ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၀ ဇွန် စာ. ၂-၇
  • “နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • နာမည်က ဘာကြောင့် အရေးကြီးသလဲ
  • ဘုရားသခင့်နာမည် ဦးဆုံးအကြိမ် ရှုတ်ချခံရပုံ
  • နာမတော်ကို ယေဟောဝါ သန့်ရှင်းမြင့်မြတ်စေ
  • ကြီးမားတဲ့ အရေးကိစ္စမှာ သင့်အခန်းကဏ္ဍ
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • ယေဟောဝါရဲ့နာမည်ကို ကျွန်တော်တို့ အလေးထား
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ဘုရားသခင်၏နာမတော်ကို ကျွန်ုပ်တို့အဘယ်ကြောင့် သိရမည်အကြောင်း
    ထာဝစဉ် တည်တံ့ သွားမည့် မြင့်မြတ်သော နာမတော်
  • နာမတော်ကို ယေဟောဝါ ဂုဏ်တင်ချီးမြှောက်
    ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
က၂၀ ဇွန် စာ. ၂-၇

လေ့လာရန် ဆောင်းပါး ၂၃

“နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ”

“အို ယေဟောဝါ၊ နာမတော်ဟာ ထာဝစဉ် တည်မြဲတယ်။”—ဆာ. ၁၃၅:၁၃။

သီချင်း ၁၀ တို့ဘုရား ယေဟောဝါကို ချီးမွမ်းကြ

အကြိုသုံးသပ်ချက်a

၁-၂။ ယေဟောဝါသက်သေတွေအတွက် ဘယ်အရေးကိစ္စတွေက အရေးကြီးသလဲ။

ယေဟောဝါရဲ့ အချုပ်အခြာအာဏာ အရေးကိစ္စ၊ နာမတော် သန့်ရှင်းမြင့်မြတ်ခြင်း အရေးကိစ္စဟာ သိပ်အရေးကြီးတယ်။ ဒီအကြောင်းအရာတွေကို ဆွေးနွေးရတာ ယေဟောဝါသက်သေတွေ နှစ်သက်ကြတယ်။ ဒါပေမဲ့ ဘုရားရဲ့ အချုပ်အခြာအာဏာ အရေးကိစ္စ၊ နာမတော် သန့်ရှင်းမြင့်မြတ်ခြင်း အရေးကိစ္စဟာ သီးခြား ပြဿနာတွေ မဟုတ်ဘူး။

၂ ဘုရားနာမတော်ကို သန့်ရှင်းမြင့်မြတ်အောင် လုပ်ဖို့ လိုအပ်ကြောင်း ကျွန်တော်တို့ သိတယ်။ ယေဟောဝါရဲ့ အုပ်ချုပ်ပုံနည်းလမ်းဟာ အကောင်းဆုံး ဖြစ်တယ်ဆိုတာကို သက်သေပြဖို့ လိုကြောင်းလည်း သိတယ်။ အဲဒီအရေးကိစ္စ နှစ်ခုစလုံး သိပ်အရေးကြီးတယ်။

၃။ ယေဟောဝါရဲ့ နာမည်ထဲမှာ ဘာတွေ ပါဝင်သလဲ။

၃ ယေဟောဝါဆိုတဲ့ နာမည်ထဲမှာ ဘုရားရဲ့ အုပ်ချုပ်ပုံနည်းလမ်း အပါအဝင် ဘုရားနဲ့ပတ်သက်တာ မှန်သမျှ ပါဝင်တယ်။ ဒါကြောင့် ယေဟောဝါရဲ့ နာမတော် သန့်ရှင်းမြင့်မြတ်ခြင်းဟာ အရေးကြီးဆုံးကိစ္စ ဖြစ်တယ်လို့ ပြောတာက ယေဟောဝါရဲ့ အုပ်ချုပ်ပုံနည်းလမ်း အကောင်းဆုံး ဖြစ်ကြောင်း သက်သေပြဖို့ လိုတယ်လို့ ပြောတာနဲ့ အတူတူပဲ။ ယေဟောဝါရဲ့ နာမည်နဲ့ အုပ်ချုပ်ပုံနည်းလမ်းဟာ အနီးကပ် ဆက်စပ်နေတယ်။—“ကြီးမားတဲ့ အရေးကိစ္စမှာ ပါဝင်ပတ်သက်ရာများ” လေးထောင့်ကွက်ကို ကြည့်ပါ။

ကြီးမားတဲ့ အရေးကိစ္စမှာ ပါဝင်ပတ်သက်ရာများ

မြစိမ်းရောင် တောက်နေတဲ့ ပလ္လင်ပေါ်မှာ ယေဟောဝါ ထိုင်နေပြီး တောက်ပတဲ့ မီးရောင်က ပလ္လင်ကို ဝန်းရံထားတယ်။

ယေဟောဝါရဲ့ နာမတော် သန့်ရှင်းမြင့်မြတ်ခြင်းဟာ သက်ရှိတိုင်းအတွက် သိပ်အရေးကြီးတယ်။ (ယေဇ. ၃၆:၂၃။ မ. ၆:၉) ယေဟောဝါဆိုတဲ့ နာမည်ကို ခံယူထားတဲ့အရှင်ဟာ လုပ်ဆောင်သမျှမှာ သန့်ရှင်း၊ ကောင်းမြတ်၊ ဖြောင့်မှန်ပြီး မေတ္တာရှိတာ တကယ်ပဲလား။ ဒီအရေးကိစ္စမှာ နောက်ထပ် ပါဝင်ပတ်သက်တာတွေ ရှိသေးတယ်။ စာတန်က ဘုရားအုပ်ချုပ်မှုကို ဦးဆောင်ပုန်ကန်ခဲ့တယ်။ ဒါကြောင့် ယေဟောဝါဟာ တကယ်ပဲ စကြဝဠာ ပိုင်သအုပ်စိုးရှင် ဖြစ်ထိုက်သလား ဆိုတဲ့ မေးခွန်းကို ဖြေဖို့ လိုလာတယ်။ အာဒံ၊ ဧဝ၊ သားစဉ်မြေးဆက်များစွာနဲ့ ကောင်းကင်တမန်တချို့တောင် စာတန်နဲ့ ပူးပေါင်းပြီး ဘုရားကို ပုန်ကန်ခဲ့တယ်။ ဒါကြောင့် နောက်ထပ် မေးခွန်းတစ်ခု ပေါ်လာတယ်။ ယေဟောဝါရဲ့ အသိဉာဏ်ရှိ ဖန်ဆင်းခံတွေထဲမှာ ဘုရားအပေါ် သမာဓိ စောင့်သိမယ့်သူ၊ သန့်ရှင်းတဲ့ နာမတော်ကို သစ္စာရှိရှိ ကာကွယ်ပြီး ဘုရားကို ချစ်တဲ့ စိတ်ကြောင့် ဆက်ဝတ်ပြုကိုးကွယ်မယ့်သူတွေ ရှိမလား။ ဒီအရေးကြီးကိစ္စမှာ ပါဝင်နေတဲ့ သစ္စာစောင့်သိမှုအကြောင်း ယောဘကျမ်းမှာ အလေးပေးထားတယ်။—ယောဘ ၂:၃၊ ၄။ ၂၇:၅။

၄။ ဘုရားနာမတော်အကြောင်း ဆာလံ ၁၃၅:၁၃ မှာ ဘယ်လို ဖော်ပြထားသလဲ။ ဒီဆောင်းပါးမှာ ဘယ်မေးခွန်းတွေကို သုံးသပ်ကြမလဲ။

၄ ယေဟောဝါရဲ့ နာမတော်ဟာ ထူးခြားတယ်။ (ဆာလံ ၁၃၅:၁၃ ကိုဖတ်ပါ။) ဘုရားနာမတော်ဟာ ဘာကြောင့် ဒီလောက် အရေးကြီးသလဲ။ နာမတော် ဘယ်လို ရှုတ်ချခံခဲ့ရသလဲ။ နာမတော်ကို ဘုရား ဘယ်လို သန့်ရှင်းမြင့်မြတ်စေသလဲ။ ဘုရားရဲ့ နာမည်ကို ကျွန်တော်တို့ ဘယ်လို ကာကွယ်နိုင်သလဲ။ အဲဒီမေးခွန်းတွေကို သုံးသပ်ကြည့်ကြစို့။

နာမည်က ဘာကြောင့် အရေးကြီးသလဲ

၅။ ဘုရားနာမည် သန့်ရှင်းမြင့်မြတ်ပါစေလို့ ပြောတဲ့အခါ တချို့ ဘယ်လို တွေးမိနိုင်သလဲ။

၅ “နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ။” (မ. ၆:၉) ဆုတောင်းတဲ့အခါ အဲဒီအချက်ကို ဦးစားပေးဖို့ ယေရှု သင်ပေးတယ်။ ယေရှု ဘာကို ဆိုလိုသလဲ။ ‘ယေဟောဝါရဲ့ နာမည်ဟာ သန့်ရှင်းမြင့်မြတ်ပြီးသား မဟုတ်လား’ လို့ တချို့ တွေးမိနိုင်တယ်။ အဲဒီမေးခွန်းကို ဖြေနိုင်ဖို့ နာမည်တစ်ခုမှာ ဘာတွေ ပါဝင်ကြောင်း သုံးသပ်ကြည့်ကြစို့။

၆။ နာမည်က ဘာကြောင့် အရေးကြီးသလဲ။

၆ နာမည်ဆိုတာ စကားလုံးတွေလောက်ပဲ မဟုတ်ဘူး။ “ချမ်းသာကြွယ်ဝဖို့ထက် နာမည်ကောင်း ရဖို့ ရွေးချယ်သင့်တယ်” လို့ ကျမ်းစာမှာ ပြောတယ်။ (ပညာ. ၂၂:၁။ ဒေ. ၇:၁) နာမည်က ဘာကြောင့် ဒီလောက် အရေးကြီးသလဲ။ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ ဘယ်လို လူစားမျိုး ဖြစ်တယ်ဆိုတာတွေ ပါဝင်ပတ်သက်နေလို့ပဲ။ နာမည်ကို ဘယ်လို ရေးတယ်၊ ဘယ်လို အသံထွက်တယ်ဆိုတာထက် အဲဒီနာမည်ကို မြင်ရ၊ ကြားရတဲ့အခါ တခြားသူရဲ့ စိတ်ထဲ ဘာပေါ်လာသလဲ ဆိုတာ အရေးကြီးတယ်။

၇။ ဘုရားနာမည်ကို လူတွေ ဘယ်လို တိုက်ခိုက်ကြသလဲ။

၇ ယေဟောဝါအကြောင်း လူတွေ လိမ်လည်ပြောဆိုတာဟာ ယေဟောဝါရဲ့ ဂုဏ်သိက္ခာကို ထိခိုက်အောင် လုပ်တာ၊ ဘုရားနာမည်ကို ရှုတ်ချတာပဲ။ လူ့သမိုင်းအစမှာ ဘုရားနာမည်နဲ့ ဂုဏ်သိက္ခာ ဦးဆုံးအကြိမ် တိုက်ခိုက်ခံရတယ်။ ဒီတိုက်ခိုက်မှုကနေ ဘာသိရသလဲဆိုတာ သုံးသပ်ကြည့်ရအောင်။

ဘုရားသခင့်နာမည် ဦးဆုံးအကြိမ် ရှုတ်ချခံရပုံ

၈။ အာဒံနဲ့ ဧဝ ဘာကို သိသလဲ။ ဘယ်မေးခွန်းတွေ ပေါ်လာသလဲ။

၈ အာဒံနဲ့ ဧဝဟာ ဘုရားနာမည် ယေဟောဝါဆိုတာ သိတယ်။ ဘုရားနဲ့ပတ်သက်တဲ့ အမှန်တရားများစွာကိုလည်း သိတယ်။ အသက်၊ နေထိုင်စရာ စံအိမ်၊ ပြည့်ဝစုံလင်တဲ့ အဖော်အဖက်ကို ပေးထားတဲ့ ဖန်ဆင်းရှင်အဖြစ်လည်း ဘုရားကို သိထားတယ်။ (က. ၁:၂၆-၂၈။ ၂:၁၈) ဒါပေမဲ့ သူတို့အတွက် ယေဟောဝါ လုပ်ပေးခဲ့တာတွေအကြောင်း အမြဲ တွေးတောမလား။ ဘုရားအပေါ် ထားတဲ့ မေတ္တာနဲ့ ကျေးဇူးတင်လေးမြတ်စိတ်ကို တိုးပွားအောင် လုပ်မလား။ သူတို့ စမ်းသပ်ခံရတဲ့အခါ အဖြေ ပေါ်လာတယ်။

၉။ ကမ္ဘာဦး ၂:၁၆၊ ၁၇ နဲ့ ၃:၁-၅ အရ ပထမလူသားမောင်နှံကို ယေဟောဝါ ဘာမိန့်မှာခဲ့သလဲ။ စာတန် ဘယ်လို မလိမ့်တပတ် လုပ်လိုက်သလဲ။

၉ ကမ္ဘာဦး ၂:၁၆၊ ၁၇ နဲ့ ၃:၁-၅ ကိုဖတ်ပါ။ မြွေတစ်ကောင်ကို သုံးပြီး ဧဝကို စာတန် ဒီလိုမေးတယ်– “ဥယျာဉ်ထဲမှာရှိတဲ့ အပင်အားလုံးရဲ့ အသီးကို မစားနဲ့လို့ ဘုရားသခင် တကယ်ပဲ ပြောသလား။” အဲဒီမေးခွန်းထဲမှာ ဘုရားအကြောင်း အလိမ်အညာတစ်ခု ပါတယ်။ အဲဒါက အဆိပ်နဲ့ တူတယ်။ တကယ်တမ်း ဘုရား ပြောတာက အပင်တစ်ပင်ရဲ့ အသီးကလွဲလို့ ကျန်တာအားလုံး စားလို့ ရတယ်။ အာဒံနဲ့ ဧဝမှာ ရွေးချယ်စရာ အများကြီး ရှိတယ်။ (က. ၂:၉) ယေဟောဝါဟာ တကယ့်ကို ရက်ရောတဲ့ ဘုရားပါ။ အပင်တစ်ပင်ရဲ့ အသီးကိုပဲ မစားဖို့ အာဒံနဲ့ ဧဝကို တားမြစ်ထားတာ။ ဒါပေမဲ့ စာတန်က ဘုရားသခင် မရက်ရောတဲ့ပုံ ပေါက်အောင် မလိမ့်တပတ် လုပ်လိုက်တယ်။ ‘ဘုရား တစ်ခုခုများ ထိမ်ချန်ထားသလား’ လို့ ဧဝ တွေးခဲ့ပုံပဲ။

၁၀။ ဘုရားနာမည်ကို စာတန် ဘယ်လို ပြောင်ကျကျ ရှုတ်ချလိုက်သလဲ။ ဘာဆက်ဖြစ်သလဲ။

၁၀ အဲဒီအချိန်အထိတော့ ယေဟောဝါကို ဧဝ နာခံသေးတယ်။ ဘုရားရဲ့ ရှင်းလင်းတဲ့ ညွှန်ကြားချက်အကြောင်း စာတန်ကို ပြန်ပြောပြတယ်။ အပင်ကို မထိသင့်ဘူးလို့တောင် ဖြည့်ပြောလိုက်တယ်။ မနာခံရင် သေရမယ်ဆိုတဲ့ ဘုရားရဲ့ သတိပေးချက်ကို ဧဝ သိတယ်။ ဒါပေမဲ့ စာတန်က “မင်းတို့ လုံးဝ သေမှာ မဟုတ်ဘူး” လို့ ပြောတယ်။ (က. ၃:၂-၄) စာတန် ကွေ့ဝိုက်ပြောမနေတော့ဘူး။ ဘုရားနာမည်ကို ပြောင်ကျကျ ရှုတ်ချလိုက်တယ်။ ယေဟောဝါဟာ မုသာကောင် ဖြစ်တယ်လို့ ပြောလိုက်တာပဲ။ ဒီလိုနဲ့ စာတန်ဟာ ရှုတ်ချဂုဏ်ဖျက်သူလို့ အဓိပ္ပာယ်ရတဲ့ မာရ်နတ် ဖြစ်လာတယ်။ ဧဝ လုံးလုံး လှည့်စားခံလိုက်ရတယ်။ စာတန်ကို ယုံသွားတယ်။ (၁ တိ. ၂:၁၄) ယေဟောဝါထက် စာတန်ကို ယုံစားမိလို့ အဆိုးဝါးဆုံး ဆုံးဖြတ်ချက်ကို လွယ်လွယ်နဲ့ ချလိုက်တယ်။ ယေဟောဝါကို မနာခံဖို့ ဆုံးဖြတ်ပြီး တားမြစ်ထားတဲ့ အသီးကို စားလိုက်တယ်။ အာဒံကိုလည်း ကျွေးတယ်။—က. ၃:၆။

၁၁။ ပထမလူသားမောင်နှံ ဘာလုပ်နိုင်သလဲ။ ဘာလုပ်ဖို့ ပျက်ကွက်ခဲ့သလဲ။

၁၁ တကယ်တမ်း စာတန်ကို ဧဝ ဘယ်လို ပြန်ပြောသင့်သလဲ။ “နင် ဘယ်သူလဲ ငါ မသိဘူး။ ငါ့အဖေ ယေဟောဝါကိုပဲ ငါ သိတယ်။ ချစ်လည်း ချစ်တယ်။ ယုံလည်း ယုံတယ်။ အာဒံနဲ့ ငါ့မှာ ရှိသမျှ ယေဟောဝါ ပေးထားတာချည်းပဲ။ ဘယ်သူမို့လို့ ငါ့အဖေအကြောင်း မကောင်းပြောရဲရတာလဲ။ ထွက်သွားစမ်း” ဆိုပြီး ဧဝ ပြောခဲ့တယ်လို့ မြင်ယောင်ကြည့်ပါ။ သမီးဆီကနေ အဲဒီလိုစကား ထွက်လာတာ ကြားခဲ့ရရင် ယေဟောဝါ ဘယ်လောက် ပျော်လိုက်မလဲ။ (ပညာ. ၂၇:၁၁) ဒါပေမဲ့ ဧဝကော အာဒံပါ ယေဟောဝါကို သစ္စာရှိရှိ မချစ်ကြဘူး။ မချစ်တဲ့အတွက် ဘုရားနာမည် ရှုတ်ချမခံရအောင် မကာကွယ်ခဲ့ဘူး။

၁၂။ ဧဝ သံသယ ဝင်လာအောင် စာတန် ဘယ်လို လုပ်ခဲ့သလဲ။ အာဒံနဲ့ ဧဝ ဘာလုပ်ဖို့ ပျက်ကွက်ခဲ့သလဲ။

၁၂ သိခဲ့ရတဲ့အတိုင်း ယေဟောဝါဟာ ဖခင်ကောင်း ဟုတ်ရဲ့လားလို့ ဧဝ သံသယ ဝင်လာအောင် လုပ်ခြင်းအားဖြင့် ဘုရားနာမည်ကို စာတန် စတင် တိုက်ခိုက်ခဲ့တယ်။ အာဒံနဲ့ ဧဝဟာ ယေဟောဝါရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့တယ်။ ဖခင်ကို ပုန်ကန်ပြီး စာတန့်စကားကို နားထောင်ခဲ့ကြတယ်။ ဒီနေ့လည်း အဲဒီနည်းတွေကို စာတန် သုံးနေတယ်။ ယေဟောဝါရဲ့ နာမည်ကို ရှုတ်ချဂုဏ်ဖျက်ခြင်းအားဖြင့် စာတန် တိုက်ခိုက်နေတယ်။ စာတန့်အလိမ်အညာကို ယုံတဲ့လူတွေဟာ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ အုပ်ချုပ်မှုကို ငြင်းပယ်မိဖို့ လွယ်တယ်။

နာမတော်ကို ယေဟောဝါ သန့်ရှင်းမြင့်မြတ်စေ

၁၃။ ယေဇကျေလ ၃၆:၂၃ က ကျမ်းစာရဲ့ အဓိက အကြောင်းအရာကို ဘယ်လို ပေါ်လွင်စေသလဲ။

၁၃ ရှုတ်ချဂုဏ်ဖျက်ခံရတာကို ယေဟောဝါ ဒီအတိုင်း ကြည့်နေသလား။ ကြည့်မနေပါဘူး။ ဧဒင်မှာ နာမတော် ရှုတ်ချခံရတာကို ချေဖျက်ဖို့ ယေဟောဝါ ဘာတွေ လုပ်ဆောင်သလဲဆိုတာ ကျမ်းစာတစ်အုပ်လုံးမှာ ဖော်ပြထားတယ်။ (က. ၃:၁၅) သားတော် အုပ်ချုပ်တဲ့ နိုင်ငံအားဖြင့် နာမတော်ကို ယေဟောဝါ သန့်ရှင်းမြင့်မြတ်စေပြီး ကမ္ဘာပေါ်မှာ ဖြောင့်မတ်ခြင်းနဲ့ ငြိမ်သက်ခြင်း ပြန်ဆောင်ကြဉ်းပေးမယ်ဆိုတာ ကျမ်းစာရဲ့ အဓိက အကြောင်းအရာလို့ ပြောနိုင်တယ်။ နာမတော်ကို ယေဟောဝါ ဘယ်လို သန့်ရှင်းမြင့်မြတ်စေကြောင်း နားလည်ဖို့ ကျမ်းစာက ကူညီပေးတယ်။—ယေဇကျေလ ၃၆:၂၃ ကိုဖတ်ပါ။

၁၄။ ဧဒင်မှာ ဖြစ်ခဲ့တဲ့ ပုန်ကန်မှုကို ယေဟောဝါ ကိုင်တွယ်ပုံက နာမတော်ကို ဘယ်လို သန့်ရှင်းမြင့်မြတ်စေသလဲ။

၁၄ ယေဟောဝါရဲ့ ရည်ရွယ်ချက် မပြည့်စုံအောင် စာတန် အစွမ်းကုန် ကြိုးစားပေမဲ့ မအောင်မြင်ပါဘူး။ ကျမ်းစာမှာ ယေဟောဝါ ဘာတွေ လုပ်ဆောင်ခဲ့တယ်ဆိုတာ မှတ်တမ်းတင်ထားတယ်။ ယေဟောဝါလို ဘုရားမျိုး မရှိကြောင်း အဲဒီမှတ်တမ်းတွေက သက်သေထူတယ်။ စာတန်နဲ့ စာတန့်ဘက်တော်သားတွေရဲ့ ပုန်ကန်မှုက ယေဟောဝါကို စိတ်ထိခိုက်စေတယ်။ (ဆာ. ၇၈:၄၀) ဒါပေမဲ့ ယေဟောဝါက ပြဿနာကို ပညာရှိရှိ၊ စိတ်ရှည်ရှည်၊ တရားမျှတစွာ ကိုင်တွယ်တယ်။ အနန္တတန်ခိုးကို နည်းလမ်းများစွာနဲ့ ပြခဲ့တယ်။ အရေးကြီးဆုံးကတော့ လုပ်ဆောင်လေသမျှမှာ မေတ္တာ ပေါ်လွင်တယ်။ (၁ ယော. ၄:၈) နာမတော် သန့်ရှင်းမြင့်မြတ်စေဖို့ ယေဟောဝါ မနားမနေ လုပ်ဆောင်တယ်။

မြွေတစ်ကောင်က သစ်ပင်ကို ရစ်ပတ်နေတယ်။ ပုံ– ၁။ ဧဝက အာဒံကို တားမြစ်ထားတဲ့အသီး ပေးနေ။ ၂။ ဘာသာရေးခေါင်းဆောင်က လက်ထဲမှာ ကျမ်းစာနဲ့ လက်ဝါးကားတိုင်ကို ကိုင်ပြီး ဟောနေ။ အနောက်မှာ မီးထဲမှာ ညှဉ်းဆဲခံနေရသူတွေရဲ့ ပုံရိပ်ကို ဖော်ပြထား။ ၃။ ဆရာက ဦးခေါင်းခွံတစ်ခုကို ကိုင်ထားပြီး လူတွေ ဆင့်ကဲဖြစ်လာပုံကို ရေးဆွဲထားတဲ့ ပုံကို ပြနေ။

စာတန်က ယေဟောဝါအကြောင်း ဧဝကို လိမ်ပြောခဲ့တယ်။ နှစ်တွေတစ်လျှောက်လည်း ဘုရားကို မာရ်နတ် ရှုတ်ချဂုဏ်ဖျက်နေဆဲပဲ (စာပိုဒ် ၉-၁၀၊ ၁၅ ကိုကြည့်ပါ)c

၁၅။ ဒီနေ့ ဘုရားနာမည်ကို စာတန် ဘယ်လို ရှုတ်ချနေသလဲ။ ဘာရလဒ် ရသလဲ။

၁၅ စာတန်ဟာ ဒီနေ့အထိ ဘုရားနာမည်ကို ရှုတ်ချနေတုန်းပဲ။ ဘုရားရဲ့ တန်ခိုး၊ တရားမျှတမှု၊ ဉာဏ်ပညာနဲ့ မေတ္တာကို လူတွေ သံသယဝင်အောင် လုပ်တယ်။ ဥပမာ၊ ယေဟောဝါဟာ ဖန်ဆင်းရှင် မဟုတ်ဘူးလို့ လူတွေကို အယုံသွင်းဖို့ စာတန် ကြိုးစားတယ်။ ဘုရား ရှိတယ်လို့ လူတွေ လက်ခံတယ်ဆိုရင်လည်း ဘုရားနဲ့ ဘုရားရဲ့ စံနှုန်းတွေဟာ တင်းကျပ်လွန်းတယ်၊ မတရားဘူးလို့ ထင်အောင် လုပ်ပြန်တယ်။ ယေဟောဝါဟာ မီးငရဲမှာ လူတွေကို ညှဉ်းဆဲတဲ့ဘုရား၊ မေတ္တာမဲ့ပြီး ရက်စက်တဲ့ ဘုရားလို့လည်း စာတန် သွန်သင်တယ်။ အဲဒီအလိမ်အညာကိုသာ လူတွေ ယုံသွားရင် ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ အုပ်ချုပ်မှုကို ငြင်းပယ်မိဖို့ သိပ်လွယ်သွားပြီ။ စာတန် ဖျက်ဆီးမခံရမချင်းတော့ ယေဟောဝါကို ရှုတ်ချဂုဏ်ဖျက်နေဦးမှာပဲ။ သင့်ကိုလည်း ပစ်မှတ်ထားနေဦးမှာပဲ။ ဒါပေမဲ့ စာတန် အောင်မြင်မလား။

ကြီးမားတဲ့ အရေးကိစ္စမှာ သင့်အခန်းကဏ္ဍ

၁၆။ အာဒံနဲ့ ဧဝ လုပ်ဖို့ ပျက်ကွက်ခဲ့တဲ့ ဘယ်အရာကို သင် လုပ်နိုင်သလဲ။

၁၆ နာမတော် သန့်ရှင်းမြင့်မြတ်စေရေးမှာ မစုံလင်သူ လူသားတွေကိုလည်း ယေဟောဝါ ပါဝင်ခွင့်ပြုတယ်။ အာဒံနဲ့ ဧဝ မလုပ်ခဲ့တာကို သင် လုပ်နိုင်တယ်။ နာမတော်ကို ရှုတ်ချဂုဏ်ဖျက်သူတွေ ပြည့်နေတဲ့ လောကမှာ နေရပေမဲ့ ယေဟောဝါဟာ သန့်ရှင်းတယ်၊ ဖြောင့်မတ်တယ်၊ ကောင်းမြတ်တယ်၊ မေတ္တာရှိတယ်ဆိုတဲ့ အမှန်တရားဘက် ရပ်တည်ဖို့ သင့်မှာ အခွင့်အရေး ရှိတယ်။ (ဟေရှာ. ၂၉:၂၃) ဘုရားရဲ့ အုပ်ချုပ်မှုကို ထောက်ခံနိုင်တယ်။ ဘုရားအုပ်ချုပ်မှုဟာ အမှန်တကယ် ဖြောင့်မတ်ပြီး သက်ရှိအားလုံးအတွက် ငြိမ်သက်ပျော်ရွှင်မှု ဆောင်ကြဉ်းပေးမယ့် တစ်ခုတည်းသော အုပ်ချုပ်မှု ဖြစ်ကြောင်း လူတွေ နားလည်လာအောင် ကူညီပေးနိုင်တယ်။—ဆာ. ၃၇:၉၊ ၃၇။ ၁၄၆:၅၊ ၆၊ ၁၀။

၁၇။ ဘုရားနာမည်ကို လူတွေ သိလာအောင် ယေရှု ဘယ်လို လုပ်ခဲ့သလဲ။

၁၇ ယေဟောဝါရဲ့ နာမတော်ကို ကာကွယ်တာဟာ ယေရှုခရစ်ရဲ့ စံနမူနာကို လိုက်လျှောက်နေတာပဲ။ (ယော. ၁၇:၂၆) ယေရှုဟာ ဖခင်ယေဟောဝါရဲ့ နာမည်ကို အသုံးပြုရုံသာမက ဂုဏ်သိက္ခာကို ကာကွယ်ခြင်းအားဖြင့် နာမတော်ကို လူတွေ သိအောင် လုပ်ခဲ့တယ်။ ဥပမာ၊ ဖာရိရှဲတွေက ယေဟောဝါကို ရက်စက်တဲ့၊ မညှာမတာ တောင်းဆိုတတ်တဲ့၊ လူတွေနဲ့ အလှမ်းဝေးလွန်းတဲ့၊ ကရုဏာ မရှိတဲ့ ဘုရားအဖြစ် ပုံဖော်ကြတယ်။ ယေရှုကတော့ ယေဟောဝါကို အကျိုးသင့်အကြောင်းသင့် ရှိတဲ့၊ စိတ်ရှည်တဲ့၊ မေတ္တာရှိတဲ့၊ ခွင့်လွှတ်တတ်တဲ့ ဘုရားအဖြစ် လူတွေ မြင်လာအောင် ကူညီပေးတယ်။ နေ့စဉ်အသက်တာမှာ ဖခင်ရဲ့ အရည်အသွေးတွေကို အပြည့်အဝ တုပခြင်းအားဖြင့်လည်း ယေဟောဝါအကြောင်း လူတွေ သိလာအောင် ကူညီပေးတယ်။—ယော. ၁၄:၉။

၁၈။ ယေဟောဝါအကြောင်း အလိမ်အညာတွေ၊ ရှုတ်ချဂုဏ်ဖျက်မှုတွေကို ဘယ်လို ချေပနိုင်သလဲ။

၁၈ ယေရှုလိုပဲ ကျွန်တော်တို့လည်း ယေဟောဝါဟာ မေတ္တာရှိပြီး ကြင်နာတဲ့ ဘုရား ဖြစ်ကြောင်း တခြားသူတွေကို ပြောပြနိုင်တယ်။ ဒီနည်းအားဖြင့် ယေဟောဝါအကြောင်း အလိမ်အညာတွေ၊ ရှုတ်ချဂုဏ်ဖျက်မှုတွေကို ချေပကြတယ်။ ယေဟောဝါရဲ့ နာမည်ကို သန့်ရှင်းမြင့်မြတ်တဲ့အရာအဖြစ် လူတွေ မြင်လာအောင် ကူညီပေးကြတယ်။ မစုံလင်ပေမဲ့ ယေဟောဝါကို တုပနိုင်တယ်။ (ဧ. ၅:၁၊ ၂) ယေဟောဝါဟာ ဘယ်လို ဘုရားမျိုး ဖြစ်ကြောင်း ကိုယ့်ရဲ့ အပြော၊ လုပ်ရပ်အားဖြင့် သက်သေပြတာဟာ နာမတော်ကို သန့်ရှင်းမြင့်မြတ်စေနေတာပဲ။ ဘုရားအကြောင်း သွန်သင်ချက်အမှားတွေကနေ လွတ်မြောက်အောင် လူတွေကို ကူညီပေးခြင်းအားဖြင့်လည်း နာမတော်ကို သံသယ ကင်းရှင်းစေကြတယ်။b မစုံလင်တဲ့ လူသားတွေဟာ ဘုရားအပေါ် သမာဓိ စောင့်သိနိုင်ကြောင်း သက်သေပြကြတယ်။—ယောဘ ၂၇:၅။

ညီအစ်ကိုတစ်ယောက်က သင်သားရဲ့ အိမ်မှာ ကျမ်းစာလေ့လာမှု လုပ်နေ။

ယေဟောဝါရဲ့ ကြင်နာမှု၊ မေတ္တာ အရည်အသွေးတွေကို ကျမ်းစာသင်သားတွေ နားလည်လာအောင် ကျွန်တော်တို့ ကူညီပေးချင်ကြ (စာပိုဒ် ၁၈-၁၉ ကိုကြည့်ပါ)d

၁၉။ သွန်သင်ခြင်းလုပ်ငန်းရဲ့ အဓိက ပန်းတိုင်ဟာ ဘာဖြစ်သင့်ကြောင်း ဟေရှာယ ၆၃:၇ က ဘယ်လို ဖော်ပြသလဲ။

၁၉ နောက်သင်ခန်းစာတစ်ခုကို သုံးသပ်ကြည့်ပါ။ တခြားသူတွေကို ကျမ်းစာအမှန်တရား သင်ပေးတဲ့အခါ စကြဝဠာကို အုပ်ချုပ်ဖို့ ဘုရားမှာ အခွင့်အာဏာ ရှိကြောင်း အလေးပေး ပြောပြလေ့ရှိတယ်။ ဘုရားပညတ်တွေအကြောင်း သင်ပေးဖို့ အရေးကြီးတာ မှန်ပေမဲ့ ကျွန်တော်တို့ရဲ့ အဓိက ပန်းတိုင်က ယေဟောဝါဘုရားကို လူတွေ ချစ်လာအောင်၊ သစ္စာရှိအောင် ကူညီပေးဖို့ ဖြစ်တယ်။ ဒါကြောင့် ယေဟောဝါရဲ့ နှစ်သက်ဖွယ် အရည်အသွေးတွေအကြောင်း၊ ယေဟောဝါဆိုတဲ့ နာမည်ပိုင်ရှင်ဟာ ဘယ်လို ဘုရားမျိုး ဖြစ်ကြောင်း အလေးပေးပြောပြရမယ်။ (ဟေရှာယ ၆၃:၇ ကိုဖတ်ပါ။) ဒီနည်းအားဖြင့် ယေဟောဝါကို လူတွေ ချစ်တတ်လာမယ်။ ဘုရားအပေါ် သစ္စာစောင့်သိချင်တဲ့ စိတ်ကြောင့် နာခံတတ်လာမယ်။

၂၀။ နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးမလဲ။

၂၀ ယေဟောဝါရဲ့ နာမည်ကို ကြားတဲ့အခါ လူတွေ အကောင်းမြင်ပြီး ဘုရားဆီ ဆွဲဆောင်ခံရစေဖို့ ကျွန်တော်တို့ရဲ့ ပြောဆိုပြုမူပုံ၊ သွန်သင်ပုံအားဖြင့် ဘယ်လို ကူညီပေးနိုင်သလဲ။ အဲဒီအကြောင်း နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။

သင် ဘယ်လို ဖြေမလဲ

  • ယေဟောဝါရဲ့ နာမတော် သန့်ရှင်းမြင့်မြတ်ခြင်းဟာ အလွန်အရေးကြီးကြောင်း ဘယ်လို သိရသလဲ။

  • သန့်ရှင်းမြင့်မြတ်ပြီးသား ဘုရားနာမတော်ကို သန့်ရှင်းမြင့်မြတ်အောင် လုပ်ဖို့ ဘာကြောင့် လိုအပ်နေသလဲ။

  • ယေဟောဝါရဲ့ နာမတော် သန့်ရှင်းမြင့်မြတ်စေရေးမှာ ကျွန်တော်တို့ ဘယ်အခန်းကဏ္ဍကနေ ပါဝင်နိုင်သလဲ။

သီချင်း ၂ နာမတော် ယေဟောဝါ

a အသိဉာဏ်ရှိတဲ့ ဖန်ဆင်းခံအားလုံးအတွက် ဘယ်အရေးကိစ္စက အရေးကြီးသလဲ။ ဘာကြောင့် အရေးကြီးသလဲ။ ကျွန်တော်တို့ ဘယ်လို ပါဝင်ပတ်သက်နေသလဲ။ အဲဒီမေးခွန်းတွေရဲ့ အဖြေကို သိရှိခြင်းက ယေဟောဝါနဲ့ ဆက်ဆံရေးကို ပိုခိုင်ခံ့စေပါလိမ့်မယ်။

b နာမတော်နဲ့ပတ်သက်ပြီး ဘယ်သူမှ စောဒက မတက်ခဲ့တဲ့အတွက် ယေဟောဝါရဲ့ နာမတော် သံသယ ကင်းရှင်းအောင် လုပ်စရာ မလိုဘူးလို့ အရင်တုန်းက စာပေတွေမှာ ရှင်းပြခဲ့ဖူးတယ်။ ဒါပေမဲ့ ၂၀၁၇ နှစ်ပတ်လည် အစည်းအဝေးမှာ နားလည်မှု ပြုပြင်ပြောင်းလဲခဲ့တယ်။ “ရိုးရိုးလေး ပြောရရင် ယေဟောဝါရဲ့ နာမည် သံသယ ကင်းရှင်းစေဖို့ ဆုတောင်းတာ မမှားပါဘူး။ ကိုယ်တော့် ဂုဏ်သတင်းကောင်းကို သံသယ ကင်းရှင်းစေဖို့ ကျိန်းသေ လိုအပ်လို့ပါ” ဆိုပြီး သဘာပတိ ပြောခဲ့တယ်။—jw.org® ထဲက ၂၀၁၈ ဇန်နဝါရီ အစီအစဉ်ကို ကြည့်ပါ။ စာကြည့်တိုက် > JW ရုပ်သံထုတ်လွှင့်မှု® အောက်မှာ ကြည့်ပါ။

c ပုံအညွှန်း– ဘုရားဟာ မုသာကောင် ဖြစ်တယ်လို့ ဧဝကို ပြောခြင်းအားဖြင့် ဘုရားကို မာရ်နတ် ရှုတ်ချဂုဏ်ဖျက်ခဲ့တယ်။ ဘုရားဟာ ရက်စက်တယ်၊ ဖန်ဆင်းရှင် မဟုတ်ဘူး စတဲ့ အယူအဆမှားတွေကို နှစ်တွေတစ်လျှောက် စာတန် ပျံ့နှံ့စေခဲ့တယ်။

d ပုံအညွှန်း– ကျမ်းစာသင်အံမှုမှာ ညီအစ်ကိုက ဘုရားရဲ့ အရည်အသွေးတွေအကြောင်း အလေးပေး ဖော်ပြနေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ