ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၀ ၁၀/၁ စာ. ၁၁
  • ၇ ဘုရားသခင် နားညောင်းပါ့မလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၇ ဘုရားသခင် နားညောင်းပါ့မလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆုတောင်းခြင်းဖြင့် ဘုရားသခင်နဲ့ ရင်းနှီးအောင်လုပ်ပါ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • မည်သူတို့၏ဆုတောင်းသံများကို နားညောင်းတော်မူသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဆုတောင်းခြင်းမှတစ်ဆင့် မစမှု မည်သို့ရနိုင်ပုံ
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ဆုတောင်းခြင်း အခွင့်ထူး
    သမ္မာကျမ်းစာ သွန်သင်ရာများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
က၁၀ ၁၀/၁ စာ. ၁၁

၇ ဘုရားသခင် နားညောင်းပါ့မလား

အထက်ပါမေးခွန်းက စိတ်လှုပ်ရှားစရာကောင်းပြီး သိချင်စိတ်ကိုလည်း ဖြစ်ပေါ်စေတယ်။ ကနေ့ ကျွန်ုပ်တို့တောင်းတဲ့ ဆုတောင်းချက်တွေကို ယေဟောဝါဘုရားသခင် နားညောင်းပေးတယ်ဆိုတာ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ ကျွန်ုပ်တို့ရဲ့ ဆုတောင်းချက်တွေကို ဘုရားသခင် နားညောင်းမယ်၊ နားမညောင်းဘူး ဆိုတာတော့ ကျွန်ုပ်တို့ပေါ်မှာပဲ မူတည်ပါတယ်။

ဟန်ဆောင်ဆုတောင်းခဲ့တဲ့ ဘာသာရေးခေါင်းဆောင်တွေကို ယေရှု ပြစ်တင်ရှုတ်ချခဲ့တယ်။ သူတို့က လူအထင်ကြီးအောင်ပဲ ဘာသာရေးကိုင်းရှိုင်းပုံ ဖမ်းခဲ့တာကိုး။ အဲလိုလူမျိုးတွေက “မိမိတို့အကျိုးကို ခံစား” ရမှာဖြစ်တယ်လို့ ယေရှု ပြောခဲ့တယ်။ ဆိုလိုတာက သူတို့လိုချင်တဲ့ လူတွေရဲ့ အာရုံစိုက်မှုကိုပဲ ရမှာဖြစ်ပြီး သူတို့လိုအပ်တဲ့ ဘုရားသခင့် နားညောင်းမှုကို ရမှာမဟုတ်ဘူး။ (မဿဲ ၆:၅) ကနေ့လည်း အဲဒီအတိုင်းပါပဲ။ လူများစွာက ဘုရားသခင့် အကျိုးထက် ကိုယ့်အကျိုးအတွက်ပဲ တောင်းလျှောက်နေကြတယ်။ သူတို့က ကျမ်းစာမူတွေကို လျစ်လျူရှုတဲ့အတွက် ဘုရားသခင့် နားညောင်းမှုကို မရရှိကြဘူး။

အသင်ကော ဘယ်လိုလဲ။ သင့်ရဲ့ဆုတောင်းချက်တွေကို ဘုရားသခင် နားညောင်းပါ့မလား။ အဖြေကတော့ လူမျိုး၊ နိုင်ငံသား၊ လူမှုရေး အဆင့်အတန်းအပေါ် မမူတည်ဘူး။ ကျမ်းစာက ဒီလိုအာမခံထားတယ်– ‘ဘုရားသခင်သည် မျက်နှာလိုက်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့၍ ဖြောင့်မတ်ခြင်းတရား ကျင့်သုံးသောသူကို နှစ်သက်လက်ခံတော်မူ၏။’ (တမန်တော် ၁၀:၃၄၊ ၃၅) အဲဒီစကားက သင်နဲ့သက်ဆိုင်သလား။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဆိုတာ ကိုယ်တော်ကို အလွန့်အလွန် ရိုသေလေးစားပြီး ကိုယ်တော်မနှစ်သက်မှာကို စိုးရွံ့ခြင်းဖြစ်တယ်။ ဖြောင့်မတ်ခြင်းတရားကို ကျင့်သုံးခြင်းဆိုတာက ကိုယ့်အလိုဆန္ဒ၊ တခြားသူတွေရဲ့ဆန္ဒထက် ဘုရားသခင် မိန့်ဆိုရာတွေကို ကြိုးစားလုပ်ဆောင်ခြင်း ဖြစ်တယ်။ သင့်ရဲ့ဆုတောင်းချက်တွေကို ဘုရားသခင် နားညောင်းစေချင်သလား။ ဘယ်လိုဆုတောင်းရင် ဘုရားသခင် နားညောင်းမယ်ဆိုတာ ကျမ်းစာမှာ ဖော်ပြထားပါတယ်။a

လူအများက ကိုယ့်ရဲ့ဆုတောင်းချက်တွေကို အံ့ဖွယ်နည်းနဲ့ ဘုရားသခင် ဖြေကြားပေးတာ လိုချင်ကြတယ်။ ဒါပေမဲ့ ကျမ်းစာခေတ်မှာတောင် ဘုရားသခင်က အံ့ဖွယ်အမှုတွေကို အမြဲမလုပ်ပြခဲ့ဘူး။ တစ်ခါတလေ အံ့ဖွယ်အမှု တစ်ခုနဲ့တစ်ခုစပ်ကြားမှာ နှစ်ပေါင်းများစွာ ကြာတတ်တယ်။ သည့်အပြင် အံ့ဖွယ်အမှုတွေ လုပ်ပြတဲ့ခေတ်က တမန်တော်တွေခေတ် နောက်ပိုင်းမှာ အဆုံးသတ်သွားတယ်လို့ ကျမ်းစာက ဖော်ပြတယ်။ (၁ ကောရိန္သု ၁၃:၈-၁၀) ဒါဆိုရင် ကနေ့ ကျွန်ုပ်တို့ရဲ့ ဆုတောင်းချက်တွေကို ဘုရားသခင် မဖြေကြားပေးတော့ဘူးလို့ ဆိုလိုတာလား။ မဆိုလိုပါဘူး။ ဘုရားသခင် ဖြေကြားပေးခဲ့တဲ့ ဆုတောင်းချက်တချို့ကို သုံးသပ်ကြည့်ရအောင်။

ဉာဏ်ပညာကို ဘုရားသခင် ပေးသနား။ စစ်မှန်တဲ့ ဉာဏ်ပညာအားလုံးရဲ့ ရင်းမြစ်က ယေဟောဝါဘုရားသခင် ဖြစ်တယ်။ မိမိရဲ့ လမ်းညွှန်မှုကိုရချင်ပြီး အဲဒီအတိုင်း ကြိုးစားကျင့်ကြံတဲ့သူတွေကို ဘုရားသခင်က ဉာဏ်ပညာ ရက်ရက်ရောရော ပေးတယ်။—ယာကုပ် ၁:၅။

သန့်ရှင်းသောစွမ်းအားတော်နဲ့ အဲဒါကြောင့်ဖြစ်ပေါ်လာတဲ့ ဆုကျေးဇူးအားလုံးကို ဘုရားသခင် ပေးသနား။ သန့်ရှင်းသောစွမ်းအားတော်ဆိုတာ ဘုရားသခင်တစ်ပါးတည်း ပိုင်ဆိုင်တဲ့ စွမ်းအားဖြစ်တယ်။ အဲဒါထက်ကြီးမားတဲ့ စွမ်းအားဆိုတာ မရှိဘူး။ သန့်ရှင်းသောစွမ်းအားတော်က စုံစမ်းနှောင့်ယှက်မှုတွေကို ခံနိုင်ရည် ရှိစေနိုင်တယ်။ သည့်အပြင် ဆင်းရဲခက်ခဲမှုတွေကို ကျွန်ုပ်တို့ ကြုံရတဲ့အခါမှာ စိတ်ငြိမ်သက်မှု ရှိစေနိုင်တယ်။ တခြားအရည်အသွေးကောင်းတွေကိုလည်း ပျိုးထောင်ပေးနိုင်တယ်။ (ဂလာတိ ၅:၂၂၊ ၂၃) စွမ်းအားတော်ဆုကျေးဇူးကို ဘုရားသခင် ရက်ရက်ရောရော ပေးသနားမယ်ဆိုပြီး နောက်လိုက်တွေကို ယေရှု အာမခံခဲ့တယ်။—လုကာ ၁၁:၁၃။

မိမိကို ဇွဲနပဲနဲ့ ရှာဖွေတဲ့သူတွေကို အသိပညာ ဘုရားသခင် ပေးသနား။ (တမန်တော် ၁၇:၂၆၊ ၂၇) အမှန်တရားကို စိတ်ရင်းမှန်နဲ့ ရှာဖွေတဲ့သူတွေ ကမ္ဘာတစ်ဝန်းမှာ ရှိပါတယ်။ သူတို့က ဘုရားသခင်အကြောင်း၊ ဘုရားသခင်ရဲ့ အမည်၊ ကမ္ဘာမြေကြီးနဲ့ လူသားတွေနဲ့ပတ်သက်တဲ့ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်၊ ကိုယ်တော့်ဆီ ချဉ်းကပ်နိုင်ပုံတွေကို သိချင်ကြတယ်။ (ယာကုပ် ၄:၈) အဲလိုပုဂ္ဂိုလ်တွေနဲ့ ယေဟောဝါသက်သေတွေ တွေ့ရတတ်ပြီး သူတို့ရဲ့မေးခွန်းတွေကို ကျမ်းစာနဲ့ ဝမ်းမြောက်ဝမ်းသာ ဖြေဆိုပေးကြတယ်။

သင့်မှာလည်း အဲဒီလိုမေးခွန်းတွေ ရှိတဲ့အတွက် ဒီမဂ္ဂဇင်းကို လက်ခံခဲ့တာလား။ သင်လည်း ဘုရားသခင်ကို ရှာဖွေနေသူလား။ ဒီမဂ္ဂဇင်းကို သင်ရရှိချိန်မှာ သင့်ရဲ့ဆုတောင်းချက်ကို ဘုရားသခင် ဖြေကြားပေးတာကော မဖြစ်နိုင်ဘူးလား။

a မည်သို့ဆုတောင်းနိုင်ကြောင်း၊ ဘုရားသခင့်နားညောင်းမှုကို မည်သို့ရရှိနိုင်ကြောင်း ထပ်ဆင့်သိလိုပါက ယေဟောဝါသက်သေများ ထုတ်ဝေသော သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်၏ အခန်း ၁၇ ကိုကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ