ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၆ စက်တင်ဘာ စာ. ၁၇-၂၁
  • သင့်ဝတ်စားပုံက ဘုရားသခင့် ဘုန်းတော်ကို ထင်ရှားစေသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ဝတ်စားပုံက ဘုရားသခင့် ဘုန်းတော်ကို ထင်ရှားစေသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ဘုရားသခင့် အမှုတော်ဆောင်များဖြစ်ကြောင်း နည်းအမျိုးမျိုးဖြင့် ဖော်ပြ”
  • အချိန်အခါ၊ နေရာဒေသနဲ့ ကိုက်ညီတဲ့ အဝတ်အစား
  • လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ပညာရှိရှိ အသုံးပြုပါ
  • ကျွန်တော်တို့ရဲ့ အဝတ်အစား၊ အသွင်အပြင် ဘာကြောင့် အရေးပါသလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • မေးခွန်းသေတ္တာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • မေးခွန်းသေတ္တာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • လျောက်ပတ်သောအဝတ်အစားက ဘုရားသခင်ကို ရိုသေလေးမြတ်ကြောင်းပြ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
က၁၆ စက်တင်ဘာ စာ. ၁၇-၂၁
ဣန္ဒြေရှိရှိ ဝတ်စားထားတဲ့ ​သက်သေခံတွေကို နောက်ခံထားပြီး ယေဟောဝါသက်သေတွေရဲ့ ခရိုင်အစည်းအဝေးမှာ ရောက်ရှိနေတဲ့ သတင်းရိုက်ကူးရေးအဖွဲ့

သင့်ဝတ်စားပုံက ဘုရားသခင့် ဘုန်းတော်ကို ထင်ရှားစေသလား

“ဘုရားသခင်၏ဘုန်းတော်အတွက် အရာခပ်သိမ်းကို ပြုကြလော့။”—၁ ကော. ၁၀:၃၁။

သီချင်း– ၃၄၊ ၆၁

သင် ဘယ်လိုဖြေမလဲ

  • ဝတ်စားဖြီးလိမ်းပုံနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချရတဲ့အခါ ပညတ်တရားက ဘယ်လို ကူညီပေးသလဲ။

  • ၁ ကောရိန္သု ၁၀:၃၁ နဲ့ ဖိလိပ္ပိ ၂:၄ က ဝတ်စားပုံနဲ့ ဘယ်လို သက်ဆိုင်သလဲ။

  • ဘာကြောင့် ဣန္ဒြေရှိရှိ ဝတ်စားဖြီးလိမ်းဖို့ လိုအပ်ရသလဲ။

၁၊ ၂။ ယေဟောဝါသက်သေတွေမှာ သင့်တော်တဲ့ အဝတ်အစားစံနှုန်း ဘာကြောင့် ရှိသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)

ချာ့ချ်ခေါင်းဆောင်တွေ အစည်းအဝေးတစ်ခုမှာ ဝတ်စားပုံကို ဒတ်ချ်သတင်းစာတစ်စောင်က အခုလို ဖော်ပြတယ်– “အထူးသဖြင့် ပူအိုက်တဲ့အခါမှာ ဖြစ်ကတတ်ဆန်း ဝတ်စားကြတယ်။ . . . ယေဟောဝါသက်သေတွေရဲ့ ခရိုင်အစည်းအဝေးမှာတော့ အဲဒီလို မဟုတ်ဘူး။ ယောက်ျားလေးတွေနဲ့ အမျိုးသားတွေဟာ ကုတ်အင်္ကျီနဲ့ လည်စည်းတွေ ဝတ်ကြတယ်။ မိန်းကလေးတွေနဲ့ အမျိုးသမီးတွေဟာ အနေတော် ရှည်ပေမဲ့ ခေတ်မီတဲ့ စကတ်တွေ ဝတ်ကြတယ်။” မှန်ပါတယ်၊ ‘ဣန္ဒြေရှိခြင်း၊ သမာသတိရှိခြင်းနှင့်တကွ ဘုရားသခင်ကို ကြည်ညိုပါသည်ဟု ဝန်ခံသူများ ဆင်ယင်သင့်သည့်အတိုင်း ကောင်းသောအကျင့်များဖြင့် ကိုယ်ကို ဆင်ယင်’ ကြတဲ့အတွက် ယေဟောဝါသက်သေတွေ ချီးမွမ်းခံရလေ့ရှိတယ်။ (၁ တိ. ၂:၉၊ ၁၀) တမန်တော်ပေါလုက အမျိုးသမီးတွေအကြောင်း ပြောနေတာ ဖြစ်ပေမဲ့ အမျိုးသားတွေနဲ့လည်း သက်ဆိုင်ပါတယ်။

၂ သင့်တော်တဲ့ အဝတ်အစားစံနှုန်း ရှိခြင်းက ယေဟောဝါသက်သေတွေအတွက်ရော၊ သူတို့ကိုးကွယ်တဲ့ ယေဟောဝါဘုရားအတွက်ပါ အရေးကြီးတယ်။ (က. ၃:၂၁) စကြဝဠာပိုင်သအုပ်စိုးရှင် ယေဟောဝါက သူ့ကျေးကျွန်တွေအတွက် ဝတ်စားဆင်ယင်ပုံ စံနှုန်းတွေ ချမှတ်ပေးထားတယ်လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ ဒါကြောင့် အဝတ်အစား ရွေးတဲ့အခါ ကိုယ့်အကြိုက်သာမက ယေဟောဝါ ကြိုက်နှစ်သက်ရာ ဖြစ်သင့်တယ်။

၃။ အစ္စရေးတွေကို ပေးတဲ့ ဘုရားသခင့် ပညတ်တရားကနေ အဝတ်အစားနဲ့ပတ်သက်ပြီး ဘာသိရသလဲ။

၃ ပညတ်တရားမှာပါတဲ့ စည်းမျဉ်းတွေက ပတ်ဝန်းကျင်လူမျိုးတွေရဲ့ အကျင့်ပျက် ဘဝပုံစံကနေ အစ္စရေးလူမျိုးတွေကို ကာကွယ်ပေးတယ်။ ယောက်ျားမိန်းမ မကွဲပြားတဲ့ အဝတ်အစားပုံစံကို ယေဟောဝါ လုံးဝ မကြိုက်မှန်း ပညတ်တရားက ဖော်ပြတယ်။ ဒီနေ့ခေတ်မှာလည်း အဲဒီလိုပဲ ဝတ်စားနေကြတယ်။ (တရားဟောရာ ၂၂:၅ ကိုဖတ်ပါ။) ယောက်ျားက မိန်းမလို ဝတ်တာ၊ မိန်းမက ယောက်ျားလို ဝတ်တာ ဒါမှမဟုတ် ယောက်ျားမိန်းမ မကွဲပြားတဲ့ အဝတ်အစား ပုံစံတွေကို ယေဟောဝါ လုံးဝ မနှစ်သက်မှန်း ပညတ်တရားကနေ သိရှိရတယ်။

၄။ ဝတ်စားပုံနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ ခရစ်ယာန်တွေကို ဘာက ကူညီပေးနိုင်သလဲ။

၄ အဝတ်အစားနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ ကျမ်းစာမူတွေက ကူညီပေးတယ်။ ဒီမူတွေဟာ ဘယ်နိုင်ငံ၊ ဘယ်ယဉ်ကျေးမှု၊ ဘယ်ရာသီဥတုနဲ့မဆို သက်ဆိုင်တယ်။ သင့်တော်တဲ့၊ မသင့်တော်တဲ့ အဝတ်အစား စာရင်းရှည်ကြီး မလိုအပ်ပါဘူး။ ကျမ်းစာမူအတွင်းမှာပဲ ကိုယ်နှစ်သက်ရာကို ဝတ်ဆင်နိုင်ပါတယ်။ အဝတ်အစား ရွေးတဲ့အခါ “ဘုရားသခင့် အလိုတော်အတိုင်း ကောင်းမြတ်တော်မူသောအရာ၊ လက်ခံတော်မူဖွယ်သောအရာ၊ စုံလင်တော်မူသောအရာတို့ကို သိမှတ်နိုင်” ဖို့ ကူညီပေးတဲ့ ကျမ်းစာမူတချို့ကို သုံးသပ်ကြည့်ကြပါစို့။—ရော. ၁၂:၁၊ ၂။

“ဘုရားသခင့် အမှုတော်ဆောင်များဖြစ်ကြောင်း နည်းအမျိုးမျိုးဖြင့် ဖော်ပြ”

၅၊ ၆။ ကျွန်တော်တို့ရဲ့ အဝတ်အစားက တခြားသူတွေအပေါ် ဘယ်လို အကျိုးသက်ရောက်သင့်သလဲ။

၅ ၂ ကောရိန္သု ၆:၄ (ဖတ်ပါ) မှာ အရေးကြီးတဲ့မူတစ်ခုကို တမန်တော်ပေါလု ဖော်ပြခဲ့တယ်။ ကျွန်တော်တို့ရဲ့ ဝတ်ဆင်ပုံက ကျွန်တော်တို့အကြောင်း များစွာ ဖော်ပြတယ်။ လူအများက “အဆင်းသဏ္ဌာန်” ပေါ်မူတည်ပြီး စီရင်ဆုံးဖြတ်တတ်ကြတယ်။ (၁ ရာ. ၁၆:၇) ကျွန်တော်တို့ဟာ ဘုရားသခင့် ကျေးကျွန်တွေ ဖြစ်တဲ့အတွက် သက်သောင့်သက်သာဖြစ်ဖို့၊ ကိုယ်နှစ်သက်ဖို့လောက်ပဲ မစဉ်းစားသင့်ဘူး။ ကျပ်လွန်းတဲ့၊ မလုံ့တလုံဖြစ်တဲ့၊ တခြားသူတွေမှာ မကောင်းတဲ့စိတ် ဝင်လာစေတဲ့ အဝတ်အစားတွေကို ရှောင်ဖို့ ကျမ်းစာမူတွေက ကူညီပေးတယ်။ ဆိုလိုတာက ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ကွက်ကွက်ကွင်းကွင်း မြင်သာစေတဲ့ အဝတ်အစားတွေကို ရှောင်ရပါမယ်။ ကိုယ့်အဝတ်အစားကို ကြည့်ပြီး တခြားသူတွေ စိတ်မသက်မသာ ဖြစ်သွားတာမျိုး၊ မကောင်းတဲ့စိတ် ဝင်လာတာမျိုး မဖြစ်စေသင့်ဘူး။

၆ သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်း၊ ဣန္ဒြေရှိရှိ ဝတ်စားဖြီးလိမ်းမယ်ဆိုရင် ကျွန်တော်တို့ကို လူတွေ ပိုလေးစားလာနိုင်တယ်။ ကျွန်တော်တို့ရဲ့ ဘုရားအကြောင်း ပိုစိတ်ဝင်စားလာပြီး အဖွဲ့အစည်းကို ပိုလေးစားလာနိုင်တယ်။ အသက်ကယ် သတင်းတရားကိုလည်း ပိုနားထောင်လာနိုင်တယ်။

၇၊ ၈။ အထူးသဖြင့် ဘယ်အချိန်တွေမှာ သင့်တော်တဲ့ အဝတ်အစားတွေ ဝတ်ဆင်သင့်သလဲ။

၇ ကျွန်တော်တို့ရဲ့ အဝတ်အစားက သန့်ရှင်းတဲ့ဘုရား၊ ညီအစ်ကို/မတွေနဲ့ ရပ်ကွက်က လူတွေအပေါ် အကျိုးသက်ရောက်နိုင်တယ်။ ဒါကြောင့် ယေဟောဝါနဲ့ သတင်းတရားကို ဂုဏ်တင်တဲ့နည်းနဲ့ ဝတ်ဆင်သင့်တယ်။ (ရော. ၁၃:၈-၁၀) အထူးသဖြင့် အစည်းအဝေး တက်တဲ့အချိန်၊ အမှုဆောင် ထွက်တဲ့အချိန်မှာ ပိုအရေးကြီးတယ်။ ‘ဘုရားသခင်ကို ကြည်ညိုပါသည်ဟု ဝန်ခံသူများ ဆင်ယင်သင့်သည့်အတိုင်း’ ဝတ်ဆင်သင့်တယ်။ (၁ တိ. ၂:၁၀) အဝတ်အစားတချို့က ဒေသတစ်ခုမှာ သင့်တော်ပေမဲ့ နောက်ဒေသတစ်ခုမှာ သင့်တော်ချင်မှ သင့်တော်မယ်။ ဒါကြောင့် ယေဟောဝါသက်သေတွေအနေနဲ့ ဘယ်နေရာမှာပဲ နေထိုင်ပါစေ တခြားသူတွေကို ထိခိုက်စေတဲ့ အဝတ်အစားတွေ မဝတ်ဆင်သင့်ဘူး။

​သက်သေခံလက်တွန်းစင်ဘေးက ဣန္ဒြေရှိရှိ ဝတ်စားထားတဲ့ ညီအစ်မနှစ်ယောက်ကို အမျိုးသမီးတစ်ယောက် သတိထားကြည့်နေစဉ်

သင့်ရဲ့ ဝတ်စားပုံက သင်ကိုယ်စားပြုတဲ့ဘုရားကို လေးစားဖို့ တခြားသူတွေကို လှုံ့ဆော်ပေးမလား (အပိုဒ် ၇၊ ၈ ကိုကြည့်ပါ)

၈ ၁ ကောရိန္သု ၁၀:၃၁ ကိုဖတ်ပါ။ တိုက်နယ် အစည်းအဝေးတွေ၊ ခရိုင် အစည်းအဝေးတွေ တက်တဲ့အခါ သင့်တော်ပြီး ဣန္ဒြေရှိတဲ့ အဝတ်အစားတွေ ဝတ်ဆင်သင့်တယ်။ လောကမှာ ရေပန်းစားနေတဲ့၊ တစ်ဖက်စွန်းရောက်တဲ့ အဝတ်အစား ပုံစံတွေကို ရှောင်သင့်တယ်။ အစည်းအဝေး အစီအစဉ် မတိုင်ခင်နဲ့ ပြီးနောက်၊ ဟိုတယ်မှာ တည်းခိုဖို့ လာတဲ့အချိန်နဲ့ ပြန်ထွက်တဲ့အချိန်မှာလည်း ဖိုသီဖတ်သီ၊ ဖြစ်ကတတ်ဆန်း မဝတ်သင့်ဘူး။ ဒီနည်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် ယေဟောဝါသက်သေအဖြစ် ရဲရဲဝံ့ဝံ့ ဖော်ပြနိုင်ပြီး အချိန်တိုင်းမှာ သက်သေခံဖို့ အသင့်ဖြစ်နေပါလိမ့်မယ်။

၉၊ ၁၀။ ဖိလိပ္ပိ ၂:၄ က ကျွန်တော်တို့ရဲ့ ဝတ်စားပုံအပေါ် ဘာကြောင့် အကျိုးသက်ရောက်သင့်သလဲ။

၉ ဖိလိပ္ပိ ၂:၄ ကိုဖတ်ပါ။ ကိုယ့်အဝတ်အစားကြောင့် တခြားညီအစ်ကို/မတွေ ဘယ်လို ထိခိုက်သွားနိုင်တယ်ဆိုတာ ဘာကြောင့် စဉ်းစားသင့်သလဲ။ အကြောင်းရင်း တစ်ခုကတော့ ဒီအကြံဉာဏ်ကို လိုက်နာကြလို့ပဲ– “ထို့ကြောင့် မတရားမေထုန်ပြုခြင်း၊ မသန့်ရှင်းခြင်း၊ သွေးသားဆန္ဒ ပြင်းပြခြင်း၊ မကောင်းသော တောင့်တခြင်း . . . နှင့်ဆိုင်သည့် မြေကြီးပေါ်ရှိ သင်တို့၏ကိုယ်အင်္ဂါများကို သေစေကြလော့။” (ကော. ၃:၂၊ ၅) လိင်အကျင့်ယိုယွင်းတဲ့ ဘဝပုံစံကနေ ရုန်းထွက်ခဲ့ကြတဲ့ ညီအစ်ကို/မတွေဟာ မကောင်းတဲ့ဆန္ဒတွေကို တိုက်လှန်နေရတုန်းပဲ။ သတိမထားဘူးဆိုရင် ကိုယ့်အဝတ်အစားပုံစံကြောင့် ကျမ်းစာသွန်သင်ချက်တွေကို လိုက်နာဖို့၊ မကောင်းတဲ့ဆန္ဒတွေ တိုက်လှန်ဖို့ သူတို့ကို ပိုအခက်တွေ့စေနိုင်တယ်။ (၁ ကော. ၆:၉၊ ၁၀) သူတို့ကို အခက်တွေ့အောင် ကျွန်တော်တို့ မလုပ်ချင်ကြပါဘူး။

၁၀ ညီအစ်ကို/မတွေနဲ့ အတူရှိနေချိန်မှာ အကျင့်ပျက်မှုကို အားပေးသူတွေနဲ့ ကင်းဝေးကြတယ်။ အစည်းအဝေးမှာဖြစ်ဖြစ်၊ သာမန်အချိန်တွေမှာဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ ဝတ်စားပုံက အဲဒီလို သန့်ရှင်းတဲ့ဝန်းကျင်ကို အားဖြည့်ပေးသင့်တယ်။ ကိုယ်ကြိုက်ရာကို လွတ်လပ်စွာ ရွေးချယ်ဝတ်ဆင်ခွင့် ရှိပေမဲ့ တခြားသူတွေရဲ့ သန့်ရှင်းတဲ့ အတွေး၊ အပြောအဆို၊ အပြုအမူကို ဆက်ထိန်းသိမ်းနိုင်ဖို့ လွယ်ကူစေတဲ့ အဝတ်အစားတွေ ဝတ်ဆင်ဖို့ တာဝန်ရှိတယ်။ (၁ ပေ. ၁:၁၅၊ ၁၆) မေတ္တာစစ်ဟာ “မလျောက်ပတ်စွာ မကျင့်တတ်။ ကိုယ့်အကျိုးကို မရှာတတ်” ဘူး။—၁ ကော. ၁၃:၄၊ ၅။

အချိန်အခါ၊ နေရာဒေသနဲ့ ကိုက်ညီတဲ့ အဝတ်အစား

၁၁၊ ၁၂။ ဒေသနာ ၃:၁၊ ၁၇ က သင့်တင့်မျှတမှုရှိဖို့ ဘယ်လို ကူညီပေးသလဲ။

၁၁ အဝတ်အစား ရွေးချယ်တဲ့အခါ “ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန် ရှိ” တယ်ဆိုတာ သိထားသင့်တယ်။ (ဒေ. ၃:၁၊ ၁၇) ရာသီဥတု၊ ပတ်ဝန်းကျင်နဲ့ လူနေမှုအခြေအနေအလိုက် ဝတ်စားကြတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ စံနှုန်းတွေကတော့ အမြဲတမ်း တစ်သမတ်တည်းပဲ။—မာလ. ၃:၆။

၁၂ ပူအိုက်တဲ့ရာသီမှာ သင့်တော်ပြီး ဣန္ဒြေရှိတဲ့ အဝတ်အစား ဝတ်ဖို့ ခက်ခဲတတ်တယ်။ ဒါပေမဲ့ ကျပ်လွန်းတဲ့၊ မလုံ့တလုံဖြစ်တဲ့ အဝတ်အစား မဝတ်ဆင်တာကို ညီအစ်ကို/မတွေ လေးမြတ်ကြတယ်။ (ယောဘ ၃၁:၁) ကမ်းခြေမှာဖြစ်ဖြစ်၊ ရေကူးကန်မှာဖြစ်ဖြစ် အနားယူ အပန်းဖြေတဲ့အခါမှာလည်း ဣန္ဒြေရှိတဲ့ ရေကူးဝတ်စုံတွေ ဝတ်ဆင်သင့်တယ်။ (သု. ၁၁:၂၊ ၂၀) လောကမှာတော့ ဖော်လွန်းတဲ့ ရေကူးဝတ်စုံတွေ ဝတ်ကြပေမဲ့ ကျွန်တော်တို့ကတော့ သန့်ရှင်းတဲ့ဘုရား ယေဟောဝါကို ဂုဏ်တင်တဲ့ ဝတ်စုံကိုပဲ ရွေးချယ်သင့်တယ်။

၁၃။ ၁ ကောရိန္သု ၁၀:၃၂၊ ၃၃ မှာတွေ့ရတဲ့ အကြံပြုချက်က အဝတ်အစား ရွေးချယ်ရာမှာ ဘယ်လို အကျိုးသက်ရောက်သင့်သလဲ။

၁၃ အဝတ်အစား ရွေးချယ်မှုအပေါ် အကျိုးသက်ရောက်တဲ့ အရေးကြီးတဲ့မူတစ်ခု ရှိသေးတယ်။ တခြားသူတွေရဲ့ သိစိတ်ကို မထိခိုက်မိအောင် သတိထားသင့်တယ်။ (၁ ကောရိန္သု ၁၀:၃၂၊ ၃၃ ကိုဖတ်ပါ။) အဝတ်အစားကြောင့် ညီအစ်ကို/မတွေကိုရော၊ ယေဟောဝါကို ဝတ်မပြုသူတွေကိုပါ မထိခိုက်စေဖို့ တာဝန်ရှိတယ်။ တမန်တော်ပေါလု ဒီလို ရေးတယ်– “ငါတို့ရှိသမျှသည် လူသားချင်း၌ တည်ဆောက်ခြင်း ကောင်းကျိုးရှိစေရန် သူ၏အလိုအတိုင်း ပြုကြစို့။ အကြောင်းမူကား ခရစ်တော်ပင်လျှင် ကိုယ့်အလိုအတိုင်း ပြုတော်မမူ။” (ရော. ၁၅:၂၊ ၃) ယေရှုလိုပဲ ဘုရားအလိုတော်ဆောင်ခြင်းနဲ့ တခြားသူတွေ ကူညီပေးခြင်းကို ကိုယ့်အကြိုက်ထက် ပိုဦးစားပေးသင့်တယ်။ ဒါကြောင့် ကိုယ်ကြိုက်နှစ်သက်ပေမဲ့ တခြားသူတွေ သတင်းကောင်း နားထောင်ဖို့ အတားအဆီး ဖြစ်စေနိုင်တဲ့ အဝတ်အစားပုံစံတွေကို ရှောင်မှာဖြစ်တယ်။

၁၄။ ဝတ်စားပုံအားဖြင့် ဘုရားသခင်ကို ဂုဏ်တင်ဖို့ သားသမီးတွေကို မိဘတွေ ဘယ်လို လေ့ကျင့်ပေးနိုင်သလဲ။

၁၄ ကျမ်းစာမူတွေကို ကလေးတွေ ကျင့်သုံးတတ်အောင် သင်ပေးဖို့ ခရစ်ယာန်မိဘတွေမှာ တာဝန်ရှိတယ်။ အဲဒီထဲမှာ မိဘနဲ့ သားသမီးတွေဟာ ဣန္ဒြေရှိတဲ့ ဝတ်စားဖြီးလိမ်းပုံအားဖြင့် ဘုရားသခင့်စိတ်တော် ပျော်ရွှင်အောင်လုပ်ဖို့လည်း ပါတယ်။ (သု. ၂၂:၆။ ၂၇:၁၁) သန့်ရှင်းတဲ့ ဘုရားသခင်နဲ့ ကိုယ်တော့်စံနှုန်းတွေကို လေးစားတတ်ဖို့ ကလေးတွေကို မိဘတွေ ဘယ်လို လေ့ကျင့်ပေးနိုင်သလဲ။ ကိုယ်တိုင် ပုံသက်သေကောင်း ပြသင့်တယ်။ သင့်တော်တဲ့ အဝတ်အစားတွေကို ဘယ်နေရာမှာ ဘယ်လို ရှာတွေ့နိုင်မှန်း သင်ပေးသင့်တယ်။ ကလေးတွေဟာ ကိုယ်ကြိုက်တဲ့ အဝတ်အစားထက် သူတို့ကိုယ်စားပြုတဲ့ ယေဟောဝါဘုရားကို ဂုဏ်တင်တဲ့ အဝတ်အစားတွေ ရွေးချယ်သင့်တယ်။

လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ပညာရှိရှိ အသုံးပြုပါ

၁၅။ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့ ဘာက ကူညီပေးသင့်သလဲ။

၁၅ ဘုရားသခင်ကို ဂုဏ်တင်တဲ့ ဆုံးဖြတ်ချက်ကောင်းတွေ ချဖို့ ကျမ်းစာလမ်းညွှန်ချက်တွေက ကူညီပေးနိုင်တယ်။ ဒါပေမဲ့ ကိုယ့်ဝတ်စားပုံက ကိုယ့်အကြိုက်ကို ဖော်ပြလေ့ရှိတယ်။ ကိုယ်ကြိုက်တဲ့ပုံစံ၊ ကိုယ်ဝယ်နိုင်တဲ့ အဝတ်အစားဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး။ ဒါပေမဲ့ အချိန်အခါ၊ နေရာဒေသနဲ့ သင့်တော်တဲ့၊ သပ်ရပ်သန့်ရှင်းပြီး ဣန္ဒြေရှိတဲ့ အဝတ်အစား အမြဲ ဖြစ်သင့်တယ်။

၁၆။ ဘာကြောင့် သင့်တော်တဲ့ အဝတ်အစား ဝတ်ဆင်ရကျိုး နပ်သလဲ။

၁၆ ဣန္ဒြေရှိပြီး သင့်တော်တဲ့ အဝတ်အစား ရှာတွေ့ဖို့ အမြဲတော့ မလွယ်ဘူး။ စတိုးဆိုင် အများစုမှာ ခေတ်ပေါ်အဝတ်အစားတွေကိုပဲ ရောင်းကြတယ်။ ဒါကြောင့် ဣန္ဒြေရှိတဲ့ အဝတ်အစား ရှာတွေဖို့ အချိန်နဲ့ အားထုတ်မှု ပိုလိုအပ်နိုင်တယ်။ ဒါပေမဲ့ ကြည့်ကောင်းပြီး သင့်တော်တဲ့ အဝတ်အစား ဝတ်ဖို့ ကြိုးစားအားထုတ်တာကို ညီအစ်ကို/မတွေ သတိထားမိပြီး လေးမြတ်ကြပါလိမ့်မယ်။ ဘုရားသခင့်ဘုန်းတော် ထင်ရှားစေတယ်ဆိုတဲ့ စိတ်ကျေနပ်မှုဟာ ဘယ်စွန့်လွှတ်အနစ်နာခံမှုထက်မဆို သာလွန်ပါတယ်။

၁၇။ ညီအစ်ကိုတစ်ယောက် မုတ်ဆိတ်မွေး ထားလို့ရမရနဲ့ပတ်သက်ပြီး ဘယ်အချက်တွေကို ထည့်တွက်စဉ်းစားသင့်သလဲ။

၁၇ ညီအစ်ကိုတွေ မုတ်ဆိတ်မွေး ထားတာ သင့်တော်သလား။ ပညတ်တရားကတော့ အမျိုးသားတွေ မုတ်ဆိတ်မွေး ထားဖို့ တောင်းဆိုတယ်။ ခရစ်ယာန်တွေဟာ ပညတ်တရားအောက်မှာ မရှိကြတော့ဘူး။ လိုက်နာဖို့လည်း မလိုအပ်ဘူး။ (ဝတ်. ၁၉:၂၇။ ၂၁:၅။ ဂလ. ၃:၂၄၊ ၂၅) ယဉ်ကျေးမှုတချို့မှာ သပ်သပ်ရပ်ရပ် တိထားတဲ့ မုတ်ဆိတ်မွေးဟာ သင့်တော်ပြီး လေးစားစရာ ဖြစ်တယ်။ သတင်းကောင်းကိုလည်း အတားအဆီး မဖြစ်စေဘူး။ ခန့်အပ်ခံ ညီအစ်ကိုတချို့တောင် မုတ်ဆိတ်မွေး ထားကြတယ်။ တချို့ကတော့ မထားဖို့ ဆုံးဖြတ်ကြတယ်။ (၁ ကော. ၈:၉၊ ၁၃။ ၁၀:၃၂) ယဉ်ကျေးမှုတချို့နဲ့ နိုင်ငံတွေမှာကျတော့ မုတ်ဆိတ်မွေး ထားတာ ထုံးစံ မဟုတ်ဘူး။ ယေဟောဝါ သက်သေတွေအတွက် မသင့်တော်ဘူးလို့ ယူဆကြတယ်။ မုတ်ဆိတ်မွေး ထားလို့ ဘုရားသခင့်ဘုန်းတော် ထိခိုက်စရာတောင် ဖြစ်စေနိုင်တယ်။ ‘အပြစ်ဆိုဖွယ်ရှိသူ’ ဖြစ်သွားနိုင်တယ်။—၁ တိ. ၃:၂၊ ၇။ ရော. ၁၅:၁-၃။

၁၈၊ ၁၉။ မိက္ခာ ၆:၈ က ကျွန်တော်တို့ကို ဘယ်လို ကူညီပေးသလဲ။

၁၈ သင့်တော်တဲ့၊ မသင့်တော်တဲ့ ဝတ်စားဖြီးလိမ်းပုံ စာရင်းရှည်ကြီးကို ယေဟောဝါ မပေးထားတဲ့အတွက် ကျေးဇူးတင်စရာပါပဲ။ အဲဒီအစား ကျမ်းစာမူတွေအပေါ် အခြေခံပြီး သင့်တင့်မျှတစွာ ဆုံးဖြတ်နိုင်အောင် လွတ်လပ်စွာ ရွေးချယ်နိုင်စွမ်း ပေးထားတယ်။ ဒါကြောင့် ဝတ်စားဖြီးလိမ်းပုံနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချတဲ့အခါ ‘ဘုရားသခင်နဲ့အတူ ကျိုးနွံစွာ လျှောက်လှမ်း’ ချင်မှန်း ဖော်ပြနိုင်တယ်။—မိ. ၆:၈၊ ကဘ။

၁၉ ယေဟောဝါဟာ သန့်ရှင်းစင်ကြယ်ပြီး ကိုယ်တော့်စံနှုန်းတွေက အကောင်းဆုံး လမ်းညွှန်ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ အသိအမှတ် ပြုကြတယ်။ ကျွန်တော်တို့ နှိမ့်ချကျိုးနွံချင်တယ်ဆိုရင် ကိုယ်တော့်စံနှုန်းတွေကို လိုက်လျှောက်ကြပါလိမ့်မယ်။ ကျိုးနွံမှုက တခြားသူတွေရဲ့ ခံစားချက်နဲ့ သဘောထားကို လေးစားဖို့လည်း ကူညီပေးပါလိမ့်မယ်။

၂၀။ ကျွန်တော်တို့ရဲ့ ဝတ်စားဖြီးလိမ်းပုံက တခြားသူတွေအပေါ် ဘယ်လို အကျိုးသက်ရောက်သင့်သလဲ။

၂၀ ကျွန်တော်တို့ရဲ့ ဝတ်စားပုံက ယေဟောဝါရဲ့ ကျေးကျွန်တွေဖြစ်မှန်း အထင်အရှား ဖော်ပြနေသင့်တယ်။ ယေဟောဝါရဲ့ မြင့်မားတဲ့ စံနှုန်းတွေကို လိုလိုလားလား လိုက်လျှောက်နေကြတယ်။ ညီအစ်ကို/မတွေကို သူတို့ရဲ့ ပုံပန်းသွင်ပြင်နဲ့ အကျင့်ကောင်းကြောင့် ချီးမွမ်းသင့်ပါတယ်။ အဲဒါတွေကြောင့် ကျမ်းစာမှာပါတဲ့ အသက်ကယ် သတင်းတရားကို လူများစွာ လက်ခံနားထောင်လာပြီး ယေဟောဝါရဲ့ ဘုန်းတော်ကို ထင်ရှားစေတယ်။ ဝတ်စားဆင်ယင်ပုံနဲ့ပတ်သက်ပြီး ပညာရှိ ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ‘ဘုန်းတန်ခိုးအာနုဘော်နှင့် တန်ဆာဆင်တော်မူ’ တဲ့အရှင်ရဲ့ ဘုန်းတော်ကို ဆက်ထင်ရှားစေပါလိမ့်မယ်။—ဆာ. ၁၀၄:၁၊ ၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ