ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lff သင်ခန်းစာ ၃၈
  • အသက်ဆုလက်ဆောင်ကို တန်ဖိုးထားပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသက်ဆုလက်ဆောင်ကို တန်ဖိုးထားပါ
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • ကိုယ်ဝန်ဖျက်ချခြင်းနဲ့ပတ်သက်ပြီး ကျမ်းစာ ဘာပြောသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ကိုယ်ဝန်ဖျက်ချခြင်း
    နိုးလော့!—၂၀၁၇
  • ကိုယ်ဝန်ဖျက်ချခြင်း—ပြဿနာကင်းသော ဖြေရှင်းနည်းမဟုတ်
    နိုးလော့!—၂၀၀၉
  • ကိုယ်ဝန်ဖျက်ချ (ပျက်ကျ) ခြင်း
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
lff သင်ခန်းစာ ၃၈
သင်ခန်းစာ ၃၈။ ကလေးကို ချီပိုက်ထားတဲ့ မောင်နှံစုံ။

သင်ခန်းစာ ၃၈

အသက်ဆုလက်ဆောင်ကို တန်ဖိုးထားပါ

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

ကျွန်တော်တို့ အသက်ရှင်နေရလို့ ဘဝကို ပျော်မွေ့နိုင်တယ်။ အခက်အခဲတွေ ကြုံရင်တောင် ဘဝမှာ ပျော်မွေ့စရာတွေ ရှိနေဆဲပါပဲ။ အသက်ဆုလက်ဆောင်ကို တန်ဖိုးထားကြောင်း ဘယ်လို ပြနိုင်သလဲ။ တန်ဖိုးထားရတဲ့ အဓိကအကြောင်းရင်းက ဘာလဲ။

၁။ အသက်ကို ဘာကြောင့် တန်ဖိုးထားသင့်သလဲ။

အသက်ဟာ မေတ္တာရှင်ဖခင် ယေဟောဝါဆီက လက်ဆောင်ဖြစ်တဲ့အတွက် တန်ဖိုးထားသင့်တယ်။ ဘုရားဟာ သက်ရှိမှန်သမျှကို ဖန်ဆင်းခဲ့လို့ “အသက်ရဲ့ ပင်ရင်း” ဖြစ်တယ်။ (ဆာလံ ၃၆:၉) ‘ဘုရားသခင်ဟာ လူအားလုံးကို အသက်နဲ့ ထွက်သက်ဝင်သက်ကို ပေးတဲ့အရှင်၊ အရာခပ်သိမ်းကို ပေးသနားတဲ့အရှင် ဖြစ်တယ်။’ (တမန်တော် ၁၇:​၂၅၊ ၂၈) ယေဟောဝါက ကျွန်တော်တို့ အသက်ဆက်နိုင်ဖို့ လိုအပ်ရာတွေ ပေးထားတယ်။ ဘဝကို ပျော်မွေ့နိုင်ဖို့လည်း စီစဉ်ပေးတယ်။​—တမန်တော် ၁၄:၁၇ ကို ဖတ်ပါ။

၂။ ယေဟောဝါပေးထားတဲ့ အသက်ကို တန်ဖိုးထားကြောင်း ဘယ်လို ပြနိုင်သလဲ။

သန္ဓေသားအရွယ်မှာကတည်းက သင့်ကို ယေဟောဝါ ဂရုစိုက်တယ်။ ယေဟောဝါကို ဝတ်ပြုတဲ့ ဒါဝိဒ်က “ကျွန်တော် သန္ဓေသားလောင်းအရွယ်မှာတောင် ကိုယ်တော် မြင်တယ်” လို့ ဆုတောင်းခဲ့တယ်။ (ဆာလံ ၁၃၉:၁၆) ယေဟောဝါက သင့်အသက်ကို အလွန်တန်ဖိုးထားတယ်။ (မဿဲ ၁၀:​၂၉-၃၁ ကို ဖတ်ပါ။) လူသတ်တာ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေတာက ဘုရားကို နာကျင်စေတယ်။a (ထွက်မြောက်ရာ ၂၀:၁၃) မလိုအပ်ဘဲ အသက်စွန့်စားတာ၊ သူတစ်ပါးအသက်ကို အလေးမထားတာကလည်း ဘုရားကို နာကျင်စေတယ်။ ကိုယ်တိုင်နဲ့ သူတစ်ပါးရဲ့ အသက်ကို အလေးထားတာက အသက်ဆုလက်ဆောင်ကို တန်ဖိုးထားကြောင်း ပြရာရောက်တယ်။

ရှာဖွေလေ တွေ့ရှိလေ

အသက်ဆုလက်ဆောင်ကို တန်ဖိုးထားကြောင်း ပြနိုင်တဲ့နည်းတချို့ကို သုံးသပ်ပါ။

၃။ ကျန်းမာရေး ဂရုစိုက်ပါ

ဆက်ကပ်အပ်နှံထားတဲ့ ခရစ်ယာန်တွေဟာ ယေဟောဝါအမှုဆောင်ဖို့ တစ်ဘဝလုံး ပေးထားကြတယ်။ မိမိတို့ရဲ့ ကိုယ်ခန္ဓာကို ပူဇော်သက္ကာအဖြစ် ဆက်သထားတဲ့ သဘောပါပဲ။ ရောမ ၁၂:၁၊ ၂ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ကျန်းမာရေး ဂရုစိုက်ရတဲ့ အကြောင်းရင်းက ဘာဖြစ်သင့်သလဲ။

  • ကျန်းမာရေး ဂရုစိုက်နိုင်တဲ့နည်းတချို့က ဘာတွေလဲ။

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဆရာဝန်နဲ့ စကားပြောနေ။

၄။ ကိုယ်တိုင်နဲ့ တခြားသူ ဘေးကင်းရေးကို အလေးထားပါ

အသက်အန္တရာယ်ရှိတဲ့ လုပ်ရပ်တွေကို ရှောင်ဖို့ ကျမ်းစာ အားပေးတယ်။ ဘေးကင်းရေးအတွက် ဘာတွေ လုပ်နိုင်သလဲ သိဖို့ ဗီဒီယို ဖွင့်ပါ။

ဗီဒီယို။ ဘေးကင်းရေး ဦးစားပေး (၈:၃၄)

ပညာအလိမ္မာ ၂၂:၃ ကို ဖတ်ပါ။ ပြီးတဲ့နောက် အောက်ပါ အခြေအနေတွေမှာ ဘေးကင်းအောင် လုပ်ဆောင်နိုင်ပုံကို ဆွေးနွေးပါ။

  • အိမ်မှာ။

  • အလုပ်ခွင်မှာ။

  • အားကစားလုပ်တဲ့အခါမှာ။

  • ယာဉ်မောင်းတဲ့အခါ၊ စီးနင်းလိုက်ပါတဲ့အခါ။

ထိုင်ခုံခါးပတ် ပတ်နေတဲ့ အမျိုးသား။

၅။ မမွေးသေးတဲ့ကလေးရဲ့ အသက်ကို တန်ဖိုးထားပါ

ဗိုက်ကို ပွတ်သပ်နေတဲ့ ကိုယ်ဝန်ဆောင်။

အသက်နဲ့ သန္ဓေသားရဲ့ ကြီးထွားမှုကို ယေဟောဝါ စိတ်ဝင်စားကြောင်း ဒါဝိဒ် ကဗျာဆန်ဆန် ရေးဖွဲ့ခဲ့တယ်။ ဆာလံ ၁၃၉:၁၃-၁၇ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ယေဟောဝါရဲ့ အမြင်မှာ လူတစ်ဦးရဲ့ အသက်က သန္ဓေတည်ချိန်မှာ စတင်သလား၊ မွေးဖွားချိန်မှာ စတင်သလား။

ရှေးခေတ် အစ္စရေးတွေကို ပေးတဲ့ ယေဟောဝါရဲ့ ပညတ်က မိခင်နဲ့ သန္ဓေသားကို ကာကွယ်ပေးတယ်။ ထွက်မြောက်ရာ ၂၁:၂၂၊ ၂၃ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • မမွေးသေးတဲ့ကလေး သေအောင် မတော်တဆ လုပ်မိတာကို ယေဟောဝါ ဘယ်လို ရှုမြင်သလဲ။

  • တမင်တကာ လုပ်ရင်ကော ယေဟောဝါ ဘယ်လို ခံစားမယ် ထင်သလဲ။b

  • ယေဟောဝါရဲ့ ရှုမြင်ပုံကို သိရလို့ ဘယ်လို ခံစားရသလဲ။

ဗီဒီယို ဖွင့်ပါ။

ဗီဒီယို။ အသက်ကို ဘုရား တန်ဖိုးထားသလို တန်ဖိုးထားပါ (၅:၀၀)

အသက်ကို တန်ဖိုးထားတဲ့ အမျိုးသမီးတောင် ကိုယ်ဝန်ဖျက်ချတာကလွဲလို့ တခြား ရွေးချယ်စရာ မရှိဘူးလို့ ယူဆမိနိုင်တယ်။ ဟေရှာယ ၄၁:၁၀ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ကိုယ်ဝန်ဖျက်ချဖို့ ဖိအားပေးခံရတဲ့အခါ ဘယ်သူ့ကို အကူအညီ တောင်းသင့်သလဲ။ ဘာကြောင့်လဲ။

လူတချို့ အဆို။ “မဖြစ်မနေ ကိုယ်ဝန်ဖျက်ချရမယ့် အခြေအနေမျိုး ရှိနိုင်တယ်။”

  • မိခင်ကော သန္ဓေသားရဲ့ အသက်ကိုပါ ယေဟောဝါ တန်ဖိုးထားကြောင်း ဘာက စိတ်ချစေသလဲ။

အနှစ်ချုပ်

အသက်ဟာ ယေဟောဝါပေးတဲ့ ဆုလက်ဆောင်ပါ။ ကိုယ်တိုင်နဲ့ တခြားသူတွေရဲ့ အသက်ကို ချစ်မြတ်နိုးဖို့၊ လေးစားဖို့၊ ကာကွယ်ဖို့ ကျမ်းစာ သွန်သင်တယ်။

ပြန်လည်သုံးသပ်ခြင်း

  • လူ့အသက်ဟာ ယေဟောဝါအတွက် ဘာကြောင့် အဖိုးတန်သလဲ။

  • တမင်တကာ လူသတ်တာကို ယေဟောဝါ ဘယ်လို သဘောထားသလဲ။

  • အသက်ဆုလက်ဆောင်ကို သင် ဘာကြောင့် တန်ဖိုးထားသလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

အသက်ဆုလက်ဆောင် ပေးထားတဲ့ ယေဟောဝါကို ကျေးဇူးတင်ကြောင်း ဘယ်လို ပြနိုင်သလဲ။

သီချင်း ၁၄၁​—အံ့ဖွယ်အသက် (၂:၄၁)

ကိုယ်ဝန်ဖျက်ချဖူးသူကို ယေဟောဝါ ခွင့်လွှတ်သလား။

“ကိုယ်ဝန်ဖျက်ချခြင်းနဲ့ပတ်သက်ပြီး ကျမ်းစာ ဘာပြောသလဲ” (ဝက်ဘ်ဆိုက် ဆောင်းပါး)

အပန်းဖြေမှု ရွေးချယ်တဲ့အခါ အသက်နဲ့ပတ်သက်တဲ့ ဘုရားရဲ့အမြင်ကို ဘာကြောင့် ထည့်စဉ်းစားသင့်သလဲ။

“အန္တရာယ်များတဲ့ အားကစားနည်းများ ကစားသင့်သလား” (နိုးလော့! အောက်တိုဘာ ၈၊ ၂၀၀၀)

သေကြောင်းကြံဖို့ အတွေးဝင်လာရင် ကျမ်းစာ ဘယ်လို ကူညီနိုင်သလဲ။

“ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်ပေါ်လာတဲ့အခါ ကျမ်းစာ ကူညီပေးနိုင်သလား” (ဝက်ဘ်ဆိုက် ဆောင်းပါး)

a ယေဟောဝါဟာ စိတ်ကြေကွဲနေသူတွေကို အလွန်ဂရုစိုက်တယ်။ (ဆာလံ ၃၄:၁၈) သတ်သေချင်တဲ့အထိ စိတ်ထိခိုက်သူတွေကို နားလည်ပေးတယ်၊ ကူညီချင်တယ်။ ဘုရားရဲ့ အကူအညီက သတ်သေချင်စိတ်ကို တွန်းလှန်စေနိုင်ကြောင်း ဒီသင်ခန်းစာမှာပါတဲ့ လေ့လာစရာ ထပ်ဖွေရှာအပိုင်းထဲက “ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ် ပေါ်လာတဲ့အခါ ကျမ်းစာ ကူညီပေးနိုင်သလား” ဆောင်းပါးကို ဖတ်ပါ။

b ကိုယ်ဝန်ဖျက်ချဖူးသူတွေဟာ အပြစ်ရှိတယ်လို့ အလွန်အမင်း ခံစားနေစရာ မလိုပါဘူး။ ယေဟောဝါ ခွင့်လွှတ်ပေးနိုင်တယ်။ ပိုသိဖို့ ဒီသင်ခန်းစာပါ လေ့လာစရာ ထပ်ဖွေရှာအပိုင်းထဲက “ကိုယ်ဝန်ဖျက်ချခြင်းနဲ့ပတ်သက်ပြီး ကျမ်းစာ ဘာပြောသလဲ” ဆောင်းပါးကို ဖတ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ