ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၈ စက်တင်ဘာ စာ. ၃-၇
  • “သိတဲ့အတိုင်း လုပ်မယ်ဆိုရင် ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “သိတဲ့အတိုင်း လုပ်မယ်ဆိုရင် ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အချိန်တန်အစာဆိုတာ အချက်အလက်တွေသာ မဟုတ်
  • တန်းတူ ရှုမြင်ပါ
  • တခြားသူတွေအတွက် နာမည်နဲ့တကွ ဆုတောင်းပေးပါ
  • ‘နားထောင်ဖို့ အမြဲ အသင့်ဖြစ်နေပါ’
  • “ငါ့ဒုက္ခကို ယေဟောဝါဘုရား မြင်မှာပါ”
  • “ဉာဏ်ပညာဟာ အရေးကြီးဆုံးပဲ”
  • ဧပဖြ—“ခရစ်တော်၏ သစ္စာရှိသောအမှုတော်ဆောင်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • နှိမ့်ချခြင်းကို အဘယ်ကြောင့်ဝတ်ဆင်သင့်ကြောင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • နှိမ့်ချသူတွေကို ယေဟောဝါ တန်ဖိုးထား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • တုပစရာ နှိမ့်ချခြင်းပုံသက်သေများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
က၁၈ စက်တင်ဘာ စာ. ၃-၇
လူစွမ်းကောင်းတွေအဖြစ် လုကောနိလူတွေ ဆက်ဆံတာကို ပေါလုနဲ့ ဗာနဗ ငြင်းပယ်ခဲ့

“သိတဲ့အတိုင်း လုပ်မယ်ဆိုရင် ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်”

“ကျွန်တော့်ကို စေလွှတ်တဲ့အရှင်ရဲ့ အလိုတော်ကို ဆောင်တာ၊ သူခိုင်းထားတဲ့ အလုပ်ကို ပြီးစီးအောင် လုပ်တာဟာ ကျွန်တော့်အတွက် စားစရာပဲ။”—ယော. ၄:၃၄။

သီချင်း– ၈၀၊ ၃၅

သင် ဘယ်လို ဖြေမလဲ

  • ပေါလုနဲ့ ဗာနဗရဲ့ နှိမ့်ချမှုကို ဘယ်လို တုပနိုင်သလဲ။

  • ဧပဖြရဲ့ တစ်ကိုယ်ကောင်း မဆန်တဲ့စိတ်ကို ဘယ်လို တုပနိုင်သလဲ။

  • ဘုရင်ဒါဝိဒ်ရဲ့ ချုပ်တည်းမှုကို ဘယ်လို တုပနိုင်သလဲ။

၁။ လောကရဲ့ တစ်ကိုယ်ကောင်းစိတ်က ကျွန်တော်တို့ရဲ့ နှိမ့်ချမှုကို ဘယ်လို ထိခိုက်နိုင်သလဲ။

ကျမ်းစာကနေ သိလာတာတွေကို လိုက်နာဖို့ ဘာကြောင့် ခက်သလဲ။ မှန်ရာကိုလုပ်ဖို့ နှိမ့်ချမှု လိုတဲ့အပြင် နှိမ့်ချဖို့ ခက်လို့ပဲ။ ဒီ “နောက်ဆုံးကာလ” မှာ ‘ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်တဲ့သူ၊ ငွေကိုတပ်မက်သူ၊ ဝါကြွားသူ၊ မောက်မာသူ၊ မချုပ်တည်းနိုင်သူတွေ’ ပြည့်နေတယ်။ (၂ တိ. ၃:၁-၃) ဘုရားသခင့်ကျေးကျွန်တွေဟာ တစ်ကိုယ်ကောင်းဆန်တဲ့ လုပ်ရပ်တွေကို ရွံမုန်းပေမဲ့ တစ်ကိုယ်ကောင်းဆန်သူတွေ ကောင်းစားတာကိုတော့ မနာလိုဖြစ်မိနိုင်တယ်။ (ဆာ. ၃၇:၁။ ၇၃:၃) ‘ကိုယ်ကျိုးထက် သူတစ်ပါးအကျိုး ဦးစားပေးတာ အကျိုးရှိရဲ့လား။ “နှိမ့်ချ” နေရင် လူတွေ လေးစားပါ့မလား’ လို့တောင် တွေးမိနိုင်တယ်။ (လု. ၉:၄၈) လောကရဲ့ တစ်ကိုယ်ကောင်းစိတ်ဝင်လာရင် အသင်းတော်မှာ မေတ္တာစိတ် ပျောက်ပြီး ခရစ်ယာန်မပီသသူတွေ ဖြစ်သွားနိုင်တယ်။ ဒါပေမဲ့ ကျမ်းစာမှာပါတဲ့ ပုံနမူနာကောင်းတွေကို လေ့လာပြီး တုပမယ်ဆိုရင် အကျိုးရနိုင်ပါတယ်။

၂။ ဘုရားသခင်ရဲ့ သစ္စာရှိကျေးကျွန်တွေက ကျွန်တော်တို့ကို ဘယ်လို အကျိုးပြုနိုင်သလဲ။

၂ သစ္စာရှိသူတွေကို တုပချင်ရင် သူတို့ရဲ့ လုပ်ရပ်တွေကို ရှာဖွေလေ့လာရမယ်။ သူတို့ ဘယ်လိုနည်းနဲ့ ဘုရားရဲ့မိတ်ဆွေ ဖြစ်ပြီး မျက်နှာသာရခဲ့သလဲ။ အလိုတော်ဆောင်ဖို့ အစွမ်းခွန်အား ဘယ်လိုရခဲ့သလဲ။ အဲဒါတွေကို လေ့လာတာက ဘုရားရေးရာ တိုးတက်မှုအတွက် မရှိမဖြစ် လိုအပ်တယ်။

အချိန်တန်အစာဆိုတာ အချက်အလက်တွေသာ မဟုတ်

၃၊ ၄။ (က) အချိန်တန်အစာကို ဘယ်နည်းတွေနဲ့ ရနေသလဲ။ (ခ) အချိန်တန်အစာမှာ အသိပညာ ဆည်းပူးရုံထက်မက ပါဝင်တယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။

၃ ကျမ်းစာ၊ ကျမ်းစာစာပေ၊ jw.org၊ JW ရုပ်သံ၊ အစည်းအဝေး၊ အစည်းအဝေးပွဲတွေကနေ အကြံဉာဏ်ကောင်းနဲ့ လေ့ကျင့်မှုတွေ ရကြတယ်။ ဒါပေမဲ့ ယောဟန် ၄:၃၄ မှာပါတဲ့ ယေရှုရဲ့စကားအရ အချိန်တန်အစာမှာ အသိပညာ ဆည်းပူးရုံထက်မက ပါဝင်တယ်။ “ကျွန်တော့်ကို စေလွှတ်တဲ့အရှင်ရဲ့ အလိုတော်ကို ဆောင်တာ၊ သူခိုင်းထားတဲ့ အလုပ်ကို ပြီးစီးအောင် လုပ်တာဟာ ကျွန်တော့်အတွက် စားစရာပဲ” လို့ ယေရှုပြောတယ်။

၄ ယေရှုပြောတဲ့ စားစရာထဲမှာ ဘုရားညွှန်ကြားချက်အတိုင်း လိုက်လျှောက်ခြင်း ပါဝင်တယ်။ ဘာကြောင့် စားစရာနဲ့ ခိုင်းနှိုင်းထားတာလဲ။ အာဟာရရှိတဲ့ အစာက ခန္ဓာကိုယ်ကို အားရှိစေသလို ဘုရားအလိုတော်ဆောင်ခြင်းက စိတ်နှလုံးနဲ့ ယုံကြည်ခြင်းကို အားရှိစေတယ်။ လယ်ကွင်းစုဆုံမှုကို စိတ်မပါ့တပါ ရောက်သွားပေမဲ့ အမှုဆောင်ပြီးတဲ့အခါ အားတက်လန်းဆန်းလာတာ အကြိမ်ကြိမ်ပဲ မဟုတ်လား။

၅။ ဉာဏ်ပညာရှိရှိ လုပ်ဆောင်ရင် ဘာအကျိုးရမလဲ။

၅ ဘုရားသခင့် ညွှန်ကြားချက်အတိုင်း လိုက်လျှောက်ခြင်းက ဉာဏ်ပညာရှိတယ်။ (ဆာ. ၁၀၇:၄၃) ဉာဏ်ပညာရှိရှိ လုပ်ဆောင်ရကျိုး နပ်ပါတယ်။ “လိုချင်သမျှထဲမှာ ဉာဏ်ပညာနဲ့ယှဉ်နိုင်တာ တစ်ခုမှ မရှိဘူး။ . . . ဉာဏ်ပညာဟာ ဆုပ်ကိုင်ထားသူအတွက် အသက်ပင်ပဲ။ မလွှတ်တမ်း ကိုင်စွဲထားသူတွေကို ပျော်ရွှင်ချမ်းမြေ့သူတွေလို့ သတ်မှတ်ကြလိမ့်မယ်။” (ပညာ. ၃:၁၃-၁၈) “ဒါတွေကို ခင်ဗျားတို့ သိထားပြီဆိုတော့ သိတဲ့အတိုင်း လုပ်မယ်ဆိုရင် ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်” လို့ ယေရှုပြောတယ်။ (ယော. ၁၃:၁၇) ယေရှု ညွှန်ကြားတဲ့အတိုင်း လိုက်နာမယ်ဆိုရင် တပည့်တွေ ထာဝစဉ် ပျော်ရွှင်ပါလိမ့်မယ်။ တပည့်တွေဟာ တစ်ကြိမ်လောက်သာ မဟုတ်ဘဲ ဘဝတစ်လျှောက်လုံး လိုက်နာခဲ့ကြတယ်။

၆။ မှန်ရာကို ဘာကြောင့် စွဲစွဲမြဲမြဲ လုပ်ဆောင်ရမလဲ။

၆ ဒီနေ့အချိန်မှာလည်း မှန်ရာကို စွဲစွဲမြဲမြဲ လုပ်ဆောင်ဖို့ အရေးကြီးတယ်။ ဥပမာ၊ စက်ပြင်သမားတစ်ယောက်မှာ ပစ္စည်းကိရိယာတွေ ရှိပြီး ပြင်တဲ့နည်းတွေကို သိထားပေမဲ့ အသုံးချမှ အကျိုးရနိုင်မယ်။ ဘယ်လောက်ပဲ အတွေ့အကြုံ ရှိထားပါစေ ဆက်လုပ်နေမှ ပိုကျွမ်းကျင်အောင်မြင်နိုင်မယ်။ အလားတူပဲ ကျမ်းစာကနေ သိလာတာတွေကို ကျင့်သုံးရင် ပျော်ရွှင်မယ်။ ဒါပေမဲ့ အမြဲပျော်ရွှင်နိုင်ဖို့ ယေဟောဝါရဲ့ ညွှန်ကြားချက်တွေကို နေ့တိုင်း နှိမ့်ချစွာ လိုက်နာရမယ်။

၇။ ဉာဏ်ပညာရှိဖို့ ကျမ်းစာ ပုံနမူနာတွေကို ဘာလုပ်ရမလဲ။

၇ နှိမ့်ချမှု စမ်းသပ်ခံရနိုင်တဲ့ အခြေအနေတချို့နဲ့ ရှေးခေတ် သစ္စာရှိသူတွေ ဘယ်လို အောင်မြင်ကျော်လွှားခဲ့ကြောင်း သုံးသပ်ကြည့်ကြစို့။ အချက်အလက်တွေကို သုံးသပ်ရုံနဲ့ ယုံကြည်ခြင်း ခိုင်ခံ့လာမှာ မဟုတ်ဘူး။ ဒါကြောင့် ကိုယ်တိုင်ကျင့်သုံးနိုင်ပုံကို စဉ်းစားပြီး ချက်ချင်း ကျင့်သုံးပါ။

တန်းတူ ရှုမြင်ပါ

၈၊ ၉။ တမန်တော် ၁၄:၈-၁၅ ကနေ တမန်တော်ပေါလုရဲ့ နှိမ့်ချမှုအကြောင်း ဘာသိရသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။)

၈ ‘လူအမျိုးမျိုး ကယ်တင်ခြင်း ရဖို့၊ အမှန်တရားအကြောင်း တိကျမှန်ကန်စွာ သိဖို့’ ဘုရား အလိုရှိတယ်။ (၁ တိ. ၂:၄) အမှန်တရား မသိသေးသူတွေကို သင် ဘယ်လို ရှုမြင်သလဲ။ တမန်တော်ပေါလုဟာ ဘုရားသခင်အကြောင်း အနည်းအကျဉ်း သိထားတဲ့ ဂျူးတွေကိုသာမက နတ်ဘုရားကိုးကွယ်သူတွေကိုပါ ဟောခဲ့တယ်။ ဒါက ပေါလုရဲ့ နှိမ့်ချမှုကို စမ်းသပ်ခဲ့တယ်။

၉ ပေါလုရဲ့ ပထမသာသနာပြုခရီးမှာ လုကောနိလူတွေက ပေါလုနဲ့ ဗာနဗကို ဇုသနဲ့ ဟေရမေ နတ်ဘုရား ဝင်စားတဲ့ လူစွမ်းကောင်းတွေလို့ အထင်မှားကြတယ်။ ဒီထင်ပေါ်မှုကို ပေါလုနဲ့ ဗာနဗ သာယာနေသလား။ ဒီ့မတိုင်ခင် မြို့နှစ်မြို့မှာ နှိပ်စက်ညှဉ်းပန်းခံခဲ့ရလို့ အခုတော့ အေးဆေးသွားပြီလို့ သဘောထားသလား။ ဒီလိုထင်ပေါ်တာက သတင်းကောင်းကို ပိုပျံ့နှံ့စေမယ်လို့ စဉ်းစားသလား။ မစဉ်းစားခဲ့ဘူး။ ချက်ချင်း အဝတ်ကို ဆွဲဆုတ်၊ လူအုပ်ကြားထဲ ပြေးဝင်ပြီး “ဘာလို့ ဒီလိုလုပ်တာလဲ။ ကျွန်တော်တို့လည်း အမှားမကင်းတဲ့ လူသားတွေပါပဲ” လို့ပြောတယ်။—တ. ၁၄:၈-၁၅။

၁၀။ ပေါလုနဲ့ ဗာနဗဟာ လုကောနိလူတွေကို တန်းတူရှုမြင်ကြောင်း ဘယ်နည်းနဲ့ ဖော်ပြသလဲ။

၁၀ အမှားမကင်းသူတွေဖြစ်တယ်လို့ ပေါလုနဲ့ ဗာနဗ ပြောတာက အယူမှားသူတွေနဲ့ ဝတ်ပြုကိုးကွယ်ပုံချင်း အတူတူပဲလို့ ဆိုလိုနေတာ မဟုတ်ဘူး။ ပေါလုနဲ့ ဗာနဗဟာ အထူးတာဝန်ရထားတဲ့ သာသနာပြုတွေပါ။ (တ. ၁၃:၂) သန့်ရှင်းသောစွမ်းအားတော်နဲ့ ဘိသိက်ပေးခံရပြီး ကောင်းကင်မျှော်လင့်ချက် ရှိသူတွေပါ။ ဒါပေမဲ့ တခြားသူတွေထက် သာတယ်ဆိုတဲ့သဘောထား မရှိဘူး။ လုကောနိလူတွေ သတင်းကောင်းကို လက်ခံရင် အလားတူအကျိုးတွေ ရနိုင်မှန်း ပေါလုနဲ့ ဗာနဗ သိတယ်။

၁၁။ ဟောပြောခြင်းလုပ်ငန်းမှာ ပေါလုရဲ့ နှိမ့်ချမှုကို ဘယ်လို တုပနိုင်သလဲ။

၁၁ ပေါလုရဲ့ နှိမ့်ချမှုကို ဘယ်လို တုပနိုင်သလဲ။ ပထမ၊ ယေဟောဝါရဲ့ အစွမ်းခွန်အားကြောင့် အောင်မြင်တာကို ကိုယ်ချီးမွမ်းခံရဖို့ မမျှော်လင့်သင့်ဘူး၊ လက်မခံသင့်ဘူး။ ‘ငါဟောပြောတဲ့လူတွေကို ဘယ်လို ရှုမြင်သလဲ။ လူတချို့နဲ့ပတ်သက်ပြီး ဒေသရဲ့ ဘက်လိုက်မှုတွေ ငါ့မှာ ရှိနေသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ ချီးမွမ်းစရာက ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ယေဟောဝါသက်သေတွေဟာ ကိုယ့်ဒေသမှာ သတင်းကောင်း လက်ခံမယ့်သူတွေကို ဆက်ရှာဖွေနေကြတယ်။ တချို့ဆိုရင် လူ့အဖွဲ့အစည်း ဝိုင်းပယ်ထားသူတွေရဲ့ ဘာသာစကား၊ ယဉ်ကျေးမှုတွေကို လေ့လာသင်ယူကြတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် သူတို့ထက် ပိုသာတယ်လို့ မယူမှတ်ကြဘူး။ အဲဒီအစား တစ်ယောက်စီကို နားလည်ပေးပြီး သတင်းကောင်းဟောနိုင်ဖို့ ကြိုးစားကြတယ်။

တခြားသူတွေအတွက် နာမည်နဲ့တကွ ဆုတောင်းပေးပါ

၁၂။ ဧပဖြ တစ်ကိုယ်ကောင်းမဆန်ကြောင်း ဘယ်လို ဖော်ပြခဲ့သလဲ။

၁၂ ဘုရားသခင့် ညွှန်ကြားချက်ကို နှိမ့်ချစွာ လိုက်လျှောက်ကြောင်း ပြနိုင်တဲ့ နောက်တစ်နည်းက “တန်ဖိုးကြီးတဲ့ ယုံကြည်ခြင်းကို ရထား” သူတွေအတွက် ဆုတောင်းပေးခြင်းပါပဲ။ (၂ ပေ. ၁:၁) ဧပဖြ အဲဒီလို လုပ်ဆောင်ခဲ့တယ်။ ပေါလုရေးတဲ့စာတွေမှာ သူ့အကြောင်း သုံးကြိမ် ဖော်ပြထားတယ်။ ရောမမြို့မှာ ပေါလု အကျဉ်းကျနေတုန်း ကောလောသဲမြို့က ခရစ်ယာန်တွေဆီ “ခင်ဗျားတို့အတွက် [ဧပဖြ] ထက်ထက်သန်သန် ဆုတောင်းပေးနေတယ်” လို့ ရေးတယ်။ (ကော. ၄:၁၂) ညီအစ်ကိုတွေကို ဧပဖြ ကောင်းကောင်း သိပြီး ဂရုစိုက်တယ်။ ပေါလုနဲ့ “အတူအကျဉ်းကျနေ” ပေမဲ့ တခြားသူတွေရဲ့ ဘုရားရေးရာလိုအပ်ချက်တွေကို ဂရုစိုက်ပေးတယ်။ (ဖိလေ. ၂၃) တစ်ကိုယ်ကောင်းမဆန်တဲ့ လုပ်ရပ်ပါပဲ။ ညီအစ်ကို/မတွေအတွက် နာမည်နဲ့တကွ ဆုတောင်းပေးတာဟာ အလွန် အစွမ်းထက်ပါတယ်။—၂ ကော. ၁:၁၁။ ယာ. ၅:၁၆။

၁၃။ ဆုတောင်းတဲ့အခါ ဧပဖြကို ဘယ်လို တုပနိုင်သလဲ။

၁၃ နာမည်နဲ့တကွ သင် ဆုတောင်းပေးနိုင်သူတွေကို စဉ်းစားကြည့်ပါ။ ဧပဖြလိုပဲ ညီအစ်ကို/မများစွာဟာ တာဝန်ကြီးတွေ ထမ်းဆောင်နေရတဲ့၊ သွေးဆောင်မှု ကြုံနေရတဲ့ အသင်းတော်သားတွေ၊ မိသားစုဝင်တွေအတွက် ဆုတောင်းပေးကြတယ်။ jw.org ထဲက “ယုံကြည်ချက်ကြောင့် ထောင်ကျနေတဲ့ ယေဟောဝါသက်သေများ” ဆောင်းပါးမှာ ဖော်ပြထားသူတွေအတွက် နာမည်နဲ့တကွ ဆုတောင်းပေးကြတယ်။ (သတင်းကဏ္ဍ > တရားရေးရာဖြစ်စဉ်များမှာကြည့်ပါ။) ချစ်ရသူ သေဆုံးသွားလို့ ပူဆွေးနေသူတွေ၊ သဘာဝဘေး၊ စစ်ဘေးကနေ လွတ်မြောက်လာသူတွေ၊ စီးပွားရေး ခက်ခဲသူတွေကိုလည်း သတိရသင့်တယ်။ ဆုတောင်းပေးဖို့ လိုအပ်နေတဲ့ ညီအစ်ကို/မများစွာ ရှိတယ်။ သူတို့အတွက် ဆုတောင်းပေးခြင်းအားဖြင့် ကိုယ့်အကျိုးကိုသာ အာရုံမစိုက်ဘဲ သူတစ်ပါးအကျိုးကိုလည်း ထည့်စဉ်းစားပေးကြောင်း ဖော်ပြနိုင်တယ်။ (ဖိ. ၂:၄) အဲဒီလိုဆုတောင်းချက်တွေကို ယေဟောဝါ နားထောင်တယ်။

‘နားထောင်ဖို့ အမြဲ အသင့်ဖြစ်နေပါ’

၁၄။ နားထောင်ပေးရာမှာ ယေဟောဝါ ဘယ်လို အကောင်းဆုံး ပုံသက်သေပြခဲ့သလဲ။

၁၄ နှိမ့်ချမှု ပြနိုင်တဲ့ နောက်တစ်နည်းကတော့ နားထောင်ဖို့ လိုလိုလားလားရှိခြင်း ဖြစ်တယ်။ “နားထောင်ဖို့ အမြဲ အသင့်ဖြစ်နေရမယ်” လို့ ယာကုပ် ၁:၁၉ မှာ ပြောတယ်။ ဒီကဏ္ဍမှာ ယေဟောဝါကိုယ်တိုင် အကောင်းဆုံး ပုံသက်သေပြခဲ့တယ်။ (က. ၁၈:၃၂။ ယောရှု ၁၀:၁၄) ထွက်မြောက်ရာ ၃၂:၁၁-၁၄ (ဖတ်ပါ) မှာပါတဲ့ မှတ်တမ်းကနေ ဘာသင်ယူနိုင်ကြောင်း သုံးသပ်ကြည့်ပါ။ မောရှေရဲ့ အကြံဉာဏ်ကို ယေဟောဝါ မလိုပေမဲ့ သူ့ခံစားချက်ကို ထုတ်ပြောဖို့ အခွင့်အရေးပေးခဲ့တယ်။ အတွေးအခေါ် မှားနေသူ ပြောတာကို ဘယ်သူက အကြာကြီး နားထောင်ပြီး လိုက်လုပ်ပေးချင်မှာလဲ။ ယေဟောဝါကတော့ ယုံကြည်ခြင်းနဲ့ ဆုတောင်းသူတွေကို စိတ်ရှည်စွာ နားထောင်ပေးတယ်။

၁၅။ တခြားသူတွေကို ဂုဏ်တင်ရာမှာ ယေဟောဝါကို ဘယ်လို တုပနိုင်သလဲ။

၁၅ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးသင့်တယ်– ‘ယေဟောဝါဟာ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး အာဗြဟံ၊ ရာခေလ၊ မောရှေ၊ ယောရှု၊ မာနော်၊ ဧလိယ၊ ဟေဇကိတို့ကို နားထောင်ပေးတယ်ဆိုရင် ငါလည်း အဲဒီလို လုပ်သင့်တယ် မဟုတ်လား။ ညီအစ်ကိုတွေရဲ့ အကြံဉာဏ်ကောင်းတွေကို နားထောင်ပြီး ဖြစ်နိုင်တဲ့အခါ အဲဒီအတိုင်း လုပ်ခြင်းအားဖြင့် ဂုဏ်တင်သင့်တယ် မဟုတ်လား။ အသင်းတော်မှာ၊ မိသားစုမှာ ဘယ်သူတွေ ဂရုစိုက်မှု လိုနေသလဲ။ ငါ ဘာလုပ်ပေးသင့်သလဲ။’—က. ၃၀:၆။ သူကြီး. ၁၃:၉။ ၁ ဘု. ၁၇:၂၂။ ၂ ရာ. ၃၀:၂၀။

“ငါ့ဒုက္ခကို ယေဟောဝါဘုရား မြင်မှာပါ”

ရှိမိကို ဘာမှမလုပ်ဖို့ အဘိရှဲကို ဘုရင်ဒါဝိဒ်ပြော

“ရှိပါစေတော့” လို့ ဒါဝိဒ် ပြောခဲ့တယ်။ သင်ကော (အပိုဒ် ၁၆၊ ၁၇ ကိုကြည့်ပါ)

၁၆။ ရှိမိကြောင့် ဒေါသထွက်တဲ့အခါ ဘုရင်ဒါဝိဒ် ဘယ်လို တုံ့ပြန်သလဲ။

၁၆ ဒေါသထွက်တဲ့အခါ ချုပ်တည်းနိုင်ဖို့ နှိမ့်ချမှုက ကူညီပေးတယ်။ (ဧ. ၄:၂) ထူးခြားတဲ့ ပုံနမူနာကို ၂ ရှမွေလ ၁၆:၅-၁၃ (ဖတ်ပါ) မှာ တွေ့နိုင်တယ်။ ဒါဝိဒ်နဲ့ သူ့ကျွန်တွေဟာ ဘုရင်ရှောလုရဲ့ ဆွေမျိုး ရှိမိရဲ့ ကဲ့ရဲ့ရှုတ်ချမှု၊ ကိုယ်ထိလက်ရောက် စော်ကားမှုကို ခံခဲ့ရတယ်။ ဒါဝိဒ်မှာ အာဏာရှိပေမဲ့ သည်းခံခဲ့တယ်။ ဘယ်နည်းနဲ့လဲ။ ဆာလံအခန်းကြီး ၃ မှာ အဖြေ တွေ့နိုင်တယ်။

၁၇။ စိတ်ချုပ်တည်းဖို့ ဒါဝိဒ်ကို ဘာက ကူညီပေးသလဲ။ ဒါဝိဒ်ကို ဘယ်လို တုပနိုင်သလဲ။

၁၇ ဆာလံအခန်းကြီး ၃ ရဲ့ ထိပ်စီးမှာ “သားအဗရှလုံကြောင့် ထွက်ပြေးရချိန်မှာ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း” လို့ ဖော်ပြထားတယ်။ အခန်းငယ် ၁ နဲ့ ၂ က ရှမွေလဒုတိယစောင် အခန်းကြီး ၁၆ ပါ ဖြစ်ရပ်တွေနဲ့ ဆက်စပ်တယ်။ ဆာလံ ၃:၄ မှာ “ယေဟောဝါကို ငါအော်ခေါ်မယ်။ သန့်ရှင်းတဲ့တောင်ပေါ်ကနေ ဘုရားပြန်ထူးမှာပဲ” လို့ ဒါဝိဒ်ပြောတယ်။ ကျွန်တော်တို့လည်း ကဲ့ရဲ့စော်ကားခံရတဲ့အခါ ဆုတောင်းနိုင်တယ်။ ခံရပ်နိုင်ဖို့ သန့်ရှင်းသောစွမ်းအားတော်ကို ယေဟောဝါ ပေးမယ်။ ချုပ်တည်းဖို့၊ အကြွင်းမဲ့ ခွင့်လွှတ်ဖို့ လိုအပ်တဲ့ အခြေအနေ ရှိနေသလား။ သင့်ဒုက္ခကို ယေဟောဝါ မြင်ပြီး ကောင်းချီးပေးမယ်ဆိုတာ စိတ်ချသလား။

“ဉာဏ်ပညာဟာ အရေးကြီးဆုံးပဲ”

၁၈။ ဘုရားသခင့် ညွှန်ကြားချက်အတိုင်း လိုက်လျှောက်ရင် ဘာအကျိုး ရမလဲ။

၁၈ မှန်ရာကို လုပ်ဆောင်ခြင်းက ကောင်းချီးများစွာ ရရှိစေတယ်။ “ဉာဏ်ပညာဟာ အရေးကြီးဆုံးပဲ” လို့ ပညာအလိမ္မာ ၄:၇ မှာ ပြောတယ်။ ဉာဏ်ပညာဟာ အသိပညာကို အခြေခံပေမဲ့ အချက်အလက်တွေကို သိရုံသာမက သိတဲ့အတိုင်း ဆုံးဖြတ်လုပ်ဆောင်ခြင်း ပါဝင်တယ်။ ပုရွက်ဆိတ်တွေမှာတောင် ဉာဏ်ပညာရှိတယ်။ နွေရာသီမှာ အစားအစာ စုဆောင်းတာကို ကြည့်ရင် ပင်ကိုဉာဏ်ရှိကြောင်း သိနိုင်တယ်။ (ပညာ. ၃၀:၂၄၊ ၂၅) “ဘုရားသခင့် ဉာဏ်ပညာ” ဖြစ်တဲ့ ခရစ်တော်ဟာ ဘုရားနှစ်သက်ရာကို အမြဲ လုပ်ဆောင်တယ်။ (၁ ကော. ၁:၂၄။ ယော. ၈:၂၉) မှန်မှန်ကန်ကန် ရွေးချယ်ခြင်းနဲ့ ရွေးချယ်တဲ့အတိုင်း လုပ်ဆောင်ခြင်း ကွာခြားမှန်း ဘုရား သိတယ်။ ခံနိုင်ရည်ရှိရှိ နှိမ့်ချမှု ပြသူတွေ၊ မှန်ရာလုပ်ဆောင်သူတွေကို ဆုချတယ်။ (မဿဲ ၇:၂၁-၂၃ ကိုဖတ်ပါ။) ဒါကြောင့် အသင်းတော်မှာ စစ်မှန်တဲ့ နှိမ့်ချမှု တိုးပွားစေပါ။ မှန်ရာကို ကျင့်သုံးဖို့ အချိန်နဲ့ စိတ်ရှည်မှု လိုပေမဲ့ အခုနဲ့ ထာဝစဉ် ပျော်ရွှင်ရပါလိမ့်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ