ခရစ်ယာန်အသက်တာလမ်းစဉ်
လူငယ်တို့—‘မွန်မြတ်တဲ့အလုပ်တွေမှာ စိတ်ထက်သန်’ သူဖြစ်ပါ
တိတုကို ရေးတဲ့စာမှာ တမန်တော်ပေါလုက တိတု အပါအဝင် လူငယ်အမျိုးသားတွေကို ‘မွန်မြတ်တဲ့အလုပ်တွေမှာ နည်းအမျိုးမျိုးနဲ စံနမူနာကောင်းပြ’ ဖို့ ကြိုးစားသင့်တယ်လို့ တိုက်တွန်းခဲ့တယ်။ (တိ ၂:၆၊ ၇) ယေရှုက ယေဟောဝါရဲ့လူတွေကို သန့်စင်ပေးပြီး “မွန်မြတ်တဲ့အလုပ်မှာ စိတ်ထက်သန်သူတွေဖြစ်” စေမယ်လို့ ဒီအခန်းကြီးမှာပဲ သူ ဆက်ရေးခဲ့တယ်။ (တိ ၂:၁၄) မွန်မြတ်တဲ့ အလုပ်တစ်ခုကတော့ ဘုရားသခင့် နိုင်ငံတော်အကြောင်း ဟောပြော၊ သွန်သင်ခြင်း ဖြစ်တယ်။ သင်ဟာ လူငယ်ဖြစ်တယ်ဆိုရင် သင့်ရဲ့ လူငယ်ခွန်အားကို သုံးပြီး အရန် ဒါမှမဟုတ် မှန်မှန်ရှေ့ဆောင် လုပ်နိုင်မလား။—ပ ၂၀:၂၉။
ရှေ့ဆောင်လုပ်ချင်တယ်ဆိုရင် လက်တွေ့ကျတဲ့ အစီအစဉ်တွေ ဆွဲပါ။ (လု ၁၄:၂၈-၃၀) ဥပမာ၊ အချိန်ပြည့်အမှုဆောင်နေချိန်မှာ ငွေရေးကြေးရေးအတွက် ဘယ်လို လုပ်မလဲ။ တောင်းဆိုထားတဲ့ နာရီ ပြည့်မီဖို့ ဘယ်လို လုပ်မလဲ။ ဒီအတွက် ယေဟောဝါဆီ အကူအညီတောင်းပါ။ (ဆ ၃၇:၅) သင့်အစီအစဉ်ကို မိဘတွေ၊ အောင်မြင်တဲ့ ရှေ့ဆောင်တွေနဲ့ တိုင်ပင်ပါ။ ပြီးတဲ့နောက် ပန်းတိုင်ပြည့်မီဖို့ စတင်လုပ်ဆောင်ပါ။ အမှုတော်အတွက် သင့်ရဲ့ ထက်သန်မှုကို ယေဟောဝါ ကောင်းချီးပေးမှာ သေချာပါတယ်။
ယေဟောဝါကို ဂုဏ်တင်တဲ့ လူငယ်များ ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–
တချို့သူတွေ ရှေ့ဆောင်လုပ်ဖို့ ဘယ်အခက်အခဲတွေ ရင်ဆိုင်ခဲ့ရသလဲ။ သူတို့ ဘယ်လို လုပ်ခဲ့ကြသလဲ။
သားသမီးတွေ မှန်မှန်ရှေ့ဆောင်လုပ်ဖို့ မိဘတွေ ဘယ်လို ကူညီပေးနိုင်သလဲ။
ဟောပြောခြင်းအတွက် ဇယားရှိဖို့ ဘာကြောင့် အရေးကြီးသလဲ။
အသင်းတော်သားတွေဟာ ရှေ့ဆောင်တစ်ယောက်ကို ဘယ်လို အားပေး၊ ကူညီနိုင်သလဲ။
ရှေ့ဆောင်တွေ ဘာကောင်းချီး ခံစားရသလဲ။
ဘယ်လိုလုပ်ရင် ရှေ့ဆောင်ပန်းတိုင် ပြည့်မီနိုင်မလဲ