ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၉/၁ စာ. ၈-၁၁
  • ခရစ်ယာန်လူငယ်များ ယုံကြည်ခြင်း၌ ခိုင်ခံ့လော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခရစ်ယာန်လူငယ်များ ယုံကြည်ခြင်း၌ ခိုင်ခံ့လော့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခိုင်မြဲသောယုံကြည်ခြင်း အဘယ်ကြောင့်လိုအပ်
  • ‘ရှင်းလင်းဖေါ်ပြရန် အသင့်ရှိကြ’
  • ‘ရှိသမျှသောသူတို့ရှေ့ရှင်းလင်းဖေါ်ပြ’
  • အကူအညီရနိုင်
  • သစ္စာတည်ကြည်မှုသည် ကောင်းချီးများခံစားစေ
  • လူငယ်များ—သင်တို့၏အလုပ်ကို ယေဟောဝါမေ့လျော့မည်မဟုတ်!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ကျောင်းတွင်ရင်ဆိုင်ရသည့် စမ်းသပ်ချက်များအတွက်သင့်သားသမီးများ အသင့်ရှိနေပြီလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • ကျောင်းနေဖက်တို့ကို မည်သို့ ဟောပြောနိုင်မည်နည်း
    နိုးလော့!—၂၀၀၃
  • လူငယ်များ—ယေဟောဝါ၏နှလုံး ရွှင်လန်းစေလော့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၉/၁ စာ. ၈-၁၁

ခရစ်ယာန်လူငယ်များ ယုံကြည်ခြင်း၌ ခိုင်ခံ့လော့

“လူ တိုင်းတက်ရမည်။” ထိုသို့ကြေညာထားသည်။ ဂျပန်ပြည်ရှိကျောင်းတစ်ကျောင်းတွင် ကျောင်းသူကျောင်းသားအားလုံး ခန်းမဆောင်၌ကျင်းပမည့် အထွေထွေစည်းဝေးပွဲကို တက်ရောက်ရမည်ဖြစ်သည်။ ခရစ်ယာန်ကျောင်းသားငယ်တစ်ဦးသည် ကျောင်းသီချင်းပါ စာသားအချို့ကို သဘောမတူနိုင်ဘဲဖြစ်နေသည်။ သို့နှင့်သူက “ကျောင်းသီချင်းတီးမှုတ်မှာ သေချာတယ်။ ဒါပေမယ့် ပြဿနာကြုံစရာမရှိပါဘူး။ ခါတိုင်းလိုပဲ အနောက်ဘက်မှာထိုင်မယ်” ဟူ၍တွေးတောလိုက်သည်။

သို့သော် ယေဟောဝါသက်သေလူငယ်သည် ခန်းမဆောင်ထဲဝင်လာသည့်အခါ ပညာရေးဌာနမှ ဆရာဆရာမများအားလုံး နောက်တန်းတွင်ထိုင်နေကြကြောင်း တွေ့ရှိလိုက်သည်။ သို့နှင့် သူရှေ့တစ်တန်းတွင် ထိုင်ရရှာသည်။ အခြားကျောင်းသူကျောင်းသားများ ကျောင်းသီချင်းအတွက် မတ်တတ်ရပ်ကြလေသော် ရိုရိုသေသေဖြင့်ပင် သူဆက်ထိုင်လျက်နေသည်။ သို့သော် ဆရာဆရာမများက ယင်းကြောင့်အမျက်ထွက်ကြသည်။ ကလေးအား အတင်းအကြပ်မတ်တတ်ရပ်စေသည်။ ဤကဲ့သို့သောအခြေအနေမျိုးတွင် သင်ကိုယ်တိုင်ရောက်နေလျှင် မည်သို့ပြုမည်နည်း။

ခိုင်မြဲသောယုံကြည်ခြင်း အဘယ်ကြောင့်လိုအပ်

ခရစ်ယာန်များအား မိမိတို့၏ကျမ်းစာလေ့ကျင့်ခံသြတ္တပ္ပစိတ်အတိုင်း အသက်ရှင်နေထိုင်ရန် လူအများခွင့်ပြုမည်ဆိုလျှင် အလွန်ကောင်းပေမည်။ သို့သော် ခရစ်ယာန်များသည် မကြာခဏအခက်အခဲကြုံတွေ့ရကြသည်။ ယင်းသို့ဖြစ်ခြင်းကို မအံ့သြသင့်ပါ။ အကြောင်းမူကား၊ ဘုရားသခင်၏သားတော် ယေရှုခရစ်ကိုယ်တော်တိုင် ဤသို့ဆိုသည်။ “သူတို့သည် ငါ့ကိုညှဉ်းဆဲလျှင် သင်တို့ကိုညှဉ်းဆဲကြလိမ့်မည်။” (ယောဟန် ၁၅:၂၀) အထင်အရှားနှိပ်စက်ကလူပြုသည့်အပြင် ယေဟောဝါ၏ကျေးကျွန်များသည် အခြားနည်းအမျိုးမျိုးဖြင့် ယုံကြည်ခြင်းစမ်းသပ်ခံရကြသည်။

ကျောင်းတွင်ရင်ဆိုင်ရသောစုံစမ်းခြင်းများကိုကျော်လွှားနိုင်ရန် ခရစ်ယာန်လူငယ်များသည် ခိုင်ခံ့သောယုံကြည်ခြင်းရှိဖို့လိုသည်။ သီလယိုယွင်းညစ်ညမ်းသောစကားပြောဆိုသည့်၊ သို့မဟုတ် ဘုရားသခင်ကိုရှုတ်ချသောသဘောထားများရှိသည့် ကျောင်းနေဖက်များနှင့် ပေါင်းသင်းဆက်ဆံနေရပေမည်။ လူမျိုးရေးကိုတိုး၍တိုး၍အားပေးခြင်း၊ ဝိညာဉ်ရေးကိုထိခိုက်စေနိုင်သည့် အသင်းဝင်ရန်၊ ကျောင်းရေးရာများနှင့်အခြားလှုပ်ရှားမှုများတွင်ပါဝင်ရန် အတင်းအကြပ်တိုက်တွန်းခံရခြင်းကိစ္စများကို ခရစ်ယာန်လူငယ်များ ကြုံတွေ့နေရမည်။ ဆရာဆရာမများနှင့်ကျောင်းနေဖက်တို့က ပါဝင်လိုက်လျောရန် ခရစ်ယာန်လူငယ်များအား ဖိအားပေးတိုက်တွန်းပေမည်။ သို့ဖြစ်သောကြောင့် မိမိတို့၏မျှော်လင့်ချက်ဘက် ပြတ်သားရှင်းလင်းစွာ ခုခံတိုက်လှန်ရန် ဘုရားရေးရာကိုမြတ်နိုးသောလူငယ်များသည် လိုအပ်သောယုံကြည်ခြင်းအတွက် ယေဟောဝါ၏ဝိညာဉ်တော်တန်ခိုးကို အားထားရပေမည်။—မဿဲ ၁၀:၁၉၊ ၂၀။ ဂလာတိ ၅:၂၂၊ ၂၃။

‘ရှင်းလင်းဖေါ်ပြရန် အသင့်ရှိကြ’

တမန်တော်ပေတရု၏သြဝါဒသည် ခရစ်ယာန်လူငယ်လူကြီးအားလုံးအတွက် အလွန်လျောက်ပတ်ပေသည်။ သူက “သင်တို့မျှော်လင့်ခြင်း၏အကြောင်းကို မေးမြန်းသောသူရှိသမျှတို့အား နူးညံ့သောသဘော၊ ကြောက်ရွံ့သောသဘောနှင့်ပြန်ပြောခြင်းငှာ ကာလအစဉ်မပြတ် အသင့်ရှိနေကြလော့” ဟုမှာကြားသည်။ (၁ ပေတရု ၃:၁၅) ဤကဲ့သို့ပြန်ဖြေရှင်းတတ်ရန်အသင့်ရှိဖို့ အဘယ်အရာများလိုအပ်သနည်း။ ဦးဆုံး ကျမ်းစာသွန်သင်ချက်များကို သဘောပေါက်နားလည်ထားရမည်။ လူမျိုးရေး၊ နိုင်ငံရေး၊ မူးယစ်ဆေးဝါး၊ သီလရေးဆိုင်ရာကိစ္စများတွင် ကျောင်း၌မားမားမတ်မတ်ရပ်တည်နိုင်ရန် ခရစ်ယာန်ယုံကြည်ချက်အတိုင်း အဘယ်ကြောင့်ရပ်တည်ရသည်ကို ဦးဆုံးကောင်းစွာနားလည်ရမည်။ ယင်းကိုလည်း စိတ်ရင်းမှန်ဖြင့်ယုံကြည်ရမည်။

ဥပမာ၊ တမန်တော်ပေါလုက ခရစ်ယာန်ချင်းတို့အား “အလွဲမယူကြနှင့်။ မကောင်းသောသူတို့နှင့်ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ ယိုယွင်းတတ်၏” ဟုပြောခဲ့သည်။ (၁ ကောရိန္သု ၁၅:၃၃) ထိုသြဝါဒကို သင်လက်ခံပါသလော။ ပေါလုတင်ပြသည်အတိုင်းပင် အပေါင်းအသင်းကြောင့်လမ်းလွဲရန် လွယ်ကူပါသည်။ လူတစ်ဦးသည် ခင်မင်စရာရှိကောင်းရှိပေမည်။ သို့သော် ယေဟောဝါလုပ်ငန်းတော်အတွက် သင့်စိတ်ဆန္ဒမျိုးမရှိ၊ သမ္မာကျမ်းစာကတိပြုချက်များကို မယုံနိုင်လျှင် သူသည် မကောင်းသောအပေါင်းအသင်းဖြစ်ပါသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား၊ သူ၏အသက်ပုံစံသည် အသင်နှင့်မတူသောစံချိန်များအပေါ်အခြေပြုနေသည်။ ထို့ပြင် ခရစ်ယာန်တစ်ဦးအတွက် အလွန်အရေးကြီးသောအရာများသည် သူ့အဖို့ အရေးမပါအသေးအမွှားကိစ္စဖြစ်နေပေလိမ့်မည်။

ယင်းကား အံ့ဩစရာမဟုတ်ပါ။ အကြောင်းမူကား၊ မိမိတပည့်တော်များအကြောင်း ယေရှုဤသို့ဆိုသည်။ “အကျွန်ုပ်သည် ဤလောကနှင့်မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံကြပါ။” (ယောဟန် ၁၇:၁၆) လူတစ်ဦးသည် ခရစ်ယာန်စစ်လည်းဖြစ်၊ တစ်ကြိမ်တည်းတွင် စာတန်ကိုဘုရားအဖြစ်ယူမှတ်သော ဤလောကနှင့်ဆက်ဆံနေသူလည်းဖြစ်ရန် အဘယ်နည်းဖြင့်မျှ မဖြစ်နိုင်ပါ။ (၂ ကောရိန္သု ၄:၄) ယနေ့မြောက်မြားစွာသောသူတို့ခံစားနေရသည့် ပျက်စီးယိုယွင်းမှုနှင့်ခိုက်ရန်ဖြစ်ပွားမှုမှ ခရစ်ယာန်တစ်ဦးအား လောကနှင့်မဆက်ဆံခြင်းက မည်သို့ကာကွယ်ပေးသည်ကို သတိပြုမိပါသလော။ သို့ဖြစ်လျှင် လောကနှင့်သင်အဘယ်ကြောင့်သီးခြားနေရသည်၊ ယင်းသို့ပြုနိုင်ခြင်းငှာ ကျောင်းလှုပ်ရှားမှုများတွင် သင်မပါဝင်နိုင်ဘဲနေရဦးတော့ ထိုသို့အဘယ်ကြောင့်နေရသည်ကို သင်သဘောပေါက်နိုင်ပါလိမ့်မည်။a

ယုံကြည်ခြင်းခိုင်မြဲပြီး မိမိဘဝတွင် ဘုရားသခင့်နိုင်ငံတော်ကိုရှေ့ဦးထားခြင်း၏အရေးကြီးမှုကို ခရစ်ယာန်လုံမလေးတစ်ဦး၏အဖြစ်အပျက်က တင်ပြပါသည်။ (မဿဲ ၆:၃၃) သူမ၏ကျောင်းဆင်းဘွဲ့ယူရန်လေ့ကျင့်မည့်နေ့ကို ကြေညာခဲ့သောအခါ သူမတက်ရောက်ရန်ရည်ရွယ်ထားသည့် ယေဟောဝါသက်သေများ၏ တိုက်နယ်စည်းဝေးပွဲနေ့စွဲနှင့်တိုက်ဆိုင်နေကြောင်း သတိပြုမိသည်။ သို့နှင့် လေ့ကျင့်မှုအစီအစဉ်ကို မိမိအဘယ်ကြောင့်မတက်နိုင်ရကြောင်း ရိုသေလေးစားစွာဖြင့်စာရေးပြီး အတန်းမပြီးခင် ဆရာအားစာတင်လိုက်သည်။ အတန်းပြီးသည့်အခါ ဆရာကညီမငယ်ကိုခေါ်ပြီး လေ့ကျင့်မှုကို အဘယ်ကြောင့်မတက်နိုင်ရကြောင်း တစ်ဖန်ပြန်ရှင်းပြခိုင်းသည်။ “ကျွန်မပြောတာနဲ့ရေးတဲ့စာ ကိုက်မကိုက်၊ ကျွန်မသဘောအတိုင်းရေးတာလား၊ အမေပြောသလိုရေးတာလားဆိုတာတွေကို ဆရာသိချင်တယ်။ ကျွန်မကိုယ်တိုင် ယုံကြည်ချက်ခိုင်မာတာကို သူသဘောပေါက်တော့ ကျွန်မသဘောကို မဆန့်ကျင်ခဲ့ဘူး။”

‘ရှိသမျှသောသူတို့ရှေ့ရှင်းလင်းဖေါ်ပြ’

အရေးအကြောင်းမကြုံမီ ဆရာနှင့်ကျောင်းသားများအား မိမိတို့၏အနေအထားကို ခရစ်ယာန်လူငယ်များ ကြိုတင်ရှင်းလင်းဖေါ်ပြထားမည်ဆိုလျှင် ပြဿနာများရင်ဆိုင်ရသည့်အခါ အတိုက်အခံမကြီးမားလှကြောင်း အများအားဖြင့်တွေ့ရှိကြသည်။ မိမိ ၁၁ နှစ်အရွယ်ရှိစဉ်က ကျောင်းစည်းကမ်းချက်အရ ကျောင်းသူကျောင်းသားအားလုံး ခရစ္စမတ်ပါတီပွဲတစ်ခုကိုတက်ကြရမည်ဖြစ်ကြောင်း ဂျပန်ပြည်မှခရစ်ယာန်ညီမငယ်တစ်ဦးပြောပြသည်။ မိမိထက်အတန်းကြီးသော ကျောင်းသားများက ထိုပွဲကိုတက်ဖို့ အကြပ်ကိုင်ခဲ့သော်လည်း သူမ မတက်ရောက်ခဲ့။ သို့သော် ဆရာမက မိမိ၏ခံယူချက်ကို သဘောပေါက်ပါသည်။ အဘယ်ကြောင့်နည်း။ သက်သေခံဖြစ်သူနှင့်သူ၏မိဘတို့သည် ကျောင်းစတက်ချိန်ကတည်းက ဆရာမနှင့်နှစ်ကိုယ်ကြားတွေ့ဆုံခဲ့ပြီး သူတို့ခရစ်ယာန်အနေအထား၏အကျိုးအကြောင်းအသီးသီးကို ရှင်းပြထားသည့်အတွက်ဖြစ်သည်။

လယ်ကွင်းဓမ္မအမှုတွင်ပါဝင်နေစဉ် ခရစ်ယာန်လူငယ်အချို့သည် ကျောင်းနေဖက်၊ သို့မဟုတ် ဆရာဆရာမများနှင့်တွေ့ဆုံမည်ကို စိုးရိမ်ကြသည်။ အသင်လည်း ထိုသို့စိုးရိမ်တတ်သလော။ ထိုသို့ဆိုလျှင် မိမိကစတင်၍ သင်သည် တစ်အိမ်မှတစ်အိမ်ဟောပြောသည်၊ ထိုသို့အဘယ်ကြောင့်ပြုလုပ်ရသည်ကို ကျောင်းနေဖက်တို့အား ရှင်းပြလိုက်ပါ။ ၁၄ နှစ်အရွယ် ယေဟောဝါသက်သေတစ်ဦး ဤသို့ဆိုသည်။ “ကျွန်တော်ရဲ့ခရစ်ယာန်အနေအထားကို တစ်ကျောင်းလုံးသိတယ်။ အဲ့ဒီအတွက် ဓမ္မအမှုဆောင်ရွက်စဉ် ကျောင်းနေဖက်တစ်ဦးနှင့်တွေ့ဆုံတဲ့အခါ ကျွန်တော်ရှက်ကြောက်မနေပါဘူး။ ကျောင်းသူငယ်ချင်းများကလည်း အများအားဖြင့်လက်သင့်ခံနားထောင်ကြပါတယ်။ ကျမ်းစာစာပေများကိုလည်း သူတို့လက်ခံယူထားကြတာ များပါတယ်။” ၁၂ သားတစ်ဦးက ဓမ္မအမှုဆောင်ရွက်စဉ် ကျောင်းနေဖက်များနှင့်တွေ့ဆုံလိမ့်မည်ကို ကြိုတွေးသိထားသည်။ ယင်းကြောင့် သူရှက်ကြောက်မည့်အစား ထိုသို့ဖြစ်လျှင် မည်သို့ပြောဆိုသက်သေခံမည်ကို မှန်မှန်ကြိုလေ့ကျင့်ထားသည်။ ဤသို့အားဖြင့် သူ၏ယုံကြည်ခြင်းအတွက် ခိုင်လုံသောအကြောင်းပြချက်များကို တင်ပြရှင်းလင်းရန် သူအသင့်ရှိပါသည်။

ကျောင်းများစွာတွင် ကျောင်းပြီးလှုပ်ရှားမှုများသည် ကြိုက်ရာရွေးချယ်မှုကိစ္စဖြစ်သည်။ သို့သော်အမှန်မှာ ဆရာသမားနှင့်ကျောင်းနေဖက်တို့က ဤလှုပ်ရှားမှုများတွင်ပါဝင်ရန် ဖိအားပေးတတ်ကြသည်။ အသက် ၂၀ ခရစ်ယာန်ညီမတစ်ဦးသည် ဤဖိအားကိုကျော်လွှားနိုင်ရန်နည်းကောင်းတစ်ခု ရှာတွေ့ခဲ့သည်။ သူမက “အထက်တန်းတက်နေစဉ်တစ်ကာလလုံး ကျွန်မအရံရှေ့ဆောင်လုပ်ခဲ့တယ်။ တခြားလုပ်ငန်းတွေမှာ မပါဝင်နိုင်အောင် ကျွန်မရဲ့ဘာသာရေးလုပ်ငန်းမှာ ကျွန်မအလုပ်များနေကြောင်း လူတိုင်းသိကြပါတယ်” ဟုပြောပြသည်။ ဤသက်သေခံ၏ညီမငယ်လည်း ထပ်တူလမ်းစဉ်အတိုင်း ပြုမူခဲ့သည်။ အချို့ခရစ်ယာန်လူငယ်များသည် ကျောင်းနေစဉ် အရံရှေ့ဆောင်ခြင်းမှ ကျောင်းပြီးသည်နှင့် အချိန်ပြည့်နိုင်ငံတော်သတင်းကြွေးကြော်သူများအဖြစ် မှန်မှန်ရှေ့ဆောင်လုပ်ငန်း၌ ဆက်လုပ်ကိုင်သွားတတ်ကြသည်။

သင့်ကောင်းမွန်သောအကျင့်နှင့်ရဲရင့်စွာသက်သေခံခြင်း၏ အကျိုးကျေးဇူးများကို လျစ်လျူရှုမထားပါနှင့်။ နှုတ်ပိတ်နေမည့်အစား ရဲ့ရင့်ရိုသေစွာသက်သေခံခြင်းဖြင့် သင်သည်ယုံကြည်ခြင်းခိုင်မြဲကြောင်းတင်ပြပါ။ ဖမ်းဆီးခံရပြီး ရှုရိဗိုလ်ချုပ်နေမန်၏အိမ်သို့ရောက်ခဲ့သော ဣသရေလအမျိုးသမီးလေး ထိုသို့ပင်ပြုမူခဲ့သည်။ (၄ ဓမ္မရာဇဝင် ၅:၂-၄) ထိုအမျိုးသမီးငယ်၏ စတင်ပြုမူပြောဆိုမှုကြောင့် ယေဟောဝါ၏နာမတော် ချီးမွမ်းခံခဲ့ရသည်။ ထပ်တူယုံကြည်ခြင်းမျိုး တင်ပြခြင်းအားဖြင့် ဘုရားသခင်အားဂုဏ်တင်ချီးမွမ်းပြီး ကိုယ်တော်၏နာမတော်ကိုချီးမွမ်းသူများအဖြစ် သူတစ်ပါးပါရပ်တည်လာကြရန် အကူအညီပြုပေမည်။

အမှန်မှာ ကျွန်ုပ်တို့ယုံကြည်ခြင်းကို ပေါ့ပျက်စေမည်ဆိုလျှင် ခရစ်ယာန်များအဖြစ်ဆက်မရပ်တည်နိုင်ပါ။ ယေရှုဤသို့ဆိုသည်။ “အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုဝန်ခံအံ့၊ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကို ငါဝန်ခံမည်။ အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်အံ့။ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကိုငါငြင်းပယ်မည်။” (မဿဲ ၁၀:၃၂၊ ၃၃) ယေရှု၏တပည့်တစ်ဦးအဖြစ် ယုံကြည်ခြင်းခိုင်မြဲခြင်းသည် ကြီးလေးသောတာဝန်ဖြစ်သည်မဟုတ်ပေလော။

အကူအညီရနိုင်

ယေဟောဝါသက်သေတစ်ဦးအဖြစ် မြဲမြံစွာရပ်တည်နိုင်ရန် ယုံကြည်ခြင်းခိုင်မြဲဖို့လိုအပ်သည်။ သို့ဖြစ်စေရန် ကျမ်းစာကိုဝီရိယရှိရှိလေ့လာရမည်။ ခရစ်ယာန်စည်းဝေးများကို တက်ရမည်။ လယ်ကွင်းဓမ္မအမှုတွင် ပါဝင်ရမည်။ ထိုသို့ပြုလျက်ပင် တစ်စုံတစ်ခုလိုနေသေးသည်ဟု သင်ယူမှတ်မည်ဆိုလျှင် သင်ဘာလုပ်နိုင်မည်နည်း။ တပည့်တော်ယာကုပ် ဤသို့ဆိုသည်။ “သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ပညာကိုလိုလျှင် ကဲ့ရဲ့ခြင်းကိုပြုတော်မမူဘဲ ခပ်သိမ်းသောသူတို့အား စေတနာစိတ်နှင့်ပေးသနားတော်မူသောဘုရားသခင်ကိုတောင်းစေ။ တောင်းလျှင်ရလိမ့်မည်။” (ယာကုပ် ၁:၅) သင့်အခက်အခဲပြဿနာအကြောင်း ဆုတောင်းခြင်းအားဖြင့် ယေဟောဝါကိုတင်ပြပါ။ သင့်အားစုံစမ်းရာများ သို့မဟုတ် ယုံကြည်ခြင်းစမ်းသပ်ချက်များကို ခံရပ်နိုင်ရန် ကိုယ်တော်ခွန်အားပေးနိုင်ပါလိမ့်မည်။

ခရစ်ယာန်လူငယ်တစ်ဦး ဘာလုပ်နိုင်သေးသနည်း။ ကျမ်းစာတစ်စောင်က “သင့်ကိုဖြစ်ဖွားစေသော အဘ၏စကားကိုနားထောင်လော့။ အသက်ကြီးသောအမိကို မထီမဲ့မြင်မပြုနှင့်။ (သု၊ ၂၃:၂၂) ဤသြဝါဒကို တမန်တော်ပေါလုထောက်ခံကြောင်း ဤသို့ဆိုသည်။ “သားသမီးတို့၊ မိဘစကားကို အရာရာ၌ နားထောင်ကြလော့။ မိဘစကားကိုနားထောင်ခြင်းအမှုသည် သခင်ဘုရားနှစ်သက်တော်မူသောအမှုဖြစ်၏။” (ကောလောသဲ ၃:၂၀) သင်ယုံကြည်ခြင်းခိုင်မြဲရန် ခရစ်ယာန်မိဘများကူညီပေးနိုင်ပါမည်။ သူတို့အကြံပြုချက်များကို နာခံပါ။ သူတို့အကူအညီဖြင့် ကျမ်းစာနှင့်ကျမ်းစာအခြေခံစာပေများကိုရှာဖွေဆည်းပူးပြီး အကြံပေးချက်များ၊ ဩဝါဒနှင့်တွေ့ကြုံမှုများကို ရှာယူပါ။ ယင်းသို့ပြုခြင်း၌ သင်နှင့်သင့်မိဘများပါ ပျော်ရွှင်မှုရရှိမည်။ ယင်းက ရှက်ကြောက်သောသဘောနှင့်ကြောက်စိတ်ကိုပါ ပပျောက်စေပါမည်။—၂ တိမောသေ ၁:၇။

ခရစ်ယာန်အသင်းတော်မှတစ်ဆင့်ရသော ယေဟောဝါဘုရားသခင်၏ပြင်ဆင်ပေးချက်များကို အပြည့်အဝလက်ခံယူပါ။ စည်းဝေးများအတွက် ကောင်းစွာပြင်ဆင်ပါ။ ယခုသင်တွေ့ကြုံနေရသော ထပ်တူအတွေ့အကြုံများကိုခံစားခဲ့ဖူးသည့် ခန့်အပ်ခံအကြီးအကဲများနှင့်အခြားသူများအား ဖွင့်ဟပြောဆိုပါ။ ရှောလမုန်ဤသို့ဆိုသည်။ “ပညာရှိသောသူသည် နားထောင်သဖြင့် ပညာအတတ်တိုးပွားရလိမ့်မည်။ ဉာဏ်ကောင်းသောသူသည် . . . နားလည်သောနိဿရည်းဆရာအဖြစ်သို့ရောက်ရလိမ့်မည်။” (သု၊ ၁:၅) သို့ဖြစ်၍ ဤအသက်ကြီးသူများထံမှ နည်းခံပါ။ သင်၏အခက်အခဲမျိုးကိုပင် ကြုံတွေ့နေပြီး ယင်းတို့ကိုအောင်မြင်စွာဖြေရှင်းနေသည့် ခရစ်ယာန်လူငယ်များထံမှလည်း သင်ယူနိုင်ပါသည်။

သစ္စာတည်ကြည်မှုသည် ကောင်းချီးများခံစားစေ

ယုံကြည်ခြင်းဘက် မြဲမြံစွာရပ်တည်ခြင်းအားဖြင့် “မရွေ့လျော့မတိမ်းယိမ်းဘဲ သခင်ဘုရား၏အမှုတော်ကို ကြိုးစားအားထုတ်ကြ” ရန် ပေါလု၏သြဝါဒကိုကျင့်သုံးနေမည်ဖြစ်သည်။ (၁ ကောရိန္သု ၁၅:၅၈) သင်ကြုံတွေ့နေရသောအခက်အခဲပြဿနာများကို ယေဟောဝါသိတော်မူ၍ နားလည်ထားပါသည်။ ထပ်တူအခက်အခဲများကိုကြုံတွေ့ခဲ့သူ အမြောက်အမြားကို ကိုယ်တော်ခွန်အားပေးတော်မူခဲ့ပြီဖြစ်၍ သင့်အားခွန်အားပေးမည်အမှန်။ ဘုရားသခင်ကိုသင်အားကိုးမည်ဆိုလျှင် သင့်အားကိုယ်တော်ထောက်မလိမ့်မည်။ ဆာလံဆရာဆိုသည်ကား “ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား [ယေဟောဝါ၊ NW] ၌ချထားလော့။ သင့်ကိုမစတော်မူမည်။ ဖြောင့်မတ်သောသူကို အစဉ်အမြဲလှုပ်ရှားစေတော်မမူရာ။”—ဆာလံ ၅၅:၂၂။

ပေတရုဤသို့ရေးသားခဲ့သည်။ “ခရစ်တော်၌ သင်တို့ကျင့်သောအကျင့်ကောင်းကိုရှုတ်ချသောသူတို့သည် ကဲ့ရဲ့ပြစ်တင်သောအခါ ကိုယ်တိုင်ရှက်ကြောက်ခြင်းရှိမည်အကြောင်း သင်တို့သည် ကိုယ်ကိုယ်ကိုသိသောစိတ်ကြည်လင်လျက်နေကြလော့။” (၁ ပေတရု ၃:၁၆) ဘုရားသခင်၏ဖြောင့်မတ်သောပညတ်များ၊ မူများနှင့်စပ်လျဉ်း၍ လိုက်လျောလျှော့ပေါ့ခြင်းမပြုဘဲနေမည်ဆိုလျှင် သင်သည် ကောင်းသောသြတ္တပ္ပစိတ်ရရှိမည်။ ယင်းကား ယေဟောဝါထံတော်မှ တကယ့်ကောင်းချီးဖြစ်ပေသည်။ ထို့ပြင် ယုံကြည်ခြင်းအားနည်းသောခရစ်ယာန်လူငယ်များအတွက် သင်သည်ပုံသက်သေကောင်းဖြစ်ပေမည်။ (၁ တိမောသေ ၄:၁၅၊ ၁၆) သင့်အပြုအမူက ယုံကြည်ခြင်းခိုင်မြဲရန်၊ သို့ဖြင့် စုံစမ်းခြင်းများကို ခံရပ်နိုင်ရန်ကြိုးစားဖို့ တိုက်တွန်းမှုဖြစ်စေပါမည်။

သင့်ခရစ်ယာန်အနေအထားကိုစတင် ဆန့်ကျင်သူများအတွက်ပင် အကူအညီဖြစ်ပေမည်။ မျှော်လင့်ချက်ပေးသည့် ဤစကားများကိုစွဲမှတ်ထားပါ။ “နံနက်အချိန်၌ မျိုးစေ့ကြဲလော့။ ညဦးအချိန်၌လည်း မကြဲဘဲမနေနှင့်။ အကြောင်းမူကား၊ အဘယ်အရာသည် အကျိုးရှိမည်ကိုလည်းကောင်း၊ နှစ်ပါးစလုံးတို့သည် အညီအမျှအကျိုးရှိမည်ကိုလည်းကောင်း မသိနိုင်။” (ဒေသနာ ၁၁:၆) သင့်သစ္စာရှိအပြုအမူများဖြင့် ကောင်းသောမျိုးစေ့ကြဲခြင်းမှ အဘယ်ကောင်းကျိုးဖြစ်မည်ကို မည်သူသိရှိနိုင်မည်နည်း။

အကောင်းဆုံးကောင်းချီးများအနက်တစ်ခုကား ယေဟောဝါရှေ့အလိုတော်နှင့်တွေ့သောအနေအထားဖြစ်သည်။ နောက်ဆုံးတွင် ယုံကြည်ခြင်းခိုင်မြဲသည့်အတွက် ထာဝရအသက်ရရှိမည်။ (ယောဟန် ၁၇:၃။ ယာကုပ် ၁:၁၂ နှင့်နှိုင်းယှဉ်) လိုက်လျောအလျှော့ပေးမှုကြောင့် စုံစမ်းခံရခြင်းမှ ခေတ္တသက်သာမှုရခြင်းသည် ထိုဆုကျေးဇူးကိုအရှုံးခံရခြင်းအတွက်မတန်ပါ။

ဤဆောင်းပါး၏အစတွင်ဖေါ်ပြထားသည့် လူငယ်ကော။ သူသည် စုံစမ်းခြင်းကိုခံရပ်ခဲ့သည်။ ကျောင်းအစည်းအဝေးပြီးနောက် အာစရိယတို့အား မိမိ၏အနေအထားကို လိမ္မာစွာဖြင့် ရှင်းပြပါသည်။ သူ၏စကားကို လက်မခံကြသော်လည်း မိမိသည် ယေဟောဝါ၏နှလုံးကိုရွှင်လန်းစေနိုင်ခဲ့ကြောင်းသိရှိ၍ ကျေနပ်မှုရခဲ့သည်။ (သု၊ ၂၇:၁၁) သူကျောင်းပြီးသည်အထိ ယုံကြည်ခြင်းကိုခုခံပြောဆိုသွားခဲ့သည်။ ထိုနောက် ရှေ့ဆောင်ဖြစ်လာပါသည်။ သင့်သစ္စာတည်ကြည်မှုသည်လည်း ထပ်တူရွှင်လန်းဖွယ်ရလဒ်ကို ဖြစ်ထွန်းပါလေစေ။ ယုံကြည်ခြင်းခိုင်မြဲမည်ဆိုလျှင် ထိုသို့ဖြစ်မည်အမှန်။

[အောက်ခြေမှတ်ချက်များ]

a ဤအကြောင်းနှင့် အခြားကျမ်းစာမူများကိုဆွေးနွေးတင်ပြထားသည့် ကင်းမျှော်စင်ကျမ်းစာနှင့်ဝေစာအသင်းထုတ်ဝေသော Questions Young People Ask—Answers That Work စာအုပ်ကိုရှု။

အသင့်ရှိအကူအညီ

▫ ဘုရားကိုကြောက်ရွံ့သော သင့်မိဘများ၏ဉာဏ်ပညာပါစကားကို နားထောင်ပါ။

▫ ခရစ်ယာန်အသင်းတော်ရှိ ဝိညာဏပြင်ဆင်ချက်များမှ အကျိုးအမြတ်ရယူပါ။

▫ ခန့်အပ်ခံအကြီးအကဲများနှင့် သင့်အခက်အခဲမျိုးကို ကြုံတွေ့ခဲ့ဖူးသူများအားအကျိုးအကြောင်းတင်ပြပြောဆိုပါ။

▫ ထပ်တူအတားအဆီးများကို အောင်မြင်စွာကိုင်တွယ်နေသော အခြားခရစ်ယာန်လူများနှင့် ဆွေးနွေးတိုင်ပင်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ