ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၂၁ အမှတ် ၁ စာ. ၁၄
  • ဘုရားသခင်နဲ့ ရင်းနှီးစေတဲ့ အသိပညာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်နဲ့ ရင်းနှီးစေတဲ့ အသိပညာ
  • နိုးလော့!—၂၀၂၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဖန်ဆင်းရှင်မှာ နာမည်ရှိ
  • ယေဟောဝါဟာ မေတ္တာရှင်ဖြစ်
  • ယေဟောဝါက ခွင့်လွှတ်တဲ့ ဘုရားဖြစ်
  • ယေဟောဝါက ဆုတောင်းချက်တွေကို နားထောင်
  • ‘အချင်းချင်း အပြစ်ကိုလွှတ်ကြလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ယေဟောဝါ ခွင့်လွှတ်ဖို့ အသင့်ရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားက ဘာလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဘုရားသခင်ဟာ ဘယ်သူလဲ
    သမ္မာကျမ်းစာ သွန်သင်ရာများ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၂၁
န၂၁ အမှတ် ၁ စာ. ၁၄

ဘုရားသခင်နဲ့ ရင်းနှီးစေတဲ့ အသိပညာ

ဖန်ဆင်းရှင်က စွမ်းအားတစ်ခုလောက်ပဲ မဟုတ်ဘူး။ ဘုရားဆီမှာ နှစ်သက်ဖွယ်ကောင်းတဲ့ အရည်အသွေးတွေ ရှိတယ်။ ဘုရားက မိမိအကြောင်း သင်ယူစေချင်တယ်၊ မိမိနဲ့ ရင်းနှီးစေချင်တယ်။ (ယောဟန် ၁၇:၃။ ယာကုပ် ၄:၈) ဒါကြောင့် မိမိအကြောင်း ဘုရား အများကြီး ဖော်ပြထားတယ်။

ဖန်ဆင်းရှင်မှာ နာမည်ရှိ

“ယေဟောဝါလို့ နာမည်ရှိတဲ့ ကိုယ်တော် တစ်ပါးတည်းသာ မြေတစ်ပြင်လုံးမှာ အမြင့်မြတ်ဆုံးအရှင် ဖြစ်မှန်း လူတွေ သိကြပါစေ။”—ဆာလံ ၈၃:၁၈။

ယေဟောဝါဟာ စစ်မှန်တဲ့ တစ်ဆူတည်းသော ဘုရား ဖြစ်တယ်လို့ ကျမ်းစာ သင်ပေးတယ်။ ဘုရားသခင်က စကြဝဠာနဲ့ သက်ရှိအားလုံးကို ဖန်ဆင်းတဲ့အရှင် ဖြစ်တယ်။ ကိုယ်တော်တစ်ပါးတည်းသာ ကိုးကွယ်ခံထိုက်တယ်။—ဗျာဒိတ် ၄:၁၁။

ယေဟောဝါဟာ မေတ္တာရှင်ဖြစ်

ဖန်ဆင်းရှင်ရဲ့ နာမည် ယေဟောဝါကို ဟင်ဒီ၊ ပန်ချာပီ၊ ဂူဂျာရတီ၊ တယ်လဂူ၊ တမီလ်၊ မြန်မာ ဘာသာစကားနဲ့ ရေးထားစဉ်။

“ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာ ဖြစ်လို့ပဲ။”—၁ ယောဟန် ၄:၈။

သမ္မာကျမ်းစာနဲ့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိတဲ့အရာတွေကနေ ယေဟောဝါရဲ့ အရည်အသွေး များစွာအကြောင်း သင်ယူနိုင်တယ်။ မေတ္တာက ဘုရားရဲ့ အထင်ရှားဆုံး အရည်အသွေးပဲ။ ဘုရားက အရာရာကို မေတ္တာပေါ် အခြေခံပြီး လုပ်ဆောင်တယ်။ ယေဟောဝါအကြောင်း ပိုသိလာလေ ကိုယ်တော့်ကို ပိုချစ်လေပဲ။

ယေဟောဝါက ခွင့်လွှတ်တဲ့ ဘုရားဖြစ်

“ကိုယ်တော်ဟာ ခွင့်လွှတ်ဖို့ အသင့်ရှိတဲ့ဘုရား” ဖြစ်တယ်။—နေဟမိ ၉:၁၇။

ကျွန်တော်တို့က မစုံလင်ဘူးဆိုတာ ယေဟောဝါ သိတယ်။ ဒါကြောင့် “ခွင့်လွှတ်ဖို့ အသင့်ရှိ” တယ်။ အမှားလုပ်မိလို့ နောင်တရတယ်၊ မကောင်းမှုတွေ ဆက်မလုပ်တော့ဘူးလို့ ပြောရင် ဘုရား ခွင့်လွှတ်တယ်။ ကျွန်တော်တို့ လုပ်ခဲ့တဲ့ အမှားတွေကို မှတ်မထားဘူး။—ဆာလံ ၁၀၃:၁၂၊ ၁၃။

ယေဟောဝါက ဆုတောင်းချက်တွေကို နားထောင်

“ယေဟောဝါဟာ . . . ဆုတောင်းသူတိုင်းရဲ့ အနီးအပါးမှာ ရှိတယ်။ . . . သူတို့ အော်ဟစ်အကူအညီ တောင်းတဲ့အခါ နားထောင်ပြီး ကယ်တင်တယ်။”—ဆာလံ ၁၄၅:၁၈၊ ၁၉။

ယေဟောဝါကို ဝတ်ပြုရာမှာ ရိုးရာဓလေ့ထုံးစံတွေ၊ ဘာသာရေး အသုံးအဆောင်တွေ မလိုဘူး။ မေတ္တာရှိတဲ့ မိဘက သားသမီးတွေ ပြောတာကို နားထောင်သလိုပဲ ဘုရားက ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို နားထောင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ