ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၁၂/၁၅ စာ. ၂၃-၂၅
  • သင်သည် ယေရှုထံ ဆုတောင်းသင့်သလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်သည် ယေရှုထံ ဆုတောင်းသင့်သလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆုတောင်းချက်ဟူသည် အဘယ်နည်း
  • ကျွန်ုပ်တို့၏ ဆုတောင်းချက်များတွင် ယေရှုအား အသိအမှတ်ပြုခြင်း
  • ယေရှု၏နာမ၌ မည်သို့ ‘ပတ္ထနာပြု [ခေါ်]’ မည်နည်း
  • ကျွန်ုပ်တို့အတွက် ယေရှု စွမ်းဆောင်ပေးနိုင်သည့်အရာ
  • ယေရှုကို သင်မည်သို့ ဂုဏ်တင်သနည်း
  • လက်ခံတော်မူဖွယ် ဆုတောင်းချက်များ
  • ဘုရားသခင် နားညောင်းတော်မူသော ဆုတောင်းချက်များအကြောင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ဆုတောင်းခြင်းဖြင့် ဘုရားသခင်နဲ့ ရင်းနှီးအောင်လုပ်ပါ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဆုတောင်းခြင်း အခွင့်ထူး
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံသို့ ချဉ်းကပ်ခြင်း
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၁၂/၁၅ စာ. ၂၃-၂၅

သင်သည် ယေရှုထံ ဆုတောင်းသင့်သလော

အချို့သူများက ယေရှုထံဆုတောင်းခြင်းသည် သင့်လျော်ကြောင်း ယူမှတ်ကြသည်။ ဂျာမနီတွင် များစွာသောသူတို့သည် ထမင်းမစားမီ လက်ပိုက်ထားပြီး ယေရှုခရစ်အား ကျေးဇူးတင်ကြောင်းဖော်ပြကြရန် ကလေးများကဲ့သို့ သွန်သင်ခံထားကြရသည်။

ကျမ်းစာအရ ယေရှုသည် ကောင်းကင်တွင် အလွန်မြင့်မားသော ရာထူးပိုင်ဆိုင်ထားသည်မှာ အမှန်ပင်။ သို့သော် ယင်းသို့ပိုင်ဆိုင်ထားခြင်းက ကိုယ်တော်ထံ ကျွန်ုပ်တို့ဆုတောင်းသင့်သည်ဟူသည့် အဓိပ္ပာယ်လော။ ယေရှုကို ချစ်၍ တိုက်ရိုက်ဆုတောင်းသူများကြားတွင် သင်ရှိပေမည်၊ သို့သော် ဤကဲ့သို့သော ဆုတောင်းချက်များနှင့်ပတ်သက်၍ ယေရှုကိုယ်တော်တိုင် မည်သို့ယူမှတ်သနည်း။

အဦးဆုံးအနေနှင့် ယင်းမေးခွန်းများပင် အဘယ့်ကြောင့်ပေါ်လာရသနည်း။ ကျမ်းစာက ယေဟောဝါဘုရားသခင်သည် “ပတ္ထနာစကားကို နားထောင်တော်မူသောဘုရား” ဟူ၍ ဆိုထားသောကြောင့်ဖြစ်သည်။ သို့ဖြစ်ရကား ဣသရေလလူမျိုးကဲ့သို့သော ရှေးအချိန်က ဘုရားသခင့်ကျေးကျွန်များသည် အနန္တတန်ခိုးရှင် ယေဟောဝါဘုရားသခင်ကိုသာ ဆုတောင်းခဲ့ကြသည်ကို အံ့အားသင့်စရာမရှိသလောက်ဖြစ်သည်။—ဆာလံ ၅:၁၊ ၂; ၆၅:၂။

ဘုရားသခင့်သားတော် ယေရှုသည် လူသားများအား အပြစ်နှင့်သေခြင်းမှ လွတ်မြောက်စေရန် ကမ္ဘာသို့လာခဲ့ချိန်တွင် အကြောင်းခြင်းရာများသည် ပြောင်းလဲသွားပါသလော။ မပြောင်းလဲခဲ့ပါ၊ ယေဟောဝါထံသို့ ဆုတောင်းကြရန် ညွှန်ကြားထားတုန်းပင်။ မြေကြီးပေါ်ရှိစဉ်က ယေရှုကိုယ်တော်တိုင် မိမိ၏ကောင်းကင်ခမည်းတော်ထံ အကြိမ်ကြိမ်ဆုတောင်းခဲ့ပြီး အခြားသူများကိုလည်း အလားတူပြုရန် သွန်သင်ခဲ့သည်။ ကမ္ဘာပေါ်တွင် လူသိအများဆုံးသော ဆုပတ္ထနာများထဲမှ တစ်ခုဖြစ်သည့် သခင့်ပတ္ထနာ သို့မဟုတ် ကျွန်ုပ်တို့၏အဘဟု ရံဖန်ရံခါခေါ်သည့် စံပြဆုပတ္ထနာကို စဉ်းစားကြည့်ပါ။ ယေရှုက မိမိထံဆုတောင်းရန် မသွန်သင်ခဲ့ပါ; ဤစံနမူနာကို ကျွန်ုပ်တို့အားပေးခဲ့သည်– “ကောင်းကင်ဘုံ၌ရှိတော်မူသော ကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။”—မဿဲ ၆:၆၊ ၉; ၂၆:၃၉၊ ၄၂။

အဘယ်ဆုတောင်းချက်သည် အမှန်ဖြစ်ကြောင်း ဆင်ခြင်သုံးသပ်ခြင်းအားဖြင့် ဤကိစ္စတွင် ပို၍စေ့စေ့စပ်စပ် ကြည့်ရှုကြစို့။

ဆုတောင်းချက်ဟူသည် အဘယ်နည်း

ဆုတောင်းချက်တိုင်းသည် ဝတ်ပြုမှုပုံစံတစ်ခုဖြစ်သည်။ ကမ္ဘာ့စာအုပ်စွယ်စုံကျမ်း က ယင်းကိုအခိုင်အမာ ဤသို့ဆိုသည်– “ဆုတောင်းချက်ဟူသည် လူတစ်ဦးက ဘုရားသခင်ထံ ဆက်ကပ်ပူဇော်ခြင်း၊ ကျေးဇူးတင်ကြောင်းဖော်ပြခြင်း၊ အပြစ်ဝန်ခံခြင်း၊ သို့မဟုတ် အသနားခံခြင်းဖြစ်ကောင်းဖြစ်မည့် ဝတ်ပြုမှုပုံစံတစ်ခုဖြစ်သည်။”

အခြေအနေတစ်ခုတွင် ယေရှုဤသို့ဆိုခဲ့သည်– “‘သင်၏ဘုရားသခင် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကို ကိုးကွယ်ရမည်။ ထိုဘုရားကိုသာ ဝတ်ပြုရမည်’ ကျမ်းစာလာသည်။” ဆုတောင်းခြင်းအပါအဝင်ဝတ်ပြုမှုသည် မိမိ၏ခမည်းတော် ယေဟောဝါဘုရားသခင်ကိုသာ ဦးတိုက်ရည်ရွယ်ရမည်ဟူသော အခြေခံအမှန်တရားကို ယေရှုလက်ဆုပ်လက်ကိုင်ပြုထားသည်။—လုကာ ၄:၈; ၆:၁၂။

ကျွန်ုပ်တို့၏ ဆုတောင်းချက်များတွင် ယေရှုအား အသိအမှတ်ပြုခြင်း

ယေရှုသည် လူသားများအတွက် ရွေးနုတ်ဖိုးပူဇော်သက္ကာအဖြစ် သေဆုံးခဲ့ပြီး ဘုရားသခင်က ရှင်ပြန်ထမြောက်ပေးကာ မြင့်မားသောရာထူးတစ်ခုကို ချီးမြှင့်ပေးခဲ့သည်။ သင်စဉ်းစားမိမည်ဖြစ်သည့်အတိုင်း ဤအရာအားလုံးက လက်ခံတော်မူဖွယ် ဆုတောင်းချက်များနှင့်ပတ်သက်၍ အပြောင်းအလဲတစ်ခုအကြောင်း ဖော်ပြသည်။ မည်သို့အားဖြင့်နည်း။

နောက်ဆက်တွဲအနေနှင့် ယေရှု၏ရာထူးက ဆုတောင်းချက်အပေါ်သက်ရောက်သည့် ကြီးမားသောသြဇာကို တမန်တော်ပေါလု ဤသို့ဖော်ပြသည်– “ထို့ကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အလွန်ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သောဘွဲ့နာမကို ပေးသနားတော်မူ၏။ အကြောင်းမူကား ကောင်းကင်သတ္တဝါ၊ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ရှိသော သတ္တဝါတည်းဟူသော ခပ်သိမ်းသောသတ္တဝါတို့သည် ယေရှု၏ဘွဲ့နာမတော်ကို ဒူးထောက်၍ ယေရှုသည် သခင်ဖြစ်တော်မူ၏ဟု နှုတ်ဖြင့်ဝန်ခံသဖြင့် ခမည်းတော်ဘုရား၏ ဘုန်းအသရေတော်ကို ထင်ရှားစေကြမည်အကြောင်းတည်း။”—ဖိလိပ္ပိ ၂:၉-၁၁။

“ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု၏ဘွဲ့နာမတော်ကို ဒူးထောက်” ဟူသည့် စကားများက ကျွန်ုပ်တို့သည် ကိုယ်တော်ထံ ဆုတောင်းရန်ဟူသည့် အဓိပ္ပာယ် သက်ရောက်သလော။ မသက်ရောက်ပါ။ ဤတွင်ပါဝင်သော ဂရိစကားစုသည် “တစည်းတလုံးတည်းဒူးထောက်ကြသည့် ဘွဲ့နာမ၊ လူအားလုံး (πᾶν γόνυ) ဝတ်ပြုရန် စည်းလုံးစေသည့် ဘွဲ့နာမကို ဆိုလိုသည်။ ယေရှုရရှိထားသည့် ဘွဲ့နာမက လူအားလုံးအား တစည်းတလုံးတည်း ကိုးကွယ်ဝတ်ပြုရန် လှုံ့ဆော်ပေးသည်။” (ဂျီ. ဘီ. ဝင်းနားပြုစုသည့် A Grammar of the Idiom of the New Testament) အမှန်ပင် ဆုတောင်းချက်တစ်ခုကို လက်ခံတော်မူဖွယ်ဖြစ်ရန်အတွက် “ယေရှု၏ဘွဲ့နာမတော်” ဖြင့် တင်ပြရမည်။ သို့သော် မည်သို့ပင်ဖြစ်ပါစေ ယင်းသည် ယေဟောဝါထံသို့ ဦးတိုက်ရည်ရွယ်ပြီး ကိုယ်တော့်ဘုန်းထင်ရှားရေးအတွက် အသုံးတော်ခံသည်။ ဤအကြောင်းကြောင့် ပေါလုဤသို့ဆိုသည်– “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပတ္ထနာပြုသောအားဖြင့် သင်တို့တောင်းပန်လိုသော အရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။”—ဖိလိပ္ပိ ၄:၆။

လမ်းကြောင်းတစ်ခုက ခရီးပန်းတိုင်တစ်ခုဆီသို့ ဦးတည်စေသကဲ့သို့ ယေရှုသည် အနန္တတန်ခိုးရှင် ဘုရားသခင်ဆီသို့ ဦးတည်စေသော “လမ်းခရီး” ဖြစ်သည်။ “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ” ဟု တပည့်တော်များကို ယေရှုသွန်သင်ခဲ့သည်။ (ယောဟန် ၁၄:၆) သို့ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် မိမိတို့၏ဆုတောင်းချက်များကို ယေရှုကိုယ်တော်တိုင်ထံသို့မဟုတ်ဘဲ ယေရှုမှတစ်ဆင့် ယေဟောဝါထံသို့ တင်ပြသင့်သည်။a

‘ဒါပေမဲ့ ကျမ်းစာမှာ တပည့်တော်သတေဖန်နဲ့ တမန်တော်ယောဟန်တို့ နှစ်ယောက်စလုံး ယေရှုကိုစကားပြောခဲ့တဲ့အကြောင်း ဖော်ပြထားတယ်မဟုတ်လား’ ဟု တချို့က မေးပေမည်။ မှန်ပါသည်။ သို့သော် ဤအဖြစ်အပျက်များသည် သတေဖန်နှင့် ယောဟန်တို့တစ်ဦးစီ၏ ရူပါရုံတွင် ယေရှုကိုမြင်ပြီး ကိုယ်တော်ကို တိုက်ရိုက်ပြောဆိုခဲ့ကြခြင်းဖြစ်သောကြောင့် ဆုတောင်းချက်များနှင့် မပတ်သက်ပါ။ (တမန်တော် ၇: ၅၆၊ ၅၉; ဗျာဒိတ် ၁: ၁၇-၁၉; ၂၂: ၂၀) ဘုရားသခင်ကို စကားပြောဆိုရုံမျှသာ ပြောဆိုခြင်းကိုယ်နှိုက်သည် ဆုတောင်းချက်တစ်ခုမဟုတ်ကြောင်း သတိရပါ။ အာဒံနှင့် ဧဝတို့ကို ဧဒင်တွင်ပြုခဲ့သည့် သူတို့၏အပြစ်အတွက် ဘုရားသခင်စီရင်သောအခါ မိမိတို့၏ကြီးလေးသောအပြစ်အတွက် ဆင်ခြေများပေးကာ ကိုယ်တော်ကို စကားပြောခဲ့သည်။ ကိုယ်တော်ထံ သူတို့၏ဤနှယ်ပြောဆိုခြင်းက ဆုတောင်းချက်တစ်ခုမဟုတ်ပါ။ (ကမ္ဘာဦး ၃:၈-၁၉) သို့ဖြစ်ရကား သတေဖန် သို့မဟုတ် ယောဟန်တို့၏ ယေရှုထံစကားပြောဆိုခြင်းကို ကိုယ်တော်ထံ ကျွန်ုပ်တို့ အမှန်တကယ် ဆုတောင်းသင့်ကြောင်း သာဓကအဖြစ် ကိုးကားခြင်းသည် မှားပေမည်။

ယေရှု၏နာမ၌ မည်သို့ ‘ပတ္ထနာပြု [ခေါ်]’ မည်နည်း

သင်၌ အချည်းနှီးသော သံသယများရှိပြီး ယေရှုထံဆုတောင်းရန် သင့်တော်ကြောင်း စဉ်းစားတုန်းပင်ဖြစ်သလော။ အိမ်ထောင်ရှင်မတစ်ဦး ကင်းမျှော်စင်အသင်း ဌာနခွဲရုံးသို့ ဤသို့စာရေးခဲ့သည်– “ခက်နေတာက အဦးပိုင်းခရစ်ယာန်များ ယေရှုထံဆုမတောင်းဘူးဆိုတာကို အခုထိ ကျွန်မလက်မခံနိုင်အောင်ဖြစ်နေတုန်းပဲ။” သူမ၏စိတ်ထဲတွင် ၁ ကောရိန္သု ၁:၂ (သမ) ၌ “ငါတို့အရှင်. . .ဖြစ်သော ယေရှုခရစ်၏နာမတော်ကို အပြည်ပြည်တွင် ပတ္ထနာပြု [ခေါ်၊ ကဘ] သောသူခပ်သိမ်းတို့” ဟုဖော်ပြထားသည့် ပေါလု၏စကား ရှိနေသည်။ သို့သော် မှတ်သားစရာတစ်ခုမှာ မူရင်းဘာသာစကားတွင် “ပတ္ထနာပြု [ခေါ်]” ဟူသည့် ဖော်ပြချက်သည် ဆုတောင်းခြင်းထက် အခြားအဓိပ္ပာယ်များရှိနိုင်ကြောင်း ဖြစ်သည်။

နေရာတိုင်းတွင် ခရစ်တော်၏နာမကို မည်သို့ ‘ပတ္ထနာပြု [ခေါ်]’ ခဲ့သနည်း။ နည်းလမ်းတစ်ခုမှာ နာဇရက်မြို့သားယေရှု၏ နောက်လိုက်များသည် ကိုယ်တော်ကို မေရှိယဖြစ်ကြောင်းနှင့် “လောကီသားတို့ကို ကယ်တင်သောသခင်” ဖြစ်ကြောင်း ပွင့်လင်းစွာ အသိအမှတ်ပြုခဲ့ကြပြီး ယေရှု၏နာမဖြင့် အံ့ဖွယ်အမှုများကို ပြုကြသည်။ (၁ ယောဟန် ၄:၁၄; တမန်တော် ၃:၆; ၁၉:၅) ထို့ကြောင့် “ငါတို့အရှင်၏နာမတော်ကို ပတ္ထနာပြု [ခေါ်]” ဟူသည့် စကားစုသည် “ကိုယ်တော်ထံဆုတောင်းခြင်းအစား ကိုယ်တော်၏ အရှင်သခင်ဖြစ်မှုကို ဝန်ခံခြင်းအဓိပ္ပာယ်ဆောင်” ကြောင်း The Interpreter’s Bible ကဖော်ပြသည်။

ယေရှုကို လက်ခံပြီး အပြစ်၏ခွင့်လွှတ်မှုကို ရရှိစေနိုင်သည့် ကိုယ်တော်၏သွန်းတော်မူခဲ့သော အသွေးတော်ကို ယုံကြည်မှုတင်ပြခြင်းသည်လည်း “ငါတို့အရှင် . . . ယေရှုခရစ်၏နာမတော်ကို . . . ပတ္ထနာပြု [ခေါ်]” ခြင်းတစ်ခုဖြစ်သည်။ (တမန်တော် ၁၀:၄၃ ကို ၂၂:၁၆ နှင့်နှိုင်းယှဉ်။) ၎င်းအပြင် ယေရှုမှတစ်ဆင့် ဘုရားသခင်ထံ ကျွန်ုပ်တို့ ဆုတောင်းသောအခါတိုင်း ကိုယ်တော်၏နာမတော်ကို စာသားအတိုင်း ခေါ်ဆိုသည်။ ထို့ကြောင့် ယေရှုနာမတော်ကို ပတ္ထနာပြု [ခေါ်] နိုင်ကြောင်း ပြသနေသော်လည်း ကျမ်းစာက ကိုယ်တော်ထံဆုတောင်းသင့်ကြောင်း ဖော်ပြမထားပါ။—ဧဖက် ၅:၂၀; ကောလောသဲ ၃:၁၇။

ကျွန်ုပ်တို့အတွက် ယေရှု စွမ်းဆောင်ပေးနိုင်သည့်အရာ

ယေရှုသည် မိမိတပည့်တော်များကို ဤသို့ရှင်းလင်းစွာ ကတိပြုခဲ့သည်– “သင်တို့သည် ငါ၏နာမကို အမှီပြု၍ တစ်စုံတစ်ခုသောဆုကို တောင်းလျှင် တောင်းသည့်အတိုင်း ငါပြုမည်။” ယင်းက ကိုယ်တော်ထံ ဆုတောင်းဖို့ လိုအပ်ပါသလော။ မလိုအပ်ပါ။ ဤတောင်းခံခြင်းက ယေဟောဝါဘုရားသခင်ကို ဦးတိုက်ရည်ရွယ်ခြင်းဖြစ်သည်—သို့သော် ယေရှု၏နာမတော်၌ဖြစ်သည်။ (ယောဟန် ၁၄:၁၃၊ ၁၄; ၁၅:၁၆) ကိုယ်တော်၏သားတော် ယေရှုသည် ကျွန်ုပ်တို့အကျိုးအလို့ငှာ မိမိ၏ကြီးမားသောတန်ခိုးနှင့် အခွင့်အာဏာကို အသုံးပြုရန် ဘုရားသခင်ထံ ကျွန်ုပ်တို့ အသနားခံတောင်းလျှောက်ကြသည်။

ယေရှုသည် ယနေ့မိမိ၏ စစ်မှန်သောနောက်တော်လိုက်များနှင့် မည်သို့ဆက်သွယ်သနည်း။ ဘိသိက်ခံခရစ်ယာန် အသင်းတော်နှင့်ပတ်သက်သော ပေါလု၏ဖော်ပြချက်သည် ဥပမာတစ်ခုအဖြစ် အသုံးပြုနိုင်သည်။ သူက ယင်းကို ခန္ဓာကိုယ်တစ်ခုနှင့်နှိုင်းယှဉ်ပြီး ယေရှုခရစ်ကို ဦးခေါင်းနှင့် နှိုင်းယှဉ်သည်။ “ဦးခေါင်း” က ဝိညာဏခန္ဓာကိုယ်အဖွဲ့ဝင်များ၏ လိုအပ်ရာများကို “အဆစ်အပိုင်းအထုံးအဖွဲ့များ” အားဖြင့် ထောက်ပံ့သည် (ဝါ) နည်းလမ်းများနှင့် အစီအစဉ်များအားဖြင့် မိမိ၏အသင်းတော်ကို ဝိညာဏအာဟာရနှင့် ညွှန်ကြားမှုပေးတော်မူသည်။ (ကောလောသဲ ၂:၁၉) အလားတူနည်းဖြင့် ယေရှုသည် ယနေ့အချိန်တွင် ‘လူတို့တွင် ဆုလာဘ်များ’ သို့မဟုတ် ဝိညာဉ်ရေးအရအရည်အချင်းရှိ ပုဂ္ဂိုလ်များကို အသင်းတော်တွင် ဦးဆောင်ဦးရွက်ပြုရန်၊ လိုအပ်လာပါက ဆုံးမပဲ့ပြင်ပေးရန်ပင် အသုံးပြုသည်။ ယေရှုနှင့် တိုက်ရိုက်ဆက်သွယ်ရန်သော်လည်းကောင်း၊ ကိုယ်တော်ထံ ဆုတောင်းရန်သော်လည်းကောင်း အသင်းတော်သားများအတွက် ပြဋ္ဌာန်းထားချက်မရှိပါ။ သို့သော် သူတို့သည် ယေရှု၏ခမည်းတော် ယေဟောဝါဘုရားသခင်ကို အမှန်တကယ် ဆုတောင်းသင့်သည်—မှန်သည်၊ ဆုတောင်းရမည်။—ဧဖက် ၄:၈-၁၂။

ယေရှုကို သင်မည်သို့ ဂုဏ်တင်သနည်း

လူသားတို့၏ ကယ်တင်ခြင်းအတွက် အဓိကတာဝန်ကို ယေရှုပိုင်ဆိုင်ထားသည်တကား! တမန်တော်ပေတရု ဤသို့ကြွေးကြော်ခဲ့သည်– “ထိုသခင်၏နာမတော်မှတစ်ပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစ်စုံတစ်ခုမျှ ကောင်းကင်အောက်လူတို့တွင် မပေါ်မရှိ။” (တမန်တော် ၄:၁၂) ယေရှုနာမနှင့်ပတ်သက်သော အရေးပါမှုကို သင်အသိအမှတ်ပြုသလော။

ယေရှုထံ တိုက်ရိုက်ဆုမတောင်းခြင်းကြောင့် ကိုယ်တော်၏ ရာထူးကို ကျွန်ုပ်တို့ သေးသိမ်ယုတ်ညံ့စေသည်မဟုတ်။ ယင်းအစား ယေရှု၏နာမ၌ ကျွန်ုပ်တို့ ဆုတောင်းသောအခါ ကိုယ်တော်ကို ဂုဏ်တင်ကြသည်။ သားသမီးများက နာခံမှုတင်ပြခြင်းအားဖြင့် မိမိတို့၏မိဘတို့ကို ဂုဏ်တင်သကဲ့သို့ ကျွန်ုပ်တို့သည် ကိုယ်တော်၏ ပညတ်တော်များ၊ အထူးသဖြင့် တစ်ယောက်ကို တစ်ယောက်ချစ်ရန် ပညတ်သစ်ကို နာခံခြင်းအားဖြင့် ယေရှုကို ဂုဏ်တင်ကြသည်။—ယောဟန် ၅:၂၃; ၁၃:၃၄။

လက်ခံတော်မူဖွယ် ဆုတောင်းချက်များ

လက်ခံတော်မူဖွယ် ဆုတောင်းချက်များကို သင်တောင်းလျှောက်လိုသလော။ သို့ဖြစ်လျှင် ကိုယ်တော့်သားတော် ယေရှု၏နာမ၌ ယေဟောဝါဘုရားသခင်ထံတော်သို့ ယင်းတို့ကို တိုက်ရိုက်တောင်းပါ။ ဘုရားသခင့်အလိုတော်ကို သိရှိလာကာ ထိုအသိဉာဏ်ကို သင့်ဆုတောင်းချက်များက ရောင်ပြန်ဟပ်စေပါ။ (၁ ယောဟန် ၃:၂၁၊ ၂၂; ၅:၁၄) ဆာလံ ၆၆:၂၀ ပါစကားများမှ ခွန်အားရယူပါ– “ငါမြွက်ဆိုသော ပတ္ထနာကို ပယ်တော်မမူ။ ကျေးဇူးတော်ကို ငါမှရုပ်သိမ်းတော်မမူသော ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။”

ကျွန်ုပ်တို့တွေ့မြင်ခဲ့သည့်အတိုင်း ဆုတောင်းချက်များသည် အနန္တတန်ခိုးရှင်ဘုရားသခင် အကြွင်းမဲ့ပိုင်ဆိုင်သည့် ဝတ်ပြုမှုပုံစံတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့၏ ဆုတောင်းချက်အားလုံးကို ယေဟောဝါဘုရားသခင်ထံတော်သို့ ဦးတိုက်ရည်ရွယ်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ယေရှုက “ကောင်းကင်ဘုံ၌ ရှိတော်မူသော ကျွန်ုပ်တို့အဘ” ဟု ဆုတောင်းရန် ညွှန်ကြားခဲ့သည့်အတိုင်း နှလုံးသွင်းကြောင်း တင်ပြကြသည်။—မဿဲ ၆:၉။

[အောက်ခြေမှတ်ချက်များ]

a အချို့သူများက ယေရှုသည် ဘုရားသခင်ဖြစ်သည်ဟု ယုံကြည်သောကြောင့် ကိုယ်တော်ထံ ဆုတောင်းပေမည်။ သို့သော် ယေရှုသည် ဘုရားသခင့် သားတော်ဖြစ်ပြီး ကိုယ်တော်တိုင် မိမိခမည်းတော် ယေဟောဝါကို ဝတ်ပြုကိုးကွယ်သည်။ (ယောဟန် ၂၀:၁၇) ဤအကြောင်းအရာ၏ အသေးစိတ်ဆွေးနွေးချက်အတွက် နယူးယောက်မြို့၊ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်းမှထုတ်ဝေသော သုံးပါးပေါင်းတစ်ဆူကို သင်ယုံကြည်သင့်သလော (လိပ်) တွင် ရှု။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ