြစ်စေ၊ တစ်အုပ်လုံး ဖြစ်စေ ရနိုင်တဲ့ ဘာသာစကား အရေအတွက် ဖြစ်တယ်။ ဒီလောက် များတဲ့ ဘာသာစကားနဲ့ တခြားဘယ်စာအုပ်မှ ဘာသာပြန်မထားဘူး။

  • ၅,၀၀၀,၀၀၀,၀၀၀+ ထုတ်ဝေပြီးသား ကျမ်းစာ စောင်ရေ ဖြစ်တယ်။ သမိုင်းမှာ အထုတ်ဝေရဆုံး စာအုပ်ပါပဲ။

ကျမ်းစာမှာ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးစုတစ်စု၊ ယဉ်ကျေးမှုတစ်ခုကို တခြားလူမျိုး၊ နိုင်ငံ၊ လူမျိုးစု၊ ယဉ်ကျေးမှုထက် ဂုဏ်တင်တာမျိုး မရှိပါဘူး။ တကယ့်ကို လူတိုင်းအတွက် စာအုပ်ပါပဲ။

jw.org မှာ (ဘာသာစကား ၂၅၀ ကျော်နဲ့ ရနိုင်တဲ့) အွန်လိုင်းကျမ်းစာ ဖတ်ကြည့်ပါ

စာကြောင်းတွေကို လက်နဲ့ လိုက်ထောက်ပြီး လူတစ်ယောက် ကျမ်းစာ ဖတ်နေ။

ကျမ်းစာကို လူတချို့ ဘာကြောင့် မယုံကြသလဲ

အမှားအမှန်နဲ့ပတ်သက်တဲ့ ကျမ်းစာလမ်းညွှန်ချက်ကို စိတ်ချလို့ မရဘူးဆိုပြီး လူတချို့ ပြောကြတယ်။ အကြောင်းရင်းတချို့ သုံးသပ်ကြည့်ပါ။

လူတချို့အဆို။ “ကျမ်းစာအဆိုတွေ ရှေ့နောက်မညီဘူး။”

အမှန်တရား။ ကျမ်းစာအပိုင်းတချို့ဟာ တခြားအပိုင်းတွေနဲ့ ကွဲလွဲပုံပေါက်နေနိုင်ပါတယ်။ ဒါပေမဲ့ အထက်အောက် ဖော်ပြချက်၊ သမိုင်း၊ ဓလေ့ထုံးစံ၊ ကျမ်းရေးသူရှုထောင့်နဲ့ တခြားအချက်အလက်တွေ လေ့လာကြည့်ရင် ကျမ်းစာအဆိုတွေ ကွဲလွဲမနေတာ သိလာပါလိမ့်မယ်။

ဥပမာတချို့ သိနိုင်ဖို့ “ကျမ်းစာမှာ ရှေ့နောက်မညီညွတ်တဲ့ အကြောင်းအရာတွေ ရှိသလား” ဆောင်းပါးကို jw.org မှာ ဖတ်ပါ။

လူတချို့အဆို။ “ကျမ်းစာလမ်းညွှန်ချက် လိုက်နာပါတယ်လို့ ပြောတဲ့သူတွေ မကောင်းတာတွေ လုပ်နေကြတယ်။ ဒီတော့ ကျမ်းစာဟာ စိတ်ချရတဲ့ လမ်းညွှန် မဖြစ်နိုင်ဘူး။”

အမှန်တရား။ ကျမ်းစာသွန်သင်ချက် မလိုက်နာသူတွေရဲ့ လုပ်ရပ်မှားတွေအတွက် ကျမ်းစာကို အပြစ်တင်လို့ မရပါဘူး။ ကျမ်းစာသွန်သင်ချက် လိုက်နာပါတယ်လို့ ပြောတဲ့ ဘာသာရေး ခေါင်းဆောင်တွေ အပါအဝင် လူများစွာဟာ ကျမ်းစာသွန်သင်ချက်နဲ့ မညီတာတွေ လုပ်ကြမယ်၊ အဲဒီလို လူတွေကြောင့် ကျမ်းစာသွန်သင်ချက်တွေ “ကဲ့ရဲ့” ခံရမယ်လို့ ကျမ်းစာမှာ ကြိုဟောထားတယ်။—၂ ပေတရု ၂:၁၊ ၂။

ဘာသာရေး ခေါင်းဆောင်တော်တော်များများ ကျမ်းစာသွန်သင်ချက်ကို ဘယ်လောက်တောင် လိုက်နာမနေကြကြောင်း ဥပမာတစ်ခု သိရဖို့ “ဘာသာရေး ဗန်းပြပြီး လုပ်စားနေသလား” ဆောင်းပါးကို jw.org မှာ ဖတ်ပါ။

လူတချို့အဆို။ “ကျမ်းစာသွန်သင်ချက် လိုက်နာသူတွေမှာ ကိုယ်နဲ့မတူ ကိုယ့်ရန်သူဆိုတဲ့ သဘောထား ရှိကြတယ်။”

အမှန်တရား။ သူတစ်ပါးကို လေးလေးစားစား ဆက်ဆံဖို့ ကျမ်းစာမှာ အားပေးထားတယ်။ အောက်ပါ သဘောထားတွေကိုတော့ အားမပေးဘူး။

  • သူတစ်ပါးထက် ကိုယ်သာတယ်လို့ သဘောထားတာ။ —ဖိလိပ္ပိ ၂:၃။

  • စံနှုန်း၊ ခံယူချက် မတူသူတွေကို မလေးစားတာ။ —၁ ပေတရု ၂:၁၇။

  • ကိုယ့်အမြင် သွတ်သွင်းတာ။—မဿဲ ၁၀:၁၄။

လူတွေကို ဘုရား အမြဲ ကြင်ကြင်နာနာ၊ မျှမျှတတ ဆက်ဆံကြောင်း၊ အချင်းချင်းကိုလည်း အဲဒီလိုပဲ ဆက်ဆံစေချင်ကြောင်း ကျမ်းစာမှာ ဖော်ပြတယ်။—ရောမ ၉:၁၄။

ထပ်သိချင်ရင် “ကျမ်းစာက သဘောထားကြီးအောင်၊ သည်းခံစိတ်မွေးနိုင်အောင် ကူညီပေးသလား” ဆောင်းပါးကို jw.org မှာ ဖတ်ပါ။

ဘုရားလမ်းညွှန်ချက်တွေကို ကျမ်းစာမှာ ဖော်ပြထားပုံ

လူတွေကို ဘုရား ဆက်ဆံပုံအကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ ဘယ်အရာတွေကို မှန်တယ်၊ မှားတယ်၊ အကျိုးရှိတယ်၊ အန္တရာယ်ရှိတယ်လို့ ဘုရား သဘောထားကြောင်း ကျမ်းစာဖော်ပြချက်တွေက သဘောပေါက်စေတယ်။ (ဆာလံ ၁၉:၇၊ ၁၁) ကျမ်းစာကနေ သင်ယူရရှိတဲ့ သင်ခန်းစာတွေဟာ ခေတ်ကာလမရွေး အကျိုးပြုတယ်။ နေ့စဉ်အသက်တာမှာ အမှားအမှန်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့ ကူညီပေးတယ်။

ဥပမာ၊ “ဉာဏ်ပညာရှိသူနဲ့ ပေါင်းဖော်ရင် ဉာဏ်ပညာ ရှိလာမယ်။ လူမိုက်နဲ့ ပေါင်းဖော်ရင်တော့ ဒုက္ခလှလှ တွေ့လိမ့်မယ်” လို့ ပညာအလိမ္မာ ၁၃:၂၀ မှာ ဆိုထားတယ်။ ဒီကျမ်းစာအဆိုဟာ ရှေးအချိန်မှာ မှန်ကန်ခဲ့သလို ဒီနေ့အချိန်မှာလည်း မှန်ကန်တယ်။ ဒီလိုမျိုး လက်တွေ့ကျပြီး တန်ဖိုးရှိတဲ့ သင်ခန်းစာတွေ ကျမ်းစာမှာ အပြည့်ပဲ။—“ခေတ်ကာလမရွေး အကျိုးပြုတဲ့ ကျမ်းစာလမ်းညွှန်ချက်” လေးထောင့်ကွက်ကို ကြည့်ပါ။

‘ကျမ်းစာလမ်းညွှန်ချက်တွေဟာ ကိုယ့်အတွက် အကျိုးရှိမယ်ဆိုတာ ဘယ်လို စိတ်ချနိုင်မလဲ’ လို့ စဉ်းစားမိမယ်။ နောက်ဆောင်းပါးမှာ ဖြစ်ရပ်မှန်တချို့ သုံးသပ်သွားပါမယ်။

a ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ နာမည် ဖြစ်ပါတယ်။—ဆာလံ ၈၃:၁၈။

ခေတ်ကာလမရွေး အကျိုးပြုတဲ့ ကျမ်းစာလမ်းညွှန်ချက်

ကျမ်းစာ ရေးသားပြီးစီးတာ နှစ် ၂,၀၀၀ နီးပါး ရှိသွားပြီ။ ဒါပေမဲ့ ဒီနေ့အထိ အကျိုးပြုနေတုန်းပဲ။ ခေတ်ကာလ ပြောင်းလဲသွားပေမဲ့ ဘဝမှာ ကျေနပ်ပျော်ရွှင်ချင်တဲ့ လူ့ဆန္ဒကတော့ မပြောင်းလဲဘူး။ (ဒေသနာ ၁:၉) ကျေနပ်ပျော်ရွှင်နိုင်ဖို့ ကျမ်းစာလမ်းညွှန်ချက်တွေက ကူညီပေးနိုင်တယ်။ ခေတ်ကာလမရွေး အကျိုးပြုတဲ့ လမ်းညွှန်ချက်တွေ ဖြစ်လို့ပါပဲ။

ရိုးသားမှု

  • “ကျွန်တော်တို့ဟာ အရာရာမှာ ရိုးရိုးသားသား ကျင့်ကြံပြုမူချင်စိတ် ရှိ” ကြတယ်။—ဟီဘရူး ၁၃:၁၈။

  • “ခိုးတတ်တဲ့သူလည်း မခိုးပါနဲ့တော့။ ကောင်းတဲ့အလုပ်ကို ကိုယ်တိုင် ကြိုးစားလုပ်ဆောင်ပါ။”—ဧဖက် ၄:၂၈။

လူမှုဆက်ဆံရေး

  • “လူတိုင်း ကိုယ့်အကျိုးကို မရှာဘဲ သူတစ်ပါးအကျိုးကို ရှာကြပါ။”—၁ ကောရိန္သု ၁၀:၂၄။

  • “အချင်းချင်း ဆက်ပြီး သည်းခံကြပါ၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ကြပါ။”—ကောလောသဲ ၃:၁၃။

ဆုံးဖြတ်ချက် ချခြင်း

  • “ရိုးအတဲ့သူက ပြောသမျှ ယုံတတ်တယ်။ အမြော်အမြင်ရှိသူကတော့ ခြေလှမ်းတိုင်းကို စဉ်းစားဆင်ခြင်တတ်တယ်။”—ပညာအလိမ္မာ ၁၄:၁၅။

  • “အမြော်အမြင်ရှိသူက အန္တရာယ်ကို ကြိုမြင်ပြီး ပုန်းနေတတ်တယ်။ အတွေ့အကြုံ မရှိသူကတော့ သွားမြဲသွားနေလို့ ဆိုးကျိုးတွေပဲ ခံရတတ်တယ်။”—ပညာအလိမ္မာ ၂၂:၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ