ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၀၇
  • တစ်ဖန်မွေးဖွားခြင်းဆိုတာ ဘာကိုဆိုလိုသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တစ်ဖန်မွေးဖွားခြင်းဆိုတာ ဘာကိုဆိုလိုသလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • တစ်ဖန်မွေးဖွားခံရခြင်း—ကယ်တင်ခြင်းသို့ ပို့ဆောင်ပေးသောလမ်းလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ဒုတိယမွေးခြင်း
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • မည်သူများ တစ်ဖန်မွေးဖွားခြင်း ခံကြရသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • တစ်ဖန်မွေးဖွားခြင်း—ကိုယ်ပိုင်ဆုံးဖြတ်ချက်တစ်ရပ်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၀၇
ဂျော်ဒန်မြစ်မှာ နှစ်ခြင်းခံပြီးနောက် ကောင်းကင်ကို ယေရှု မော့ကြည့်နေ

တစ်ဖန်မွေးဖွားခြင်းဆိုတာ ဘာကိုဆိုလိုသလဲ

ကျမ်းစာအဖြေ

“တစ်ဖန်မွေးဖွားခြင်း” ဆိုတဲ့ စကားလုံးက တစ်ဖန်မွေးဖွားခြင်း ခံရသူနဲ့ ဘုရားသခင်စပ်ကြား ဆက်ဆံရေးအသစ် စတင်ခြင်းကို ဆိုလိုတယ်။ (ယောဟန် ၃:​၃၊ ၇) ဘုရားသခင်က တစ်ဖန်မွေးဖွားခြင်းခံရသူတွေကို မိမိရဲ့သားသမီးတွေအဖြစ် မွေးစားတယ်။ (ရောမ ၈:​၁၅၊ ၁၆။ ဂလာတိ ၄:၅။ ၁ ယောဟန် ၃:၁) တရားဝင် မွေးစားခံရသူတွေလိုပဲ သူတို့ရဲ့အခြေအနေ ပြောင်းလဲသွားပြီး ဘုရားရဲ့မိသားစုဝင် ဖြစ်လာကြတယ်။​—၂ ကောရိန္သု ၆:​၁၈။

လူတစ်ဦး ဘာကြောင့် တစ်ဖန်မွေးဖွားခြင်း ခံရသလဲ

“တစ်ဖန်မွေးဖွားခြင်း မခံရတဲ့သူဟာ ဘုရားသခင့်နိုင်ငံတော်ကို မြင်ရမှာ မဟုတ်ဘူး” လို့ ယေရှုပြောတယ်။ (ယောဟန် ၃:၃) ဒါကြောင့် တစ်ဖန်မွေးဖွားခြင်းက လူတစ်ဦးကို ဘုရားနိုင်ငံတော်မှာ ခရစ်တော်နဲ့အတူ အုပ်ချုပ်နိုင်ဖို့ အသင့်ပြင်ဆင်ပေးတယ်။ နိုင်ငံတော်ဟာ ကောင်းကင်မှာ တည်ထောင်မှာဖြစ်လို့ “တစ်ဖန်မွေးဖွား” ခံရသူတွေအတွက် အမွေကို “ကောင်းကင်မှာ သိမ်းထားပေးတယ်” လို့ ကျမ်းစာ ဆိုတယ်။ (၁ ပေတရု ၁:​၃၊ ၄) သူတို့ဟာ ခရစ်တော်နဲ့အတူ “ဘုရင်တွေအဖြစ် အုပ်ချုပ်” ရမယ်ဆိုတဲ့ အာမခံချက် ရထားကြတယ်။​—၂ တိမောသေ ၂:​၁၂။ ၂ ကောရိန္သု ၁:​၂၁၊ ၂၂။

ဘယ်လိုနည်းနဲ့ တစ်ဖန်မွေးဖွားခြင်း ခံရသလဲ

တစ်ဖန်မွေးဖွားခြင်း ခံရသူတွေဟာ “ရေနဲ့ရော၊ စွမ်းအားတော်နဲ့ပါ” မွေးဖွားခြင်းခံရမယ်လို့ ယေရှု ပြောတယ်။ (ယောဟန် ၃:၅) ဆိုလိုတာက ရေနဲ့ နှစ်ခြင်းခံရမယ်၊ အဲဒီနောက် သန့်ရှင်းသော စွမ်းအားတော်နဲ့ နှစ်ခြင်းခံရမယ်။​—တမန်တော် ၁:၅။ ၂:​၁–၄။

တစ်ဖန်မွေးဖွားခြင်း ခံရသူတွေထဲမှာ ယေရှုက ဦးဆုံးပဲ။ ယေရှု ဂျော်ဒန်မြစ်မှာ နှစ်ခြင်းခံပြီးနောက် ဘုရားသခင်က သူ့ကို သန့်ရှင်းသော စွမ်းအားတော်နဲ့ ဘိသိက်ပေး (နှစ်ခြင်းပေး) ခဲ့တယ်။ ဒါကြောင့် ဘုရားရဲ့သားအဖြစ် သန့်ရှင်းသော စွမ်းအားတော်နဲ့ တစ်ဖန်မွေးဖွားခံရပြီး ကောင်းကင်အသက်တာ ပြန်ရဖို့ မျှော်လင့်ချက် ရှိလာတယ်။ (မာကု ၁:​၉–​၁၁) ဘုရားက ယေရှုကို နာမ်ဝိညာဉ်သားတစ်ဦးအဖြစ် ရှင်ပြန်ထမြောက်စေခြင်းအားဖြင့် ဒီမျှော်လင့်ချက် ပြည့်အောင် လုပ်ပေးခဲ့တယ်။​—တမန်တော် ၁၃:၃၃။

တစ်ဖန်မွေးဖွားခံရတဲ့ တခြားသူတွေလည်း သန့်ရှင်းသော စွမ်းအားတော် မရရှိခင် ရေနဲ့နှစ်ခြင်းခံကြတယ်။a (တမန်တော် ၂:​၃၈၊ ၄၁) ဒီနောက် ဘုရားသခင်က သူတို့ကို ရှင်ပြန်ထမြောက်စေခြင်းအားဖြင့် ကောင်းကင်အသက်တာ မျှော်လင့်ချက်ကို ပြည့်အောင်လုပ်ပေးမှာ ဖြစ်တယ်။​—၁ ကောရိန္သု ၁၅:၄၂–​၄၉။

တစ်ဖန်မွေးဖွားခံရခြင်းနဲ့ပတ်သက်တဲ့ ယူဆချက်အမှားများ

ယူဆချက်အမှား။ လူတစ်ဦးက ကယ်တင်ခြင်း ရဖို့ ဒါမှမဟုတ် ခရစ်ယာန်ဖြစ်ဖို့ တစ်ဖန်မွေးဖွားခြင်းခံရမယ်။

အမှန်။ ခရစ်တော်ရဲ့ ပူဇော်သက္ကာက ကောင်းကင်မှာ ယေရှုနဲ့အတူ အုပ်ချုပ်မယ့် တစ်ဖန်မွေးဖွားခံရသူတွေကိုရော၊ နိုင်ငံတော်အုပ်ချုပ်မှုအောက် မြေကြီးအသက်တာ ရရှိသူတွေကိုပါ ကယ်တင်ခြင်း ရစေတယ်။ (၁ ယောဟန် ၂:​၁၊၂။ ဗျာဒိတ် ၅:​၉၊ ၁၀) ဒုတိယအုပ်စုဖြစ်တဲ့ ခရစ်ယာန်တွေဟာ ကမ္ဘာသစ်မှာ ထာဝစဉ်အသက်ရှင်ခွင့် ရရှိကြတယ်။​—ဆာလံ ၃၇:၂၉။ မဿဲ ၆:​၉၊ ၁၀။ ဗျာဒိတ် ၂၁:​၁–၅။

ယူဆချက်အမှား။ လူတစ်ဦးက တစ်ဖန်မွေးဖွားခြင်းခံ၊ မခံ ကိုယ်ပိုင်ရွေးချယ်ခွင့် ရှိတယ်။

အမှန်– ဘုရားနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိဖို့၊ ကယ်တင်ခြင်းရဖို့ဆိုတဲ့ အခွင့်အရေးကို လူအားလုံး ရထားတယ်။ (၁ တိမောသေ ၂:​၃၊ ၄။ ယာကုပ် ၄:၈) ဒါပေမဲ့ တစ်ဖန်မွေးဖွားခြင်း ခံရမယ့်သူတွေကိုတော့ ဘုရားသခင်ကိုယ်တိုင် ရွေးချယ်တယ် ဒါမှမဟုတ် သန့်ရှင်းသောစွမ်းအားတော်နဲ့ ဘိသိက်ပေးတယ်။ တဖန်မွေးဖွားခြင်းခံရတာဟာ ‘လူတစ်ယောက်ရဲ့ ဆန္ဒ ဒါမှမဟုတ် ကြိုးစားအားထုတ်မှုပေါ် မမူတည်ဘဲ ဘုရားသခင်ပေါ်မှာပဲ မူတည်တယ်’ လို့ ကျမ်းစာက ဆိုတယ်။ (ရောမ ၉:​၁၆) “တစ်ဖန်မွေးဖွားခြင်း” ဆိုတဲ့စကားလုံးကို “အထက်အရပ်မှ မွေးဖွားခြင်း” လို့လည်း ပြန်ဆိုနိုင်တယ်။ ဒါကြောင့် တစ်ဖန်မွေးဖွားခြင်းဆိုတာ “အထက်အရပ်မှ၊” တစ်နည်းအားဖြင့် ဘုရားသခင်ဆီကလာမှန်း သိနိုင်တယ်။​—ယောဟန် ၃:၃။

a ကော်နေလိနဲ့ အပေါင်းပါတွေရဲ့ ဖြစ်ရပ်ကတော့ ခြွင်းချက် ဖြစ်တယ်။​—တမန်တော် ၁၀:၄၄–၄၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ