ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၅/၁၅ စာ. ၁၉-၂၄
  • ဇနီးသည်တစ်ဦးအနေနှင့် မေတ္တာ နှင့် ရိုသေမှု ပြခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဇနီးသည်တစ်ဦးအနေနှင့် မေတ္တာ နှင့် ရိုသေမှု ပြခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရိုသေလေးစားခြင်း—စိန်ခေါ်ချက်
  • အိမ်သူအိမ်သား ပြုမူသမျှကို ကြည့်ရှုတတ်
  • နူးညံ့ငြိမ်သက်ခြင်းသဘော
  • ကိုယ်ကာယဆက်ဆံမှုတွင် လေးစားမှု
  • ညီအစ်မများ၏ အရေးကြီးကဏ္ဍ
  • လင်သားတစ်ဦးအနေနှင့် မေတ္တာ နှင့် ရိုသေမှု ပြခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • မြတ်နိုးယုယခံရသော ဇနီး
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
  • အိမ်ထောင်ခိုင်မြဲရေးသော့ချက်နှစ်ခု
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • ပျော်ရွှင်တဲ့ မိသားစုဘဝကို သင် ပိုင်ဆိုင်နိုင်
    သမ္မာကျမ်းစာ သွန်သင်ရာများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၅/၁၅ စာ. ၁၉-၂၄

ဇနီးသည်တစ်ဦးအနေနှင့် မေတ္တာ နှင့် ရိုသေမှု ပြခြင်း

“မိန်းမသည်လည်း ကိုယ်ခင်ပွန်းကို ရိုသေခြင်းရှိစေလော့။”—ဧဖက် ၅:၃၃။

၁။ ခေတ်သစ်အိမ်ထောင်ရေးနှင့်စပ်လျဉ်း၍ အဘယ်မေးခွန်းများ ပေါ်ပေါက်သနည်း။

လွတ်လပ်စွာပြုမူ၊ “လွတ်မြောက်ရေး” လိုလားသော ဤခေတ်သမယတွင် အိမ်ထောင်ရေးနှင့်ဆိုင်သော ရှေးထုံးစဉ်လာအယူအဆများ ပျောက်လုမတတ် ဖြစ်ချေပြီ။ ဖခင် သို့မဟုတ် မိခင်မရှိဘဲ အိမ်ထောင်သန်းပေါင်းများစွာ စခန်းသွားနေရသည်။ တရားဝင်ထိမ်းမြားခြင်းအကျိုးကျေးဇူးကို မခံယူဘဲ အတူနေထိုင်သူများလည်းမနည်းပါ။ သို့သော် ယင်းကြောင့် အမျိုးသမီးဖြစ်သူ၊ မိခင်အတွက် လုံခြုံမှုသာ၍ရှိစေပြီလော။ သားသမီးများအတွက် တည်တံ့မြဲမြံရေးရှိစေပြီလော။ စာရိတ္တစံချိန်များ ဤသို့ပျက်ပြားခဲ့သည့်အတွက် မိသားစုအစီအစဉ်တွင် လေးစားမှုတိုးပွားစေခဲ့ပြီလော။ တစ်ဖက်တွင် ဘုရားသခင်၏နှုတ်ကပတ်တော်က အဘယ်လမ်းစဉ်ကို ထောက်ခံအားပေးထားသနည်း။

၂။ အာဒံတစ်ယောက်တည်းဆက်နေရန် အဘယ်ကြောင့်မကောင်းသနည်း။

၂ ပထမမိန်းမကိုဖန်ဆင်းမည်ဟု ဘုရားရည်ရွယ်ချိန်က ဤသို့မိန့်တော်မူခဲ့သည်။ “ယောက်ျားသည် တစ်ယောက်တည်းမနေကောင်း။” တိရစ္ဆာန်အိမ်ထောင်များတွင် သားငယ်များပေါက်ပွားတတ်သော ဖိုနှင့်မတိရစ္ဆာန်များကို တွေ့မြင်ရပြီးနောက် ထိုမိန့်မြွက်စကားနှင့် အာဒံသဘောချင်းတိုက်ဆိုင်ခဲ့ပေမည်။ စုံလင်သူအနေနှင့် ကျေနပ်မှုရှိစေသော ပရဒိသုဥယျာဉ်အတွင်းနေထိုင်ရသော်လည်း အာဒံမှာ မိမိနှင့်အမျိုးအစားတူသူ အပေါင်းအသင်းမဲ့နေသည်။ အသိဉာဏ်စွမ်းနှင့် စကားပြောတတ်သောသတ္တိများရှိငြား ထိုဆုကျေးဇူးများကို အသုံးပြုမျှဝေရန် မိမိနှင့်အမျိုးတူသတ္တဝါ တစ်ဦးမျှမရှိချေ။ သို့သော် များမကြာမီ အခြေအနေထူးခြားလာတော့မည်။ ဘုရားသခင်က “သူနှင့်တော်သောအထောက်အမကို သူ့အဖို့ငါလုပ်ဦးမည်” ဟုမိန့်တော်မူခဲ့ပြီ။—ကမ္ဘာဦး ၂:၁၈-၂၀။

၃။ (က) ဧဝသည် အာဒံနှင့် မည်သို့ “အမျိုးအစား” တူသနည်း။ (ခ) ယောက်ျားသည် ဇနီး၌ “မှီဝဲ” သည် ဟူသောအဓိပ္ပာယ်ကားအဘယ်နည်း။

၃ အာဒံ၏နံရိုးတစ်ချောင်းကို အခြေခံအဖြစ်အသုံးပြု၍ မိန်းမဖြစ်သူ ဧဝကို ယေဟောဝါဖန်ဆင်းတော်မူသည်။ ထိုကြောင့် ဧဝသည် အာဒံနှင့် “တစ်မျိုးတစ်စား” တည်းဖြစ်သည်။ သူမသည် သူ့ထက်နိမ့်ကျသောသတ္တဝါမဟုတ်ဘဲ၊ “[အာဒံ၏] အရိုးထဲကအရိုး၊ အသားထဲကအသားဖြစ်သည်။” ယင်းကြောင့် မှုတ်သွင်းခံမှတ်တမ်း၌ ဤသို့ဆိုထားခြင်းဖြစ်သည်။ “ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။” (ကမ္ဘာဦး ၂:၂၃၊ ၂၄) “မှီဝဲ” ဟုပြန်ဆိုထားသည့် ဟေဗြဲစကားလုံးသည် စာသားအရ “ကော်ဖြင့် အထူးပူးကပ်စွာ ဆည်းကပ်၊ စွဲမြဲခြင်း” သဘောရှိသည်။ (ဂျစီနီယပ်စ်၏ Hebrew and Chaldee Lexicon to the Old Testament Scriptures) ယင်းကြောင့် လင်နှင့်မယားသည် မခွဲမခွါပူးတွဲနေတတ်သော အဖေါ်အဖက်များဖြစ်သည့်သဘောကို တင်ပြနေသည်။ အခြားပညာရှိတစ်ဦးက ဤသို့ဆိုသည်။ “လင်နှင့်မယား သံဝါသပြုခြင်းကိုသာ ဆိုလိုနေခြင်းမဟုတ်ဘဲ သူတို့နှစ်ဦး၏ ဆက်ဆံရေးတစ်ခုလုံး ခြုံငုံသိမ်းကျုံးခြင်းကို ဆိုလိုသည်။” သို့ဖြစ်၍ အိမ်ထောင်ရေးသည် လျှပ်တပြက်အကြိုက်မဟုတ်ချေ။ မြဲမြံတည်တံ့သော ဆက်ဆံရေးဖြစ်သည်။ တစ်ဦးကိုတစ်ဦး လေးမြတ်ကာ သိက္ခာစောင့်ထိန်းကြလျှင် ထိုပေါင်းစည်းမှုသည် တစ်ခါတစ်ရံ တင်းမာတတ်သော်လည်း မပြတ်စဲသင့်ပေ။—မဿဲ ၁၉:၃-၉။

၄။ မိန်းမသည် အဘယ်သဘောမျိုးဖြင့် ယောက်ျား၏ကူဖေါ်လောင်ဖက်၊ ဖြည့်စွက်ဖက်ဖြစ်သနည်း။

၄ မိန်းမသည် ယောက်ျား၏ကူဖေါ်လောင်ဖက်၊ ဖြည့်စွက်ဖက်ဖြစ်လိမ့်မည်ဟု ဘုရားသခင်မိန့်တော်မူခဲ့သည်။ သူတို့သည် ဘုရားသခင်၏ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းထားသဖြင့် အချင်းချင်း ဆက်ဆံပေါင်းသင်းကြရာတွင် ကိုယ်တော်၏အရည်အချင်းများဖြစ်သည့် တရားမျှတခြင်း၊ ချစ်ခြင်း၊ ဉာဏ်ပညာ နှင့် တန်ခိုးကိုတင်ပြကြရန် ကိုယ်တော်အလိုတော်ရှိတော်မူမည်။ ထိုကြောင့် ဧဝသည် ပြိုင်ဘက်မဟုတ် “အထောက်အမ” ဖြစ်ပေမည်။ သူတို့အိမ်ထောင်သည် အပြိုင်အဆိုင်မာလိန်မှူးနှစ်ဦးရှိ သင်္ဘောတစ်စီးနှင့်မတူဘဲ ဦးစီးမှုကို အာဒံဆောင်ရွက်မည်ဖြစ်သည်။—၁ ကောရိန္သု ၁၁:၃။ ဧဖက် ၅:၂၂-၂၄။ ၁ တိမောသေ ၂:၁၂၊ ၁၃။

၅။ အမျိုးသမီးများကို အမျိုးသားများစွာ မည်သို့ဆက်ဆံခဲ့သနည်း။ ယင်းကို ဘုရားသခင်မျက်နှာသာတွေ့သလော။

၅ သို့ရာတွင် ဘုရားသခင်၏ မေတ္တာပါဦးစီးမှုကို ပထမလူမောင်နှံ ပုန်ကန်ပြစ်မှားကြသောကြောင့် သူတို့အိမ်ထောင်နှင့်တကွ ဖြစ်ပေါ်လာလတံ့။ မိသားစုအားလုံးတည်ဆောက်ပုံအတွက် အခြေအနေတစ်မျိုး ပေါ်လာစေတော့သည်။ သူတို့အပြစ်နှင့် ယင်း၏အကျိုးဆက် ဖြစ်ပေါ်သမျှကို ကြိုတင်သိရှိထားလျက် ဧဝအားယေဟောဝါ ဤသို့မိန့်တော်မူသည်။ “ကိုယ်ခင်ပွန်း၏အလိုသို့လိုက်၍ သူ၏အုပ်စိုးခြင်းကိုလည်း ခံရမည်။” (ကမ္ဘာဦး ၃:၁၆) နှစ်ရာစုတစ်လျှောက် ယောက်ျားများစွာသည် မိန်းမကို နိုင်ထက်စီးနင်းပြုခဲ့ခြင်းကား ဝမ်းနည်းစရာပင်။ ကမ္ဘာတစ်ဝှန်း နည်းအမျိုးမျိုးဖြင့် အမျိုးသမီးများ အရှက်တကွဲ သိက္ခာချခံခဲ့ရပြီဖြစ်၍ ယခုပင်အရှက်ခွဲခံနေရတုံးပင်။ အမှန်မှာ ရှေ့ဆောင်းပါးတွင်ကျွန်ုပ်တို့သိရှိခဲ့ရသည့်အတိုင်း ကျမ်းစာမူများကျင့်သုံးခြင်းမှ အမျိုးသားများ သက်ဦးဆံပိုင်ဝါဒီများဖြစ်လာရန် အကြောင်းမရှိပါ။ ထိုအစား တန်ဖိုးထားလေးမြတ်ရန် အလေးအနက် ဖေါ်ပြပါသည်။

ရိုသေလေးစားခြင်း—စိန်ခေါ်ချက်

၆၊ ၇။ (က) မယုံကြည်သူလင်သားများ သမ္မာတရားဖက် မည်သို့သွေးဆောင်ခံနိုင်သနည်း။ (ခ) မယုံကြည်သူလင်သားအား ဇနီးသည် မည်သို့အားဖြင့် “ရိုသေလေးမြတ်ခြင်း” မပြရာကျသွားမည်နည်း။

၆ ခရစ်တော်၏ပုံသက်သေကို တမန်တော်ပေတရု အသေးစိတ်ဖေါ်ပြ၍ ယေရှု၏ “ခြေတော်ရာကို လိုက်လျှောက်စေခြင်းငှာ ပုံသက်သေကိုထားတော်မူပြီ” ဟုရှင်းပြသည်။ ထိုနောက်ပေတရုဤသို့ဆက်ပြောသည်။ “အထက်ဆိုခဲ့ပြီးသည်နည်းတူမိန်းမတို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။ သို့ပြု၍ နှုတ်ကပတ်တရားတော်ကို နားမထောင်သောယောက်ျားအချို့ရှိလျှင် ထိုသူတို့သည် တရားမနာသော်လည်း သင်တို့၏ကြောက်ရွံ့ခြင်းနှင့် စင်ကြယ်သောအကျင့်တို့ကိုထောက်ရှု၍ မိမိမယား၏အကျင့်အားဖြင့် သွေးဆောင်လျက်အတူပါမည်အကြောင်းရှိ၏။” (၁ ပေတရု ၂:၂၁-၃:၂) ဤသို့ “ရိုသေလေးစားခြင်း” ကိုခရစ်ယာန်ဇနီးသည်များ မည်သို့တင်ပြနိုင်မည်နည်း။

၇ ခရစ်ယာန်ညီအစ်မများစွာ၏ လင်သားအချို့မှာ မယုံကြည်သူများနှင့် အတိုက်အခံပြုသူများဖြစ်တတ်ကြသည်။ ဤအခြေအနေမျိုးတွင် ပေတရု၏သြဝါဒမသက်ဆိုင် ပျက်ပြယ်သွားပြီဟုဆိုမည်လော။ မဆိုလိုပါ။ “သူတို့သည် တရားမနာသော်လည်း” လက်အောက်ခံလေးစားမှု ရှိရန်လိုအပ်သည်။ ထိုကြောင့် အတိုက်အခံပြုသောလင်ယောက်ျားရှိ ခရစ်ယာန်မိန်းမသည် နိုင်ငံတော်ခန်းမသို့လာပြီး အသင်းတော်ရှိညီအစ်မများစွာအား မိမိခံရသော ရက်စက်ကြမ်းကြုတ်မှုများအကြောင်း အတင်းအဖျင်းပြောမည်ဆိုလျှင် ရိုသေလေးစားမှု တင်ပြရာကျမည်လော။ အသင်းတော်တွင်းမှ ညီအစ်ကို၊ ညီအစ်မတစ်ဦးအကြောင်း ထိုသို့ပြုပါက ယင်းကိုမည်သို့ခေါ်ကြမည်နည်း။ အတင်းအဖျင်း သို့မဟုတ် အပုပ်ချခြင်းမဟုတ်လော။ ထိုကြောင့် မယုံကြည်သူ လင်ယောက်ျားမကောင်းသတင်းပြောဆိုခြင်းသည် ရိုသေလေးစားမှုမဟုတ်ပါ။ (၁ တိမောသေ ၃:၁၁; ၅:၁၃) သို့သော် အတိုက်အခံပြုခံရသော ညီအစ်မအချို့ တကယ်ဒုက္ခရောက်နေကြရရှာသည်ကို အသိအမှတ်ပြုရမည်။ ခရစ်ယာန်နည်းအရ ဖြေရှင်းနည်းကားအဘယ်နည်း။ အကြီးအကဲများထံသွား၍ သူတို့အကူအညီနှင့် အကြံပြုချက်တောင်းခံနိုင်ပါသည်။—ဟေဗြဲ ၁၃:၁၇။

၈။ အတိုက်အခံပြုသော လင်ယောက်ျား၏စဉ်းစားပုံသည် မည်သို့ဖြစ်နေနိုင်သနည်း။

၈ အတိုက်အခံပြုသော လင်ယောက်ျားတစ်ဦးနှင့် အကြီးအကဲများ မည်သို့လိမ္မာပါးနပ်စွာ ဆက်ဆံမည်နည်း။ ဦးဆုံး သူ့ရှုထောင့်မှ အခြေအနေကိုမြင်တတ်ရန် ကြိုးစားနိုင်သည်။ စကားအားဖြင့် သို့မဟုတ် ကိုယ်ထိလက်ရောက် သူရက်စက်ရခြင်းသည် မသိနားမလည်မှုမှ စိုးရိမ်စိတ်ဖြစ်ပွားရာ ဆက်၍ရက်စက်ကြမ်းကြုတ်ရခြင်း ဖြစ်ကောင်းဖြစ်နေမည်။ ယင်းသည် အဘယ်ကြောင့်ဖြစ်လာရသနည်း။ တစ်ခါတစ်ရံ လုပ်ဖေါ်ကိုင်ဖက်တို့မှ မကောင်းသတင်းသာကြားသိရခြင်းမှအပ ယေဟောဝါသက်သေများအကြောင်း ဘာမျှမသိ၍ဖြစ်မည်။ သူသိထားသည်ကား ဇနီးဖြစ်သူသည် ကျမ်းစာစမလေ့လာမီက မိမိနှင့်သားသမီးကိုသာ လုံးဝအချိန်ပေးခဲ့ပေမည်။ ယခု သာ၍ကောင်းသောဇနီးနှင့်မိခင်ဖြစ်လာဦးတော့ သူ့သဘောထားကား ‘အဲ့ဒီစည်းဝေးတွေတက်ရလို့ တစ်ပတ်သုံးကြိမ် ငါ့ကိုပစ်ထားတယ်။ ဘာတွေစည်းဝေးကြမှန်းတော့မသိဘူး။ ဒါပေမဲ့ အဲ့ဒီခန်းမကလူတချို့ အတော်ရုပ်ရည်သန့်ပြန့်တယ်။ နောက်လည်း မသိနားမလည်ရာမှ အူတိုလာခြင်းနှင့် စိုးရိမ်တကြီးဖြစ်လာနိုင်သည်။ ထိုနောက် ကာကွယ်စောင့်ရှောက်ရန် တုံ့ပြန်မှုနည်းခြင်း အစရှိသ၍ဖြစ်နေမည်။ ဤသို့သောသဘောထားများဖြစ်ကြောင်း ရိပ်မိလာလျှင် အကြီးအကဲများ မည်သို့ကူညီပေးနိုင်မည်နည်း။—သု၊ ၁၄:၃၀။ ၂၇:၄။

၉။ မယုံကြည်သူလင်သားအချို့နှင့် လိမ္မာရေးခြားရှိစွာမည်သို့ချဉ်းကပ်နိုင်သနည်း။ ယင်းသို့ပြုခြင်းဖြင့် အဘယ်အကျိုးဖြစ်ထွန်းနိုင်သနည်း။

၉ အကြီးအကဲများအနက် တစ်ဦးတစ်ယောက် ထိုလင်ယောက်ျားနှင့် ရင်းနှီးရန်ကြိုးစားနိုင်သည်။ (၁ ကောရိန္သု ၉:၁၉-၂၃) လင်ယောက်ျားသည် လျှပ်စစ်၊ လက်သမား၊ ဆေးသုတ်ပညာ ကျွမ်းကျင်သူဖြစ်ကောင်းဖြစ်မည်။ နိုင်ငံတော်ခန်းမတွင် ကြုံတွေ့နေရသည့် ပြဿနာတစ်ခုကို ဖြေရှင်းပေးရန် သူကျွမ်းကျင်ရာပညာကို အသုံးပြုတောင်းဆိုပါက အကူအညီပေးချင်စိတ်ရှိပေမည်။ ဤနည်းဖြင့် စည်းဝေးတက်ရမည်ဟူသော ဝတ္တရားမပါဘဲ နိုင်ငံတော်ခန်းမအတွင်း ရောက်ဖူးပေမည်။ ညီအစ်ကိုများနှင့်ရင်းနှီးလာလေ ဇနီးနှင့်ဆက်ဆံပုံအပြင် သမ္မာတရားပေါ်သူ၏စိတ်နေစိတ်ထားပါ ပျော့ပျောင်းလာမည်။ အသင်းတော်၏ မေတ္တာနှင့်ရိုင်းပင်းမှုကို သူတွေ့ရှိသော် စည်းဝေးများသို့ ဇနီးဖြစ်သူကို ကြိုပို့ပင်ပြုလုပ်ပေးလိမ့်မည်။ တစ်ဆင့်ပြီးတစ်ဆင့် စည်းဝေးချိန်တွင် ခေတ္တနားထောင်ရန် ခန်းမအတွင်း ဝင်ထိုင်လာမည်။ မကြာမီပင် ကျမ်းစာသင်အံပေးရန် သူတောင်းဆိုလတံ့။ ဤသို့ဖြစ်ပျက်နိုင်သည်သာမက ဖြစ်ပျက်ခဲ့ဖူးပြီ။ ယနေ့ယုံကြည်သူလင်သား ထောင်ပေါင်းများစွာရှိရခြင်းမှာ ဤသို့သောချစ်ခြင်းမေတ္တာနှင့် ဇနီးသည်၏ “ရိုသေလေးစားခြင်း” ကို ကျေးဇူးတင်ရကြမည်။—ဧဖက် ၅:၃၃။

အိမ်သူအိမ်သား ပြုမူသမျှကို ကြည့်ရှုတတ်

၁၀၊ ၁၁။ အရည်အချင်းရှိသောမိန်းမ၏ အဘယ်အရည်အသွေးအမျိုးမျိုးကို လေမွေလမင်းကြီး ဖေါ်ပြသနည်း။ (တစ်ခုစီ သုံးသပ်ပါ။)

၁၀ စံတင်ထိုက်သောဇနီး၏အရည်အချင်းများအကြောင်း မိခင်ဖြစ်သူထံမှ လေမွေလမင်းကြီး ကောင်းစွာသိရှိထားသည်။ (သု၊ ၃၁:၁) ဝီရိယရှိသော ဇနီးသည်မိခင်၏ပုံဖေါ်ပြချက်ပါ သု၊ ၃၁:၁၀-၃၁ ကို အသေအချာဖတ်ရှုထိုက်သည်။ ဘုရားသခင်၏ ဖြောင့်မတ်သောမူများကို ကျင့်သုံးခြင်းအပြင် လင်ယောက်ျားကို ရိုသေလေးစားရာတွင် အတွေ့အကြုံများကြောင်း ထင်ရှားပေသည်။

၁၁ ‘အရည်အချင်းရှိ မိန်းမ’ သည် ယုံကြည်စိတ်ချနိုင်၍ သစ္စာလည်းရှိသည်။ (အငယ် ၁၀-၁၂) ခင်ပွန်းနှင့်သားသမီးကို ကျွေးမွေးပြုစုပေးရန် ဝီရိယစိုက်ထုတ်သည်။ (အငယ် ၁၃-၁၉၊ ၂၁၊ ၂၄) ဆင်းရဲချို့ငဲ့သူများအား ကြင်နာ၍ပေးကမ်းစွန့်ကြဲသည်။ (အငယ် ၂၀) သူမ၏လေးစားမှုနှင့် အကျင့်ကောင်းကြောင့် ခင်ပွန်းဖြစ်သူ ဂုဏ်ကျက်သရေရှိသည်။ (အငယ် ၂၃) ပျင်းရိ၍ မပြောအပ်သောစကားပြောသူ သို့မဟုတ် ပျက်စီးစေတတ်သော ပြစ်တင်ပြောဆိုသူမဟုတ်။ ထိုသို့ဖြစ်မည့်အစား သူ၏လျှာဖြင့် တည်ဆောက်မှုပေးသည်။ သက်သာရာရစေသည်။ (အငယ် ၂၆) ပျင်းရိသူ မဖြစ်၍လည်း သူ၏အိမ်သည် သန့်ရှင်းသပ်ရပ်လှသည်။ (အငယ် ၂၇) (အမှန်မှာ ရပ်ကွက်တစ်ခုတွင် ခရစ်ယာန်အိမ်ယာသည် အသန့်ရှင်းဆုံးဖြစ်သင့်သည်။) သူမ၏ခင်ပွန်းနှင့် သားသမီးတို့သည်လည်း ကျေးဇူးတင်စွာဖြင့် သူ့အားချီးမွမ်းကြသည်။ အပြင်လူတို့ကလည်း သူ၏အရည်အချင်းများကို လေးမြတ်ကြ၏။ (အငယ် ၂၈၊ ၂၉၊ ၃၁)သူ၏အလှသည် အပေါ်ယံမျှမဟုတ်။ ဘုရားဝတ်၌မွေ့လျော်သော ဥပဓိရုပ်ရှိ ဘုရားသခင်ကိုကြောက်ရွံ့သည့် အမျိုးသမီး၏ အလှကျက်သရေဖြစ်သည်။—အငယ် ၃၀။

နူးညံ့ငြိမ်သက်ခြင်းသဘော

၁၂။ “ဘုရားသခင်ရှေ့မှာ အဖိုးများစွာထိုက်သောအရာ” ကား အဘယ်နည်း။ ဤအချက်ကို စပိန်စကားပုံတစ်ခုက မည်သို့ပေါ်လွင်စေသနည်း။

၁၂ ခရစ်ယာန်အမျိုးသမီးအား ပြင်ပန်းလက္ခဏာကို လွန်ကဲစွာ ဂရုမစိုက်ရန် ဩဝါဒပေးချိန်တွင် ထိုနောက်ဆုံးအချက်ကို ပေတရုပဲ့တင်ထပ်ခဲ့သည်။ သူဤသို့တိုက်တွန်းသည်။ “သင်တို့၏တန်ဆာဆင်ခြင်းမူကား . . . ဘုရားသခင်ရှေ့မှာ အဖိုးများစွာထိုက်သော နူးညံ့ငြိမ်သက်ခြင်းသဘောတည်းဟူသော မဖောက်ပြန်မပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏ အတွင်းလူဖြစ်စေကြလော့။” (၁ ပေတရု ၃:၃၊ ၄) ‘နူးညံ့ငြိမ်သက်ခြင်းသဘော သည် ဘုရားသခင့်ရှေ့မှာ အဖိုးများစွာထိုက်’ သည်ကို သတိပြုပါ။ ထိုကြောင့် ဤစိတ်ထားရှိသော ခရစ်ယာန်ဇနီးသည်မိခင်သည် သူ၏ကြင်ဖေါ်စိတ်နှင့် တွေ့မည်သာမက ထိုထက်အရေးကြီးသည်ကား ရှေးခေတ်ကအမျိုးသမီးများနည်းတူ သူမသည် ဘုရားသခင့်အလိုတော်နှင့်လည်း တွေ့မည်မှာအမှန်။ ဤအတွင်းအလှအပကို စပိန်စကားပုံတစ်ခုတွင် ဤသို့တင်ပြထားသည်။ “လှပသောအမျိုးသမီးသည် မျက်စိပသာဒဖြစ်သည်။ ကောင်းမွန်သောအမျိုးသမီးမူ နှလုံးပဓာနဖြစ်သည်။ ပထမကို ရတနာဟုသတ်မှတ်လျှင်ဒုတိယအား ဘဏ္ဍာတိုက်ဟုဆိုရမည်။”

၁၃။ ဇနီးသည် မိမိသားသမီးများအတွက် စိတ်လန်းဆန်းကြည်နူးဘွယ်ရာ မည်သို့ဖြစ်နိုင်သနည်း။

၁၃ ခရစ်ယာန်ဇနီးသည် အိမ်သူအိမ်သားအားလုံးအတွက် စိတ်လန်းဆန်းကြည်နူးဖွယ်ဖြစ်နိုင်သည်။ (မဿဲ ၁၁:၂၈-၃၀ နှင့်နှိုင်းယှဉ်ပါ။) လင်ယောက်ျားအား သူမလေးစားပုံကို သားသမီးများသတိပြုစဉ် မိဘနှင့်သော်လည်းကောင်း၊ မိသားစုအပြင် အခြားသူများနှင့်လည်းကောင်း ဆက်ဆံရာတွင် ထိုသို့ပင်လေးစားမှုပြကြမည်။ ယင်းကြောင့် ခရစ်ယာန်သားသမီးများသည် ကြင်နာမှုနှင့် စာနာမှုရှိကြမည်။ အလုပ်လုပ်ပေးရန် ခိုင်းနေရမည့်အစား ဝေယျာဝစ္စလုပ်ပေးမည်ဟု သားသမီးများကိုယ်တိုင် ပြောဆိုလာသည့်အခါ မည်မျှကြည်နူးစရာကောင်းလှသည်တကား။ သူတို့၏ ကိုယ်ကျိုးစွန့်မှုသည် အိမ်ထောင်သာယာမှုကို ဖြစ်ပွားစေသည်။ မိခင်၏ နှစ်သက်ကျေနပ်သောအပြုံးလေးသည် လုပ်ပေးရကျိုးနပ်စေသည်။

၁၄။ ပဲ့ပြင်မှုလိုအပ်ချိန်တွင် အဘယ်စိန်ခေါ်ချက်ဖြစ်ပေါ်နိုင်သနည်း။

၁၄ သို့သော် ပဲ့ပြင်မှုလိုအပ်လာသည့်အခါမျိုး၌ကော။ မိဘများနည်းတူ သားသမီးများလည်း မှားတတ်ကြသည်။ တစ်ခါတစ်ရံ နာခံမှုမရှိကြချေ။ ဖခင်မရှိချိန်တွင် ခရစ်ယာန်မိခင် မည်သို့တုံ့ပြန်မည်နည်း။ သားသမီး၏သိက္ခာကို သူမဆက်လေးစားမည်လော။ သို့မဟုတ် သူတို့အားနာခံစေရန် သူမအော်ဟောက်ကြိမ်းမောင်းမည်လော။ အသံကျယ်လောင်မှ ကလေးငယ်သင်ယူမည်လော။ သို့မဟုတ် ညင်သာဖျောင်းဖျသံက ပိုထိရောက်မည်လော။—ဧဖက် ၄:၃၁၊ ၃၂။

၁၅။ သားသမီးများ၏နာခံမှုနှင့်စပ်လျဉ်း၍ သုတေသနပြုသူများ ဘာတွေ့ရှိခဲ့သနည်း။

၁၅ သားသမီးများ၏ နာခံမှုနှင့်စပ်လျဉ်း၍ Psychology Today မဂ္ဂဇင်းက ဤသို့ဆိုသည်။ “မကြာမီကလေ့လာမှုတစ်ရပ်အရ တစ်ခုခုကို မလုပ်ရန် အသံကျယ်လောင်လေ သင်မလုပ်ကိုင်စေသည့်အလုပ်ကို သူတို့လုပ်ပြရန် အကြောင်းပိုများလေဖြစ်သည်။” တစ်ဖက်ကကြည့်ပြန်လျှင် လူကြီးများက ညင်သာစွာပြောဆိုသောအခါ သားသမီးများသည် တုံ့ဆိုင်းမှုမရှိ လုပ်ကိုင်တတ်လေဖြစ်ကြောင်း တွေ့ရှိကြသည်။ တစ်ယူသန်အမိန့်များ ကရားရေသွန် ထုတ်လွှတ်၍ ကလေးကို စိတ်တိုစေမည့်အစား သူနှင့်အတူဆင်ခြင်ရန်ဆွဲဆောင်ဘို့ အထူးအရေးကြီးသည်။—ဧဖက် ၆:၄။ ၁ ပေတရု ၄:၈။

ကိုယ်ကာယဆက်ဆံမှုတွင် လေးစားမှု

၁၆။ လင်ယောက်ျား၏ စိတ်လှုပ်ရှားမှုဘက် လိုအပ်ရာများကို ဇနီးအနေနှင့် စာနာမှုမည်သို့ပြနိုင်သနည်း။ အဘယ်အကျိုးဖြစ်ထွန်းမည်နည်း။

၁၆ သူမ၏သာ၍နွဲ့လျသော တည်ဆောက်ပုံကြောင့် ဇနီးကို လင်ယောက်ျားစာနာမှုပြရသည်နည်းတူ ဇနီးဖြစ်သူသည် ခင်ပွန်း၏စိတ်လှုပ်ရှားရာနှင့် လိင်သီလဆိုင်ရာ လိုအပ်မှုများကို အသိအမှတ်ပြုသင့်သည်။ လင်နှင့်မယားသည် တစ်ဦးနှင့်တစ်ဦး ပျော်မွေ့ကာ ကျေနပ်ရောင့်ရဲသင့်ကြောင်း ကျမ်းစာတင်ပြထားသည်။ သို့ဖြစ်၍အချင်းချင်း၏ လိုအင်ဆန္ဒများနှင့် စိတ်အခြေအနေကို အကဲခတ်ရိပ်မိရမည်။ ဤအတုံ့အပြန်ကျေနပ်မှုဖြင့် သစ္စာပျက်ခြင်းသို့ပို့ဆောင်မည့် မျက်စိကစားခြင်းကို မည်သည့်ကြင်ဖေါ်မျှ မပြုမိရန် သေချာစေသည်။—သု၊ ၅:၁၅-၂၀။

၁၇။ လင်မယားဝတ်ပြုခြင်းကို လင်နှင့်မယား မည်သို့သဘောထားသင့်သနည်း။

၁၇ နှစ်ဦးနှစ်ဖက် လေးစားမှုရှိမည်ဆိုလျှင် မည်သည့်ကြင်ဖေါ်မျှ သံဝါသပြုခြင်းကို စိတ်ဘက်ဆိုင်ရာ လက်နက်တစ်ခုအဖြစ် အသုံးပြုလိမ့်မည်မဟုတ်။ တစ်ဦးနှင့်တစ်ဦး အိမ်ထောင်ဝတ်ကိုပြုသင့်သည်။ ခေတ္တချုပ်တည်းနေလျှင် နှစ်ဦးနှစ်ဖက် သဘောတူညီမှုဖြင့်ဖြစ်သင့်သည်။ (၁ ကောရိန္သု ၇:၁-၅) ဥပမာ၊ လင်ယောက်ျားသည် ကင်းမျှော်စင်အသင်း၏ ဒေသခံဌာနခွဲရုံး၌ ယာယီဆောက်လုပ်ရေးအတွက်လည်းကောင်း၊ အခြားသီအိုကရက်တစ်လုပ်ငန်းတစ်ခုအတွက်လည်းကောင်း ခရီးထွက်နေရမည်။ ဤအခါမျိုးတွင် ဇနီးဖြစ်သူ၏ စိတ်ရောကိုယ်ပါ သဘောတူညီချက်ရရှိကြောင်း သူသေချာသိသင့်သည်။ ဤသို့ခွဲခွါနေရခြင်းမှ မိသားစုအတွက် ဝိညာဏကောင်းချီးများရရှိရန်အတွက်လည်းဖြစ်နိုင်သည်။ ဥပမာ၊ လင်ယောက်ျား အိမ်သို့ပြန်ရောက်လာသောအခါ အားရှိစရာ တွေ့ကြုံမှုများကြားနာရကြမည်။

ညီအစ်မများ၏ အရေးကြီးကဏ္ဍ

၁၈။ အကြီးအကဲ၏ဇနီးသည် အဘယ်ကြောင့်တာဝန်ပိုကြီးလေးသနည်း။

၁၈ ခရစ်ယာန်အမျိုးသမီး၏ယောက်ျားမှာ အကြီးအကဲဖြစ်နေလျှင် သူမ၌တာဝန် သာ၍ကြီးမားသည်။ ဦးဆုံး အကြီးအကဲသည် တာဝန်ပိုများလာသည်။ အသင်းတော်၏ဝိညာဏအခြေအနေကို ယေဟောဝါရှေ့ သူတာဝန်ယူဖြေဆိုပေးရသည်။ (ဟေဗြဲ ၁၃:၁၇) သို့သော် အကြီးအကဲ၏ဇနီးဖြစ်ပြီး သူမကိုယ်တိုင် အသက်ကြီးရင့်သူဖြစ်ရာ သူ၏ရိုသေလေးစားမှုပုံသက်သေသည် အလွန်အရေးကြီးသည်။ (၁ တိမောသေ ၅:၉၊ ၁၀။ တိတု ၂:၃-၅ နှင့်နှိုင်းယှဉ်ပါ။) မိမိတို့ကြင်ဖေါ်ကို ထောက်ခံအားပေးရာတွင် အကြီးအကဲတို့၏ဇနီးသည်များသည် ပုံသက်သေကောင်းလှသည်တကား။ အသင်းတော်ကိစ္စအတွက် လင်သားသည် မကြာခဏ အပြင်ထွက်ရမည်။ သူမအနေနှင့် စပ်စုချင်မည်။ သို့ရာတွင် ဘုရားဝတ်၌မွေ့လျော်သောဇနီးအနေနှင့် သူတစ်ပါးကိစ္စတွင် ဝင်စပ်စုသူအဖြစ် အသင်းတော်ကိစ္စများကို သစ္စာရှိရှိ မေးမြန်းစူးစမ်းမည်မဟုတ်ပါ။—၁ ပေတရု ၄:၁၅။

၁၉။ “မိမိအိမ်ကို ကောင်းမွန်စွာအုပ်စိုး” ခြင်းတွင် အကြီးအကဲအတွက် အဘယ်အရာပါဝင်နိုင်သနည်း။

၁၉ သို့ရာတွင် တည်ဆောက်မှုမဖြစ်သော သဘောထားများ တင်ပြမည်၊ သို့မဟုတ် အခြားညီအစ်မများအတွက် ပုံသက်သေမကောင်းလျှင် အကြီးအကဲသည် မိမိဇနီးကို ဆုံးမရန်လိုမည်။ “မိမိအိမ်ကို ကောင်းမွန်စွာအုပ်စိုး” ခြင်းတွင် သားသမီးများမက ဇနီးလည်းပါဝင်သည်။ ဤကျမ်းစာစံချိန်ကို ကျင့်သုံးရာတွင် အချို့ဇနီးသည်များ၏ နှိမ့်ချမှု စမ်းသပ်ခံရပေမည်။—၁ တိမောသေ ၃:၄၊ ၅၊ ၁၁။ ဟေဗြဲ ၁၂:၁၁။

၂၀။ ရှေးခေတ်နှင့် မျက်မှောက်ခေတ် အိမ်ထောင်သည်နှင့် အိမ်ထောင်မရှိသော ညီအစ်မများ၏ ပုံသက်သေကောင်းများကို တင်ပြပါ။ (Watch Tower Publications Index 1930-1985 ပါ “Life Stories of Jehovah’s Witnesses” ကိုကြည့်ပါ။)

၂၀ အိမ်ထောင်မရှိသော ညီအစ်မများသည် အသင်းတော်ရှိ ဇနီးသည်များ၏ လေးစားမှုပြကြသောကဏ္ဍကို သုံးသပ်သင့်သည်။ ကျမ်းစာ၌သော်လည်းကောင်း၊ ယနေ့ အသင်းတော်များတွင်သော်လည်းကောင်း မွန်မြတ်၍ သစ္စာရှိသောညီအစ်မများစွာ၏ ပုံသက်သေကောင်းများ တင်ပြနိုင်ပါသည်။ တစ်ကိုယ်ရည်ဖြစ်နိုင်သည့် ဒေါ်ကာသည် သူမ၏ “ကောင်းသောအကျင့်များ” ကြောင့် အထူးချီးမွမ်းခံခဲ့ရသည်။ (တမန်တော် ၉:၃၆-၄၂) ပြစ်ကိလနှင့် ဖိဗေတို့သည်လည်း သမ္မာတရားဘက် ဇွဲလုံ့လရှိသူများဖြစ်ခဲ့သည်။ (ရောမ ၁၆:၁-၄) ထိုနည်းတူစွာ ယနေ့ အိမ်ထောင်ရှိမရှိ ညီအစ်မများစွာသည် ထူးခြားသော သာသနာပြုများ၊ ရှေ့ဆောင်များ၊ ကြေညာသူများဖြစ်နေကြသည်။ တစ်ကြိမ်တည်းတွင် ဤဘုရားဝတ်၌မွေ့လျော်သော အမျိုးသမီးများသည် မိမိတို့အိမ်ကို သန့်ရှင်းသပ်ရပ်စွာထားကြပြီး မိသားစုဝတ္တရားကို ကျေပွန်ကြပါသည်။ သူတို့အရေအတွက်ပိုများရုံမက အခြေအနေခွင့်ပြုသည့်အတွက်လည်း အများအားဖြင့် ဟောပြောခြင်းလုပ်ငန်းကို သူတို့ပိုမိုဆောင်ရွက်နေကြပါသည်။—ဆာလံ ၆၈:၁၁။

၂၁။ သစ္စာရှိခရစ်ယာန်များသည် သူတို့၏ခရစ်ယာန်ညီအစ်ကိုများအတွက် အားပေးမှု မည်သို့ဖြစ်ကြသနည်း။

၂၁ အသင်းတော်မှ သစ္စာရှိညီအစ်မများသည် တည်ဆောက်မှုပေးသည့်ကဏ္ဍတွင် အရေးပါသည်။ သူတို့၏ဇွဲလုံ့လနှင့် ပုံသက်သေသည် ညီအစ်ကိုများနှင့် ခရစ်ယာန်အသင်းတော်တစ်ခုလုံးအတွက် အားပေးမှုဖြစ်သည်။ သူတို့သည် အမှန်တကယ်ပင် အထောက်အမပြု၊ ဖြည့်စွက်ပေးသူများဖြစ်ကြသည်။ (ကမ္ဘာဦး ၂:၁၈ နှင့်နှိုင်းယှဉ်ပါ။) သူတို့သည် တကယ်ချစ်မြတ်နိုး၊ လေးစားခံထိုက်သူများပါတကား။ ခရစ်ယာန်အိမ်ထောင်ဖက်များအတွက်လည်း ပေါလု၏သြဝါဒ အလွန်သင့်လျော်ပေသည်။ “သင်တို့သည် အသီးအသီးကိုယ့်ကိုယ်ကိုချစ်သကဲ့သို့ ကိုယ်ခင်ပွန်းကို ချစ်ကြလော့။ မိန်းမသည်လည်း ကိုယ်ခင်ပွန်းကို ရိုသေခြင်းရှိစေလော့။”—ဧဖက် ၅:၃၃။

သင်မှတ်မိသလော

▫ စုံလင်သောလူယောက်ျား၊ လူမိန်းမအတွက် ဘုရားသခင်၏ မူရင်းကဏ္ဍများကား အဘယ်နည်း။

▫ မယုံကြည်သူ လင်ယောက်ျားများ သမ္မာတရားဘက် မည်သို့သွေးဆောင်ခံရနိုင်မည်နည်း။

▫ အရည်အချင်းရှိသောမယား၏ ထူးခြားသောအရည်အသွေးများကား အဘယ်နည်း။

▫ “နူးညံ့ငြိမ်သက်ခြင်းသဘော” ကိုခရစ်ယာန်ဇနီးတစ်ဦး မည်သို့တင်ပြနိုင်မည်နည်း။

▫ လင်နှင့်မယားစပ်ကြား ကာယဆက်ဆံမှုတွင် အဘယ်ညီမျှမှု ရှိရန်လိုသနည်း။

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

အိမ်ထောင်သည် ပြိုင်ဖက်မာလိန်မှူးနှစ်ဦးရှိ သင်္ဘောတစ်စီးနှင့် မတူသင့်။

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ဇနီးဖြစ်သူ စည်းဝေးတက်ခြင်း၊ အခြားခရစ်ယာန်လုပ်ငန်းများ ထမ်းဆောင်ခြင်းကို မယုံကြည်သူလင်သား အူတိုသည်မက စိုးရိမ်စိတ်ပင် ရှိကောင်းရှိစေမည်။ သူ့အားမည်သို့ကူညီပေးနိုင်မည်နည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ