ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lmd သင်ခန်းစာ ၁
  • တခြားသူတွေကို စိတ်ဝင်စားပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တခြားသူတွေကို စိတ်ဝင်စားပါ
  • လူတွေကို ချစ်ပါ—တပည့် ဖြစ်စေပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှု ဘာလုပ်သလဲ
  • ယေရှုဆီကနေ ဘာသင်ယူရသလဲ
  • ယေရှုကို အတုယူပါ
  • သဘာဝကျကျ စကားဖောင်ဖွဲ့ပါ
    လူတွေကို ချစ်ပါ—တပည့် ဖြစ်စေပါ
  • အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—⁠စကားစမြည် စပြောတာက သက်သေခံဖို့ အခွင့်အရေးရစေ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၈
  • စကားလက်ဆုံ ပြောဆိုနိုင်စွမ်းများ တိုးတက်နိုင်ပုံ
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—အလွတ်သဘော သက်သေခံနိုင်ဖို့ အစပြုစကားပြောဆိုပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
နောက်ထပ် ကြည့်ပါ
လူတွေကို ချစ်ပါ—တပည့် ဖြစ်စေပါ
lmd သင်ခန်းစာ ၁

စကားစမြည် စပြောခြင်း

ရေတွင်းမှာ အမျိုးသမီးတစ်ယောက်နဲ့ ယေရှု စကားပြောနေ။

ယော. ၄:၆-၉

သင်ခန်းစာ ၁

တခြားသူတွေကို စိတ်ဝင်စားပါ

ကျမ်းစာမူ။ “မေတ္တာဟာ . . . ကိုယ်ကျိုး မရှာတတ်ဘူး။”—၁ ကော. ၁၃:၄၊ ၅။

ယေရှု ဘာလုပ်သလဲ

ရေတွင်းမှာ အမျိုးသမီးတစ်ယောက်နဲ့ ယေရှု စကားပြောနေ။

ဗီဒီယို။ ရေလာခပ်တဲ့ အမျိုးသမီးကို ယေရှု စကားပြော

၁။ ဗီဒီယို ကြည့်ပါ။ ဒါမှမဟုတ် ယောဟန် ၄:၆-၉ ကို ဖတ်ပါ။ အဲဒီနောက် ဒီမေးခွန်းတွေ သုံးသပ်ပါ–

  1. က။ စကား စမပြောခင် အမျိုးသမီးနဲ့ပတ်သက်ပြီး ယေရှု ဘာအကဲခတ်မိသလဲ။

  2. ခ။ “ရေ နည်းနည်းလောက် တိုက်ပါလား” လို့ ယေရှု ပြောတယ်။ စကားစမြည် စပြောဖို့ ဒါ ဘာကြောင့် ထိရောက်တဲ့ နည်း ဖြစ်သလဲ။

ယေရှုဆီကနေ ဘာသင်ယူရသလဲ

၂။ တစ်ဖက်သား စိတ်ဝင်စားတဲ့ အကြောင်းအရာနဲ့ စပြောရင် စကားဖောင်ဖွဲ့နိုင်ဖို့ အခွင့်အလမ်း ပိုများတယ်။

ယေရှုကို အတုယူပါ

၃။ ပြောင်းသာလဲသာ ရှိပါ။ ကိုယ် စဉ်းစားထားတဲ့ အကြောင်းအရာကိုပဲ ဇွတ်မပြောပါနဲ့။ ဒီနေ့၊ တခြားသူတွေ အာရုံရောက်နေနိုင်တဲ့ အကြောင်းအရာကနေ စပြောပါ။ ဒီလို စဉ်းစားကြည့်ပါ–

  1. က။ ‘ဘာသတင်း ထူးသလဲ။’

  2. ခ။ ‘အိမ်နီးနားချင်းတွေ၊ အလုပ်ဖော်တွေ၊ အတန်းဖော်တွေ ဘာအကြောင်း ပြောနေကြသလဲ။’

၄။ အကဲခတ်ပါ။ ဒီလို စဉ်းစားကြည့်ပါ–

  1. က။ ‘လောလောဆယ် သူ ဘာလုပ်နေသလဲ။ ဘာစဉ်းစားနေမလဲ။’

  2. ခ။ ‘သူ့အဝတ်အစား၊ အသွင်အပြင်၊ အိမ်အပြင်အဆင်က သူ့ယုံကြည်ချက်၊ ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး ဘာဖော်ပြနေသလဲ။’

  3. ဂ။ ‘စကားပြောဖို့ အချိန်အခါကောင်း ဟုတ်သလား။’

၅။ နားထောင်ပါ။

  1. က။ စကား အများကြီး မပြောပါနဲ့။

  2. ခ။ သူ့ဘက်က ပြောလာအောင် လမ်းကြောင်းပေးပါ။ သင့်တော်မယ်ဆိုရင် မေးခွန်းတွေ မေးပါ။

ဒီကျမ်းပိုဒ်တွေကိုလည်း ကြည့်ပါ

မ. ၇:၁၂။ ၁ ကော. ၉:၂၀-၂၃။ ဖိ. ၂:၄။ ယာ. ၁:၁၉

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ