ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lff သင်ခန်းစာ ၃၆
  • အရာရာမှာ ရိုးသားပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အရာရာမှာ ရိုးသားပါ
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • အရာရာမှာ ရိုးသားပါ
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • အရာရာမှာ ရိုးသားပါ
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • ရိုးသားစွာ ကျင့်ကြံထိုက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ရိုးသားတာ အကျိုးရှိသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
lff သင်ခန်းစာ ၃၆
သင်ခန်းစာ ၃၆။ အမျိုးသားတစ်ဦး စာချုပ်မှာ လက်မှတ်ထိုးနေ။

သင်ခန်းစာ ၃၆

အရာရာမှာ ရိုးသားပါ

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

ရိုးသားတဲ့သူကို လူတိုင်း မိတ်ဖွဲ့ချင်ကြတယ်။ ယေဟောဝါကလည်း မိမိရဲ့မိတ်ဆွေတွေကို ရိုးသားစေချင်တယ်။ မရိုးသားသူတွေ ပြည့်နေတဲ့ လောကကြီးမှာ ရိုးသားဖို့ မလွယ်ဘူး။ ဒါပေမဲ့ အရာရာမှာ ရိုးသားတဲ့အခါ ဘာအကျိုးခံစားရမလဲ။

၁။ ရိုးသားရတဲ့ အဓိကအကြောင်းရင်းက ဘာလဲ။

ရိုးသားတာက ယေဟောဝါကို ချစ်ကြောင်း၊ လေးစားကြောင်း ဖော်ပြရာရောက်တယ်။ ယေဟောဝါက ကျွန်တော်တို့ စဉ်းစားသမျှ၊ လုပ်သမျှ သိတယ်။ (ဟီဘရူး ၄:၁၃) ရိုးသားဖို့ ကြိုးစားနေတာကိုလည်း သိတယ်၊ လေးမြတ်တယ်။ “ယေဟောဝါဟာ စဉ်းလဲသူကို ရွံရှာတယ်။ ရိုးဖြောင့်သူကိုတော့ ခင်မင်ရင်းနှီးတယ်” လို့ ကျမ်းစာက ဆိုတယ်။​—ပညာအလိမ္မာ ၃:၃၂။

၂။ နေ့စဉ်အသက်တာမှာ ရိုးသားနိုင်တဲ့ နည်းတချို့က ဘာလဲ။

“အချင်းချင်း မှန်သောစကားကိုပဲ ပြော” ဖို့ ယေဟောဝါ လိုလားတယ်။ (ဇာခရိ ၈:​၁၆၊ ၁၇) ဘာကို ဆိုလိုသလဲ။ မိသားစု၊ အလုပ်ဖော်၊ ညီအစ်ကို/မတွေ၊ အစိုးရအာဏာပိုင်တွေနဲ့ စကားပြောတဲ့အခါ ကျွန်တော်တို့ မလိမ်ကြဘူး၊ မမှန်တဲ့အချက်အလက်တွေ မပေးကြဘူး။ ရိုးသားသူဟာ မခိုးဘူး၊ ကလိမ်မကျဘူး။ (ပညာအလိမ္မာ ၂၄:၂၈ နဲ့ ဧဖက် ၄:၂၈ တို့ကို ဖတ်ပါ။) အခွန်တွေကို မှန်မှန်ကန်ကန် ပေးဆောင်ကြတယ်။ (ရောမ ၁၃:​၅-၇) “အရာရာမှာ ရိုးရိုးသားသား ကျင့်ကြံပြုမူ” ကြတယ်။​—ဟီဘရူး ၁၃:၁၈။

၃။ ရိုးသားခြင်းရဲ့ အကျိုးကျေးဇူးတွေက ဘာလဲ။

ရိုးသားတယ်ဆိုတဲ့ နာမည်ကောင်း ရထားလို့ ကျွန်တော်တို့ကို တခြားသူတွေ ယုံကြည်စိတ်ချကြတယ်။ အသင်းတော်မှာ အေးချမ်းလုံခြုံစေတယ်၊ မိသားစုလို ခံစားစေတယ်။ အမှားအမှန်သိစိတ် ကြည်လင်တယ်။ ဒါ့အပြင် ရိုးသားမှုက ‘ကယ်တင်ရှင် ဘုရားသခင်ရဲ့ သွန်သင်ချက်ကို တင့်တယ်စေနိုင်တယ်။’ တခြားသူတွေ ယေဟောဝါကို ဝတ်ပြုချင်စိတ် ရှိလာစေနိုင်တယ်။​—တိတု ၂:၁၀။

ရှာဖွေလေ တွေ့ရှိလေ

ရိုးသားမှုက ယေဟောဝါနဲ့ သင့်အပေါ် သက်ရောက်မှုရှိပုံ၊ ဘဝကဏ္ဍအသီးသီးမှာ ရိုးသားနိုင်ပုံကို လေ့လာကြည့်ပါ။

၄။ ရိုးသားမှုကို ယေဟောဝါ နှစ်သက်

ဆာလံ ၄၄:၂၁ နဲ့ မာလခိ ၃:၁၆ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ယေဟောဝါ မသိအောင် ဖုံးထားနိုင်တယ်လို့ ဘာကြောင့် မယူဆသင့်သလဲ။

  • မလွယ်တဲ့အခါမှာတောင် အမှန်အတိုင်း ပြောမယ်ဆိုရင် ယေဟောဝါ ဘယ်လို ခံစားရမယ် ထင်သလဲ။

ကလေးမလေးက ဒူးထောက်နေတဲ့ဖခင်ကို စကားပြောနေ။ စားပွဲပေါ်မှာ ဖျော်ရည်ခွက် မှောက်ကျနေ။

ကလေးတွေ အမှန်အတိုင်း ပြောတဲ့အခါ မိဘတွေ ပျော်တယ်။ ကျွန်တော်တို့ အမှန်အတိုင်း ပြောတဲ့အခါ ယေဟောဝါ ပျော်တယ်

၅။ အချိန်တိုင်းမှာ ရိုးသားပါ

အမြဲရိုးသားဖို့ မဖြစ်နိုင်ဘူးလို့ လူများစွာ ယူဆကြတယ်။ ဘာကြောင့် အချိန်တိုင်း ရိုးသားသင့်သလဲ သိနိုင်ဖို့ ဗီဒီယို ဖွင့်ပါ။

ဗီဒီယို။ ပျော်ရွှင်စေတဲ့အရာများ​—ကြည်လင်တဲ့ အမှားအမှန်သိစိတ် (၂:၃၂)

‘ပျော်ရွှင်စေတဲ့အရာများ​—ကြည်လင်တဲ့ အမှားအမှန်သိစိတ်’ ဗီဒီယိုထဲက ပြကွက်။ ဘင် အမှားကြီးတစ်ခု လုပ်မိကြောင်း အလုပ်ရှင်ကို ပြောပြပြီးနောက် လက်ဆွဲနှုတ်ဆက်နေကြ။

ဟီဘရူး ၁၃:၁၈ ကို ဖတ်ပါ။ ပြီးတဲ့နောက် အောက်ပါအခြေအနေတွေမှာ ရိုးသားနိုင်ပုံကို သုံးသပ်ပါ။

  • မိသားစုမှာ။

  • အလုပ်နဲ့ ကျောင်းမှာ။

  • တခြားအခြေအနေတွေမှာ။

၆။ ရိုးသားမှုက အကျိုးရှိစေ

ရိုးသားတဲ့အတွက် အခက်ကြုံရနိုင်တယ်။ ဒါပေမဲ့ ရိုးသားခြင်းဟာ အကောင်းဆုံး ဘဝလမ်းစဉ်ပါပဲ။ ဆာလံ ၃၄:၁၂-၁၆ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ရိုးသားမှုက ဘဝမှာ ဘာအကျိုးရှိစေသလဲ။

က။ ဇနီးမောင်နှံ ကော်ဖီအတူသောက်ရင်း စကားပြောနေ။ ခ။ ဝပ်ရှော့မှာ အလုပ်ရှင်က စက်ပြင်သူကို ချီးမွမ်းနေ။ ဂ။ ကားပေါ်ကလူ ယာဉ်ထိန်းရဲကို လိုင်စင်ကတ် ပြနေ။
  1. က။ ရိုးသားတဲ့ ဇနီးမောင်နှံတွေ အိမ်ထောင်ရေးသာယာ

  2. ခ။ ရိုးသားတဲ့ လုပ်သားကို အလုပ်ရှင် ယုံကြည်စိတ်ချ

  3. ဂ။ ရိုးသားတဲ့ နိုင်ငံသားက အစိုးရအရာရှိတွေရှေ့ နာမည်ကောင်းရ

လူတချို့ အဆို။ “နည်းနည်းပါးပါး လိမ်တာ မမှားပါဘူး။”

  • လိမ်လည်မှုမှန်သမျှကို ယေဟောဝါ မုန်းတယ်လို့ ဘာကြောင့် ထင်သလဲ။

အနှစ်ချုပ်

ယေဟောဝါက မိမိရဲ့ မိတ်ဆွေတွေကို ပြောဆိုပြုမူလေသမျှမှာ ရိုးသားစေချင်တယ်။

ပြန်လည်သုံးသပ်ခြင်း

  • ရိုးသားနိုင်တဲ့ နည်းတချို့က ဘာလဲ။

  • ယေဟောဝါ မသိအောင် ဖုံးထားနိုင်တယ်လို့ ဘာကြောင့် မယူဆသင့်သလဲ။

  • အချိန်တိုင်းမှာ ဘာကြောင့် ရိုးသားချင်သလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

သားသမီးတွေကို ရိုးသားဖို့ ဘယ်လို သင်ပေးနိုင်သလဲ။

အမှန်အတိုင်း ပြောပါ (၁:၄၄)

ကတိတည်တာ ဘာအကျိုးရှိသလဲ။

ကတိတည်ပြီး ကောင်းချီးတွေ ရယူပါ (၉:၀၉)

အခွန်ငွေကို အလွဲသုံးစားလုပ်ရင်လည်း ဘာကြောင့် ပေးသင့်သလဲ။

“အခွန်ဆောင်ဖို့ လိုသလား” (ကင်းမျှော်စင် စက်တင်ဘာ ၁၊ ၂၀၁၁)

လူလိမ်တစ်ဦး ဘာကြောင့် ရိုးသားတဲ့သူ ဖြစ်သွားသလဲ။

‘ယေဟောဝါဟာ ကရုဏာရှိပြီး ခွင့်လွှတ်တဲ့ ဘုရားဖြစ်မှန်း ကျွန်တော် သိခဲ့’ (ကင်းမျှော်စင် မေ ၁၊ ၂၀၁၅)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ