ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၉/၁၁ စာ. ၁
  • ဟောပြောခြင်းအခွင့်ထူးကို တန်ဖိုးထားပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဟောပြောခြင်းအခွင့်ထူးကို တန်ဖိုးထားပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဟောပြောခြင်း—ဂုဏ်အသရေရှိအခွင့်ထူး
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • နိုင်ငံတော်သတင်းဟောပြောခြင်း—တန်ဖိုးရှိအခွင့်ထူးတစ်ခု
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • ဘုရားပေး တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နေသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • အဖိုးတန်ဘဏ္ဍာ အပ်နှင်းခံရ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
နဓ ၉/၁၁ စာ. ၁

ဟောပြောခြင်းအခွင့်ထူးကို တန်ဖိုးထားပါ

၁။ လောကမှာရှိတဲ့ လူများစွာက ကျွန်ုပ်တို့ရဲ့ ဟောပြောခြင်းလုပ်ငန်းကို ဘယ်လိုရှုမြင်ကြသလဲ။

၁ စာတန့်လောကမှာရှိတဲ့ လူများစွာကတော့ ကျွန်ုပ်တို့ရဲ့ဟောပြောခြင်းလုပ်ငန်းကို “မိုက်မဲခြင်းတရား” လို့ ရှုမြင်ကြပါလိမ့်မယ်။ (၁ ကော. ၁:၁၈-၂၁) ကျွန်ုပ်တို့ ဂရုမစိုက်ဘူးဆိုရင် ဒီလွဲမှားတဲ့အမြင်ကြောင့် စိတ်ပျက်အားလျော့နိုင် ဒါမှမဟုတ် ဇွဲထက်သန်မှု လျော့နည်းသွားနိုင်တယ်။ (သု. ၂၄:၁၀; ဟေရှာ. ၅:၂၀) ယေဟောဝါသက်သေဖြစ်ရခြင်းအခွင့်ထူးကို တန်ဖိုးထားရတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။—ဟေရှာ. ၄၃:၁၀။

၂။ ဟောပြောခြင်းလုပ်ငန်းကို ဘာကြောင့် “သန့်ရှင်းသောအမှု” လို့ခေါ်နိုင်သလဲ။

၂ “သန့်ရှင်းသောအမှု”– တမန်တော်ပေါလုက ဟောပြောခြင်းလုပ်ငန်းကို “သန့်ရှင်းသောအမှု” လို့ ရည်ညွှန်းခဲ့တယ်။ (ရော. ၁၅:၁၅၊ ၁၆) ဟောပြောခြင်းလုပ်ငန်းကို ဘာကြောင့် “သန့်ရှင်းသောအမှု” လို့ပြောရတာလဲ။ ကျွန်ုပ်တို့ ဒီလုပ်ငန်းမှာ ပါဝင်ခြင်းအားဖြင့် ‘သန့်ရှင်းသောအရှင်’ ယေဟောဝါရဲ့ “လုပ်ဖော်ဆောင်ဖက်” ဖြစ်လာပြီး ကိုယ်တော့်နာမတော်ကို သန့်ရှင်းမြင့်မြတ်စေတယ်။ (၁ ကော. ၃:၉; ၁ ပေ. ၁:၁၅) ယေဟောဝါက ကျွန်ုပ်တို့ရဲ့ ဟောပြောခြင်းလုပ်ငန်းကို “ချီးမွမ်းခြင်းယဇ်” အဖြစ်ရှုမြင်တဲ့အတွက် ဟောပြောခြင်းလုပ်ငန်းက ကျွန်ုပ်တို့ဝတ်ပြုရေးရဲ့ အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်တယ်။—ဟေဗြဲ ၁၃:၁၅။

၃။ သတင်းကောင်းဟောပြောခြင်းလုပ်ငန်းက ထူးမြတ်တဲ့လုပ်ငန်းဖြစ်တယ်လို့ ဘာကြောင့် ပြောနိုင်တာလဲ။

၃ သတင်းကောင်းဟောပြောခြင်းက လူအနည်းအကျဉ်းသာရရှိထားတဲ့ ထူးမြတ်တဲ့လုပ်ငန်းဖြစ်တယ်။ ဒီအလုပ်ကို အရမ်းစိတ်ဝင်စားတဲ့ ကောင်းကင်တမန်တွေကိုသာ တာဝန်ပေးမယ်ဆိုရင် သူတို့ ဝမ်းသာအားရလုပ်ဆောင်မှာဖြစ်ပြီး အရမ်းလည်းထိရောက်မှာဖြစ်တယ်။ (၁ ပေ. ၁:၁၂) ဒါပေမဲ့ ယေဟောဝါက “မြေအိုး” များဖြစ်တဲ့ မစုံလင်တဲ့လူသားတွေကို ဒီထူးမြတ်တဲ့တာဝန် ပေးအပ်ထားတယ်။—၂ ကော. ၄:၇။

၄။ ဟောပြောခြင်းလုပ်ငန်းကို တန်ဖိုးထားကြောင်း ကျွန်ုပ်တို့ ဘယ်လိုတင်ပြနိုင်သလဲ။

၄ ဦးစားထားရမယ့်အလုပ်– ကျွန်ုပ်တို့ရရှိထားတဲ့ ဟောပြောခြင်းလုပ်ငန်းကို အမှန်တကယ်တန်ဖိုးထားတဲ့အတွက် ဒါကို “သာ၍အရေးကြီးသောအရာများ” ထဲကတစ်ခုအဖြစ် ကျွန်ုပ်တို့ရှုမြင်ကြတယ်။ (ဖိ. ၁:၁၀) ဒါကြောင့် အပတ်စဉ် ဒီလုပ်ငန်းမှာပါဝင်ဖို့ ကျွန်ုပ်တို့ အချိန်ပေးကြတယ်။ ကမ္ဘာကျော်သံစုံတီးဝိုင်းတစ်ခုမှာ ပါဝင်တီးခတ်ရတဲ့ အခွင့်ထူးကို တန်ဖိုးထားတဲ့ ဂီတသမားတစ်ဦးဟာ ပွဲတစ်ပွဲစီအတွက် ကြိုတင်ပြင်ဆင်မှာဖြစ်ပြီး သူ့ရဲ့စွမ်းရည်တိုးတက်လာအောင်လည်း လုပ်ဆောင်မှာဖြစ်တယ်။ အလားတူပဲ၊ ကျွန်ုပ်တို့က ဟောပြောခြင်းလုပ်ငန်းမှာ မပါဝင်ခင် ပြင်ဆင်မှာဖြစ်တယ်၊ ဒီလိုနည်းအားဖြင့် ကျွန်ုပ်တို့က “အမှန်တရားကို မှန်ကန်စွာကိုင်တွယ်တတ်သောသူ” ဖြစ်လာနိုင်ပြီး “သွန်သင်ခြင်းနည်းပညာ” တိုးတက်လာအောင်လည်း လုပ်ဆောင်မှာဖြစ်တယ်။—၂ တိ. ၂:၁၅; ၄:၂။

၅။ ဟောပြောခြင်းလုပ်ငန်းကို ဘယ်သူနှစ်သက်သလဲ။

၅ လူအများစုရဲ့ အပျက်သဘောတုံ့ပြန်မှုကြောင့် စိတ်မပျက်ပါနဲ့။ ကျွန်ုပ်တို့ရဲ့ရပ်ကွက်မှာ ကျွန်ုပ်တို့ဟောပြောတဲ့သတင်းကို နားထောင်ချင်တဲ့သူတွေ အများကြီးရှိသေးတယ်ဆိုတာ သတိရပါ။ ဒါပေမဲ့ ကျွန်ုပ်တို့က လူတွေအကြိုက် လုပ်နေကြတာမဟုတ်ဘူး။ အရေးကြီးဆုံးက ယေဟောဝါရဲ့နှစ်သက်မှုရရှိဖို့ဖြစ်ပြီး ကိုယ်တော်က ကျွန်ုပ်တို့ရဲ့ လုံ့လထုတ်ကြိုးစားမှုကို အလွန်တန်ဖိုးထားတယ်။—ဟေရှာ. ၅၂:၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ