ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၃၀ စာ. ၇၄-စာ. ၇၅ ပိုဒ်. ၉
  • ယေရှုနဲ့ သူ့ဖခင်ရဲ့ ဆက်ဆံရေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုနဲ့ သူ့ဖခင်ရဲ့ ဆက်ဆံရေး
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • စွပ်စွဲသူတို့အား ချေပတော်မူခြင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ခရစ်တော်–ပရောဖက်ပြုချက်၏ အာရုံစိုက်ရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ယောဟန် ၁၄:၆—“ကျွန်တော်ဟာ လမ်းခရီးဖြစ်တယ်။ အမှန်တရားလည်းဖြစ်တယ်။ အသက်လည်းဖြစ်တယ်။”
    ကျမ်းပိုဒ် ရှင်းပြချက်များ
  • ယေရှုဆီကနေ ယောဟန်သိချင်တဲ့အရာ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၃၀ စာ. ၇၄-စာ. ၇၅ ပိုဒ်. ၉
ဥပုသ်ပညတ် ချိုးဖောက်တယ်လို့ ယေရှုကို ဂျူးတွေစွပ်စွဲနေ

အခန်း ၃၀

ယေရှုနဲ့ ဖခင်ရဲ့ ဆက်ဆံရေး

ယောဟန် ၅:၁၇-၄၇

  • ဘုရားသခင်ဟာ ယေရှုရဲ့ဖခင်ဖြစ်

  • ရှင်ပြန်ထမြောက်ခြင်း ကတိတော်

လူတစ်ယောက်ကို ကုသပေးတဲ့အတွက် ဥပုသ်ပညတ်ကို ချိုးဖောက်တာပဲလို့ ဂျူးတချို့ စွပ်စွဲတဲ့အခါ ယေရှုက “ကျွန်တော့်ရဲ့ အဖဘုရားဟာ အခုချိန်ထိ အလုပ်လုပ်နေတုန်းပဲ။ ကျွန်တော်လည်း အလုပ်လုပ်မှာပဲ” လို့ပြန်ပြောတယ်။—ယောဟန် ၅:၁၇။

တကယ်တော့ ယေရှုက ဥပုသ်နေ့နဲ့ ပတ်သက်တဲ့ ဘုရားပညတ်ကို ချိုးဖောက်နေတာ မဟုတ်ဘူး။ သူ့ရဲ့ဟောပြောခြင်းနဲ့ ကုသခြင်းက ဘုရားပြုလုပ်တဲ့ ကောင်းမှုတွေကို တုပနေတာ။ ဒါကြောင့် ယေရှုဟာ ကောင်းမှုတွေကို နေ့တိုင်းလုပ်တယ်။ ဒါပေမဲ့ သူပြန်ပြောတဲ့စကားကြောင့် စွပ်စွဲသူတွေ ပိုဒေါသထွက်လာပြီး သူ့ကိုသတ်ဖို့တောင် ကြံစည်ကြတယ်။ ဘာကြောင့်လဲ။

ဥပုသ်ပညတ်ကို ယေရှု ချိုးဖောက်နေတယ်လို့ သူတို့ တလွဲယူဆတဲ့အပြင် သူ့ကိုယ်သူ ဘုရားရဲ့သားဆိုပြီး ပြောလို့လည်း အကြီးအကျယ် ဒေါသထွက်ကြတယ်။ ယေဟောဝါဘုရားကို ဖခင်လို့ ပြောလိုက်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဘုရားနဲ့တန်းတူဖြစ်အောင် လုပ်တယ်၊ ဘုရားကို စော်ကားတယ်လို့ ထင်ကြတယ်။ ယေရှုကတော့ ဘုရားနဲ့ သူ့ရဲ့ အထူးဆက်ဆံရေးအကြောင်းကို မကြောက်မရွံ့ အခုလို ထပ်ရှင်းပြတယ်– “အဖဘုရားက သားတော်ကို ချစ်ခင်တွယ်တာလို့ မိမိလုပ်ဆောင်သမျှ သားတော်ကို ပြတယ်။”—ယောဟန် ၅:၂၀၊။

အဖဘုရားဟာ အသက်ပေးရှင်ဖြစ်တယ်။ အတိတ်တုန်းကလည်း လူတွေကိုတန်ခိုးပေးပြီး သေလွန်သူတွေကို အသက်ပြန်ရှင်စေခဲ့တယ်။ ဒါကြောင့် “အဖဘုရားက သေလွန်သူတွေကို အသက်ပြန်ရှင်စေသလို သားတော်ကလည်း အလိုရှိတဲ့သူကို အသက်ပြန်ရှင်အောင် လုပ်ပေးမှာပဲ” လို့ ယေရှုပြောတယ်။ (ယောဟန် ၅:၂၁) ဒီစကားတွေက တကယ့်ကို အဓိပ္ပာယ်ရှိတဲ့အပြင် အနာဂတ်အတွက်လည်း မျှော်လင့်ချက်ရှိစေတယ်။ အခုချိန်မှာတောင် သားတော်က ပုံဆောင်သဘောအရ သေနေသူတွေကို အသက်ပြန်ရှင်အောင် လုပ်ပေးနေတယ်။ “ကျွန်တော့်စကားကို ကြားနာပြီး ကျွန်တော့်ကိုစေလွှတ်တဲ့အရှင်ကို ယုံကြည်ရင် ထာဝရအသက် ရလိမ့်မယ်။ တရားစီရင်မခံရဘဲ သေခြင်းကို ကျော်လွန်ပြီး အသက်ကို ရလိမ့်မယ်” လို့ ယေရှုပြောတယ်။—ယောဟန် ၅:၂၄။

ဒီအချိန်ထိတော့ သေလွန်သူတွေကို ယေရှုပြန်ရှင်စေတယ်ဆိုတဲ့ မှတ်တမ်းမရှိသေးပေမဲ့ ရှင်ပြန်ထမြောက်ခြင်း တကယ်ဖြစ်လာမယ်ဆိုတာ စွပ်စွဲသူတွေကို အခုလို ပြောပြတယ်– “သင်္ချိုင်းဂူတွေမှာ ရှိနေသူအားလုံး သားတော်ရဲ့အသံကို ကြားပြီး ထွက်လာမယ့်အချိန် ရောက်လာတော့မယ်။”—ယောဟန် ၅:၂၈၊ ၂၉။

ယေရှုရဲ့အခန်းကဏ္ဍဟာ ထူးခြားတာ မှန်ပေမဲ့ သူဟာ ဘုရားရဲ့ လက်အောက်ခံဖြစ်မှန်း အခုလို ရှင်းပြတယ်– “ကျွန်တော်က ကိုယ်တိုင်အစပြုပြီး ဘာတစ်ခုမှ မလုပ်ဘူး။ ကိုယ့်ဆန္ဒအတိုင်း မလုပ်ဘဲ ကျွန်တော့်ကို စေလွှတ်တဲ့အရှင်ရဲ့ ဆန္ဒအတိုင်းပဲ လုပ်တယ်။” (ယောဟန် ၅:၃၀) ယေရှုက ဘုရားရဲ့ရည်ရွယ်ချက်မှာ သူ့ရဲ့အဓိကအခန်းကဏ္ဍအကြောင်း အခုလိုမျိုး လူရှေ့သူရှေ့ တစ်ခါမှ မပြောဖူးသေးဘူး။ ဒါပေမဲ့ စွပ်စွဲသူတွေဟာ ယေရှုသက်သေခံတာထက် ပိုသိထားကြတယ်။ “ခင်ဗျားတို့ ယောဟန်ဆီ လူလွှတ်လိုက်သားပဲ။ သူက အမှန်တရားဘက်ကနေ သက်သေခံခဲ့တယ်” လို့ ယေရှုပြောတယ်။—ယောဟန် ၅:၃၃။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဂျူးဘာသာရေး ခေါင်းဆောင်တွေကို ယောဟန်က သူ့နောက်မှာရောက်လာမယ့် “ပရောဖက်၊” “ခရစ်တော်” အကြောင်း ပြောခဲ့တာကို စွပ်စွဲသူတွေ ကြားဖူးမှာပဲ။ (ယောဟန် ၁:၂၀-၂၅) အခုထောင်ကျနေတဲ့ ယောဟန်ကို တစ်ချိန်က သူတို့ လေးစားခဲ့တာနဲ့ ပတ်သက်ပြီး “ခင်ဗျားတို့က သူ့ရဲ့အလင်းမှာ ခဏတာတော့ ပျော်ရွှင်ချင်ကြတယ်” လို့ ယေရှုပြောတယ်။ (ယောဟန် ၅:၃၅) တကယ်တော့ ယောဟန်ထက် ပိုကြီးမြတ်တဲ့ သက်သေခံချက် ယေရှုဆီမှာရှိတယ်။

“[အခုလေးတင် လုပ်ခဲ့တဲ့ ကုသခြင်း အပါအဝင်] ကျွန်တော်လုပ်နေတဲ့ ဒီအလုပ်တွေ ကိုယ်နှိုက်ဟာ ကျွန်တော့်ကို အဖဘုရား စေလွှတ်တယ်ဆိုတဲ့ သက်သေပဲ။ ကျွန်တော့်ကိုစေလွှတ်တဲ့ အဖဘုရားကိုယ်တိုင်လည်း ကျွန်တော့်သက်သေပဲ” လို့ ယေရှုပြောတယ်။ (ယောဟန် ၅:၃၆၊ ၃၇) ဥပမာအနေနဲ့ ယေရှုနှစ်ခြင်းခံချိန်မှာ ဘုရားကိုယ်တိုင် သက်သေခံခဲ့တယ်။—မဿဲ ၃:၁၇။

မှန်ပါတယ်၊ စွပ်စွဲသူတွေမှာ ယေရှုကို ငြင်းပယ်ဖို့ ဘာအကြောင်းပြချက်မှ မရှိဘူး။ သူတို့ဖတ်ရှုလေ့လာတဲ့ ကျမ်းစောင်တွေကိုယ်နှိုက်က ယေရှုအကြောင်း သက်သေခံတယ်။ ဒါကြောင့် “မောရှေကိုယုံရင် ကျွန်တော့်ကိုလည်း ယုံရမှာပေါ့။ မောရှေက ကျွန်တော့်အကြောင်း ရေးခဲ့သားပဲ။ သူရေးခဲ့တာကို မယုံရင် ကျွန်တော်ပြောတာကို ခင်ဗျားတို့ ဘယ်လိုလုပ် ယုံနိုင်ကြမှာလဲ” ဆိုပြီး နိဂုံးချုပ်လိုက်တယ်။—ယောဟန် ၅:၄၆၊ ၄၇။

  • ဥပုသ်နေ့မှာ ယေရှုပြုလုပ်တဲ့ ကောင်းမှုတွေက ဥပုသ်ပညတ်ကို ချိုးဖောက်ရာ မရောက်ဘူးလို့ ဘာကြောင့် ပြောနိုင်သလဲ။

  • ယေရှုက ဘုရားရဲ့ရည်ရွယ်ချက်မှာ သူ့ရဲ့ အဓိကအခန်းကဏ္ဍအကြောင်း ဘယ်လို ဖော်ပြခဲ့သလဲ။

  • ယေရှုဟာ ဘုရားရဲ့သားဖြစ်မှန်း ဘာတွေက သက်သေခံသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ