ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၇၉
  • ကလဲ့စားချေခြင်းအကြောင်း ကျမ်းစာ ဘာပြောသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကလဲ့စားချေခြင်းအကြောင်း ကျမ်းစာ ဘာပြောသလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • လက်စားချေဖို့ ကြိုးစားတာ ဘာမှားသလဲ
  • ဘုရား ဘယ်လို ပြစ်ဒဏ်စီရင်မလဲ
  • လက်စားချေချင်စိတ်ကို ဘယ်လို ဖျောက်ဖျက်နိုင်မလဲ
  • လက်စားချေတာနဲ့ပတ်သက်ပြီး မှားယွင်းတဲ့ ယူဆချက်များ
  • သင်စိတ်နာကြည်းသည့်အခါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ၂ | လက်စားမချေပါနဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၂
  • အပိုင်း ၇ နိဒါန်း
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ကလဲ့စား ချေခြင်းသည် မှားသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၇၉
ကလဲ့စားချေဖို့ စဉ်းစားနေတဲ့ အမျိုးသမီး။

ကလဲ့စားချေခြင်းအကြောင်း ကျမ်းစာ ဘာပြောသလဲ

ကျမ်းစာအဖြေ

လက်စားချေခွင့်ရှိတယ်လို့ ထင်ရင်တောင် အဲဒီလိုလုပ်တာက ကျမ်းစာပေးတဲ့ အကြံဉာဏ်နဲ့ ဆန့်ကျင်တယ်။ “‘သူလုပ်ခဲ့သလို ငါပြန်လုပ်မယ်။ သူ့လုပ်ရပ်အတွက် ငါလက်တုံ့ပြန်မယ်’ လို့ မပြောနဲ့” ဆိုပြီး ကျမ်းစာ ဆိုတယ်။ (ပညာအလိမ္မာ ၂၄:၂၉) လက်စားချေချင်တဲ့ လူအတော်များများကို အကူအညီဖြစ်စေတဲ့ အကြံဉာဏ်တွေ ကျမ်းစာထဲမှာပါတယ်။

ဒီဆောင်းပါးမှာ

  • လက်စားချေဖို့ ကြိုးစားတာ ဘာမှားသလဲ

  • ဘုရား ဘယ်လို ပြစ်ဒဏ်စီရင်မလဲ

  • လက်စားချေချင်စိတ်ကို ဘယ်လို ဖျောက်ဖျက်နိုင်မလဲ

  • လက်စားချေတာနဲ့ပတ်သက်ပြီး မှားယွင်းတဲ့ ယူဆချက်များ

လက်စားချေဖို့ ကြိုးစားတာ ဘာမှားသလဲ

တစ်ယောက်ယောက်က ကိုယ့်ကို နာကြည်းအောင်၊ စိတ်ထိခိုက်အောင် လုပ်တယ်ဆိုရင် သူ့ကို စိတ်ဆိုးတာ၊ ပြစ်ဒဏ်ခံစေချင်တာ သဘာဝပါ။ ဒါပေမဲ့ ကလဲ့စားချေတာဟာ ကျမ်းစာပြောတာနဲ့ မကိုက်ညီဘူး။ ဘာကြောင့်လဲ။

ကိုယ်တိုင် ကလဲ့စားချေတာကို ဘုရားသခင် မကြိုက်ဘူး။ ကျမ်းစာထဲမှာ ယေဟောဝါaဘုရား ဒီလို ပြောထားတယ်- “လက်စားချေတာဟာ ငါ့ကိစ္စပါ။ မတရားမှုအတွက် ငါ လက်တုံ့ပြန်ပေးမှာပါ။” (ရောမ ၁၂:၁၉) ဖြစ်နိုင်မယ်ဆိုရင် ကလဲ့စားချေမယ့်အစား ပြဿနာကို အေးအေးဆေးဆေး ဖြေရှင်းဖို့ ကျမ်းစာက အားပေးတယ်။ (ရောမ ၁၂:၁၈) အတတ်နိုင်ဆုံး ကြိုးစားဖြေရှင်းပေမဲ့ မအောင်မြင်ရင်ကော။ မတရားမှုအားလုံးကို ယေဟောဝါ ဖြေရှင်းပေးမယ်ဆိုတာ ယုံကြည်စိတ်ချဖို့ ကျမ်းစာက သတိပေးဆုံးမထားတယ်။—ဆာလံ ၄၂:၁၀၊ ၁၁။

ဘုရား ဘယ်လို ပြစ်ဒဏ်စီရင်မလဲ

လူတွေကို ပြစ်ဒဏ်စီရင်ဖို့ အစိုးရအာဏာစက်တွေကို ဘုရားသခင် လောလောဆယ် ခွင့်ပြုထားတယ်။ (ရောမ ၁၃:၁-၄) အချိန်တန်တဲ့အခါ ရက်စက်ကြမ်းကြုတ်သူ အားလုံးကို ဘုရားသခင် တရားစီရင်ပါတော့မယ်။ ဆင်းရဲဒုက္ခတွေကို ဖယ်ရှားပစ်ပါတော့မယ်။—ဟေရှာယ ၁၁:၄။

လက်စားချေချင်စိတ်ကို ဘယ်လို ဖျောက်ဖျက်နိုင်မလဲ

  • စိတ်လိုက်မာန်ပါ လုပ်တာကို ရှောင်ပါ။ (ပညာအလိမ္မာ ၁၇:၂၇) လူတွေက ဒေါသထွက်နေတုန်း လုပ်မိ၊ ပြောမိတာတွေကို နောက်ပိုင်းမှ နောင်တရတတ်ကြတယ်။ မတုံ့ပြန်ခင် အချိန်ယူ စဉ်းစားသူတွေက မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်ကြတယ်။—ပညာအလိမ္မာ ၂၉:၁၁။

  • အကြောင်းစုံကို သိဖို့ကြိုးစားပါ။ (ပညာအလိမ္မာ ၁၈:၁၃) ပြစ်မှားခံရတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးသင့်တယ်။ ‘သူ ဘာကြောင့် ဒီလို လုပ်တယ်ဆိုတာ ငါမသိတဲ့ အကြောင်း တစ်ခုခုများ ရှိသလား။ သူ စိတ်အနှောင့်အယှက် ဖြစ်နေလို့များလား။ သူ မသိလိုက်ဘဲ လုပ်မိသွားတာလား။’ တစ်ခါတလေ တမင်တကာ လုပ်ပုံပေါက်ပေမဲ့ မတော်တဆ လုပ်မိတဲ့အမှား ဖြစ်နိုင်တယ်။

လက်စားချေတာနဲ့ပတ်သက်ပြီး မှားယွင်းတဲ့ ယူဆချက်များ

မှားယွင်းတဲ့ ယူဆချက်- “မျက်စိအတွက် မျက်စိ” လို့ ပြောပြီး ကျမ်းစာက ကလဲ့စားချေတာကို ခွင့်ပြုထားတယ်။—ဝတ်ပြုရာ ၂၄:၂၀။

အမှန်- ရှေးအစ္စရေးခေတ်က “မျက်စိအတွက် မျက်စိ” ဆိုတဲ့ ပညတ်ဟာ ကိုယ်တိုင် ကလဲ့စားချေတာကို အားမပေးဘူး။ ဒီစည်းမျဉ်းက အပြစ်ရှိသူကို သင့်တော်သလို ပြစ်ဒဏ်စီရင်ဖို့ တရားသူကြီးတွေအတွက် အထောက်အကူပြုတယ်။b—တရားဟောရာ ၁၉:၁၅-၂၁။

မှားယွင်းတဲ့ ယူဆချက်- ကျမ်းစာက ကိုယ်တိုင် ကလဲ့စားချေခွင့် မပြုတဲ့အတွက် တိုက်ခိုက်ခံရတဲ့အခါ မခုခံရဘူး။

အမှန်- တိုက်ခိုက်ခံရတဲ့အခါ ခုခံပိုင်ခွင့်ရှိတယ်။ အာဏာပိုင်တွေဆီက အကူအညီ တောင်းလို့ရတယ်။ ဒါပေမဲ့ ဖြစ်နိုင်တဲ့အခါတိုင်း အကြမ်းဖက်နည်းနဲ့ တုံ့ပြန်တာကို ရှောင်သင့်တယ်လို့ ကျမ်းစာဆိုတယ်။—ပညာအလိမ္မာ ၁၇:၁၄။

a ယေဟောဝါဆိုတာ ကျမ်းစာမှာပါတဲ့ ဘုရားသခင့်နာမည်ဖြစ်တယ်။

b ဒီစည်းမျဉ်းကို အသေးစိတ် လေ့လာချင်ရင် “‘မျက်စိအတွက် မျက်စိ’ ဆိုတာ ဘာအဓိပ္ပာယ်လဲ” ဆောင်းပါးကို ဖတ်ရှုပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ