ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၂/၁၅ စာ. ၁၈-၂၄
  • “သင်တို့အားအဖိုးနှင့် ဝယ်တော်မူသည်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “သင်တို့အားအဖိုးနှင့် ဝယ်တော်မူသည်”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သွေး၏တန်ခိုး
  • ရွေးနှုတ်ဖိုးအကျိုးကျေးဇူးကို ဦးစွာခံစားရသူများ
  • မြေကြီးပေါ်တွင် အရာများကိုစုသိမ်းခြင်း
  • ဘုရားသခင့်ဉာဏ်ပညာနှင့်မေတ္တာတော် ကျယ်ဝန်းနက်နဲပုံ
  • ယင်းကိုအကျိုးမဲ့မခံယူနှင့်
  • “လူများကိုရွေးခြင်းငှာ” ယေဟောဝါစီမံ
    ယေဟောဝါထံ ချဉ်းကပ်လော့
  • ရွေးနုတ်ဖိုး—ဘုရားသခင်ပေးတဲ့ အကြီးမြတ်ဆုံးဆုကျေးဇူး
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • အားလုံးအတွက် ညီမျှသောရွေးနှုတ်ဖိုး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ရွေးဖိုး —ဘုရားပေးတဲ့ အဖိုးထိုက်ဆုံးလက်ဆောင်
    သမ္မာကျမ်းစာ သွန်သင်ရာများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၂/၁၅ စာ. ၁၈-၂၄

“သင်တို့အားအဖိုးနှင့် ဝယ်တော်မူသည်”

“သင်တို့သည် အဖိုးနှင့်ဝယ်တော်မူသောသူဖြစ်သောကြောင့်. . . သင်တို့၏ကိုယ်ခန္ဓာနှင့် ဘုရားသခင်၏ဂုဏ်တော်ကို ထင်ရှားစေကြလော့။”—၁ ကောရိန္သု ၆:၂၀။

၁၊ ၂။ (က) “သေခြင်းမှထွက်မြောက်ရာလမ်းများကို” ဘာကဖွင့်ပေးသနည်း။ (ခ) ခရစ်တော်၏ပူဇော်သက္ကာတရားဝင်ရန် ဘာပြုလုပ်ရမည်ဖြစ်ပြီး၊ ဘာအားဖြင့်ပုံတင်ပြခဲ့သနည်း။

“ဘုရားသခင်သည်ငါတို့အဖို့ ကယ်တင်တော်မူခြင်းအမှုများကို ပြုတတ်သောဘုရားဖြစ်တော်မူ၏။ ဘုရားရှင်ထာဝရဘုရား [ယေဟောဝါ၊ NW] သည်သေခြင်းမှထွက်မြောက်ရာလမ်းများကို ပိုင်တော်မူ၏။” (ဆာလံ ၆၈:၂၀၊ သမ္မာ) ယေရှုခရစ်၏ ပူဇော်သက္ကာသည် ထိုလမ်းကိုဖွင့်ပေးခဲ့သည်။ သို့သော်ထိုပူဇော်သက္ကာသည် တရားဝင်ဖြစ်နိုင်ဖို့ ခရစ်တော်သည်ဘုရားရှင်ကိုယ်နှိုက်ရှေ့ ကိုယ်တိုင်ရောက်ရှိခဲ့ရသည်။

၂ အပြစ်ဖြေရာနေ့တွင် ယဇ်ပုရောဟိတ်ကြီးသည် အသန့်ရှင်းဆုံးအခန်းသို့ ဝင်သောအခါ ယင်းကိုပုံတင်ပြသည်။ (ဝတ်ပြုရာ ၁၆:၁၂-၁၅) ပေါလုက “ယခုမှာလူလက်ဖြင့်မလုပ်. . . ယဇ်ပုရောဟိတ်မင်းဖြစ်သော ခရစ်တော်ယေရှုသည် ငါတို့အဖို့ထာဝရရွေးနှုတ်ခြင်း ကျေးဇူးကိုခံရ၍ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့်မဟုတ် မိမိအသွေးတော်နှင့် သန့်ရှင်းရာဌာနထဲသို့ တစ်ခါတည်းဝင်တော်မူ၏။ ထိုသို့နှင့်အညီ၊ မှန်သောသန့်ရှင်းရာဌာနတို့၏ပုံဖြစ်သောလူတို့လက်ဖြင့်လုပ်သော သန့်ရှင်းရာဌာနထဲသို့ ခရစ်တော်သည်မဝင်ဘဲ ငါတို့အတွက်ကြောင့် ယခုဘုရားသခင်၏ရှေ့တော်၌ ကိုယ်ကိုပြခြင်းငှာဝင်တော်မူ၏။”—ဟေဗြဲ ၉:၁၁၊ ၁၂၊ ၂၄။

သွေး၏တန်ခိုး

၃။ (က) သွေးကိုယေဟောဝါအားဝတ်ပြုသူများသည် မည်သို့ရှုမြင်ပြီး၊ အဘယ်ကြောင့်နည်း။ (ခ) သွေးသည်အပြစ်များကို တရားဝင်ဖြေလွှတ်နိုင်စွမ်းရှိကြောင်း ဘာကတင်ပြသနည်း။

၃ ခရစ်တော်၏အသွေးတော်သည် ကျွန်ုပ်တို့၏ကယ်တင်ခြင်းတွင် မည်သည့်ကဏ္ဍမှပါဝင်သနည်း။ နောဧအချိန်မှစ၍ စစ်မှန်သောဝတ်ပြုသူများသည် သွေးကိုသန့်ရှင်းမြင့်မြတ်သည်ဟု ရှုမြင်ကြသည်။ (ကမ္ဘာဦး ၉:၄-၆) သွေးသည်အသက်ရှင်ရေးတွင် အရေးပါသောကဏ္ဍတွင်ပါဝင်လေသည်။ အကြောင်းမှာ၊ သမ္မာကျမ်းစာက “ကိုယ်ခန္ဓာအသက် [စိုးလ်] သည်အသွေး၌တည်သည်” ဟုဆိုထားသည်။ (ဝတ်ပြုရာ ၁၇:၁၁) ထို့ကြောင့်တိရစ္ဆာန်တစ်ကောင်ကိုပူဇော်သောအခါ ၄င်း၏သွေးကိုယေဟောဝါရှင်ရှေ့တော်၌ သွန်းလောင်းရန်မောရှေပညတ်ကတောင်းဆိုခဲ့လေသည်။ အချို့အချိန်များတွင် သွေးသည်ယဇ်ပလ္လင်၏ဦးချိုတွင်ထည့်သည်။ ရှင်းနေသည်မှာ၊ ပူဇော်သက္ကာ၏ အပြစ်ဖြေရာတန်ခိုးသည် ယင်း၏သွေးတွင်တည်ရှိလေသည်။ (ဝတ်ပြုရာ ၈:၁၅။ ၉:၉) “ပညတ်တရားအတိုင်း ခပ်သိမ်းသောအရာတို့ကိုကုန်မတတ် အသွေးအားဖြင့်စင်ကြယ်စေတတ်၏။ အသွေးမသွန်းလောင်းဘဲ အပြစ်လွှတ်ခြင်းမရှိ။”—ဟေဗြဲ ၉:၂၂။

၄။ (က) သွေးကိုအသုံးပြုခြင်းအား ဘုရားရှင်ကန့်သတ်ထားခြင်းက ဘာရည်ရွယ်ချက်ကို ဖြစ်မြောက်စေသနည်း။ (ခ) ယေရှုအသေခံရပုံနည်းသည် ဘာထူးခြားသနည်း။

၄ ထို့ကြောင့်ပညတ်တရားအောက်တွင် သွေးကိုအလွဲသုံးစားမှုဟူသမျှကို သေဒဏ်အပြစ်ပေးနိုင်သည်။ (ဝတ်ပြုရာ ၁၇:၁၀) ပစ္စည်းတစ်ခုသည် ရှားပါးလျှင် သို့မဟုတ် ယင်းကိုအသုံးပြုခြင်းအား တင်းကျပ်စွာကန့်သတ်ထားလျှင် ၄င်း၏တန်ဖိုးသည်မြှင့်တက်လာကြောင်း ကျွန်ုပ်တို့အားလုံးသိကြသည်။ ယင်းကိုအသုံးပြုခြင်းအား ယေဟောဝါရှင်၏ထိန်းချုပ်ထားခြင်းက သွေးကိုသာမန်တန်ဖိုးမျှသာရှိသောအရာမဟုတ်ဘဲ တန်ဖိုးကြီးလှသောအရာအဖြစ် ရှုမြင်မည့်အကြောင်း သေချာစေသည်။ (တမန်တော် ၁၅:၂၉။ ဟေဗြဲ ၁၀:၂၉) ၄င်းသည်ခရစ်တော်အသွေးတော်လုပ်ဆောင်မည့် ကြီးမြတ်သောရည်ရွယ်ချက်နှင့်အညီဖြစ်သည်။ လျောက်ပတ်စွာပင်၊ ကိုယ်တော်သည် မိမိ၏အသွေးတော်သွန်းစေမည့်အသွင်ဖြင့် သေဆုံးခဲ့လေသည်။ သို့ဖြင့်၊ ခရစ်တော်သည် မိမိ၏လူ့ကိုယ်ခန္ဓာကိုပူဇော်ရုံမဟုတ်ဘဲ မိမိ၏စိုးလ်ကိုသွန်းလောင်းပြီး၊ စုံလင်သောလူသားတစ်ဦးအနေနှင့် မိမိ၏အသက်ကိုပူဇော်လိုက်ကြောင်းထင်ရှားလေသည်။ (ဟေရှာယ ၅၃:၁၂) ခရစ်တော်သည်ထိုအသက်တာပိုင်ဆိုင်မှုကို မစုံလင်သောကြောင့် ပေးအပ်လိုက်ခြင်းမဟုတ်ချေ။ ထို့ကြောင့်၊ ကိုယ်တော်၏သွန်းလောင်းလိုက်သောအသွေးတော်သည် တန်ဖိုးကြီးလှပြီး၊ လူသားတို့၏အပြစ်များအတွက်ဖြေရန် ဘုရားသခင်ရှေ့တော်၌ဆက်သနိုင်ခဲ့လေသည်။

၅။ (က) ကောင်းကင်သို့ခရစ်တော် ဘာယူဆောင်သွားသနည်း။ အဘယ့်ကြောင့်နည်း။ (ခ) ဘုရားရှင်သည်ခရစ်တော်၏ပူဇော်သက္ကာကို လက်ခံကြောင်းမည်သို့ထင်ရှားသနည်း။

၅ ခရစ်တော်သည်သူ၏ပကတိသွေးကို ကောင်းကင်ထဲသို့မယူဆောင်သွားနိုင်ချေ။ (၁ ကောရိန္သု ၁၅:၅၀) သို့အစား၊ သွေးကတင်စားသော ကိုယ်တော်ပူဇော်လိုက်သည့် စုံလင်သောလူ့အသက်၏ တရားဝင်တန်ဖိုးကို ယူဆောင်သွားခဲ့သည်။ ဘုရားရှင်ရှေ့တော်မှောက်၌၊ ထိုအသက်ကိုရွေးနှုတ်ဖိုးအဖြစ် အပြစ်သားများအတွက် လဲလှယ်ရန် နည်းလမ်းအတိုင်းဆက်သနိုင်ခဲ့သည်။ ထိုပူဇော်သက္ကာကိုယေဟောဝါလက်ခံကြောင်း ၃၃ စီအီးတွင်ထင်ရှားလာသည်။ ယေရုရှလင်ရှိတပည့်တော် ၁၂၀ အပေါ်တွင်သန့်ရှင်းသောဝိညာဉ်တော် သက်ရောက်သောအခါဖြစ်သည်။ (တမန်တော် ၂:၁-၄) ထို့ကြောင့်ခရစ်တော်သည် လူသားအမျိုးအနွယ်ကို ဝယ်ယူတော်မူခြင်းအားဖြင့် ပိုင်ဆိုင်တော်မူခဲ့သည်။ (ဂလာတိ ၃:၁၃။ ၄:၅။ ၂ ပေတရု ၂:၁) သို့ဖြင့်၊ ရွေးနှုတ်ဖိုးအကျိုးကျေးဇူးသည် လူသားတို့ထံစီးဆင်းနိုင်ခဲ့လေသည်။

ရွေးနှုတ်ဖိုးအကျိုးကျေးဇူးကို ဦးစွာခံစားရသူများ

၆။ ခရစ်တော်၏ရွေးနှုတ်ဖိုး အကျိုးကျေးဇူးကိုခံစားနိုင်ရန် ဘုရားရှင်သည်မည်သည့်အစီအစဉ်များ ပြုလုပ်ပေးခဲ့သနည်း။

၆ သို့သော်၊ ယင်းကလူသားများသည် ရုပ်ခန္ဓာစုံလင်မှုကို ချက်ချင်းရမည်ဟု မဆိုလိုချေ။ အကြောင်းမှာ၊ လူသား၏အပြစ်များကိုမပယ်ရှင်းမီ ခန္ဓာစုံလင်မှုကို မရရှိနိုင်ချေ။ (ရောမ ၇:၁၈-၂၄) မည်သို့မည်ပုံနှင့် ဘယ်သောအခါ အပြစ်များကိုပယ်ရှင်းမည်နည်း။ ဘုရားရှင်သည်ဦးစွာ ၁၄၄၀၀၀ ကိုခရစ်တော်ယေရှုနှင့်အတူ ‘အကျွန်ုပ်တို့၏ဘုရားသခင့်ရှေ့မှာ၊ ရှင်ဘုရင်အရာ၌လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ၌လည်းကောင်း ခန့်ထား၍ မြေကြီးပေါ်မှာစိုးစံရသော အခွင့်ကိုပေးတော်မူ၏။’ (ဗျာဒိတ် ၅:၉၊ ၁၀။ ၇:၄။ ၁၄:၁-၃) သူတို့အားဖြင့်ရွေးနှုတ်ဖိုးအကျိုးကျေးဇူးကို အနှစ်တစ်ထောင်ကြာအတွင်း လူသားတို့အပေါ်တဖြည်းဖြည်း အသုံးပြုသွားမည်။—၁ ကောရိန္သု ၁၅:၂၄-၂၆။ ဗျာဒိတ် ၂၁:၃၊ ၄။

၇။ (က) ပဋိညာဉ်သစ်ကားအဘယ်နည်း။ မည်သူများစပ်ကြားဖွဲ့ပြီး၊ မည်သည့်ရည်ရွယ်ချက်အတွက်နည်း။ (ခ) ပဋိညာဉ်သစ်ဖြစ်မြောက်လာနိုင်ရန် အဘယ်ကြောင့်သေခြင်းလိုအပ်ပြီး၊ ခရစ်တော်၏သေခြင်းသည် မည်သည့်ကဏ္ဍတွင်ပါဝင်သနည်း။

၇ ထိုအခြေအနေသို့ရောက်ရန်၊ ၁၄၄၀၀၀ သောဘုရင်-ယဇ်ပုရောဟိတ်များကို “လူတို့အထဲကရွေးနှုတ်” တော်မူ၏။ (ဗျာဒိတ် ၁၄:၄) ယင်းကို “ပဋိညာဉ်သစ်” အားဖြင့်ပြီးမြောက်စေတော်မူ၏။ ဤပဋိညာဉ်သည် ထိုတွင်ပါဝင်သူများ ဘုရင်များနှင့်ယဇ်ပုရောဟိတ်များအဖြစ်ထမ်းဆောင်ရန် ယေဟောဝါဘုရားရှင်နှင့် ဝိညာဏဣသရေလစပ်ကြား သဘောတူညီချက်ကန်ထရိုက်ဖြစ်သည်။ (ယေရမိ ၃၁:၃၁-၃၄။ ဂလာတိ ၆:၁၆။ ဟေဗြဲ ၈:၆-၁၃။ ၁ပေတရု ၂:၉) သို့သော်၊ ဘုရားရှင်နှင့်မစုံလင်သောလူသားစပ်ကြားတွင် ပဋိညာဉ်ကိုမည်သို့ဖွဲ့နိုင်ခဲ့သနည်း။ ပေါလုကရှင်းပြခဲ့သည်။ “စာချုပ်သည့်အမှုမှာလည်း (ဘုရားရှင်နှင့်မစုံလင်သောလူစပ်ကြား) စာချုပ်တည်လျှင် စာချုပ်သောသူသည် ဧကန်သေရမည်မှန်ပြီ။ အကယ်၍မသေလျှင် ထိုစာချုပ်သည်မတည်။ သေမှတည်၏။”—ဟေဗြဲ ၉:၁၆၊ ၁၇။

၈၊ ၉။ ရွေးနှုတ်ဖိုးသည်ပဋိညာဉ်သစ်နှင့် မည်သို့ဆက်နွယ်သနည်း။

၈ ထို့ကြောင့်၊ ရွေးနှုတ်ဖိုးပူဇော်သက္ကာသည် ပဋိညာဉ်သစ်၏အခြေခံဖြစ်ပြီး ယေရှုသည်အာမခံစေ့စပ်သူဖြစ်လေသည်။ “ဘုရားသခင်တစ်ဆူတည်းရှိတော်မူ၏။ ဘုရားသခင်နှင့်လူတို့စပ်ကြားမှာ၊ လူဖြစ်သောယေရှုခရစ်တည်းဟူသော အာမခံတစ်ပါးတည်းရှိ၏။ ထိုအာမခံသည်လူအပေါင်းတို့ကို ရွေးအံ့သောငှာ ကိုယ်ကိုယ်ကိုစွန့်တော်မူပြီ။ ကာလအချိန်တန်မှသက်သေခံခြင်းရှိ၏။” (၁ တိမောသေ ၂:၅၊ ၆) ထိုစကားသည် ပဋိညာဉ်သစ်ဖွဲ့ခြင်းခံခဲ့ရသော ၁၄၄၀၀၀ နှင့်အထူးသက်ဆိုင်လေသည်။

၉ ဇာတိဣသရေလများနှင့် ဘုရားရှင်ပဋိညာဉ်ဖွဲ့ခဲ့စဉ်က တိရစ္ဆာန်အသွေးများကို ပူဇော်သက္ကာအဖြစ်မပူဇော်မခြင်း ယင်းသည်တရားမဝင်ခဲ့ချေ။ (ဟေဗြဲ ၉:၁၈-၂၁) အလားတူပင်၊ ပဋိညာဉ်သစ်အလုပ်လုပ်ဆောင်နိုင်ဖို့ ခရစ်တော်သည် “ပဋိညာဉ်တရား၏အသွေး” ကိုသွန်းလောင်းရသည်။ (မဿဲ ၂၆:၂၈။ လုကာ ၂၂:၂၀) ခရစ်တော်သည်ယဇ်ပုရောဟိတ်ကြီးနှင့် “ပဋိညာဉ်သစ်၏အာမခံအဖြစ်” လုပ်ဆောင်သောကြောင့် ဘုရားရှင်သည်ယေရှု၏အသွေးတန်ဖိုးကို ပဋိညာဉ်သစ်အတွင်းသို့ ခေါ်ဆောင်လာသူတို့အပေါ် အသုံးပြုခဲ့သည်။ သူတို့အားတရားဝင် လူသားဖြောင့်မတ်သူများအဖြစ်သတ်မှတ်သည်။ (ဟေဗြဲ ၉:၁၅။ ရောမ ၃:၂၄။ ၈:၁၊ ၂။) သို့ပြီးမှဘုရားရှင်သည်သူတို့အား ပဋိညာဉ်သစ်ထဲသို့ကောင်းကင် ဘုရင်-ယဇ်ပုရောဟိတ်များအဖြစ် ဆောင်သွင်းနိုင်မည်။ သူတို့၏အာမခံနှင့်ယဇ်ပုရောဟိတ်ကြီးအဖြစ် ယေရှုသည်သူတို့အား ဘုရားရှင်ရှေ့သန့်ရှင်းသောအခြေအနေတွင်ရှိရန် ကူညီပေးသည်။—ဟေဗြဲ ၂:၁၆။ ၁ ယောဟန် ၂:၁၊ ၂။

မြေကြီးပေါ်တွင် အရာများကိုစုသိမ်းခြင်း

၁၀၊ ၁၁။ (က) ရွေးနှုတ်ဖိုးသည် ဘိသိက်ခံခရစ်ယာန်များသာမက မည်သို့သက်ဆိုင်သနည်း။ (ခ) လူအုပ်ကြီးသည်မည်သူများဖြစ်၍ သူတို့သည်ဘုရားရှင်နှင့်မည်သို့ရပ်တည်မှု ရရှိထားသနည်း။

၁၀ သူတို့၏အပြစ်ကိုလွှတ်ခြင်းတည်းဟူသော ရွေးနှုတ်ဖိုးအားဖြင့်ဖြေလွှတ်ခြင်းကို ဘိသိက်ခံခရစ်ယာန်များသာခံစားရပါသလော။ မဟုတ်ပါ။ ကောလောသဲ ၁:၁၄၊ ၂၀ တွင်ဖော်ပြသည့်အတိုင်း သစ်တိုင်ပေါ်တွင်သွန်းသောအသွေးအားဖြင့် ရန်ငြိမ်းခြင်းအမှုကိုပြုလုပ်ကာ ဘုရားရှင်သည်မိမိကိုယ်နှိုက်နှင့် အခြားအရာခပ်သိမ်းကို မိတ်သဟာယဖွဲ့လျက်ရှိသည်။ ဤတွင်မြေကြီးပေါ်ရှိအရာများအပါအဝင် ကောင်းကင်၌ရှိသောအရာများ (၁၄၄၀၀၀) ပါဝင်သည်။ ပထမပိုင်းသူများသည် မြေကြီးပေါ်ပရဒိသုတွင် စုံလင်သောအသက်တာကိုခံစားမည့်လူသားများဖြစ်သည့် မြေကြီးအသက်တာရရှိမည့်သူများဖြစ်သည်။ အထူးသဖြင့် ၁၉၃၅ ခုနှစ်မှစ၍ထိုသူများကို စုရုံးရန်တညီတညွတ်တည်း ကြိုးပမ်းခဲ့ကြသည်။ ဗျာဒိတ် ၇:၉-၁၇ ကသူတို့အား ဘုရားရှင်နှင့်သိုးသငယ်ထံမှ ကယ်တင်ခြင်းရရှိသည့် “လူအုပ်ကြီး” ဟုဖော်ပြထားသည်။ သူတို့သည် “ကြီးစွာသောဒုက္ခကြီး” ကိုကျော်နင်းပြီး၊ ‘အသက်စမ်းရေတွင်းသို့လမ်းပြ’ ခံရရန်လိုသေးသည်။ အကြောင်းမှာ၊ ဗျာဒိတ် ၂၀:၅ ကခရစ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်မှုအောက်တွင် သူတို့သည်လုံးလုံးလျားလျား အသက်ရှင်လာမည့်အကြောင်းတင်ပြထားသည်။ နောက်ဆုံးစမ်းသပ်ခြင်းကို သူတို့၏စုံလင်သောလူသားအခြေအနေ၌ အောင်မြင်သွားသူတို့သည် မြေကြီးပေါ်တွင်ထာဝရအသက်ရရန် ဖြောင့်မတ်သည်ဟုသတ်မှတ်ခြင်းခံရမည်။—ဗျာဒိတ် ၂၀:၇၊ ၈။

၁၁ သို့သော်ဦးစွာအနေနှင့် လူအုပ်ကြီးသည် “မိမိတို့ဝတ်လုံကို သိုးသငယ်၏အသွေး၌လျှော်၍ ဖြူစေသောသူဖြစ်ကြသတည်း။” (ဗျာဒိတ် ၇:၁၄) ခရစ်တော်သည်သူတို့အတွက် ပဋိညာဉ်သစ်၏ အာမခံအနေနှင့် မလုပ်ဆောင်ခဲ့ချေ။ သို့သော်လည်း ဘုရားသခင်နိုင်ငံတော်၏လုပ်ငန်းအားဖြင့် သူတို့သည်ဤပဋိညာဉ်မှအကျိုးခံစားရသည်။ ခရစ်တော်သည်သူတို့အတွက် လုပ်ဆောင်လျက်ရှိသည်။ ယဇ်ပုရောဟိတ်ကြီးအနေနှင့် ကိုယ်တော်အားဖြင့် ယေဟောဝါရှင်သည် ရွေးနှုတ်ဖိုးကိုအသုံးပြုလျက် ဘုရားရှင်၏မိတ်ဆွေများအနေနှင့် လက်ရှိဖြောင့်မတ်သောအဖြစ်ကို သတ်မှတ်ခံခဲ့ရသည်။ (ယာကုပ် ၂:၂၃ နှင့်နှိုင်းယှဉ်) အနှစ်တစ်ထောင်အတွင်းတွင် သူတို့သည်တဖြည်းဖြည်းနှင့် “[နောက်ဆုံးတွင်သူတို့သည်] ဘုရားသခင်သားတို့၏ထူးမြတ်သော လွှတ်ခြင်းချမ်းသာတည်းဟူသော ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှ ကယ်လွှတ်ခြင်းချမ်းသာကိုဝင်စား” ခွင့်ရရှိမည်။—ရောမ ၈:၂၁။

၁၂။ ခရစ်ယာန်ခေတ်မတိုင်မီ သစ္စာရှိသူများကိုဘုရားရှင်သည် မည်သည့်အခြေခံပေါ်မူတည်ပြီး ဆက်ဆံခဲ့သနည်း။

၁၂ ဘုရားရှင်ရှေ့ရပ်တည်ချက်နှင့်စပ်လျဉ်း၍ လူအုပ်ကြီးအဝင်တို့သည် ခရစ်ယာန်ခေတ်မတိုင်မီဝတ်ပြုသူများနှင့် အနည်းငယ်ကွာခြားပုံရပေသည်။ သို့သော်လည်း၊ ဘုရားရှင်သည်ဤနောက်လူများကို အနာဂတ်ရွေးနှုတ်ဖိုးပြင်ဆင်ပေးချက် အပေါ်မူတည်၍ ဆက်ဆံသည်။ (ရောမ ၃:၂၅၊ ၂၆) သူတို့သည်သူတို့၏အပြစ်များကို အခိုက်အတန့်အားဖြင့်သာ အပြစ်လွှတ်ခြင်းခံစားရသည်။ (ဆာလံ ၃၂:၁၊ ၂) သူတို့ထံမှ “အပြစ်များကို” လုံးဝကယ်လွှတ်မည့်အစား တိရစ္ဆာန်ပူဇော်သက္ကာတို့သည် “အပြစ်များကိုအောက်မေ့စေသည်။”—ဟေဗြဲ ၁၀:၁-၃။

၁၃။ ကျွန်ုပ်တို့တွင်ခရစ်ယာန်ခေတ်မတိုင်မီ ဘုရားရှင်၏ကျေးကျွန်များထက် မည်သည့်သာလွန်ချက်ရှိသနည်း။

၁၃ ယင်းသည်ယနေ့ခရစ်ယာန်စစ်များနှင့် ကွာခြားသည်။ သူတို့သည်ပေးအပ်ပြီးဖြစ်သော ရွေးနှုတ်ဖိုးအပေါ်အခြေခံ၍ ဝတ်ပြုကြသည်။ သူတို့၏ယဇ်ပုရောဟိတ်ကြီးအားဖြင့် သူတို့သည် “ရဲရင့်သောစိတ်နှင့်ကျေးဇူးပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ်ကြ” သည်။ (ဟေဗြဲ ၄:၁၄-၁၆) ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်းသည် ဖြစ်ပေါ်လာမည့်မျှော်လင့်ချက်မဟုတ်ဘဲ လက်ရှိဖြစ်ရပ်မှန်ဖြစ်လေသည်။ (၂ ကောရိန္သု ၅:၂၀) သူတို့ပြစ်မှားသောအခါ အမှန်ပင်အပြစ်လွှတ်ခြင်း ရရှိနိုင်သည်။ (ဧဖက် ၁:၇) သူတို့သည်အမှန်တကယ်ကြည်လင်သော ဩတ္တပ္ပစိတ်ကို ခံစားရသည်။ (ဟေဗြဲ ၉:၉။ ၁၀:၂၂။ ၁ ပေတရု ၃:၂၁) ဤကောင်းချီးများသည် အနာဂတ်တွင်ယေဟောဝါရှင်၏ ကျေးကျွန်များခံစားရမည့် ဘုရားသခင့်သားတို့၏ ထူးမြတ်သောလွှတ်ခြင်းချမ်းသာ၏ ရှေ့ပြေးအရသာဖြစ်လေသည်။

ဘုရားသခင့်ဉာဏ်ပညာနှင့်မေတ္တာတော် ကျယ်ဝန်းနက်နဲပုံ

၁၄၊ ၁၅။ ရွေးနှုတ်ဖိုးသည် ယေဟောဝါ၏ဖြောင့်မတ်ခြင်း၊ မေတ္တာအပါအဝင် ကိုယ်တော်၏မမီနိုင်သော ဉာဏ်ပညာတော်ကို မည်သို့ပေါ်လွင်စေသနည်း။

၁၄ ရွေးနှုတ်ဖိုးသည် ယေဟောဝါရှင်ထံမှ ထူးမြတ်လှသောဆုကျေးဇူးပါတကား။ ယင်းသည်လွယ်လင့်တကူသဘောပေါက်နိုင်သော်လည်း ပညာအရှိဆုံးသူကိုပင် မိန်းမောသွားရန် နက်ရှိုင်းနက်နဲသည်။ ရွေးနှုတ်ဖိုး၏လုပ်ဆောင်ချက်များအပေါ် ကျွန်ုပ်တို့၏သုံးသပ်ချက်သည် အပေါ်ယံမျှသာဖြစ်သည်။ သို့ပင်ငြားလည်း တမန်တော်ပေါလုနှင့်အတူ ကျွန်ုပ်တို့လည်းကြွေးကြော်ပါသည်။ “ဘုရားသခင်၏ပညာနှင့်ဉာဏ်တော်သည် အလွန်ကျယ်ဝန်းနက်နဲစွတကား။ စီရင်တော်မူချက်တို့ကို အဘယ်သူမျှစစ်၍မကုန်နိုင်။ ကြွတော်မူရာလမ်းတို့ကို လိုက်၍ရှာသော်လည်း မတွေ့မမီနိုင်။” (ရောမ ၁၁:၃၃) ယေဟောဝါရှင်၏ဉာဏ်ပညာတော်သည် လူသားများကိုကယ်တင်နိုင်ကြောင်းနှင့်ကိုယ်တော်၏အချုပ်အခြာကို ထင်ရှားစေနိုင်ကြောင်း တင်ပြသည်။ ရွေးနှုတ်ဖိုးအားဖြင့် “ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားသည် ထင်ရှားခဲ့ပြီ. . . ယေရှုခရစ်၏အသွေးတော်ကိုယုံကြည်ခြင်းအားဖြင့် ထိုခရစ်တော်ကိုအပြစ်ဖြေစရာအကြောင်းဖြစ်စေခြင်းငှာ ခန့်ထားတော်မူပြီ။”—ရောမ ၃:၂၁-၂၆။

၁၅ ခရစ်ယာန်ခေတ်မတိုင်မီ ကိုးကွယ်သူများကျူးလွန်ခဲ့သော အပြစ်များကိုခွင့်လွှတ်သည့်အတွက် ဘုရားရှင်ကိုအပြစ်တင်၍မရချေ။ ထို့ပြင်၊ ဘိသိက်ခံများကိုမိမိ၏သားများအဖြစ် ဖြောင့်မတ်သည် သို့မဟုတ် လူအုပ်ကြီးကိုမိမိ၏အဆွေအဖြစ် သတ်မှတ်ရာ၌ ဘုရားရှင်ကိုအပြစ်ဖို့၍မရချေ။ (ရောမ ၈:၃၃) မိမိအတွက်ကြီးစွာသောကုန်ကျမှုဖြင့် ဘုရားရှင်သည်လုံးဝတရားဝင်စွာ၊ သို့မဟုတ် ဖြောင့်မှန်စွာဖြေရှင်းခြင်းဖြင့် ယေဟောဝါသည်မတရားသောအုပ်စိုးရှင်ဖြစ်သည်ဟု စာတန်၏မုသာစွဲချက်ကို လုံးလုံးလျားလျားချေပလိုက်ပါသည်တကား။ ထိုသို့ဖြင့်၊ မိမိ၏သတ္တဝါများအပေါ် ဘုရားရှင်၏ကိုယ်ကျိုးမဲ့မေတ္တာကို စောဒကမတက်နိုင်အောင် တင်ပြခဲ့လေသည်။—ရောမ ၅:၈-၁၁။

၁၆။ (က) ရွေးနှုတ်ဖိုးသည် ဘုရားရှင့်ကျေးကျွန်များ၏ တည်ကြည်မှုအရေးကိစ္စကိုဖြေရှင်းရန် မည်သို့လုပ်ဆောင်ခဲ့သနည်း။ (ခ) ရွေးနှုတ်ဖိုးသည် လာမည့်ဖြောင့်မတ်သောကမ္ဘာသစ်တွင် ယုံကြည်ခြင်းရှိရန်အခြေခံကို ကျွန်ုပ်တို့အားမည်သို့ပေးသနည်း။

၁၆ ရွေးနှုတ်ဖိုးပြင်ဆင်ပေးပုံနည်းလမ်းက ဘုရားရှင်ကျေးကျွန်များ၏ တည်ကြည်မှုနှင့်စပ်လျဉ်းသော အရေးကိစ္စကိုလည်း ဖြေရှင်းခဲ့သည်။ ယေရှု၏နာခံမှုတစ်ခုတည်းက ယင်းကိုပြီးမြောက်စေခဲ့သည်။ (သု၊ ၂၇:၁၁။ ရောမ ၅:၁၈၊ ၁၉) ထိုတွင်စာတန်၏အတိုက်အခံကြားမှ သေသည့်တိုင်အောင်သစ္စာစောင့်ခဲ့သော ၁၄၄၀၀၀ ၏အသက်တာကိုလည်း ထပ်ဆင့်လိုက်ပါ။ (ဗျာဒိတ် ၂:၁၀) ဤသူတို့သည် သူတို့၏ဆုလာဘ်အဖြစ် မသေနိုင်သောအဖြစ်—မဖျက်ဆီးနိုင်သောအသက်တာ ကိုရရှိရန် ရွေးနှုတ်ဖိုးကဖြစ်ပေါ်စေသည်။ (၁ ကောရိန္သု ၁၅:၃၃။ ဟေဗြဲ ၇:၁၆) ယင်းကဘုရားရှင်၏ကျေးကျွန်များသည် စိတ်မချရကြောင်း စာတန်၏စွဲချက်ကို မဟုတ်ကြောင်းပြသည်။ ရွေးနှုတ်ဖိုးသည် ကျွန်ုပ်တို့အားဘုရားရှင်၏ကတိတော်များအပေါ် ယုံကြည်ရန်ခိုင်မာသော အခြေခံကိုပေးလေသည်။ ရွေးနှုတ်ဖိုးပူဇော်သက္ကာအားဖြင့် ‘တရားဝင်ချမှတ်ခဲ့သော’ ကယ်တင်ခြင်းစီမံချက်ကို ကျွန်ုပ်တို့တွေ့မြင်နိုင်သည်။ (ဟေဗြဲ ၈:၆) သို့ဖြင့်ဖြောင့်မတ်သောကမ္ဘာသစ်တစ်ခုကို အာမခံထားပါသည်တကား။—ဟေဗြဲ ၆:၁၆-၁၉။

ယင်းကိုအကျိုးမဲ့မခံယူနှင့်

၁၇။ (က) အချို့သည်ရွေးနှုတ်ဖိုးကို အကျိုးမဲ့ခံယူကြောင်း မည်သို့တင်ပြကြသနည်း။ (ခ) ကျွန်ုပ်တို့သည်စာရိတ္တအရသန့်ရှင်းနေရန် ဘာကလှုံ့ဆော်ပေးနိုင်သနည်း။

၁၇ ရွေးနှုတ်ဖိုးမှအကျိုးခံစားရရန်၊ တစ်ဦးသည်အသိပညာရယူရန်၊ ယုံကြည်ခြင်းတင်ပြရန်နှင့် ကျမ်းစာကျင့်စဉ်များအတိုင်း နေထိုင်ရန်လိုအပ်သည်။ (ယောဟန် ၃:၁၆။ ၁၇:၃) လူနည်းစုသာဖြစ်သော်လည်း ထိုသို့လုပ်ဆောင်ရန်သူတို့ အသင့်ရှိကြသည်။ (မဿဲ ၇:၁၃၊ ၁၄) ခရစ်ယာန်စစ်များအတွင်း၌ပင် အချို့သည် “ဘုရားသခင်၏ကျေးဇူးကို အကျိုးမဲ့” ခံယူကြသည်။” (၂ ကောရိန္သု ၆:၁) ဥပမာ၊ လွန်ခဲ့သည့်နှစ်များအတွင်းက ထောင်ပေါင်းများစွာသည် လိင်အကျင့်ပျက်မှုကြောင့် နှင်ထုတ်ခံခဲ့ရသည်။ ယေဟောဝါရှင်သည်ခရစ်တော်အားဖြင့် ကျွန်ုပ်တို့အတွက်လုပ်ဆောင်ပေးခဲ့သည်ကိုထောက်ရှုလျှင် မည်မျှရှက်ဖွယ်ရာပါတကား။ ရွေးနှုတ်ဖိုးကိုလေးမြတ်ခြင်းက လူတစ်ဦးအား “မိမိအပြစ်ဟောင်း ဆေးကြောကြောင်းကိုမေ့လျော့” ခြင်းမှမရှောင်ရှားစေသင့်ပေလော။ (၂ ပေတရု ၁:၉) ထို့ကြောင့်လျောက်ပတ်စွာပင်၊ ခရစ်ယာန်များကို “သင်တို့သည်အဖိုးနှင့်ဝယ်တော်မူသောသူဖြစ်သောကြောင့်. . . သင်တို့၏ကိုယ်ခန္ဓာနှင့်. . . ဘုရားသခင်၏ဂုဏ်တော်ကို ထင်ရှားစေကြလော့” ဟုပေါလုသတိပေးခဲ့သည်။ (၁ ကောရိန္သု ၆:၂၀) ယင်းကိုသတိရခြင်းက စာရိတ္တအရသန့်ရှင်းစွာရှိနေရန် ကျွန်ုပ်တို့အားတန်ခိုးပါသော လှုံ့ဆော်မှုကိုဖြစ်စေပါသည်တကား။—၁ ပေတရု ၁:၁၄-၁၉။

၁၈။ ကြီးလေးသောအပြစ်တွင်းသို့ ကျရောက်သူခရစ်ယာန်တစ်ဦးသည် ရွေးနှုတ်ဖိုးအကျိုးကျေးဇူးကို မည်သို့ခံစားနိုင်သေးသနည်း။

၁၈ လူတစ်ဦးသည် ကြီးလေးသောအပြစ် ကျူးလွန်မိလျှင်ကောမည်သို့နည်း။ သူသည်မေတ္တာပါသောကြီးကြပ်ရေးမှူးများ၏ အကူအညီကိုရယူလျက် ရွေးနှုတ်ဖိုးကလုပ်ဆောင်ပေးသော အပြစ်လွှတ်ခြင်း အခွင့်အရေးကိုယူသင့်သည်။ (ယာကုပ် ၅:၁၄၊ ၁၅) ခိုင်မာသောပဲ့ပြင်မှုလိုအပ်ပါက နောင်တရသောခရစ်ယာန်တစ်ဦးသည် ထိုသို့သောဆုံးမမှုကြောင့် နောက်ဆုတ်မသွားသင့်ချေ။ (ဟေဗြဲ ၁၂:၅) ကျွန်ုပ်တို့တွင် ဤထူးမြတ်လှသော ကျမ်းဆိုင်ရာစိတ်ချရသောအကြောင်း ရရှိထားပါသည်။ “ကိုယ်အပြစ်ကိုဖော်ပြတောင်းပန်လျှင် ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့်ကင်းစင်စေ. . . တော်မူ၏။”—၁ ယောဟန် ၁:၉။

၁၉။ သမ္မာတရားမသိရှိမီအမှားကြောင့် ခရစ်ယာန်တစ်ဦးသည် မည်သည့်အမြင်ယူမှတ်နိုင်သနည်း။

၁၉ တစ်ခါတစ်ရံ ခရစ်ယာန်များသည် လွန်ခဲ့ပြီးသောအမှားကြောင့် စိတ်ဓာတ်မကျသင့်ဘဲ ကျသောအခါများလည်းရှိလေသည်။ “အလင်းတရားထဲမရောက်ခင် ကျွန်တော့်ဇနီးနဲ့ကျွန်တော်ဟာ အင်္ဂါဇာတ်ရေယုန်ရောဂါ ရရှိခဲ့ကြတယ်။ ကျွန်တော်တို့ဟာ ယေဟောဝါရှင်ရဲ့သန့်ရှင်းတဲ့အဖွဲ့အစည်းနဲ့မ ‘သင့်လျော်’ ပါဘူးလို့တောင် ကိုယ့်ကိုယ်ကိုမသန့်ရှင်းဘူးလို့ တစ်ခါတစ်ခါခံစားမိတယ်” ဟုစိတ်မကောင်းလျက်ရှိနေသော ညီအစ်ကိုတစ်ဦးက ရေးသားခဲ့သည်။ ခရစ်ယာန်များဖြစ်လာပြီးနောက်တွင်ပင် အချို့ပြီးခဲ့သည့်အမှားများကြောင့် ခံစားရိတ်သိမ်းနေရပေမည်။ (ဂလာတိ ၆:၇) သို့သော်၊ လူတစ်ဦးသည်နောင်တယူပြီးလျှင် ယေဟောဝါမျက်စိ၌ မသန့်ရှင်းဟု ခံစားစရာအကြောင်းမရှိချေ။ “ခရစ်တော်၏အသွေးသည်” “သေခြင်းနှင့်စပ်ဆိုင်သောအကျင့်ကိုပယ်ရှား၍. . . ကိုယ်ကိုကိုယ်သိသောစိတ်ကို စင်ကြယ်စေခြင်းငှာ” တတ်နိုင်တော်မူသည်။—ဟေဗြဲ ၉:၁၄။

၂၀။ ရွေးနှုတ်ဖိုးအပေါ်ယုံကြည်ခြင်းသည် ခရစ်ယာန်တစ်ဦးအား မည်သည့်မလိုအပ်သော အပြစ်ရှိနေသည်ဟူသည့်ခံစားမှုမှ လွတ်မြောက်စေသနည်း။

၂၀ မှန်ပါသည်၊ ရွေးနှုတ်ဖိုးတွင်ယုံကြည်ခြင်းသည် အပြစ်၏မလိုအပ်သောဝန်ထုပ်ကို ကျွန်ုပ်တို့မှပယ်ရှားရန် ကူညီပေးနိုင်သည်။ ညီအစ်မငယ်တစ်ဦးကဝန်ခံခဲ့သည်။ “ကျွန်မဟာမသန့်ရှင်းတဲ့ တစ်ကိုယ်ရေရာဂစိတ်ဖြေခြင်းနဲ့ ရုန်းကန်နေရတာ အခုဆိုရင် ၁၁ နှစ်ကျော်ရှိပြီ။ ယေဟောဝါရှင်ဟာ ကိုယ်တော်ရဲ့အသင်းတော်ကို ညစ်ညူးစေတဲ့ဒီလောက်ရွံရှာဖွယ်ကောင်းသူကို ဘယ်တော့မှမလိုလားပါဘူးလို့ ခံစားရပြီးအသင်းတော်ထဲက ကျွန်မထွက်မလို့ဆဲဆဲပါဘဲ။” ကျွန်ပ်တို့သည် အသိစိတ်နှင့်မဖြောင့်မတ်မှုကိုတိုက်လှန်ပြီး၊ ယင်းကိုအလျှော့မပေးသ၍ ယေဟောဝါသည် “ကောင်းမြတ်၍ခွင့်လွှတ်ရန်အသင့်” ဖြစ်ကြောင်းကျွန်ုပ်တို့သတိရရမည်။—ဆာလံ ၈၆:၅၊ NW ။

၂၁။ ကျွန်ုပ်တို့အားပြစ်မှားသူများအပေါ် ကျွန်ုပ်တို့ရှုမြင်ပုံကို ရွေးနှုတ်ဖိုးကမည်သို့ထိခိုက်သင့်သနည်း။

၂၁ အခြားသူများကို ကျွန်ုပ်တို့မည်သို့ဆက်ဆံမှုအပေါ်လည်း ရွေးနှုတ်ဖိုးသည် သက်ရောက်မှုရှိသည်။ ပုံပမာပြရသော်၊ သင့်အားခရစ်ယာန်ချင်းတစ်ဦးက ပြစ်မှားသောအခါ သင်မည်သို့တုံ့ပြန်သနည်း။ သင်သည်ခရစ်တော်ကဲ့သို့သော ရှောရှောရှူရှူခွင့်လွှတ်ခြင်းမျိုး တင်ပြပါသလော။ (လုကာ ၁၇:၃၊ ၄) သင်သည် “သနားစုံမက်ခြင်း၊ ဘုရားသခင်သည်ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့ အချင်းချင်းအပြစ်လွှတ်” သလော။ (ဧဖက် ၄:၃၂) သို့မဟုတ် သင်သည်ရန်ငြိုးထားပြီး၊ ရန်တုံ့ပြန်စိတ်မွေးမြူထားသလော။ ယင်းသည်အမှန်ပင် ရွေးနှုတ်ဖိုး၏ရည်ရွယ်ချက်ကို လွတ်သွားရာရောက်ပေမည်။—မဿဲ ၆:၁၅။

၂၂၊ ၂၃။ (က) ရွေးနှုတ်ဖိုးသည် ကျွန်ုပ်တို့၏ပန်းတိုင်များနှင့်အသက်တာပုံစံအပေါ် မည်သို့သက်ရောက်သင့်သနည်း။ (ခ) ရွေးနှုတ်ဖိုးနှင့်စပ်လျဉ်း၍ ခရစ်ယာန်များအားလုံး မည်သည့်ဆုံးဖြတ်ချက် ချထားသင့်သနည်း။

၂၂ နောက်ဆုံးတွင်၊ ရွေးနှုတ်ဖိုးသည်ကျွန်ုပ်တို့၏ပန်းတိုင်များနှင့် အသက်တာပုံစံအပေါ်လေးနက်သောသက်ရောက်မှုရှိစေသင့်သည်။ ပေါလုကဆိုခဲ့သည်။ “သင်တို့သည်အဖိုးနှင့် ဝယ်တော်မူသောသူဖြစ်၍လူထံ၌. . . ကျွန်မခံကြနှင့်။” (၁ ကောရိန္သု ၇:၂၃) စီးပွားရေးလိုအပ်ချက်များဖြစ်သော—အိမ်၊ အလုပ်အကိုင်၊ စားဝတ်နေရေး—သည်သင့်အသက်တာတွင် အဓိကဖြစ်နေသေးသလော။ သို့မဟုတ်၊ သင်သည်နိုင်ငံတော်ကိုရှေ့ဦးထားပြီး၊ သင့်အားထောက်မမည်ဟု ဘုရားရှင်ကတိတော်အပေါ် သင်ယုံကြည်မှုတင်ပြသလော။ (မဿဲ ၆:၂၅-၃၃) သင်သည်သင့်အလုပ်ရှင်အောက်ကျွန်ခံမည်ဖြစ်သော်လည်း သီအိုကရက်တစ်လုပ်ငန်းများအတွက်မူ အလုံအလောက်နေရာမပေးဘဲ နေမည်လော။ ခရစ်တော်သည် “ကောင်းသောအကျင့်ဘက်၌ စိတ်အားကြီး၍ ပိုင်ထိုက်တော်မူသောအမျိုးကို မိမိအဖို့စင်ကြယ်စေခြင်းငှာလည်းကောင်း၊ ကိုယ်ကိုယ်ကိုစွန့်ကြဲတော်မူပြီ။”—တိတု ၂:၁၄။ ၂ ကောရိန္သု ၅:၁၅။

၂၃ ဤထူးမြတ်လှသောဆုကျေးဇူး—ရွေးနှုတ်ဖိုးအတွက် “ယေရှုခရစ်အားဖြင့်. . . ဘုရားသခင်၏ကျေးဇူးတော်ကြီးလှ” ပါပေသည်တကား။ (ရောမ ၇:၂၅) ကျွန်ုပ်တို့သည်ဘယ်သောအခါမျှ ရွေးနှုတ်ဖိုး၏ရည်ရွယ်ချက်ကို မလွတ်စေဘဲ ယင်းသည်ကျွန်ုပ်တို့အသက်တာတွင် တကယ့်စွမ်းအားတစ်ခုဖြစ်ပါစေ။ စဉ်းစားပုံ၊ စကားပြောပုံနှင့်အပြုအမူအားဖြင့် ဘုရားရှင်ကိုကျွန်ုပ်တို့အစဉ်ဂုဏ်တင်ကါ ကျွန်ုပ်တို့အားအဖိုးနှင့်ဝယ်ထားကြောင်း ကျေးဇူးတင်စွာဖြင့်သတိရကြပါစို့။

ပြန်လည်သုံးသပ်ရန်မေးခွန်းများ

▫ သွေးသည်သန့်ရှင်းမြင့်မြတ်ကြောင်း အဘယ်ကြောင့်ယူမှတ်သနည်း။ ခရစ်တော်၏အသွေးတော်ကို ကောင်းကင်ရှိဘုရားရှင်ရှေ့တော်၌ မည်သို့ဆက်သခဲ့သနည်း။

▫ ပဋိညာဉ်သစ်ကိုအတည်ပြုရာ၌ ခရစ်တော်၏အသွေးသည် မည်သည့်ကဏ္ဍမှပါဝင်သနည်း။

▫ ရွေးနှုတ်ဖိုးသည်အကြွင်းအကျန်များနှင့် လူအုပ်ကြီးကိုမည်သို့အကျိုးပြုသနည်း။

▫ ကျွန်ုပ်တို့သည်ရွေးနှုတ်ဖိုးကို အကျိုးမဲ့မခံယူကြောင်း မည်သို့တင်ပြနိုင်သနည်း။

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

ယဇ်ပူဇော်သက္ကာတစ်ခု၏ အပြစ်ဖြေနိုင်စွမ်းသည် ယင်း၏အသက်သွေးတွင်တည်ရှိသည်

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ဘုရားသခင်၏အပြစ်လွတ်ခြင်းကိုလေးမြတ်သူသည် အခြားသူများအား ခွင့်လွတ်ရန်အသင့်ရှိသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ