ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၂၁ အမှတ် ၁ စာ. ၁၀-၁၁
  • လူတွေ ဘာကြောင့် ဆင်းရဲဒုက္ခရောက်ပြီး အိုမင်း၊ သေဆုံးကြရသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူတွေ ဘာကြောင့် ဆင်းရဲဒုက္ခရောက်ပြီး အိုမင်း၊ သေဆုံးကြရသလဲ
  • နိုးလော့!—၂၀၂၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကနဦးမိဘကြောင့် ဆင်းရဲဒုက္ခ ခံစားရ
  • နတ်ဆိုးတွေကြောင့် ပိုခက်ခဲလာ
  • ကိုယ်ကိုယ်တိုင်ကြောင့်လည်း ဒုက္ခရောက်ကြ
  • “နောက်ဆုံးကာလ” မှာ အသက်ရှင်နေရ
  • မကောင်းမှုနဲ့ ဆင်းရဲဒုက္ခတွေ ဘာကြောင့် ရှိနေသလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ဖန်ဆင်းရှင် ဂရုစိုက်စောင့်ရှောက်ရိုးမှန်လျှင် အဘယ်ကြောင့် ဆင်းရဲဒုက္ခ ဤမျှများပြားရသနည်း
    သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော
  • နှစ်သိမ့်မှု ဆင်းရဲခြင်းဝေဒနာခံစားရသူများအတွက် နှစ်သိမ့်မှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ဆင်းရဲဒုက္ခ ဘာကြောင့် ဒီလောက်များရတာလဲ
    သမ္မာကျမ်းစာ သွန်သင်ရာများ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၂၁
န၂၁ အမှတ် ၁ စာ. ၁၀-၁၁
ဆင်းရဲမွဲတေနေသူတွေ ရှိတာနည်းနည်းလေးနဲ့ ရှင်သန်ရုန်းကန်နေကြစဉ်။

လူတွေ ဘာကြောင့် ဆင်းရဲဒုက္ခရောက်ပြီး အိုမင်း၊ သေဆုံးကြရသလဲ

ဖန်ဆင်းရှင်က လူတွေကို သားသမီးတွေအဖြစ် ယူမှတ်တယ်။ ဒါကြောင့် ကျွန်တော်တို့ကို ဒုက္ခ မရောက်စေချင်ဘူး။ ဒါပေမဲ့ ဆင်းရဲဒုက္ခတွေ သိပ်များနေတယ်။ ဘာကြောင့်လဲ။

ကနဦးမိဘကြောင့် ဆင်းရဲဒုက္ခ ခံစားရ

“အပြစ်ဟာ လူတစ်ယောက်ကြောင့် လူ့လောကထဲ ရောက်လာတယ်။ အပြစ်ကြောင့် သေခြင်းလည်း ပေါ်ပေါက်လာတယ်။ . . . သေဆုံးကြရတယ်။”—ရောမ ၅:၁၂။

ကနဦးမိဘ အာဒံနဲ့ ဧဝကို ပြည့်ဝစုံလင်တဲ့ စိတ်၊ ခန္ဓာနဲ့ ဘုရားသခင် ဖန်ဆင်းခဲ့တယ်။ ဧဒင်ဥယျာဉ်လို့ ခေါ်တဲ့ သာယာလှပတဲ့ ကမ္ဘာမြေ စံအိမ်ကိုလည်း ပေးထားတယ်။ ဥယျာဉ်ထဲက အပင်တစ်ပင်ရဲ့ အသီးကလွဲလို့ ကျန်တဲ့အပင်အားလုံးရဲ့ အသီးတွေကို စားခွင့် ရှိတယ်။ ဒါပေမဲ့ အာဒံနဲ့ ဧဝဟာ တားမြစ်ထားတဲ့ အပင်ရဲ့ အသီးကိုမှ ရွေးပြီး စားခဲ့ကြတယ်။ အဲဒါဟာ အပြစ် ကျူးလွန်တာပဲ။ (ကမ္ဘာဦး ၂:၁၅-၁၇။ ၃:၁-၁၉) ဘုရားရဲ့ စကားကို နားမထောင်တဲ့အတွက် သူတို့ကို ဥယျာဉ်ကနေ နှင်ထုတ်လိုက်တယ်။ ဘဝဟာ ခက်ခဲ ကြမ်းတမ်းလာတယ်။ သားသမီးတွေ ရလာတဲ့အခါ သူတို့သာမက၊ သားသမီးတွေပါ ဒုက္ခရောက်ကြရတယ်။ အိုမင်းပြီး သေဆုံးသွားကြတယ်။ (ကမ္ဘာဦး ၃:၂၃။ ၅:၅) ကျွန်တော်တို့ဟာ အာဒံနဲ့ ဧဝကနေ ဆင်းသက်လာလို့ ဖျားနာ၊ အိုမင်း၊ သေဆုံးကြရတယ်။

နတ်ဆိုးတွေကြောင့် ပိုခက်ခဲလာ

“တစ်လောကလုံးကတော့ ဆိုးညစ်သူရဲ့ ဩဇာအောက်မှာ ရှိနေမှန်း ကျွန်တော်တို့ သိတယ်။”—၁ ယောဟန် ၅:၁၉။

“ဆိုးညစ်သူ” ဟာ စာတန် ဖြစ်တယ်။ ဘုရားသခင်ကို ပုန်ကန်သူ၊ မျက်စိနဲ့ မမြင်နိုင်တဲ့ ဝိညာဉ်သတ္တဝါ ဖြစ်တယ်။ (ယောဟန် ၈:၄၄။ ဗျာဒိတ် ၁၂:၉) နောက်ပိုင်းမှာ တခြား ဝိညာဉ်သတ္တဝါတွေလည်း စာတန်နောက် လိုက်ကြတယ်။ သူတို့ကို နတ်ဆိုးတွေလို့ ခေါ်တယ်။ နတ်ဆိုးတွေက မိမိတို့ရဲ့ တန်ခိုးကို သုံးပြီး လူတွေကို လှည့်စားတယ်၊ ဖန်ဆင်းရှင်နဲ့ ဝေးသွားအောင် လုပ်ကြတယ်။ လူတွေအပေါ် မကောင်းတဲ့ ဩဇာ လွှမ်းမိုးတယ်။ (ဆာလံ ၁၀၆:၃၅-၃၈။ ၁ တိမောသေ ၄:၁) လူတွေ ဒုက္ခရောက်ပြီး နာကျင်ရင် စာတန်နဲ့ နတ်ဆိုးတွေ သိပ်ပျော်တယ်။

ကိုယ်ကိုယ်တိုင်ကြောင့်လည်း ဒုက္ခရောက်ကြ

“လူဟာ မျိုးစေ့ကြဲတဲ့အတိုင်း ရိတ်သိမ်းရလိမ့်မယ်။” —ဂလာတိ ၆:၇။

ကျွန်တော်တို့အားလုံး အပြစ်ကို အမွေရထားလို့၊ လောကကို စာတန် လွှမ်းမိုးနေလို့ နည်းအမျိုးမျိုးနဲ့ ဒုက္ခရောက်ကြတယ်။ ဒါပေမဲ့ လူတွေဟာ ကိုယ့်ဒုက္ခ ကိုယ်ရှာတဲ့အခါလည်း ရှိတယ်။ ဘယ်လိုနည်းနဲ့လဲ။ မကောင်းတာတွေ လုပ်တဲ့အခါ၊ ဆုံးဖြတ်ချက် အမှားတွေ ချတဲ့အခါ ဆိုးကျိုးတွေ ခံစားရတယ်။ ဒါပေမဲ့ လူတွေ ကောင်းတာ လုပ်ရင်တော့ ကောင်းကျိုး ခံစားရတယ်။ ဥပမာ၊ ခင်ပွန်းလည်း ဖြစ်၊ ဖခင်လည်း ဖြစ်သူက ရိုးသားတယ်၊ အလုပ်ကြိုးစားတယ်၊ မိသားစုကိုလည်း ချစ်တယ်ဆိုရင် ကောင်းကျိုးတွေ ခံစားရပြီး မိသားစုလည်း ပျော်မယ်။ ဒါပေမဲ့ လောင်းကစား လုပ်မယ်၊ သောက်ကြူးမယ်၊ ပျင်းတယ် ဆိုရင်တော့ ကိုယ်တိုင်ရော မိသားစုပါ ဆင်းရဲမယ်။ ဒါကြောင့် ဖန်ဆင်းရှင်ရဲ့ စကားကို နားထောင်တာက ပညာရှိတယ်။ ဘုရားက ကျွန်တော်တို့ကို ကောင်းကျိုး ခံစားစေချင်တယ်၊ “ငြိမ်သက်အေးချမ်း” စေချင်တယ်။—ဆာလံ ၁၁၉:၁၆၅။

“နောက်ဆုံးကာလ” မှာ အသက်ရှင်နေရ

“နောက်ဆုံးကာလ [မှာ] . . . လူတွေဟာ ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်တဲ့သူ၊ ငွေကိုတပ်မက်သူ၊ . . . မိဘစကား နားမထောင်သူ၊ . . . မချုပ်တည်းနိုင်သူ၊ ကြမ်းကြုတ်သူ၊ ကောင်းမြတ်ရာကို မုန်းတီးသူ” ဖြစ်ကြလိမ့်မယ်။—၂ တိမောသေ ၃:၁-၅။

အခုခေတ် လူများစွာဟာ ကျမ်းစာမှာ ကြိုဟောထားတဲ့အတိုင်း ပြုမူကျင့်ကြံနေကြတယ်။ သူတို့ရဲ့ အကျင့်အကြံတွေက “နောက်ဆုံးကာလ” မှာ အသက်ရှင်နေရတယ်ဆိုတဲ့ အထောက်အထားတွေပဲ။ ကျွန်တော်တို့ခေတ်မှာ စစ်ပွဲတွေ ဖြစ်မယ်၊ အစာ ခေါင်းပါးမယ်၊ ငလျင်ကြီးတွေ လှုပ်မယ်၊ ကပ်ရောဂါတွေ ဖြစ်မယ်လို့လည်း ကျမ်းစာမှာ ကြိုပြောထားတယ်။ (မဿဲ ၂၄:၃၊ ၇၊ ၈။ လုကာ ၂၁:၁၀၊ ၁၁) အဲဒါတွေကြောင့်လည်း လူတွေ ဆင်းရဲဒုက္ခရောက်ကြတယ်၊ သေကြရတယ်။

ကျွန်တော် စိတ်ငြိမ်သက်မှု ခံစားနေရ

“ကျွန်တော် အသက် ၁၉ နှစ်မှာ ကိုယ်တစ်ပိုင်း သေသွားတယ်။ အဲဒီလိုဖြစ်တာ အရင်ဘဝက မကောင်းတာ လုပ်ခဲ့လို့ ဆိုပြီး ပြောကြတယ်။ အဲဒါကြောင့် ကျွန်တော် စိတ်ထိခိုက်ခဲ့တယ်။ လူတွေ ဆင်းရဲဒုက္ခရောက်တာ ဘုရားကြောင့်လို့ တချို့က ပြောတယ်။ အဲဒီလို ရက်စက်တဲ့ ဘုရားကို ကျွန်တော် မချစ်နိုင်ဘူး။ နောက်ပိုင်း ကျမ်းစာကို လေ့လာတဲ့အခါ ဖန်ဆင်းရှင်က ကျွန်တော်တို့ကို ဂရုစိုက်တယ်။ လူတွေ ဆင်းရဲဒုက္ခရောက်တာ စာတန်လို့ ခေါ်တဲ့ နာမ်ဝိညာဉ်ဆိုးကြောင့်ဆိုတာ သိလာတယ်။ စာတန်ကို ဘုရား ဖျက်ဆီးတော့မယ်၊ လူ့ဒုက္ခတွေကိုလည်း ဖယ်ရှားပေးတော့မယ်ဆိုတာ သိလာတယ်။ အဲဒီဘုရားကို သိပ်ချစ်လာတယ်။ ကျွန်တော် စိတ်ငြိမ်သက်မှု ခံစားနေရပြီ။”—ဆန်ဂျေး။

ဆန်ဂျေး။

ထပ်လေ့လာပါ–

ဆင်းရဲဒုက္ခအကြောင်း၊ ရင်ဆိုင်ဖြေရှင်းနိုင်ပုံအကြောင်း ထပ်သိချင်တယ်ဆိုရင် jw.org/my ထဲက သမ္မာကျမ်းစာ သွန်သင်ချက်များ > ကျမ်းစာမေးခွန်းများရဲ့ အဖြေ > ဆင်းရဲဒုက္ခမှာ ဝင်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ