ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၆/၁၃ စာ. ၁
  • အလိုက်သင့်ပြောင်းလဲလိုစိတ် ရှိသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အလိုက်သင့်ပြောင်းလဲလိုစိတ် ရှိသလား
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘သတင်းကောင်းအတွက် အရာခပ်သိမ်းကိုပြုလော့’
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
  • သင့်အစီအစဉ်ကို ပြုပြင်ပြောင်းလဲနိုင်မည်လော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
  • ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြပါ—ပြင်ဆင်ထားခြင်းဖြင့်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
  • နိုင်ငံတော်သတင်း ဟောပြောခြင်းကို တိုးတက်စေရန် နည်းများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
နဓ ၆/၁၃ စာ. ၁

အလိုက်သင့်ပြောင်းလဲလိုစိတ် ရှိသလား

၁။ ဒီလောကရဲ့ ပြောင်းလဲမှုတွေနဲ့အညီ ကျွန်ုပ်တို့ အဘယ်ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ လိုသလဲ။

၁ ဒီလောကရဲ့ဇာတ်ကွက်ဟာ အမြဲတမ်းပြောင်းလဲနေတယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ ကော. ၇:၃၁) ဒီလောကရဲ့ ပြောင်းလဲမှုတွေနဲ့အညီ ကျွန်ုပ်တို့ရဲ့ ဟောပြောနည်းတွေ၊ အချိန်ဇယားတွေနဲ့ လူတွေထံ ချဉ်းကပ်နည်းတွေကို အချိန်အခါအလိုက် ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။ သင့်မှာ အလိုက်သင့်ပြောင်းလဲလိုစိတ် ရှိသလား။

၂။ အဖွဲ့အစည်းနဲ့အတူ ရင်ပေါင်တန်းလိုက်ဖို့ ဘာကြောင့် အလိုက်သင့်ပြောင်းလဲရမလဲ။

၂ ဟောပြောနည်းများ– ခရစ်ယာန်အသင်းတော်မှာ အမြဲတမ်း ပြုပြင်ပြောင်းလဲမှုတွေ ရှိနေပါတယ်။ ယေရှုဟာ တပည့်တွေကို အမှုဆောင်လယ်ကွင်းဆီ စပြီးစေလွှတ်တဲ့အချိန်မှာ စားစရာတွေ၊ ငွေကြေးတွေ မယူသွားဖို့ မိန့်မှာခဲ့တယ်။ (မ. ၁၀:၉၊ ၁၀) နောက်ပိုင်းမှာ အဲဒီမိန့်မှာချက်ကို ကိုယ်တော် ပြောင်းလဲလိုက်တယ်။ အကြောင်းက နောင်တစ်ချိန်မှာ တပည့်တွေဟာ ရန်လိုမုန်းတီးမှုတွေ ခံရမှာကို ကိုယ်တော် ကြိုမြင်တဲ့အပြင် ဟောပြောခြင်းလုပ်ငန်းကို သူတို့ တိုးချဲ့သွားရမှာဖြစ်လို့ပါပဲ။ (လု. ၂၂:၃၆) လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ယေဟောဝါရဲ့အဖွဲ့အစည်းဟာ ဟောပြောနည်းအမျိုးမျိုးကို အသုံးပြုခဲ့ကြတယ်။ ဥပမာ၊ သက်သေခံကတ်၊ ရေဒီယိုအသံလွှင့်နည်း၊ အသံချဲ့စက်ကားတွေကို အချိန်အခါအလိုက် အသုံးပြုခဲ့ကြတယ်။ ဒီနေ့၊ အိမ်တွေမှာ လူအတော်များများ မရှိကြတဲ့အတွက် တစ်အိမ်တက်ဆင်းအပြင် လူအများရှိတဲ့နေရာတွေမှာ ဟောပြောခြင်းနဲ့ အလွတ်သဘော သက်သေခံခြင်းကိုလည်း အလေးပေး လုပ်ဆောင်လာနေပါပြီ။ လူတွေဟာ နေ့ပိုင်းမှာ အလုပ်သွားနေကြတယ်ဆိုရင် ညနေပိုင်းမှာလည်း တစ်အိမ်တက်ဆင်း ဟောပြောဖို့ ကျွန်ုပ်တို့ကို အားပေးထားပါတယ်။ ယေဟောဝါရဲ့ ကောင်းကင်ရထားက လမ်းကြောင်းပြောင်းသွားတဲ့အခါ သင်ကော အဲဒီရထားနဲ့အတူ ရင်ပေါင်တန်းလိုက်မှာလား။—ယေဇ. ၁:၂၀၊ ၂၁။

၃။ ရပ်ကွက်ကလူတွေ အကျိုးရရှိဖို့ ဘယ်လိုအလိုက်သင့် ဟောပြောမလဲ။

၃ တင်ဆက်နည်း– သင့်ရပ်ကွက်က လူတွေဟာ ဘယ်အရေးကိစ္စတွေကို လောလောဆယ် စိုးရိမ်နေကြသလဲ။ စီးပွားရေးရာလား။ မိသားစုရေးရာလား။ စစ်မက်ရေးရာလား။ သူတို့ရဲ့ လတ်တလော ပြဿနာတွေနဲ့ အခြေအနေတွေကို သိရှိထားမှသာ သူတို့နဲ့အပ်စပ်မယ့် တင်ဆက်နည်းတွေကို ကြိုတင်ပြင်ဆင်နိုင်မှာဖြစ်တယ်။ (၁ ကော. ၉:၂၀-၂၃) တကယ်လို့ အိမ်ရှင်တွေက သူတို့ရဲ့စိုးရိမ်မှုတွေကို ဖွင့်ပြောလာတဲ့အခါ ကျွန်ုပ်တို့ပြင်ဆင်ထားတဲ့ တင်ဆက်နည်းကိုပဲ ဟောနေမယ့်အစား အဲဒီစိုးရိမ်မှုတွေအပေါ် မူတည်ပြီး အလိုက်သင့်ဟောပြောသွားမယ်ဆိုရင် ပိုပြီး အကျိုးသက်ရောက်မှုရှိနိုင်တယ်။

၄။ အချိန်မဆွဲဘဲ အလိုက်သင့်ပြောင်းလဲဟောပြောဖို့ ဘာကြောင့် အရေးကြီးသလဲ။

၄ မကြာခင်မှာ ဒီလောကရဲ့ နောက်ဆုံးဇာတ်ကွက်ဟာ နိဂုံးချုပ်ပြီး ကြီးစွာသောဒုက္ခ စတင်တော့မှာဖြစ်တယ်။ “အချိန်အနည်းငယ်သာကျန်” ပါတော့တယ်။ (၁ ကော. ၇:၂၉) ဒါကြောင့် အချိန်မဆွဲဘဲ အလိုက်သင့်ပြောင်းလဲလုပ်ဆောင်ဖို့ အလွန်အရေးကြီးပါတယ်။ ဒါမှသာ ကျန်ရှိနေတဲ့အချိန်မှာ လူများများကို ထိထိရောက်ရောက် ဟောပြောနိုင်မှာဖြစ်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ