ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၃/၁၅ စာ. ၃၀
  • ယုံကြည်ခြင်းတွင်ခိုင်မြဲလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယုံကြည်ခြင်းတွင်ခိုင်မြဲလော့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားရေးရာမူများတွင် အခြေခံသောအပြုအမူ
  • ခံနိုင်ရည်သည်ကောင်းချီးကိုဖြစ်စေ
  • ကျွန်ုပ်တို့၏အဖိုးထိုက်သောယုံကြည်ခြင်းကို မြဲမြံစွာဆုပ်ကိုင်ထားကြစို့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • အိမ်ထောင်သည် မောင်နှံများအတွက်ပညာရှိလမ်းညွှန်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • မိတ်ကပ်လိမ်းတာ၊ လက်ဝတ်ရတနာဆင်မြန်းတာနဲ့ ပတ်သက်ပြီး ကျမ်းစာ ဘာပြောသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • “မည်သို့သောလူစားဖြစ်သင့်သည်ကို ဆင်ခြင်ကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၃/၁၅ စာ. ၃၀

ယုံကြည်ခြင်းတွင်ခိုင်မြဲလော့

ပေတရုပထမစောင်မှ ပေါ်လွင်ချက်များ

ယေဟောဝါသက်သေများသည် စုံစမ်းခြင်းအမျိုးမျိုး သို့မဟုတ် သူတို့၏ယုံကြည်ခြင်းကို စမ်းသပ်မှုများ ရင်ဆိုင်ရသည်။ အချို့ဒေသများ၌သူတို့၏နိုင်ငံတော်ဟောပြောခြင်း လုပ်ငန်းကိုကြီးစွာသောနှိပ်စက်ခြင်းရင်ဆိုင်လျက် လုပ်ဆောင်နေသည်။ ဘုရားရှင်နှင့်သူတို့၏ဆက်ဆံရေးကို ပျက်ပြားစေရန် ထိုအရာများနှင့်အခြား ကြိုးပမ်းမှုနောက်ကွယ်တွင် စာတန်မာရ်နတ်ရှိလေသည်။ သို့သော်သူအောင်မြင်မည်မဟုတ်။ အကြောင်းမှာယေဟောဝါသည် မိမိ၏ကျေးကျွန်များကို ခိုင်ခံ့စေသည်။—မှန်သည်၊ ယုံကြည်ခြင်းတွင် ခိုင်ခံ့စေသည်။

တမန်တော်ပေတရုသည် “အထူးထူးအပြားပြားသောစုံစမ်း. . .ခံရ၍ဝမ်းနည်း” နေသော ‘သူ၏ညီအစ်ကိုတို့ကို တည်ကြည်စေရန်’ အခွင့်အရေးရလေသည်။ (လုကာ ၂၂:၃၂။ ၁ပေတရု ၁:၆၊ ၇) သူသည် ၆၂-၆၄ စီအီးခန့်တွင် ဗာဗုလုန်မှရေးခဲ့သော သူ၏ပထမစာစောင်တွင် ထိုသို့ပြုလုပ်ထားသည်။ ထိုတွင်ပေတရုသည် ဂျူးနှင့်တစ်ပါးအမျိုးသားခရစ်ယာန်များအား သွန်သင်ချက်ပေး၊ နှစ်သိမ့်ပြီးအားပေးခဲ့ကာ စာတန်၏တိုက်ခိုက်မှုကို ခံရပ်နိုင်ရန်နှင့် ‘ယုံကြည်ခြင်းတွင်ခိုင်မြဲ’ ရန် သူတို့အားကူညီပေးခဲ့သည်။ (၁ပေတရု ၁:၁၊ ၂။ ၅:၈၊ ၉) ယခုတွင်မာရ်နတ်၏အချိန်သည်တိုတောင်းပြီး သူ၏တိုက်ခိုက်မှုသည် ပြင်းထန်လှသောကြောင့် ယေဟောဝါ၏လူများသည် ပေတရု၏မှုတ်သွင်းခံစကားမှ အကျိုးရယူနိုင်သည်။

ဘုရားရေးရာမူများတွင် အခြေခံသောအပြုအမူ

ကျွန်ုပ်တို့၏မျှော်လင့်ချက်သည် ကောင်းကင်ဖြစ်စေ၊ မြေကြီးဖြစ်စေ ယင်းသည်ကျွန်ုပ်တို့အား စုံစမ်းခြင်းများကိုခံနိုင်ရည်ရှိရန်နှင့် ဘုရားရေးရာလမ်းစဉ်အတိုင်းပြုကျင့်ရန် ကူညီပေးသည်။ (၁:၁–၂:၁၂) ကောင်းကင်ဆိုင်ရာအမွေခံဖို့မျှော်လင့်ချက်သည် ဘိသိက်ခံများအား စုံစမ်းခြင်းခံစဉ်ရွှင်လန်းစေပြီး သူတို့၏ယုံကြည်ခြင်းကို အမှန်ပင်သန့်စင်စေသည်။ ခရစ်တော်အုတ်မြစ်အပေါ် တည်ဆောက်သောဝိညာဏအိမ်အနေနှင့် သူတို့သည်ဘုရားနှစ်သက်ဖွယ် ဝိညာဏပူဇော်သက္ကာကို ဘုရားရှင်ထံဆက်သကြပြီး ကိုယ်တော်၏ဘုန်းတော်ကိုထင်ရှားစေသည့် အပြုအမူများပြုကျင့်ကြသည်။

လူသားချင်းအားလုံးနှင့်ကျွန်ုပ်တို့၏ဆက်ဆံပုံသည် ဘုရားရေးရာမူများနှင့်အညီဖြစ်သင့်သည်။ (၂:၁၃–၃:၁၂) ပေတရုက ကျွန်ုပ်တို့သည်လူ့အုပ်စိုးရှင်များအောက်ဝန်ခံရန် ပြသခဲ့သည်။ အစေခံများသည် သူတို့၏သခင်ထံ၊ ဇနီးသည်များသည် သူတို့၏လင်သားအောက်ဝန်ခံမှုပြရန် ဖြစ်သည်။ ခရစ်ယာန်ဇနီးသည်တစ်ဦး၏ ဘုရားရေးရာအပြုအမူသည် သူမ၏မယုံကြည်သူယောက်ျားအား စစ်မှန်သောယုံကြည်ခြင်းသို့ ဆွဲဆောင်နိုင်သည်။ ယုံကြည်သူခင်ပွန်းသည် သူ၏ဇနီးအား “အားနည်းသောသူကိုပြုသင့်သည်အတိုင်း” ပြုမူသင့်သည်။ ခရစ်ယာန်များအားလုံးသည် ညီအစ်ကိုချင်းစိတ်ဓာတ်နှင့်တွယ်တာမှု တင်ပြသင့်ပြီး ကောင်းရာကိုပြုမူကာ ငြိမ်သက်ခြင်းကိုအမီလိုက်သင့်သည်။

ခံနိုင်ရည်သည်ကောင်းချီးကိုဖြစ်စေ

ဒုက္ခများကို ခရစ်ယာန်စစ်များ၏ သစ္စာရှိခံနိုင်ရည်က ကောင်းချီးများဖြစ်စေမည်။ (၃:၁၃–၄:၁၉) ကျွန်ုပ်တို့သည်ဖြောင့်မတ်ခြင်းအတွက် ခံရလျှင် ရွှင်လန်းသင့်သည်။ ထို့ပြင်၊ ဘုရားရှင်ထံကျွန်ုပ်တို့အားပို့ဆောင်ရန် ခရစ်တော်သည်သွေးသားဒုက္ခခံခဲ့သောကြောင့် ကျွန်ုပ်တို့သည်သွေးသားဆန္ဒများအတိုင်း မနေထိုင်သင့်တော့ချေ။ ကျွန်ုပ်တို့သည်စုံစမ်းခြင်းများကို သစ္စာရှိရှိခံရပ်လျှင် ယေရှု၏ပေါ်ထွန်းခြင်းတွင် သာဤကြီးသော ရွှင်လန်းခြင်း၌ ကျွန်ုပ်တို့ပါဝင်ခံစားရမည်။ ခရစ်တော်၏နာမအတွက်ကဲ့ရဲ့ခံရခြင်း သို့မဟုတ် ကိုယ်တော်၏တပည့်များအဖြစ်၊ ကျွန်ုပ်တို့အားရွှင်လန်းစေသင့်သည်။ အကြောင်းမှာ၊ ယင်းကကျွန်ုပ်တို့တွင်ယေဟောဝါ၏ဝိညာဉ်တော် ရှိကြောင်းတင်ပြသောကြောင့်ဖြစ်သည်။ ထို့ကြောင့်ဘုရားသခင့်အလိုတော်နှင့်အညီ ခံရစဉ်ကျွန်ုပ်တို့ကိုယ်ကို ကိုယ်တော်ထံအပ်ပြီး ဆက်လက်ကောင်းမှုပြုကြပါစို့။

ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည်မိမိတို့၏တာဝန်ကို သစ္စာရှိရှိထမ်းဆောင်ရန်လိုအပ်ပြီး ဘုရားရှင်၏အားကြီးသောလက်တော်အောက် မိမိတို့ကိုယ်ကို နှိမ့်ချရမည်။ (၅:၁-၁၄) အကြီးအကဲများသည် စိတ်ပါကိုယ်လျောက် ဘုရားရှင်၏သိုးတော်ကိုထိန်းရမည်ဖြစ်ပြီး ကိုယ်တော်သည်ကျွန်ုပ်တို့အားအမှန်ပင် စောင့်ရှောက်ကြောင်း သတိရလျက် ကျွန်ုပ်တို့အားလုံးသည် ယေဟောဝါအပေါ်မိမိတို့၏ စိုးရိမ်မှုများကို တင်သင့်သည်။ ကျွန်ုပ်တို့သည်မာရ်နတ်ကို တွန်းလှန်ရပ်တည်သင့်ပြီး ဘယ်တော့မျှစိတ်ဓာတ်မကျသင့်။ ကျွန်ုပ်တို့ကဲ့သို့ ကျွန်ုပ်တို့၏ညီအစ်ကိုများလည်း အလားတူပင်ခံရသောကြောင့်ဖြစ်သည်။ ယေဟောဝါသည် ကျွန်ုပ်တို့အားတည်ကြည်စေပြီး ယုံကြည်ခြင်းတွင် ခိုင်မြဲစေမည်ကို အစဉ်သတိရပါ။

[စာမျက်နှာ ၃၀ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အမျိုးသမီးတန်ဆာခြင်း—ခရစ်ယာန်မိန်းမများကို သွန်သင်ချက်ပေးလျက် ပေတရုဆိုခဲ့သည်။ “သင်တို့၌တန်ဆာဆင်ခြင်းမူကား၊ ဆံပင်ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်းတည်းဟူသော အပြင်တန်ဆာဆင်ခြင်း မဖြစ်စေဘဲ၊ ဘုရားသခင့်ရှေ့မှာ အဖိုးများစွာထိုက်သော နူးညံ့သိမ်မွေ့ခြင်းသဘော တည်းဟူသော မဖောက်ပြန်မပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏အတွင်းလူ ဖြစ်စေကြလော့။” (၁ ပေတရု ၃:၃၊ ၄) ပထမရာစုစီအီးတွင် ဒိဌိမိန်းမတို့သည် အများအားဖြင့် အလွန်အကျွံဆံပင်အလှပြင်ထားကာ လူရှေ့ပြရန် သူတို့၏ရှည်လျားဆံပင်များကိုကျစ်၍ သူတို့၏ကျစ်ဆံမြီးတွင် ရွှေတန်ဆာများဆင်ထားကြသည်။ အများသည် ကြွားဝါပြသလိုသောသဘော ဖြစ်ပုံရပြီး ခရစ်ယာန်မပီသသောအရာဖြစ်သည်။ (၁တိမောသေ ၂:၉၊ ၁၀) သို့ပင်ငြားလည်း တန်ဆာဆင်ခြင်းအားလုံးမမှားချေ။ အကြောင်းမှာပေတရုက “အဝတ်ဝတ်ခြင်း” ဟုဆိုခဲ့ပြီး ယင်းသည်အမှန်ပင်လိုအပ်ပါသည်။ ရှေးအချိန်က ဘုရားကျေးကျွန်များသည်လည်း ရတနာများကိုအသုံးပြုခဲ့ကြသည်။ (ကမ္ဘာဦး ၂၄:၅၃။ ထွက်မြောက်ရာ ၃:၂၂။ ၂ ဓမ္မရာဇဝင် ၁:၂၄။ ယေရမိ ၂:၃၂။ လုကာ ၁၅:၂၂) သို့သော်၊ ခရစ်ယာန်မိန်းမတစ်ဦးသည် တောက်ပသောတန်ဆာဆင်ယင်ခြင်းနှင့် စိတ်ကိုနှိုးဆွစေသော ဝတ်ဆင်မှုကို ပညာရှိစွာဖြင့်ရှောင်သည်။ လိမ်းကျံသည်များလည်း လျောက်ပတ်ဖို့သတိပြုသင့်သည်။ တမန်တော်၏သွန်သင်ချက်တွင် လိုရင်းမှာ သူမသည်အပြင်ပန်းတွင် မဟုတ်ဘဲ အတွင်းတန်ဆာဆင်ရန် အာရုံစိုက်သင့်သည်။ အမှန်ပင်ဆွဲဆောင်မှုရှိရန် သူမသည်ဣန္ဒြေရှိစွာ ဝတ်ဆင်ရမည်ဖြစ်ပြီး ဘုရားကိုကြောက်ရွံ့သော စိတ်သဘောထားရှိရမည်။—သု၊ ၃၁:၃၀။ မိက္ခာ ၆:၈။

[Credit Line]

Israel Department of Antiquities and Museums; Israel Museum/David Harris

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ