ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lmd သင်ခန်းစာ ၇
  • ဇွဲရှိပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဇွဲရှိပါ
  • လူတွေကို ချစ်ပါ—တပည့် ဖြစ်စေပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပေါလု ဘာလုပ်သလဲ
  • ပေါလုဆီကနေ ဘာသင်ယူရသလဲ
  • ပေါလုကို အတုယူပါ
  • နှိမ့်ချပါ
    လူတွေကို ချစ်ပါ—တပည့် ဖြစ်စေပါ
  • တခြားသူတွေကို စိတ်ဝင်စားပါ
    လူတွေကို ချစ်ပါ—တပည့် ဖြစ်စေပါ
  • စိတ်ရှည်ပါ
    လူတွေကို ချစ်ပါ—တပည့် ဖြစ်စေပါ
  • မည်သည့်အချိန်တွင် စိတ်ဝင်စားသူများထံ ပြန်သွားမည်နည်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
နောက်ထပ် ကြည့်ပါ
လူတွေကို ချစ်ပါ—တပည့် ဖြစ်စေပါ
lmd သင်ခန်းစာ ၇

ပြန်လည်ပတ်ခြင်း

ကျောင်းခန်းမမှာ လူတစ်စုကို တမန်တော် ပေါလု သတင်းကောင်း ပြောပြနေ။

တ. ၁၉:၈-၁၀

သင်ခန်းစာ ၇

ဇွဲရှိပါ

ကျမ်းစာမူ။ “တစ်အိမ်ပြီး တစ်အိမ် သွားပြီး နေ့စဉ်မပြတ် သွန်သင်ဟောပြောကြတယ်။”—တ. ၅:၄၂။

ပေါလု ဘာလုပ်သလဲ

ကျောင်းခန်းမမှာ လူတစ်စုကို တမန်တော် ပေါလု သတင်းကောင်း ပြောပြနေ။

ဗီဒီယို။ ဧဖက်မြို့မှာ ပေါလု ဇွဲမလျှော့တမ်း ဟော

၁။ ဗီဒီယို ကြည့်ပါ။ ဒါမှမဟုတ် တမန်တော် ၁၉:၈-၁၀ ကို ဖတ်ပါ။ အဲဒီနောက် ဒီမေးခွန်းတွေ သုံးသပ်ပါ–

  1. က။ လူတချို့ ဆန့်ကျင်တဲ့အခါ ပေါလု လက်လျှော့လိုက်မယ့်အစား စိတ်ဝင်စားသူတွေကို ဘယ်လို ဇွဲရှိရှိ ကူညီပေးသလဲ။

  2. ခ။ စိတ်ဝင်စားသူတွေဆီ ပေါလု ဘယ်နှရက် တစ်ခါ သွားသလဲ။ ဘယ်လောက်ကြာကြာ အဲဒီလို သွားသလဲ။

ပေါလုဆီကနေ ဘာသင်ယူရသလဲ

၂။ ပြန်လည်ပတ်မှုတွေ ထိထိရောက်ရောက် လုပ်နိုင်ဖို့၊ ကျမ်းစာ သင်အံမှုတွေ စနိုင်ဖို့ အချိန်နဲ့ ခွန်အား စိုက်ထုတ်ဖို့ လိုတယ်။

ပေါလုကို အတုယူပါ

၃။ ကိုယ် အဆင်ပြေတဲ့အချိန် မဟုတ်ဘဲ တစ်ဖက်သား အဆင်ပြေမယ့်အချိန် သွားပါ။ ‘သူ့ကို ဆက်သွယ်ဖို့ ဘယ်အချိန် အဆင်ပြေဆုံးလဲ။ စကားပြောဖို့ ဘယ်အချိန်၊ ဘယ်နေရာက သူ့အတွက် အဆင်ပြေဆုံးလဲ’ လို့ စဉ်းစားပါ။ ကိုယ့်အတွက် အဆင်ပြေတဲ့အချိန် မဟုတ်ရင်တောင် လိုလိုလားလား သွားပါ။

၄။ အချိန်းအချက် လုပ်ပါ။ တစ်ခေါက် ဆုံပြီးတိုင်း နောက်တစ်ခေါက် ဆုံနိုင်မယ့် အချိန်ကို သတ်သတ်မှတ်မှတ် ချိန်းချက်ခဲ့ပါ။ ချိန်းတဲ့အတိုင်း ရောက်အောင် သွားပါ။

၅။ မျှော်လင့်ချက် ထားပါ။ အိမ်မှာ တွေ့ရခဲတာနဲ့ပဲ၊ အလုပ်များနေတတ်တာနဲ့ပဲ စိတ်မဝင်စားဘူးလို့ အလျင်စလို ကောက်ချက် မချပါနဲ့။ (၁ ကော. ၁၃:၄၊ ၇) ဆုံနိုင်ဖို့ ဇွဲရှိရှိ ဆက်ကြိုးစားပါ။ အချိန်ဖြုန်းရာတော့ မကျပါစေနဲ့။—၁ ကော. ၉:၂၆။

ဒီကျမ်းပိုဒ်တွေကိုလည်း ကြည့်ပါ

တ. ၁၀:၄၂။ ၁ ကော. ၉:၂၂၊ ၂၃။ ၂ ကော. ၄:၁။ ဂလ. ၆:၉

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ