ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lff သင်ခန်းစာ ၅၉
  • နှိပ်စက်ညှဉ်းပန်းမှုကို သစ္စာရှိရှိ ခံရပ်နိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နှိပ်စက်ညှဉ်းပန်းမှုကို သစ္စာရှိရှိ ခံရပ်နိုင်
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • နှိပ်စက်ညှဉ်းဆဲခံရချိန်မှာ ရွှင်လန်းဝမ်းမြောက်ပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၂
  • နှိပ်စက်ညှဉ်းပန်းမှုအတွက် အခုကတည်းက ကြိုတင်ပြင်ဆင်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ခံနိုင်ရည် ရှိဖို့ ယေဟောဝါ ကူညီပေးပုံ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • စမ်းသပ်မှုများခံရစဉ် ခံနိုင်ရည်ရှိခြင်းက ယေဟောဝါအားဂုဏ်တင်ချီးမွမ်းမှုဖြစ်စေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
lff သင်ခန်းစာ ၅၉
သင်ခန်းစာ ၅၉။ လက်ထိတ်ခတ်ထားတဲ့ သက်သေခံညီအစ်ကိုကို ရဲနှစ်ယောက် ခေါ်သွားချိန် ဘေးမှာ သတင်းထောက်တွေ၊ သက်သေခံတွေ ရှိနေ။

သင်ခန်းစာ ၅၉

နှိပ်စက်ညှဉ်းပန်းမှုကို သစ္စာရှိရှိ ခံရပ်နိုင်

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

ခရစ်ယာန်တွေဟာ တစ်ချိန်မဟုတ်တစ်ချိန် ဆန့်ကျင်မှု၊ နှိပ်စက်ညှဉ်းပန်းမှုကိုတောင် ကြုံရနိုင်တယ်။ ဒီအတွက် ထိတ်လန့်တုန်လှုပ်သင့်သလား။

၁။ နှိပ်စက်ညှဉ်းပန်းမှု ကြုံရမယ်လို့ ဘာကြောင့် မျှော်လင့်ထားကြသလဲ။

“ခရစ်တော်ယေရှုရဲ့ နောက်လိုက်အနေနဲ့ ဘုရားတရားကိုင်းရှိုင်းတဲ့ အသက်တာနဲ့ နေချင်သူတိုင်းဟာ ညှဉ်းဆဲခံရမှာပဲ” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (၂ တိမောသေ ၃:၁၂) ယေရှုဟာ စာတန့်လောကနဲ့ မပတ်သက်လို့ နှိပ်စက်ညှဉ်းဆဲခံခဲ့ရတယ်။ ကျွန်တော်တို့လည်း ဒီလောကနဲ့ မပတ်သက်တဲ့အတွက် အစိုးရတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေရဲ့ နှိပ်စက်ညှဉ်းဆဲမှု ခံရတဲ့အခါ မအံ့ဩကြဘူး။​—ယောဟန် ၁၅:​၁၈၊ ၁၉။

၂။ နှိပ်စက်ညှဉ်းပန်းခံရချိန်အတွက် ဘယ်လို ပြင်ဆင်နိုင်မလဲ။

အခုကတည်းက ယေဟောဝါကို ယုံကြည်ကိုးစားမှု ခိုင်ခံ့အောင် လုပ်ရမယ်။ နေ့တိုင်း ဘုရားဆီ ဆုတောင်းဖို့၊ ကျမ်းစာဖတ်ဖို့ အချိန်ပေးပါ။ အသင်းတော် အစည်းအဝေးတွေကို မှန်မှန်တက်ပါ။ ဒါဆိုရင် မိသားစုဆန့်ကျင်မှုအပါအဝင် ဘယ်လို နှိပ်စက်ညှဉ်းပန်းမှုပဲ ကြုံရပါစေ ရင်ဆိုင်ဖို့ ခွန်အားရှိလာမယ်။ နှိပ်စက်ညှဉ်းပန်းမှု ကြုံရလေ့ရှိတဲ့ တမန်တော်ပေါလုက “ယေဟောဝါဟာ ကူညီမစရှင်ဖြစ်တဲ့အတွက် ငါ ဘာကိုမှ မကြောက်ဘူး” လို့ ရေးတယ်။​—ဟီဘရူး ၁၃:၆။

ဟောပြောခြင်းမှာ မှန်မှန်ပါဝင်တာကလည်း ရဲစွမ်းသတ္တိ ရှိစေနိုင်တယ်။ ဟောပြောခြင်းက ယေဟောဝါကို ယုံကြည်အားကိုးဖို့၊ လူကို မကြောက်ဖို့ ကူညီပေးတယ်။ (ပညာအလိမ္မာ ၂၉:၂၅) အခုကတည်းက ဟောပြောဖို့ သတ္တိမွေးမယ်ဆိုရင် အစိုးရပိတ်ပင်မှု ကြုံရချိန်မှာတောင် ဆက်ဟောပြောဖို့ အသင့်ဖြစ်နေပါလိမ့်မယ်။​—၁ သက်သာလောနိတ် ၂:၂။

၃။ နှိပ်စက်ညှဉ်းပန်းခြင်းကို သစ္စာရှိရှိ ခံရပ်ရင် ဘာအကျိုးရမလဲ။

နှိပ်စက်ညှဉ်းဆဲခံရတဲ့အခါ ကျွန်တော်တို့ မပျော်ကြပေမဲ့ သစ္စာရှိရှိ ခံရပ်တဲ့အခါ ယုံကြည်ခြင်း ပိုခိုင်မာလာတယ်။ ခံနိုင်ရည် မရှိတော့ဘူးလို့ ခံစားရချိန်မှာ ယေဟောဝါရဲ့ အကူအညီကို ရတဲ့အတွက် ယေဟောဝါနဲ့ ပိုရင်းနှီးလာတယ်။ (ယာကုပ် ၁:​၂-၄ ကို ဖတ်ပါ။) ယေဟောဝါက ကျွန်တော်တို့ နှိပ်စက်ခံရတဲ့အခါ စိတ်ထိခိုက်တယ်၊ သစ္စာရှိရှိ ခံရပ်ရင်တော့ နှစ်သက်တယ်။ “ကောင်းမှုပြုလို့ ဆင်းရဲဒုက္ခကို ခံရပ်နေရတယ်ဆိုရင်တော့ အဲဒါကို ဘုရားသခင် နှစ်သက်တယ်” လို့ ကျမ်းစာဆိုတယ်။ (၁ ပေတရု ၂:၂၀) သစ္စာရှိရှိ ခံရပ်သူတွေကို ယေဟောဝါက ကမ္ဘာသစ်မှာ ထာဝရအသက် ဆုချပါလိမ့်မယ်။ အဲဒီအချိန်မှာ စစ်မှန်တဲ့ဝတ်ပြုရေးကို ဆန့်ကျင်သူ ရှိတော့မှာ မဟုတ်ဘူး။​—မဿဲ ၂၄:၁၃။

ရှာဖွေလေ တွေ့ရှိလေ

နှိပ်စက်ညှဉ်းပန်းခံရချိန်မှာ ယေဟောဝါကို သစ္စာစောင့်သိနိုင်ကြောင်း၊ သစ္စာရှိသူတွေကို ယေဟောဝါ ဘယ်လို ဆုချမယ်ဆိုတဲ့အကြောင်း လေ့လာပါ။

မိဘဆန့်ကျင်နေတဲ့ကြားက ကျမ်းစာသင်အံမှုအတွက် ထွက်သွားတဲ့အမျိုးသမီး။

၄။ မိသားစုဆန့်ကျင်မှုကို သစ္စာရှိရှိ ခံရပ်နိုင်

ယေဟောဝါကို ဝတ်မပြုဖို့ မိသားစုဝင်တချို့ ဆန့်ကျင်မယ်ဆိုတာ ယေရှု ကောင်းကောင်း သိတယ်။ မဿဲ ၁၀:၃၄-၃၆ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • မိသားစုဝင်တစ်ဦး ယေဟောဝါကို ဝတ်ပြုဖို့ ဆုံးဖြတ်တဲ့အခါ ဘာကြုံရနိုင်သလဲ။

နမူနာတစ်ခုကို ကြည့်ဖို့ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းကို သုံးသပ်ပါ။

ဗီဒီယို။ ကျွန်တော်တို့ကို ယေဟောဝါ လက်ခံခဲ့ (၅:၁၃)

  • ယေဟောဝါကို ဝတ်မပြုဖို့ ဆွေမျိုး၊ မိတ်ဆွေတစ်ယောက် တားဆီးလာရင် သင် ဘယ်လိုလုပ်မလဲ။

ဆာလံ ၂၇:၁၀ နဲ့ မာကု ၁၀:၂၉၊ ၃၀ တို့ကို ဖတ်ပါ။ ကျမ်းချက်တစ်ချက်စီကို ဖတ်ပြီးနောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • မိသားစု၊ မိတ်ဆွေတွေရဲ့ ဆန့်ကျင်မှု ကြုံရတဲ့အခါ ဒီကျမ်းစာကတိက သင့်ကို ဘယ်လို ကူညီပေးနိုင်သလဲ။

၅။ နှိပ်စက်ညှဉ်းပန်းခြင်း ကြုံရပေမဲ့ ယေဟောဝါကို ဆက်ဝတ်ပြုပါ

ဆန့်ကျင်မှုတွေကြား ယေဟောဝါကို ဆက်ဝတ်ပြုဖို့ဆိုရင် သတ္တိရှိရမယ်။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါ မေးခွန်းကို သုံးသပ်ပါ။

ဗီဒီယို။ နှိပ်စက်ညှဉ်းပန်းမှုကြား ရဲစွမ်းသတ္တိရှိ (၆:၂၇)

  • ဗီဒီယိုမှာပါတဲ့ ဖြစ်ရပ်တွေက သင့်ကို ဘယ်လို အားရှိစေသလဲ။

တမန်တော် ၅:၂၇-၂၉ နဲ့ ဟီဘရူး ၁၀:၂၄၊ ၂၅ တို့ကို ဖတ်ပါ။ ကျမ်းချက်တစ်ချက်စီကို ဖတ်ပြီးနောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ဟောပြောခြင်းလုပ်ငန်းနဲ့ အစည်းအဝေးတွေကို ပိတ်ပင်လာရင်တောင် ယေဟောဝါကို ဆက်ဝတ်ပြုဖို့ ဘာကြောင့် အရေးကြီးသလဲ။

၆။ သစ္စာရှိရှိ ခံရပ်ဖို့ ယေဟောဝါ ကူညီမယ်

အသက်အရွယ်၊ နောက်ခံအသီးသီးက ယေဟောဝါသက်သေတွေဟာ နှိပ်စက်ညှဉ်းဆဲခံရ ရင်တောင် ယေဟောဝါကို သစ္စာရှိရှိ ဆက်ဝတ်ပြုကြတယ်။ ဘာက ကူညီပေးသလဲ သိဖို့ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းကို သုံးသပ်ပါ။

ဗီဒီယို။ ယေဟောဝါ ခွန်အားပေးမယ် (၃:၄၀)

  • ဗီဒီယိုထဲက သက်သေခံတွေ ခံနိုင်ရည်ရှိဖို့ ဘာက ကူညီပေးသလဲ။

ရောမ ၈:၃၅၊ ၃၇-၃၉ နဲ့ ဖိလိပ္ပိ ၄:၁၃ တို့ကို ဖတ်ပါ။ ကျမ်းချက်တစ်ချက်စီကို ဖတ်ပြီးနောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ဘယ်စမ်းသပ်မှုကိုမဆို သစ္စာရှိရှိ ခံရပ်နိုင်ကြောင်း ဒီကျမ်းပိုဒ်က ဘယ်လို စိတ်ချစေသလဲ။

မဿဲ ၅:၁၀-၁၂ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • နှိပ်စက်ညှဉ်းဆဲခံရရင်တောင် ဘာကြောင့် ပျော်ရွှင်နိုင်သလဲ။

ယုံကြည်ချက်ကြောင့် နှိပ်စက်ခံရ၊ ထောင်ချခံရတဲ့ မျက်မှောက်ခေတ် ယေဟောဝါသက်သေ။

ယေဟောဝါသက်သေများစွာဟာ ဆန့်ကျင်မှုကို သစ္စာရှိရှိ ခံရပ်ကြတယ်။ သင်လည်း ခံရပ်နိုင်ပါတယ်

လူတချို့ အဆို။ “နှိပ်စက်ညှဉ်းပန်းမှုကို ခံနိုင်မယ် မထင်ဘူး။”

  • ဘယ်ကျမ်းပိုဒ်တွေက သူတို့ကို ယုံကြည်စိတ်ချမှု ရှိစေနိုင်သလဲ။

အနှစ်ချုပ်

နှိပ်စက်ညှဉ်းပန်းခံရတဲ့ကြား သစ္စာရှိရှိ ဝတ်ပြုတာကို ယေဟောဝါ တန်ဖိုးထားတယ်။ ယေဟောဝါရဲ့အကူအညီနဲ့ ကျွန်တော်တို့ ခံရပ်နိုင်ပါတယ်။

ပြန်လည်သုံးသပ်ခြင်း

  • နှိပ်စက်ညှဉ်းပန်းမှုကို ခရစ်ယာန်တွေ ဘာကြောင့် မျှော်လင့်ထားရမလဲ။

  • နှိပ်စက်ညှဉ်းပန်းမှု ကြုံရချိန်အတွက် အသင့်ဖြစ်နေဖို့ အခုကတည်းက ဘာလုပ်နိုင်သလဲ။

  • ဘယ်စမ်းသပ်မှုပဲ ကြုံရပါစေ ယေဟောဝါကို ဝတ်ပြုနိုင်တယ်ဆိုတာ ဘာက ယုံကြည်စိတ်ချစေသလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

ညီအစ်ကိုငယ်တစ်ဦး ကြားနေမှုကြောင့် ထောင်ကျနေချိန်မှာ ခံနိုင်ရည်ရှိအောင် ယေဟောဝါ ကူညီပေးပုံကို ကြည့်လိုက်ပါ။

နှိပ်စက်ညှဉ်းပန်းမှုကို ခံနိုင်ရည်ရှိပါ (၂:၃၄)

ဆန့်ကျင်မှုတွေကြား မောင်နှံတစ်စုံ ယေဟောဝါကို နှစ်ပေါင်းများစွာ ဝတ်ပြုနိုင်ခဲ့ပုံကို ကြည့်လိုက်ပါ။

အန္တရာယ်များတဲ့နှစ်တစ်လျှောက် ယေဟောဝါကို အမှုဆောင်ခြင်း (၇:၁၁)

နှိပ်စက်ညှဉ်းပန်းမှုကို သတ္တိရှိရှိ ရင်ဆိုင်နိုင်ပုံအကြောင်း ဖတ်ကြည့်ပါ။

“နှိပ်စက်ညှဉ်းပန်းမှုအတွက် အခုကတည်းက ကြိုတင်ပြင်ဆင်ပါ” (ကင်းမျှော်စင်၊ ဇူလိုင် ၂၀၁၉)

မိသားစုဆန့်ကျင်မှုကို ဘယ်လို ရှုမြင်သင့်သလဲ။ ဆန့်ကျင်မှုကို ဘယ်လို ရင်ဆိုင်ဖြေရှင်းနိုင်မလဲ။

“အမှန်တရားက ‘ငြိမ်သက်ခြင်းအစား ဓားကို’ ယူဆောင်လာ” (ကင်းမျှော်စင်၊ အောက်တိုဘာ ၂၀၁၇)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ