ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၆/၁ စာ. ၅-၇
  • စိတ်ရှည်စွာစောင့်ဆိုင်းပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စိတ်ရှည်စွာစောင့်ဆိုင်းပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အသေအချာစဉ်းစားပါ
  • ဘုရားသခင်သည် နှေးတော်မမူ
  • အပြောထက် အလုပ်တာသွားသည်
  • တင်ကြိုအသိပညာ
  • “ဘုရားသခင်၏ချစ်ခြင်းမေတ္တာ၌ ကိုယ်ကိုစောင့်ရှောက်၍ နေကြလော့”
  • ယေဟောဝါ၏နေ့ကို မျှော်လင့်တောင့်တနေလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ကျွန်ုပ်တို့၏အဖိုးထိုက်သောယုံကြည်ခြင်းကို မြဲမြံစွာဆုပ်ကိုင်ထားကြစို့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခွင့်လွှတ်တတ်ဖို့ သခင့်ဆီကနေ သူသင်ယူခဲ့
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • ခွင့်လွှတ်ခြင်းအကြောင်းကို သခင့်ထံမှ သူသင်ယူခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၆/၁ စာ. ၅-၇

စိတ်ရှည်စွာစောင့်ဆိုင်းပါ

ဝံပုလွေမရှိဘဲ “ဝံပုလွေ!” ဟုထပ်ခါတလဲလဲအော်ဟစ်ခဲ့သော သိုးထိန်းတစ်ဦးသည် နောက်ပိုင်း၌ အကူအညီတောင်းဆိုသောအခါ မည်သူမျှအရေးမစိုက်သည်ကို တွေ့ရှိခဲ့ရသည်။ အလားတူ ယနေ့လည်း များစွာသောသူတို့သည် ကျရောက်အံ့ဆဲဆဲဖြစ်နေသော ယေဟောဝါ၏နေ့ကြီးကို အရေးမထားကြပေ၊ အကြောင်းမှာ မရေမတွက်နိုင်သော မှားယွင်းသည့်သတိပေးချက်များကို သူတို့ကြားခဲ့ကြရသောကြောင့်ဖြစ်သည်။ မည်သည့်သတိပေးချက်သည် ဟုတ်မှန်၍ သတိချပ်အပ်ကြောင်း မဝေဖန်တတ်သည့်အချက်ကပင် “လင်းသောကောင်းကင်တမန်” အတုအယောင်၊ ဘုရားသခင်၏ရန်သူကြီး စာတန့်အကြိုက်ဖြစ်သည်။—၂ ကောရိန္သု ၁၁:၁၄။

မိမိကိုယ်ကို မိမိကျေနပ်နေသောစိတ်ထားသည် ယေဟောဝါ၏အမှုတော်ကို အတန်ကြာ ဆောင်ရွက်ခဲ့သူများအတွက်ပင် အန္တရာယ်ရှိသည်။ အဘယ်ကြောင့်နည်း။ ပထမရာစုရှိ တမန်တော်ပေတရု၏သတိပေးချက်ကို သုံးသပ်ကြည့်ပါ။

အသေအချာစဉ်းစားပါ

ပေတရု၏ မှုတ်သွင်းခံဒုတိယစာစောင်သည် ကနဦးခရစ်ယာန်များအတွက်သာမက ကျွန်ုပ်တို့အတွက်လည်း သတိပေးနှိုးဆော်ချက်တစ်ခုဖြစ်သည်။ သူကဤသို့ရေးသားခဲ့သည်– “ချစ်သူတို့၊ ဤဒုတိယသြဝါဒစာကို သင်တို့အား ယခုငါရေး၍ပေးလိုက်၏။ . . . ဤစာနှစ်စောင်၌ သင်တို့၏ကြည်ဖြူသောစိတ်ဝိညာဉ် [“ကြည်လင်သောစိတ်၊” ကဘ] တို့ကို ငါသတိပေးနှိုးဆော်၏။” (၂ ပေတရု ၃:၁၊ ၂) ယင်းနှင့်ပတ်သက်၍ ပေတရု၌ အဘယ်အခြေခံအကြောင်းရှိပါသနည်း။ ဘုရားသခင့်ကျေးကျွန်များ အသက်ရှင်သည့်အချိန်သည် အရေးတကြီးဖြစ်သည်ဟူသော သဘောထားကို လှိုက်စားသည့် ပြောင်လှောင်ပြက်ရယ်ပြုသူများရှိနေကြောင်း ပေတရုက အလေးပေးဖော်ပြခဲ့သည်။ ယခုအချိန်သည် လှောင်ပြောင်သူများ၏လှည့်ဖြားမှုကို သတိပြုရမည့်အချိန်ဖြစ်သည်။ ထို့ကြောင့် ပေတရုကမိမိ၏စာရှုသူများကို ဤသို့တိုက်တွန်းခဲ့သည်– “သန့်ရှင်းသောပရောဖက်တို့သည်၊ အထက်ကဟောပြောသောစကားများကို . . . အောက်မေ့” လော့။ (၂ ပေတရု ၃:၂; တမန်တော် ၃:၂၂၊ ၂၃) ပရောဖက်များက ဘာကိုဟောပြောခဲ့ကြသနည်း။

ဘုရားသခင့်တရားစီရင်ချက်များသည် ဆိုးသွမ်းမှုကိုမည်သို့အဆုံးတိုင်စေခဲ့ကြောင်း ဘုရားသခင့်သစ္စာရှိကျေးကျွန်များက ကြိမ်ဖန်များစွာဂရုစိုက်စေခဲ့ကြပြီ။ မြေကြီးပေါ်တွင် ဆိုးသွမ်းမှုပြည့်နှက်ခဲ့သောအခါက ဘုရားသခင်သည် ကြားဝင်စီရင်သည့်အနေဖြင့် နောဧခေတ်တွင် ရေလွှမ်းမိုးဘေးကျရောက်စေခဲ့ခြင်းအကြောင်းကို မိမိ၏စာရှုသူများအား ပေတရုသတိရစေခဲ့သည်။ ထိုရေလွှမ်းမိုးဘေးကြီးသည် ၎င်းအချိန်မှလောကကို ထိရောက်စွာအဆုံးတိုင်စေခဲ့သည်။ သို့သော် ဘုရားသခင်သည် နောဧနှင့် သူ၏မိသားစုနှင့်တကွ “တိရစ္ဆာန်အမျိုးမျိုး” တို့ကိုကိုယ်စားပြုသော သက်ရှိသတ္တဝါများကို သင်္ဘောတစ်စီးတွင် ကာကွယ်စောင့်ရှောက်ခဲ့သည်။ ကျမ်းစာမှတ်တမ်း၏မှန်ကန်မှုကို တစ်ကမ္ဘာလုံးမှ ဒဏ္ဍာရီပုံပြင်များစွာကထောက်ခံသည်။a—ကမ္ဘာဦး ၆:၁၉; ၂ ပေတရု ၃:၅၊ ၆။

ထိုသို့ဘုရားသခင်ကြားဝင်စီရင်ခဲ့ခြင်းကို အချို့သူတို့က ‘မှတ်မိချင်သောစိတ်မရှိသည့်အချက်’ ဟုပေတရုခေါ်ဆိုခဲ့သည်။ ထို့နောက် အခြားသူတို့မှာ ပြက်ရယ်ပြုသူ တစ်ခေတ်တည်းသားတို့ကြောင့် အေးတိအေးစက်ဖြစ်သွားကြသည်။ ကျွန်ုပ်တို့မူကား ယေဟောဝါပြုလုပ်ခဲ့ရာများကို မည်သည့်အခါမျှ မမေ့ပျောက်သင့်ပါ။ ပေတရုက ကျွန်ုပ်တို့ကိုဤသို့ဆိုသည်– “ယခုရှိသောမိုးကောင်းကင်နှင့်မြေကြီးမူကား၊ တရားဆုံးဖြတ်၍ အဓမ္မလူတို့ကိုဖျက်ဆီးသောနေ့ရက်တိုင်အောင်၊ ထိုနှုတ်ကပါဌ်တော်အားဖြင့် သိုထားလျက်ရှိ၍၊ မီးရှို့ခြင်းအဖို့အလိုငှာနေရစ်သတည်း။” (၂ ပေတရု ၃:၇) မှန်ပါသည်၊ ဘုရားသခင့်ကြားဝင်စီရင်မှုသည် တစ်ဖန်ဖြစ်ပျက်ရဦးမည်။

ဘုရားသခင်သည် နှေးတော်မမူ

အနှစ်ထောင်ပေါင်းများစွာ ကုန်လွန်ခဲ့ပေပြီ။ ဘုရားသခင်သည် လူ့အခက်အခဲများကိုဖြေရှင်းရန် အဘယ်ကြောင့်ဤမျှကြာမြင့်စွာ စောင့်ဆိုင်းခဲ့ပါသနည်း။ အခြားအချက်တစ်ချက်ကို ပေတရုထပ်မံ၍သတိမူစေသည်။ သူကဤသို့ဆိုသည်– “ချစ်သူတို့၊ ထာဝရဘုရားမှာ ကာလတစ်ရက်သည်၊ အနှစ်တစ်ထောင်ကဲ့သို့လည်းကောင်း၊ အနှစ်တစ်ထောင်သည် တစ်ရက်ကဲ့သို့လည်းကောင်းဖြစ်သည်အရာတစ်ခုကို မမေ့လျော့ကြနှင့်။” (၂ ပေတရု ၃:၈) အချိန်ကာလကို ယေဟောဝါရှုမြင်ပုံသည် ကျွန်ုပ်တို့နှင့်ကွာခြားပါသည်။ ထာဝရဘုရားအတွက် အာဒံကိုဖန်ဆင်းချိန်မှ ယခုအချိန်အထိသည် ရက်သတ္တတစ်ပတ်ပင်မပြည့်သေးချေ။ အချိန်ကို ကျွန်ုပ်တို့မည်သို့ပင်ရှုမြင်ပါလေစေ ကုန်လွန်သွားသောအနှစ်တစ်ထောင်တိုင်းနှင့် ရက်တိုင်းသည် ယေဟောဝါ၏ရည်ရွယ်ချက် ဖြစ်မြောက်အောင်မြင်ချိန်သို့ ပို၍နီးကပ်စေပါသည်။

“ထိုင်စောင့်သောအိုးသည်မပွက်နိုင်” ဟူသောဆိုရိုးသည် တစ်စုံတစ်ရာဖြစ်ပျက်ရန် စောင့်ရုံစောင့်နေခြင်းသည် ပို၍ကြန့်ကြာနေသည့်သဘောသက်ရောက်ပါသည်။ သို့ရာတွင် ပေတရုက ‘ယေဟောဝါ၏နေ့ရက်ရောက်ရှိခြင်းကို မျှော်လင့်တောင့်တလျက် စိတ်စွဲလမ်းနေ’ ရန်အကြံပြုခဲ့သည်။ (၂ ပေတရု ၃:၁၂) ကျရောက်အံ့ဆဲဆဲဖြစ်သော ဘုရားသခင့်ကြားဝင်စီရင်မည့်အချိန်ကို ကျွန်ုပ်တို့အားနိုးနိုးကြားကြားရှိစေမည့် စိတ်နေသဘောထားကို မည်သို့တိုးပွားစေနိုင်မည်နည်း။

အပြောထက် အလုပ်တာသွားသည်

အပြုအမူ၊ အကျင့်အကြံတို့ကို ပေတရုအာရုံစိုက်စေပါသည်။ သူက “သန့်ရှင်းသောအကျင့်” နှင့် “ဘုရားဝတ်၌မွေ့လျော်ခြင်း” တို့ကိုရည်ညွှန်းခဲ့သည်။ (၂ ပေတရု ၃:၁၁) ယင်း၌ အဘယ်အရာများပါဝင်သနည်း။

ဘုရားသခင်၏စစ်မှန်သော ကျေးကျွန်တစ်ဦးသည် ကိုယ်တော်နှစ်သက်သည့်နည်းအတိုင်း ပြုမူဆောင်ရွက်တတ်သည်။ ဤစစ်မှန်သောဝတ်ပြုသူ၏ ယုံကြည်ခြင်းသည် သူ၏အကျင့်အကြံ၌ထင်ဟပ်နေပါသည်။ ယင်းက ဘုရားသခင်နှင့် ကိုယ်တော်၏ကတိတော်များကို ယုံပါသည်ဟုပြောရုံမျှပြောသူများမှ သူ့အားကွဲပြားခြားနားစေ၏။ ယေဟောဝါသက်သေများ၏ အမှုဆောင်ခြင်းက သူတို့အားတစ်မူထူးခြားသူများဖြစ်စေသည်ကို သင်သတိပြုမိကောင်းပြုမိပါလိမ့်မည်။ သမ္မာကျမ်းစာတွင် ဖော်ပြထားသော ဘုရားသခင်၏ကတိတော်များကို အာရုံစူးစိုက်ကြရန် သင့်အိမ်သို့ သူတို့လည်ပတ်လာကြသည်။ သို့သော် သူတို့သည် လူတို့နှင့်တွေ့ဆုံသည့်နေရာတိုင်းတွင် မိမိတို့၏မျှော်လင့်ချက်နှင့် ယုံကြည်ချက်ကို သက်သေခံကြသည်။

အခြားသူများအား မိမိ၏ယုံကြည်ချက်ကိုကြေညာရာ၌ အလုပ်များနေသော သက်သေခံတစ်ဦးသည် မိမိ၏ယုံကြည်ချက်များကို ခိုင်ခံ့မြဲမြံစေပါသည်။ မြွက်ဟပြောဆိုခြင်းက သာ၍မှတ်မိသတိရစေပြီး တစ်ချိန်တည်းတွင် အတွင်းရွှင်လန်းမှုနှင့် ကျေနပ်ရောင့်ရဲမှုကိုရရှိစေသည်။ ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းကို ကျွန်ုပ်တို့ကြေညာသောအခါ ကျွန်ုပ်တို့သည် ယေဟောဝါ၏စိတ်တော်နှင့်လည်းတွေ့ကြသည်။ ပေတရု၏လုပ်ဖော်ဆောင်ဖက်ဖြစ်သော တမန်တော်ပေါလုဆိုသကဲ့သို့ပင် ကိုယ်တော်သည် ‘ကျွန်ုပ်တို့၏လုပ်ဆောင်မှုနှင့် နာမတော်ကိုထောက်၍ပြသောမေတ္တာကို မေ့လျော့သည်တိုင်အောင် အဓမ္မအမှုကိုပြုတော်မမူကြောင်း’ ကိုကျွန်ုပ်တို့သိထားကြသည်။—ဟေဗြဲ ၆:၁၀; ရောမ ၁၀:၉၊ ၁၀။

မျက်မှောက်အစီအစဉ်စနစ်၏ နောက်ဆုံးနေ့ရက်များအတွင်း ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကြဲဖြန့်ရေးကို အလေးထားစဉ်းစားခြင်း၏ ရလဒ်ကားအဘယ်နည်း။ ထောင်သောင်းများစွာသော စိတ်နှလုံးရိုးဖြောင့်သူများသည် ကိုယ်တော်၏မခံစားထိုက်သော ကရုဏာတော်မှ အကျိုးရရှိပြီး မြေကြီးပရဒိသုပေါ် ထာဝရအသက်ရမည့်အလားအလာမှ စစ်မှန်သောပျော်ရွှင်မှုတွေ့ရှိရန် ယေဟောဝါနှင့်ရင်းနှီးသောဆက်ဆံရေးကို မည်သို့ရရှိနိုင်ကြောင်း သင်ယူနေကြသည်။

တင်ကြိုအသိပညာ

ယေဟောဝါဘုရားသခင်သည် ကြားဝင်စီရင်တော်မူမည်အကြောင်းကို သမ္မာကျမ်းစာမှ ကျွန်ုပ်တို့သိရှိထားကြသော်လည်း ပေတရုထပ်ဆင့်မှာသည့်စကားကို သတိမူရန်လိုသည်။ “မတရားသောသူတို့၏ပရိယာယ်အားဖြင့်၊ သင်တို့သည်လည်း သွေးဆောင်ရာသို့လိုက်၍၊ သင်တို့တည်ကြည်ခြင်းမှ မရွေ့လျော့မည်အကြောင်း၊ ဤအရာများကိုသိနှင့်ပြီဖြစ်၍၊ ကိုယ်ကိုကိုယ်စောင့်ရှောက်ကြလော့။”—၂ ပေတရု ၃:၁၇။

ဘုရားသခင့်ကြားဝင်စီရင်ခြင်းသည် ဖင့်နွှဲနေဟန်ရှိသောကြောင့် ယုံကြည်ခြင်းမခိုင်မြဲသူအချို့သည် စိတ်ပျက်အားလျော့လာနိုင်ကြောင်းကို ယေဟောဝါအမှန်ပင် ကြိုတင်သိရှိထား၏။ ဘုရားတရားမဲ့သူတို့၏သြဇာသည် ကိုယ်တော်၏စစ်မှန်သောကျေးကျွန်များကို ဖောက်ပြန်စေနိုင်ကြောင်း၊ ဘုရားသခင့်နာမတော်သန့်ရှင်းမြင့်မြတ်ရမည့်အချိန် နီးကပ်နေပြီဟူသည့် သူတို့၏ခံယူချက်ကို အနည်းဆုံးလှိုက်စားသွားနိုင်ကြောင်းကိုလည်း ဘုရားသခင်သိတော်မူသည်။ ဤနောက်ဆုံးနေ့ရက်များအတွင်း တည်ကြည်မြဲမြံမှုမှကျဆင်းခြင်းသည် အလွန်ဝမ်းနည်းကြေကွဲစရာပါတကား!

ယခုအချိန်တွင် ယေဟောဝါပြုလုပ်မည့်အရာကို သံသယဖြစ်ကာ စနိုးစနောင့်ဖြစ်ရန်အချိန်မဟုတ်ပါ။ (ဟေဗြဲ ၁၂:၁) ထိုသို့ဖြစ်မည့်အစား ယခုအချိန်သည် ယေဟောဝါ၏စိတ်ရှည်မှုကြောင့် ဖြစ်ပေါ်လာသည့်အရာဖြစ်သော အပြည်ပြည်ဆိုင်ရာလူအုပ်ကြီးဝင်ဖြစ်လာသူ သန်းပေါင်းများစွာတို့သည် ကယ်တင်ခြင်းရနိုင်ကြပြီး ရောက်ရှိလာတော့မည့် ကြီးစွာသောဒုက္ခကို ကပ်ကျော်ရန်မျှော်လင့်နိုင်ခြင်းကို တန်ဖိုးထားလေးစားမှု တိုးပွားရမည့်အချိန်ဖြစ်သည်။ (ဗျာဒိတ် ၇:၉၊ ၁၄) ပေတရုက ဤသို့တိုက်တွန်းခဲ့သည်– “ကျေးဇူးတော်၌လည်းကောင်း၊ ငါတို့ကိုကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း၌လည်းကောင်း ကြီးပွားကြလော့။ ထိုသခင်သည် ယခုမှစ၍ ထာဝရနေ့ရက်ကာလပတ်လုံး ဘုန်းအသရေရှိတော်မူစေသတည်း။”—၂ ပေတရု ၃:၁၈။

“ဘုရားသခင်၏ချစ်ခြင်းမေတ္တာ၌ ကိုယ်ကိုစောင့်ရှောက်၍ နေကြလော့”

ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်း၊ ဝတ်ပြုကိုးကွယ်မှုအတွက် ခရစ်ယာန်အစည်းအဝေးများကို မှန်မှန်တက်ရောက်ခြင်းနှင့် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို လေ့လာခြင်းတို့၌ အလုပ်များနေခြင်းက ကျွန်ုပ်တို့ကိုကာကွယ်ပေးသည်။ ဤနည်းဖြင့် ယခုခေတ်စနစ်ဆိုး၏ ပျက်စီးသည်ထက်ပျက်စီးနေသော အခြေအနေများကြောင့် အလွန်အမင်းစိုးရိမ်ပူပန်နေရန် အချိန်ရှိမည်မဟုတ်ပါ။ ခရစ်ယာန်စစ်များ၏အသက်တာတွင် စိုးရိမ်ပူပန်မှုများရှိနေစရာမလိုပေ။ (၁ ကောရိန္သု ၁၅:၅၈) ယေဟောဝါ၏အမှုတော်ဆောင်ခြင်း၌ အလုပ်များလေလေ အချိန်ကုန်မြန်လေလေဖြစ်သည်။

ပေတရုနှင့်တစ်ခေတ်တည်းသားဖြစ်ပြီး ယေရှု၏မိတူဖကွဲညီဖြစ်သူယုဒက ကျွန်ုပ်တို့ကို ဤသို့တိုက်တွန်းခဲ့သည်– “ချစ်သူတို့၊ အလွန်သန့်ရှင်းသော သင်တို့၏ယုံကြည်ခြင်းတရားအပေါ်တွင် ကိုယ်ကိုဆောက်တည်လျက်၊ သန့်ရှင်းသောဝိညာဉ်တော်၌ ဆုတောင်း . . . လျက်၊ ထာဝရအသက်အလိုငှာ၊ ငါတို့အရှင်ယေရှုခရစ်၏ကရုဏာတော်ကို စောင့်မျှော်လျက်၊ ဘုရားသခင်၏ချစ်ခြင်းမေတ္တာ၌ ကိုယ်ကိုစောင့်ရှောက်၍နေကြလော့။” (ယုဒ ၂၀၊ ၂၁၊ သမ္မာ) စွဲစွဲမြဲမြဲဆုတောင်းခြင်းဖြင့် တိုးပွားလာသည့် အကောင်းမြင်သဘောထား၏ အရေးကြီးမှုကို သတိပြုပါလေ။ (၁ သက်သာလောနိတ် ၅:၁၇) ထို့ပြင် ယုဒက ဤသို့ထပ်ဆင့်ခဲ့သည်– “ပိုင်းခြား၍သိတတ်သောဉာဏ်ရှိ၍၊ အချို့တို့ကိုသနားကြလော့။ ကိုယ်ကာယနှင့် ညစ်ညူးစွန်းကွက်သောအဝတ်ကိုပင် စက်ဆုပ်ရွံရှာ၍ ကြောက်ရွံ့ခြင်းနှင့်တကွ၊ အချို့တို့ကို မီးထဲမှဆယ်နုတ်ကယ်တင်ကြလော့။” (ယုဒ ၂၂၊ ၂၃) ဤခက်ခဲသောကာလအတွင်း တစ်ဦးကိုတစ်ဦးခွန်အားရှိစေရန် အလွန်အရေးကြီးလှပါသည်တကား! ထို့ပြင် မျက်မှောက်ခေတ် အကျင့်ဖောက်ပြန်နေသော ဤလောကတွင် ခေတ်စားလှသည့် “အကျင့်လျော့ရဲခြင်း” အတွက် ကြန့်ကြာနေသည့် ဤ “ကယ်တင်ခြင်းနေ့” ကိုဆင်ခြေအဖြစ်အသုံးပြုပြီး အပြစ်သွေးဆောင်ရာသို့မလိုက်ပါစေရန် အလွန်အရေးကြီးပေသည်။—ယုဒ ၄; ၂ ကောရိန္သု ၆:၁၊ ၂။

ပေတရု၊ ပေါလုနှင့် ယုဒတို့၏ မေတ္တာရှိအကြံပေးချက်များကိုလိုက်နာ၍ ဘုရားသခင့်လုပ်ငန်းတော်တွင် အလုပ်များနေပြီး တက်ကြွစွာပါဝင်ခြင်းဖြင့် ယေဟောဝါ၏ကြားဝင်စီရင်မှုကို စိတ်ရှည်စွာစောင့်ဆိုင်းနိုင်သည်။ သို့သော် သင်စောင့်ဆိုင်းမည်လော။

ထာဝရအသက်ဆိုင်ရာ ဖန်ဆင်းရှင်၏ကတိတော်ကို ယုံကြည်ခြင်းတိုးပွားစေရန် အကူအညီရဖို့အတွက် သင့်ဒေသရှိသက်သေခံများနှင့်ဆက်သွယ်ရန် ဆုတ်ဆိုင်းမနေပါနှင့်။ ချဉ်းကပ်လာနေသည့် ကြီးစွာသောဆင်းရဲခြင်းတွင်အဆုံးသတ်မည့် နောင်မည်သည့်အခါမျှ ပြန်လုပ်ဆောင်တော့မည်မဟုတ်သော ကမ္ဘာချီသက်သေခံခြင်းလုပ်ငန်းတွင်ပါဝင်ရန် အရည်အချင်းပြည့်မီဖို့လိုအပ်ရာကို သင်ယူပါလေ။ (မာကု ၁၃:၁၀) ထိုသို့ဖြစ်လျှင် ယေဟောဝါကတိပြုထားသော ဖြောင့်မတ်ခြင်းတရားတည်ရာမြေကြီးသစ်တွင် အသက်ရှင်ရမည့်အခွင့်အရေးကို သင်ရရှိပါလိမ့်မည်။ (၂ ပေတရု ၃:၁၃) သူ၏သတိပေးချက်များကို လိုက်နာပါ! စိတ်ရှည်စွာစောင့်ဆိုင်းပါ! အလုပ်များနေပါလေ!

[အောက်ခြေမှတ်ချက်များ]

a ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသော သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်ကပါဌ်တော်လော၊ လူ့နှုတ်ထွက်လော [လိပ်] စာအုပ်၊ စာမျက်နှာ ၁၁၆ ကိုကျေးဇူးပြု၍ရှု။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ပရဒိသုဆိုင်ရာ ဘုရားသခင့်ကတိတော်အကြောင်း ယခုပင်သင်ယူပါလေ

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ဝံပုလွေ– Animals/Jim Harter/Dover Publications, Inc.; သိုးထိန်းငယ်– ကလေးငယ်များ– A Pictorial Archive from Nineteenth-Century Sources/Grafton/Dover Publications, Inc.

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ