ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gt အခန်း ၅၆
  • လူကိုညစ်ညူးစေသော အရာကား အဘယ်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူကိုညစ်ညူးစေသော အရာကား အဘယ်နည်း
  • အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူကိုညစ်ညူးစေတဲ့အရာ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ယေရှု ဥပုသ်နေ့မှာ ရောဂါကုပေး
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • မျက်မမြင်ဖြစ်ခဲ့ဖူးသူကို ဖာရိရှဲတွေ ခေါ်တွေ့
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ခေါင်းမာလှသော ဖာရိရှဲတို့၏ မယုံကြည်မှု
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
နောက်ထပ် ကြည့်ပါ
အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
gt အခန်း ၅၆

အခန်း ၅၆

လူကိုညစ်ညူးစေသော အရာကား အဘယ်နည်း

ယေရှုကိုတိုက်ခံခြင်း ပိုမိုပြင်းထန်လာသည်။ ကိုယ်တော်ကိုတပည့်အများအပြားက စွန့်ခွာသွားကြ၏။ ယုဒပြည်ရှိဂျူးများသည် စီအီး ၃၁၊ ပသခါပွဲအတွင်းယေရုရှလင်တွင် ကိုယ်တော်ရှိတုန်းကကဲ့သို့ပင် ရန်ရှာနေကြ၏။

ခရစ်သက္ကရာဇ် ၃၂ ခုနှစ် ပသခါပွဲစတင်လေပြီ။ ဘုရားသခင်၏ တောင်းဆိုချက်အတိုင်း ယေရုရှလင်တွင် ကျင်းပသောထိုပွဲကို ယေရှုတက်ရောက်ဟန်တူသည်။ သို့သော်အသက်အန္တရာယ်ကြောင့် သတိနှင့်သွားလာသည်။ ထိုနောက်ဂါလိလဲသို့ ကိုယ်တော်ပြန်သွားသည်။

ယေရုရှလင်မှ ဖာရိရှဲများ၊ ကျမ်းတတ်ပုဂ္ဂိုလ်များ၊ ကိုယ်တော်ထံလာစဉ်၊ ကိုယ်တော်သည် ကပေရနောင်မြို့တွင်ရှိနိုင်သည်။ ဘာသာရေးပညတ် ချိုးဖောက်သူအဖြစ် ကိုယ်တော်ကိုစွပ်စွဲရန် သူတို့အကြောင်းရှာနေကြခြင်းဖြစ်သည်။ ‘ရှေးလူကြီးတို့၏ထုံးတမ်းကို ကိုယ်တော်၏တပည့်များ အဘယ်ကြောင့်လွန်ကျူးကြသနည်း’ ဟုသူတို့မေးကြ၏။ “သူတို့လက်မဆေးဘဲ အစာစားကြပါသည်တကား။” ဤသို့ပြုရန် ဘုရားသခင်ပညတ်မထားသော်လည်း တစ်တောင်ဆစ်အထိ ဆေးကြောရန်ဖြစ်သည့် ဤမိရိုးဖလာထုံးစံလိုက်ရန်ပျက်ကွက်ခြင်းသည် အပြစ်ကြီးဟူ၍ ဖာရိရှဲတို့ယူဆကြသည်။

သူတို့စွပ်စွဲချက်ကိုဖြေမည့်အစား ဘုရားသခင်၏ပညတ်တော်ကို သူတို့ယုတ်မာစွာ တမင်ချိုးဖောက်ကြသည်ကို ယေရှုထောက်ပြသည်။ “သင်တို့ထုံးတမ်းကိုအမှီပြု၍ ဘုရားသခင်၏ပညတ်တော်ကို အဘယ်ကြောင့်ချိုးဖောက်ကြသနည်း။ ဘုရားသခင်၏ပညတ်တော်ကား၊ ‘မိဘကိုရိုသေစွာပြုလော့၊ အကြင်သူသည် မိဘကိုနှုတ်ဖြင့်ပြစ်မှား၏။ ထိုသူသည်အသေသတ်ခြင်းကိုခံစေ’ ဟုလာသတည်း။ သင်တို့မူကား၊ ‘အကြင်သူသည် ကိုယ့်မိဘကို၊ သင်တို့အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည် အလှူဝတ္ထုဖြစ်စေ’ ဟုဆို၏။ ထိုသူသည် ကိုယ့်မိဘကိုပင် ရိုသေစွာမပြုရဟုဆိုကြ၏။”

အမှန်မှာဖာရိရှဲများက ငွေကြေးဥစ္စာနှင့်အဘယ်အရာမဆို ဘုရားသခင်ကို ဆက်ကပ်လှူဒါန်းထားလျှင် ထိုအရာကို ဗိမာန်တော်ကပိုင်ဆိုင်သည်၊ အခြားကိစ္စအတွက် အသုံးမပြုနိုင်ဟူ၍ သွန်သင်ကြ၏။ ထိုသို့လှူဒါန်းသည့်တိုင် ထိုငွေ သို့မဟုတ် ဥစ္စာကိုလှူဒါန်းသူကိုယ်တိုင်ဆက်၍ လက်ဝယ်ထားရှိသည်။ သားဖြစ်သူက ငွေသို့မဟုတ်ဥစ္စာကို ဗိမာန်တော်သို့မဟုတ် ဘုရားကိုလှူဒါန်းသော “ကော်ဘန်” ဟုပြောလိုက်ရုံနှင့်၊ အလွန်ကျပ်တည်းသော သက်ကြီးမိဘများကို ကူညီရမည့်ဝတ္တရားမှလွှဲရှောင်၍ရသည်။

ဖာရိရှဲတို့ဘုရားပညတ်ကို ယုတ်မာစွာမှောက်လှန်ခြင်းအတွက် ယေရှုဤသို့ဆို၏။ “သင်တို့သည်မိမိတို့ထုံးတမ်းအားဖြင့် ဘုရားသခင်ပညတ်တော်ကိုပယ်ကြ၏။ လျှို့ဝှက်သောသူတို့၊ ဟေရှာယသည်သင်တို့ကိုရည်မှတ်လျက် ‘ဤလူမျိုးသည် နှုတ်နှင့်ငါ့ထံသို့ချဉ်းကပ်၍ နှုတ်ခမ်းနှင့်ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ သင်တို့သည်လူ့ပညတ်များကို ဘုရားပေးပညတ်သဖွယ် သင်ကြားပို့ချသဖြင့် ငါ့ကိုအချည်းနှီးကိုးကွယ်ကြ၏။’”

ယေရှုကိုဖာရိရှဲများ မေးခွန်းမေးနိုင်စေရန်၊ လူအုပ် နောက်ဆုတ်ပေးဟန်တူသည်။ ဖာရိရှဲတို့အား ယေရှုပြင်းထန်စွာ အပြစ်တင်သည့်အခါ သူတို့တစ်ခွန်းမျှမဟနိုင်ကြ။ ထိုအခါလူအုပ်ကို အနီးလာရန်ခေါ်ပြီး ကိုယ်တော်ဤသို့မြွက်ဆိုသည်။ “သင်တို့နားထောင်ကြလော့။ ခံတွင်းသို့ဝင်သောအရာသည် လူကိုညစ်ညူးစေသည်မဟုတ်။ ခံတွင်းမှထွက်သောအရာသည် ညစ်ညူးစေသောအရာ ဖြစ်သည်ဟု မိန့်တော်မူ၏။”

ထိုနောက်တပည့်များနှင့်အတူ အိမ်ထဲဝင်သည့်အခါ တပည့်များက “ယခုမိန့်တော်မူသောစကားကြောင့် ဖာရိရှဲတို့စိတ်ဆိုးကြသည်ကို သိတော်မူသလော” ဟုလျှောက်လျှင်၊ ကိုယ်တော်က “ကောင်းကင်ဘုံ၌ရှိတော်မူသောငါ၏အဘ မစိုက်သောအပင်ရှိသမျှတို့ကို နှုတ်ရလိမ့်မည်။ ထိုသူတို့ကိုရှိပါလေစေ။ သူတို့သည် လူကန်းတို့အား လမ်းပြသောလူကန်းဖြစ်ကြ၏။ လူကန်းချင်းတစ်ဦးကိုတစ်ဦးလမ်းပြလျှင်၊ နှစ်ဦးတို့သည် တွင်းထဲသို့ကျကြလိမ့်မည်” ဟုမိန့်တော်မူ၏။

တပည့်များကိုယ်စား ပေတရုကလူကိုအဘယ်အရာက ညစ်ညူးစေကြောင်း ရှင်းပြပါရန်မေးလျှောက်သော်၊ ယေရှုအံ့သြပုံရသည်။ ထိုကြောင့်ယေရှုက “သင်တို့ယခုတိုင် ပညာမဲ့လျက်ရှိကြသလော။ ခံတွင်းသို့ဝင်သောအရာဟူသမျှသည်အစာအိမ်သို့ရောက်ပြီးနောက်၊ ရေအိမ်တွင်းသို့ဆင်းသက်သည်ကို သင်တို့မသိကြသလော။ ခံတွင်းကထွက်သောအရာမူကား၊ စိတ်နှလုံးထဲမှ ထွက်လာသောအရာဖြစ်၏။ ထိုအရာမျိုးသည် လူကိုညစ်ညူးစေ၏။ လူ့အသက်ကိုသတ်ခြင်း၊ သူ့အိမ်ရာကိုပြစ်မှားခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ မမှန်သောသက်သေကိုခံခြင်း၊ သူ့အသရေကိုဖျက်ခြင်း အစရှိသည့် ညစ်ညူးသည့်အကြံအစည်များသည် စိတ်နှလုံးထဲမှထွက်လာ၏။ ဤအရာများသည် လူကိုညစ်ညူးစေကြ၏။ လက်မဆေးဘဲအစားအစာစားခြင်းက လူကိုညစ်ညူးစေသည်မဟုတ်” ဟုမိန့်တော်မူ၏။

ဤတွင်ပုံမှန်ကျန်းမာရေးအတွက် နည်းဥပဒေသကို မလိုက်နာရန် ယေရှုပြောနေခြင်းမဟုတ်ပါ။ အစာမစားမီ လက်ဆေးရန်မလိုဟူ၍ ငြင်းခုံနေခြင်းမဟုတ်။ ကျမ်းစာနှင့်မဆိုင်သော အစဉ်အလာများကို လိုက်သော်လည်း၊ ဘုရားသခင်၏ဖြောင့်မတ်သော ပညတ်များကိုရှောင်ကွင်းရန် ကြိုးစားကြသည့် ဘာသာရေးခေါင်းဆောင်တို့၏အရေခြုံမှုကို ယေရှုရှုတ်ချနေခြင်းဖြစ်၏။ မှန်ပါသည်။ ဆိုးညစ်သောအကျင့်များက လူကိုညစ်ညူးစေပြီး၊ ထိုအရာများက လူတစ်ဦး၏နှလုံး၌ အရင်းခံကြောင်း ယေရှုတင်ပြခြင်းဖြစ်၏။ ယောဟန် ၇:၁။ တရားဟောရာ ၁၆:၁၆။ မဿဲ ၁၅:၁-၂၀။ မာကု ၇:၁-၂၃။ ထွက်မြောက်ရာ ၂၀:၁၂- ၂၁:၁၇။ ဟေရှာယ ၂၉:၁၃။

▪ ယခုယေရှု အဘယ်ဆန့်ကျင်မှုကို ရင်ဆိုင်နေရသနည်း။

▪ ဖာရိရှဲများ မည်သို့စွပ်စွဲကြသနည်း။ သို့သော်ယေရှု မိန့်တော်မူချက်အရ ဖာရိရှဲများက ဘုရားသခင်ပညတ်တော်ကို တမင်တကာမည်သို့ချိုးဖောက်သနည်း။

▪ လူကိုအဘယ်အရာက ညစ်ညူးစေသည်ဟူ၍ ယေရှုဖေါ်ပြခဲ့သနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ