ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၂ ၂/၁၅ စာ. ၄-၇
  • ဘုရားသခင်ဆိုင်ရာမူများ အကျိုးပြုနိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်ဆိုင်ရာမူများ အကျိုးပြုနိုင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရား[သခင်]”
  • “နှိမ့်ချသောစိတ်နှင့်”
  • သင့်ခြေလှမ်းများကို ဘုရားသခင်ရေးရာ မူများဖြင့် လမ်းညွှန်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ကျမ်းစာမူတွေ အကျိုးရှိသလား
    လူမျိုးအားလုံးအတွက် သတင်းကောင်း
  • ‘ထာဝရဘုရားသခင်နှင့် ဂိဒေါင်၏ဓား’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • သင့်ကို ဘုရားသခင် တကယ်ပဲ ဂရုစိုက်သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
က၀၂ ၂/၁၅ စာ. ၄-၇

ဘုရားသခင်ဆိုင်ရာမူများ အကျိုးပြုနိုင်

တိရစ္ဆာန်များသည် ပင်ကိုအသိဖြင့် ပဲ့ထိန်းခံရကြောင်း သင်သိပေမည်။ စက်ကိရိယာများစွာသည် ညွှန်ကြားချက်များကိုလိုက်ရန် ပုံစံပြုထားခံရ၏။ သို့ရာတွင် လူတို့သည် မူများ၏လမ်းညွှန်မှုကိုခံရန် ဖန်ဆင်းခံရ၏။ ထိုသို့ဖြစ်ကြောင်း သင်မည်သို့သေချာသိနိုင်မည်နည်း။ ဖြောင့်မတ်သောမူအားလုံးတို့ကို အစပြုသူ ယေဟောဝါသည် ပထမလူသားကိုဖန်ဆင်းသောအခါ “ငါတို့ပုံသဏ္ဌာန်နှင့်တညီတသဏ္ဌာန်တည်း လူကိုဖန်ဆင်းကြစို့” ဟုကြေညာတော်မူခဲ့သည်။ ဖန်ဆင်းရှင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏; ကိုယ်တော်၌ ကျွန်ုပ်တို့ကဲ့သို့ ရုပ်ခန္ဓာမရှိချေ၊ ထို့ကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏ကောင်းမြတ်သော အရည်အသွေးများကို အနည်းငယ်တင်ပြခြင်းဖြင့် ကိုယ်တော့်ဥပဓိရုပ်တော်ကို ရောင်ပြန်ဟပ်ကြသည် ဟူသောအဓိပ္ပာယ်အရ ကိုယ်တော်၏ “ပုံသဏ္ဌာန်တော်” နှင့်အညီဖန်ဆင်းခံရသည်။ လူသားတို့သည် မူများဖြစ်သည့် ကောင်းမြတ်သော ကိုယ်ကျင့်တရားဟု ယုံကြည်သက်ဝင်ရာနှင့်အညီ ဘဝကို ပုံစံချနိုင်သည့်အစွမ်းရှိကြသည်။ ယေဟောဝါသည် သမ္မာကျမ်းစာတွင် ထိုမူများစွာကို မှတ်တမ်းတင်ထားသည်။—ကမ္ဘာဦး ၁:၂၆; ယောဟန် ၄:၂၄; ၁၇:၁၇။

‘ဒါပေမဲ့ ကျမ်းစာထဲမှာ မူတွေ ရာနဲ့ချီရှိတာ။ အဲဒါတွေအားလုံးကိုသိဖို့ မလွယ်ဘူး’ ဟုတစ်ဦးတစ်ယောက်ကဆိုပေမည်။ မှန်ပါသည်။သို့ဖြစ်စေကာမူ ဤအချက်ကို သုံးသပ်ကြည့်ပါ– ဘုရားသခင်ဆိုင်ရာမူအားလုံးသည် အကျိုးရှိသည်မှန်သော်လည်း မူအချို့သည် အခြားမူများထက် ပို၍အရေးပါပေသည်။ ယင်းကို မဿဲ ၂၂:၃၇-၃၉ တွင်တွေ့ရှိနိုင်သည်၊ ထိုတွင် ယေရှုက မောရှေပညတ်မှ အမိန့်တော်များနှင့် ထပ်တူမူများအနက် အချို့သည် အခြားတို့ထက် ပို၍အရေးပါကြောင်း ဖော်ပြခဲ့သည်။

မည်သည့်မူများသည် ပို၍အရေးပါသနည်း။ သမ္မာကျမ်းစာ၏ အဓိကမူများသည် ယေဟောဝါနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးအပေါ် တိုက်ရိုက်အကျိုးသက်ရောက်သော မူများဖြစ်သည်။ ဤမူများကို ကျွန်ုပ်တို့အလေးထားပါက ဖန်ဆင်းရှင်သည် ကျွန်ုပ်တို့၏ကိုယ်ကျင့်တရားအိမ်မြှောင်အပေါ် အဓိကသြဇာသက်ရောက်သူ ဖြစ်လာပါလိမ့်မည်။ ထို့ပြင် အခြားသူများနှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကို အကျိုးပြုသည့် မူများလည်းရှိပါသည်။ ၎င်းမူများကို လက်တွေ့ကျင့်သုံးခြင်းဖြင့် ငါသာပဓာနဝါဒကို မည်သို့ပင်ဖော်ပြစေကာမူ ယင်းကိုဆန့်ကျင်တိုက်လှန်ဖို့ အကူအညီရရှိပါလိမ့်မည်။

သမ္မာကျမ်းစာပါ အရေးကြီးဆုံးသော အမှန်တရားများဖြင့် အစပြုကြစို့။ ထိုအမှန်တရားကားအဘယ်နည်း၊ ၎င်းသည် ကျွန်ုပ်တို့အပေါ် မည်သို့အကျိုးပြုမည်နည်း။

“မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရား[သခင်]”

ယေဟောဝါသည် ကြီးမြတ်သောဖန်ဆင်းရှင်၊ တန်ခိုးနှင့်ပြည့်စုံသော ဘုရားသခင်ဖြစ်ကြောင်း သမ္မာကျမ်းစာက အထင်အရှားဖော်ပြ၏။ ကိုယ်တော်အား မည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍မရ၊ အစားထိုး၍မရနိုင်ချေ။ ယင်းသည် ကျမ်းစာတွင်မှတ်တမ်းတင်ထားသည့် အရေးပါဆုံး အမှန်တရားဖြစ်၏။—ကမ္ဘာဦး ၁၇:၁; ဒေ. ၁၂:၁။

ဆာလံကျမ်းရေးသူတစ်ဦးက ယေဟောဝါနှင့်စပ်လျဉ်း၍ ဤသို့ရေးသားခဲ့သည်– “ကိုယ်တော်တစ်ပါးတည်းသာလျှင် မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရား[သခင်] ဖြစ်တော်မူ” ၏။ ရှေးဘုရင်ဒါဝိဒ်က “အိုထာဝရဘုရား[သခင်] ကိုယ်တော်သည်အစိုးရတော်မူ၏။ ခပ်သိမ်းသောသူတို့၏အထွတ်မြင့်မြတ်တော်မူ၏” ဟုရေးသားခဲ့သည်။ ထင်ရှားကျော်ကြားသောပရောဖက် ယေရမိကလည်း ဤသို့မှတ်တမ်းတင်ရန် လှုံ့ဆော်ခံခဲ့ရ၏– “အိုထာဝရဘုရား[သခင်] ကိုယ်တော်နှင့်အဘယ်သူမျှမတူပါ။ ကိုယ်တော်သည် ကြီးမြတ်တော်မူ၏။ နာမတော်သည်လည်း တန်ခိုးတော်အားဖြင့် ကြီးမြတ်တော်မူ၏။”—ဆာလံ ၈၃:၁၈; ၁ ရာဇဝင်ချုပ် ၂၉:၁၁; ယေရမိ ၁၀:၆။

ကျွန်ုပ်တို့၏နေ့စဉ်အသက်တာတွင် ဘုရားသခင်နှင့်စပ်လျဉ်းသည့် ထိုအမှန်တရားများကို မည်သို့ကျင့်သုံးသင့်သနည်း။

ကျွန်ုပ်တို့အသက်တာတွင် မည်သူသည် အမှန်တကယ်ပင် အရေးကြီးဆုံးဖြစ်သင့်ကြောင်း ရှင်းနေပါသည်၊ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်၊ အသက်ပေးပိုင်ရှင်သာဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်ကိုအာရုံစိုက်စေခြင်းကို တွန်းလှန်သင့်သည်မဟုတ်လော၊ အချို့သူတို့ရှိ ဤစိတ်ထားသည် အခြားသူများထက် ပို၍များပေမည်။ လမ်းညွှန်ချက်ဖြစ်သည့် ပညာရှိသောမူတစ်ခုမှာ “ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိစ္စကိုပြုကြလော့” ဖြစ်သည်။ (၁ ကောရိန္သု ၁၀:၃၁) ဤကိစ္စတွင် ပရောဖက်ဒံယေလသည် အလွန်ကောင်းသောပုံသက်သေ ချမှတ်ခဲ့သည်။

ဗာဗုလုန်ပြည့်ရှင် နေဗုခဒ်နေဇာသည် တစ်ခါက အိပ်မက်တစ်ခုကြောင့် စိတ်လှုပ်ရှားခဲ့ပြီး ၎င်း၏အနက်ကိုသိလိုခဲ့ကြောင်း သမိုင်းမှတ်တမ်းက ဖော်ပြသည်။ အခြားသူအားလုံး မကြံတတ်အောင်ဖြစ်ခဲ့ကြသော်လည်း ဒံယေလသည် ဘုရင်မင်းမြတ်သိလိုရာကို တိတိကျကျဖော်ပြခဲ့၏။ ထိုအတွက် ဒံယေလ ဂုဏ်ယူခဲ့သလော။ မယူခဲ့ပါ၊ ‘နက်နဲသောအရာတို့ကို ဖွင့်ပြတော်မူသော ကောင်းကင်ဘုံရှိဘုရားသခင်’ ကိုသူဂုဏ်တင်ချီးမွမ်းခဲ့သည်။ ဒံယေလက ဤသို့ဆက်၍ပြောသည်– “အခြားသောသတ္တဝါအပေါင်းတို့ထက် အကျွန်ုပ်သာ၍ပညာရှိသောကြောင့် အကျွန်ုပ်အား ဘုရားသခင်ဖွင့်ပြတော်မူသည်မဟုတ်ပါ။” ဒံယေလသည် ကျင့်ဝတ်မူကို ကျင့်သုံးသူဖြစ်သည်။ ဒံယေလကျမ်းစောင်တွင် သူ့အား ဘုရားသခင့်ရှေ့တော်၌ “အလွန်ချစ်အပ်သောသူ” ဟုသုံးကြိမ်တိုင်ဖော်ပြထားခြင်းကို မအံ့သြသင့်ပေ။—ဒံယေလ ၂:၂၈၊ ၃၀; ၉:၂၃; ၁၀:၁၁၊ ၁၉။

ဒံယေလကို သင်တုပလျှင် အကျိုးကျေးဇူးခံစားရလိမ့်မည်။ ဒံယေလ၏ ပုံသက်သေကိုလိုက်လျှောက်ရာတွင် အဆုံးအဖြတ်ပေးသောအရာမှာ ရည်ရွယ်ချက်ဖြစ်သည်။ သင့်လုပ်ဆောင်မှုအတွက်မည်သူဂုဏ်ပြုခံထိုက်သနည်း။ သင့်အခြေအနေ မည်သို့ပင်ရှိစေကာမူ ယေဟောဝါသည် အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်ဖြစ်သည်ဟူသော ကျမ်းစာ၏ အရေးပါဆုံးမူနှင့်အညီ လုပ်ဆောင်နိုင်စွမ်း သင်၌ရှိသည်။ ထိုသို့ပြုပါက သင်သည် ကိုယ်တော့်ရှေ့တော်မှောက်တွင် “အလွန်ချစ်အပ်သောသူ” ဖြစ်လာပေလိမ့်မည်။

လူမှုဆက်ဆံရေးနယ်ပယ်တွင် ကျွန်ုပ်တို့ကို လမ်းညွှန်ပေးနိုင်သည့် အခြေခံမူနှစ်ခုကို ယခုသုံးသပ်ကြည့်ကြစို့။ ပျံ့နှံ့နေသည့် မိမိကိုယ်ကိုအလေးပေးမှုကြား ဤလူမှုဆက်ဆံရေးနယ်ပယ်သည် အထူးစိန်ခေါ်ချက်တစ်ရပ်ဖြစ်နေ၏။

“နှိမ့်ချသောစိတ်နှင့်”

ကိုယ့်ကိုယ်ကိုရှေ့တန်းတင်သူများသည် ရောင့်ရဲမှုရခဲသည်။ အများစုသည် သာ၍ကောင်းသောအသက်တာကို အမြဲရလို၍ ယခုပင် ရရှိလိုကြသည်။ ထိုသူတို့အတွက် ကျိုးနွံခြင်းသည် ပျော့ညံ့မှု၏လက္ခဏာဖြစ်သည်။ သည်းခံခြင်းဟူသည် အခြားသူများ၌သာ ရှိသင့်သည့်အရာအဖြစ် သူတို့ယူမှတ်ကြ၏။ မိမိတို့ကိုယ်တိုင် အောင်မြင်ကျော်ကြားဖို့အတွက်မှာမူ အဘယ်အရာကိုမဆို ပြုလုပ်နိုင်၏။ သူတို့ကဲ့သို့ သင်ပြုမူလုပ်ကိုင်စရာတစ်ခုခုရှိသည်ဟု ယူမှတ်ပါသလော။

ဘုရားသခင့်ကျေးကျွန်များသည် ထိုသို့သောသဘောထားနှင့် နေ့စဉ်တွေ့ကြုံနေကြရသော်လည်း ယင်းသဘောထား မိမိတို့ထံ ကူးစက်မခံသင့်ပေ။ “စံမီသူကား ကိုယ်ကိုထောက်ခံသူမဟုတ်။ ဘုရားသခင်ထောက်ခံသူဖြစ်” သည်ဟူသောမူကို ရင့်ကျက်သောခရစ်ယာန်များ လက်ခံထားကြ၏။—၂ ကောရိန္သု ၁၀:၁၈၊ သမ။

ဖိလိပ္ပိ ၂:၃၊ ၄ ပါမူကိုကျင့်သုံးခြင်းက အကူအညီဖြစ်စေမည်။ ထိုကျမ်းချက်တွင် “ရန်တွေ့လိုသောစိတ်၊ အချည်းနှီးကျော်စောကိတ္တိကိုတပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကိုမျှမပြုကြနှင့်။ သူတစ်ပါးသည် ကိုယ်ထက်သာ၍ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက်ထင်မှတ်ကြ” ရန်တိုက်တွန်းထားသည်။ သို့ဖြင့် “ကိုယ်အမှုအရာကိုသာမရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ်” ကြလိမ့်မည်။

မိမိကိုယ်ကို လျောက်ပတ်စွာသဘောထားပြီး မိမိ၏ရှိရင်းစွဲတန်ဖိုးကို မှန်ကန်စွာအကဲဖြတ်ခဲ့သူတစ်ဦးမှာ ရှေးခေတ်ဟေဗြဲလူမျိုးများတွင် တရားသူကြီးတစ်ဦးဖြစ်ခဲ့သူ ဂိဒေါင်ဖြစ်သည်။ သူသည်ဣသရေလလူမျိုး၏ ခေါင်းဆောင်ဖြစ်ရန် အားမထုတ်ခဲ့ချေ။ သို့ရာတွင် ခေါင်းဆောင်ရန် ခန့်အပ်ခံရသောအခါ ဂိဒေါင်သည် မိမိ၏မထိုက်တန်မှုကို အာရုံစိုက်စေခဲ့သည်။ “အကျွန်ုပ်အဆွေအမျိုးသည် မနာရှေအမျိုး၌ သာ၍ဆင်းရဲပါ၏။ အကျွန်ုပ်သည်လည်း ကိုယ်အဆွေအမျိုး၌ အယုတ်ဆုံးသောသူဖြစ်ပါ၏” ဟု သူရှင်းပြခဲ့သည်။—တရားသူကြီး ၆:၁၂-၁၆။

ထို့ပြင် ယေဟောဝါသည် ဂိဒေါင်အားအောင်ပွဲခံစေပြီးနောက် ဧဖရိမ်လူတို့သည် သူ့ကိုရန်စခဲ့ကြသည်။ ဂိဒေါင်မည်သို့တုံ့ပြန်ခဲ့သနည်း။ အောင်ပွဲခံခဲ့သည့်အတွက် သူ့ကိုယ်သူအရေးပါသူတစ်ဦးအဖြစ် ယူမှတ်ခဲ့ပါသလော။ မယူမှတ်ခဲ့ပေ။ “သင်တို့ပြုသကဲ့သို့ ငါသည် အဘယ်သို့ပြုနိုင်သနည်း” ဟုနှိမ့်ချစွာပြန်ဖြေခြင်းဖြင့် အန္တရာယ်ကို ရှောင်ခဲ့သည်။ ဂိဒေါင်သည် စိတ်နှိမ့်ချသူဖြစ်သည်။—တရားသူကြီး ၈:၁-၃။

ဂိဒေါင်၏အဖြစ်အပျက်သည် ရှေးလွန်လေပြီးသောအခါက အဖြစ်အပျက်ဖြစ်သည်မှန်၏။ သို့တိုင် ၎င်းကိုသုံးသပ်ခြင်းသည် တန်ဖိုးရှိ၏။ ယနေ့ မြင်တွေ့နေကြရသည့် သဘောထားနှင့် အလွန်ကွာခြားသောသဘောထား ဂိဒေါင်တွင်ရှိပြီး သူသည် ထိုစိတ်ထားနှင့်အညီနေထိုင်ခဲ့သောကြောင့် အကျိုးခံစားခဲ့ရကြောင်း သင်တွေ့မြင်နိုင်သည်။

မိမိကိုယ်ကိုအဓိကထားသည့် ရေပန်းစားနေသောသဘောထားသည် ကိုယ့်တန်ဖိုးကိုကိုယ် တလွဲအကဲဖြတ်စေနိုင်သည်။ ထိုသို့ပြုခြင်းကို ကျမ်းစာမူများက တည့်မတ်ပေးနိုင်သည်၊ ဖန်ဆင်းရှင်နှင့် အခြားသူများရှေ့ ကျွန်ုပ်တို့၏တန်ဖိုးအမှန်ကို သိရှိစေသည်။

ကျမ်းစာမူများကိုဂရုပြုခြင်းဖြင့် တဒင်္ဂရေပန်းစားသည့် ငါသာပဓာနသဘောထား ရှိမည်မဟုတ်ပေ။ ထိုအခါ ကျွန်ုပ်တို့သည် ခံစားချက်များ၊ ပုဂ္ဂိုလ်ရေးကိစ္စများ၏ လွှမ်းမိုးမှုကို မခံရကြတော့ပေ။ ဖြောင့်မတ်သောမူများအကြောင်း ပို၍သိလာလေ ၎င်းတို့ကို အစပြုသူအား ပိုမိုသိကျွမ်းလာလေဖြစ်သည်။ မှန်ပါသည်၊ ကျမ်းစာဖတ်သောအခါ ဘုရားသခင်ဆိုင်ရာမူများကို အထူးဂရုပြုမှတ်သားခြင်းသည် အားထုတ်ရကျိုးနပ်ပေသည်။—လေးထောင့်ကွက်ကိုရှု။

ယေဟောဝါသည် လူတို့ကို ပင်ကိုအသိဖြင့် အဓိကလှုံ့ဆော်ခံရသောတိရစ္ဆာန်များထက် အဆင့်မြင့်စွာ ဖန်ဆင်းထားတော်မူ၏။ ဘုရားသခင့်အလိုတော်ကိုဆောင်ရွက်ခြင်းတွင် ကိုယ်တော်၏မူများကို လက်တွေ့ကျင့်သုံးခြင်း ပါဝင်သည်။ ဤသို့ဖြင့် ကျွန်ုပ်တို့၏ကိုယ်ကျင့်တရားအိမ်မြှောင်ကို စည်းစနစ်ကျနမှုရှိစေနိုင်သည်၊ ထိုအိမ်မြှောင်သည် ဘုရားသခင်ပြုလုပ်တော်မူသည့် စနစ်သစ်သို့ ကျွန်ုပ်တို့ကိုပို့ဆောင်ပေးပေလိမ့်မည်။ သမ္မာကျမ်းစာက “ဖြောင့်မတ်ခြင်းတရားတည်နေရာ” ကမ္ဘာချီစနစ်သစ် များမကြာမီရောက်လာဖို့ ကျွန်ုပ်တို့ကို မျှော်လင့်စေသည်။—၂ ပေတရု ၃:၁၃။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]

အထောက်အကူပြုသော ကျမ်းစာမူအချို့

မိသားစုအတွင်း–

“ကိုယ်အကျိုးကို အဘယ်သူမျှမရှာစေနှင့်။ သူ့အကျိုးကိုလူတိုင်းရှာစေ။”—၁ ကောရိန္သု ၁၀:၂၄။

“မေတ္တာသည် . . . ကိုယ်အကျိုးကိုမရှာတတ်။”—၁ ကောရိန္သု ၁၃:၄၊ ၅။

“သင်တို့သည် အသီးအသီးကိုယ်ကိုကိုယ်ချစ်သကဲ့သို့ ကိုယ်ခင်ပွန်းကိုချစ်ကြလော့။”—ဧဖက် ၅:၃၃။

“အချင်းမိန်းမတို့၊ . . . ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။”—ကောလောသဲ ၃:၁၈။

“သင့်ကိုဖြစ်ပွားစေသောအဘ၏စကားကို နားထောင်လော့။ အသက်ကြီးသောအမိကို မထီမဲ့မြင်မပြုနှင့်။”—သု. ၂၃:၂၂။

ကျောင်း၊ အလုပ်ခွင် သို့မဟုတ် စီးပွားရေးလုပ်ငန်းတွင်– “စဉ်းလဲသောချိန်ခွင်သည် . . . စက်ဆုပ်ရွံရှာတော်မူဖွယ် . . . ဖြစ်၏။ ဆိုးသောသူလုပ်၍ရသောအကျိုးသည် အမြဲမတည်။”—သု. ၁၁:၁၊ ၁၈၊ သမ္မာ။

“ခိုးတတ်သောသူသည် နောက်တစ်ဖန်မခိုးဘဲ၊ . . . လုပ်ဆောင်အားထုတ်စေ။”—ဧဖက် ၄:၂၈။

“အလုပ်မလုပ်ချင်သောသူမည်သည်ကား၊ အစာကိုလည်းမစားစေနှင့်။”—၂ သက်သာလောနိတ် ၃:၁၀။

“သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်သကဲ့သို့၊ ပြုလေသမျှတို့၌ စေတနာစိတ်နှင့်ပြုကြလော့။”—ကောလောသဲ ၃:၂၃။

“အရာရာတို့၌ ကောင်းမွန်စွာကျင့်နေခြင်းငှာ အလိုရှိသောသူဖြစ်သည်။”—ဟေဗြဲ ၁၃:၁၈။

စည်းစိမ်ဥစ္စာနှင့်ပတ်သက်၍ သဘောထား–

“ငွေရတတ်ခြင်းငှာ အလျင်အမြန်ပြုသောသူမူကား အပြစ်နှင့်မလွတ်ရ။”—သု. ၂၈:၂၀။

“ငွေကိုတပ်မက်သောသူသည် ငွေနှင့်အလိုဆန္ဒ မပြေနိုင်။”—ဒေ. ၅:၁၀။

ကိုယ့်သိက္ခာကိုယ်လေးစားခြင်းကို အကဲဖြတ်ခြင်း–

“ကိုယ်ဂုဏ်အသရေကိုရှာလျှင် ဂုဏ်အသရေမရှိ။”—သု. ၂၅:၂၇။

“ကိုယ်တိုင် ကိုယ်ကိုမချီးမွမ်းဘဲ သူတစ်ပါးချီးမွမ်းပါလေစေ။”—သု. ၂၇:၂။

“သင်တို့သည် ကိုယ်ကိုထင်သင့်သည်အတိုင်းထက်လွန်၍မထင် . . . ရမည်အကြောင်း ငါသည် . . . သင်တို့တွင်ရှိသမျှသောသူတို့ကို မှာထား၏။”—ရောမ ၁၂:၃။

“အကြင်သူသည် ဘာမျှမဟုတ်ဘဲလျက်၊ ဤမျှလောက်ငါဖြစ်သည်ဟုစိတ်ထင်လျှင်၊ ထိုသူသည် ကိုယ်ကိုလှည့်ဖြားသောသူဖြစ်၏။”—ဂလာတိ ၆:၃။

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ဒံယေလသည် ဘုရားသခင်အား ချီးမွမ်းဂုဏ်ပြုခဲ့

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဘုရားသခင်ဆိုင်ရာမူများအတိုင်း အခြားသူများနှင့်ဆက်ဆံခြင်းသည် နှစ်လိုဖွယ်ဆက်ဆံရေးနှင့် ပျော်ရွှင်မှုကိုဖြစ်ထွန်းစေ

[Picture Credit Line on page 7]

U.S. Fish & Wildlife Service, Washington, D.C./Robert Bridges

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ