ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • bh စာ. ၂၁၅-စာ. ၂၁၈ ပိုဒ်. ၁
  • ၁၉၁၄ ခုနှစ်—ကျမ်းစာကြိုတင်ဟောကြားချက်မှာ ထူးခြားတဲ့နှစ်တစ်နှစ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၁၉၁၄ ခုနှစ်—ကျမ်းစာကြိုတင်ဟောကြားချက်မှာ ထူးခြားတဲ့နှစ်တစ်နှစ်
  • သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှု ဘယ်အချိန်မှာ ဘုရင်ဖြစ်လာသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ကျမ်းစာသက္ကရာဇ်စဉ်အရ ၁၉၁၄ ခုနှစ်အကြောင်း ဘာသိရသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ဘုရားသခင့်နိုင်ငံတော်အဘက်ဘက်တွင် သာလွန်ကောင်းမွန်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဘုရားသခင့်အစိုးရ စတင်အုပ်စိုးခြင်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
bh စာ. ၂၁၅-စာ. ၂၁၈ ပိုဒ်. ၁

နောက်ဆက်တွဲ

၁၉၁၄ ခုနှစ်—ကျမ်းစာကြိုတင်ဟောကြားချက်မှာ ထူးခြားတဲ့နှစ်တစ်နှစ်

ကျမ်းစာကျောင်းသားတွေက ၁၉၁၄ ခုနှစ်မှာ ထူးခြားတဲ့ဖြစ်ရပ်တွေဖြစ်မယ်လို့ အနှစ်လေးဆယ်နီးပါး ကြိုတင်ပြီး ကြေညာခဲ့ကြတယ်။ ဘယ်ဖြစ်ရပ်တွေလဲ။ ဘယ်အရာက ၁၉၁၄ ခုနှစ်ကို ထူးခြားတဲ့နှစ်ဖြစ်စေသလဲ။

လုကာ ၂၁:၂၄ မှာ “လူမျိုးခြားတို့သည် မိမိတို့အချိန်ကာလ ပြည့်စုံသည့်တိုင်အောင် ဂျေရုဆလင်မြို့ကို ခြေဖြင့်နင်းကြလိမ့်မည်” ဆိုတဲ့ ယေရှုပြောခဲ့တဲ့စကားကို မှတ်တမ်းတင်ထားတယ်။ ဂျေရုဆလင်မြို့ဟာ ဂျူးလူမျိုးတွေရဲ့မြို့တော်၊ ဒါဝိဒ်မင်းဆက်ကနေဆင်းသက်တဲ့ ဘုရင်တွေအုပ်ချုပ်တဲ့မြို့ဖြစ်တယ်။ (ဆာလံ ၄၈:၁၊ ၂) ဒါပေမဲ့ အဲဒီဘုရင်တွေက လူမျိုးခြားခေါင်းဆောင်တွေနဲ့ မတူဘူး။ သူတို့က ယေဟောဝါရဲ့ ကိုယ်စားလှယ်တွေအဖြစ် “ထာဝရဘုရား၏ ရာဇပလ္လင်တော်” ပေါ်မှာထိုင်ကြသူတွေဖြစ်တယ်။ (၁ ရာဇဝင်ချုပ် ၂၉:၂၃) ဒါကြောင့် ဂျေရုဆလင်မြို့ဟာ ယေဟောဝါရဲ့အုပ်ချုပ်မှု အမှတ်အသားဖြစ်တယ်။

ဒါပေမဲ့ ဘုရားသခင်ရဲ့အုပ်ချုပ်မှုကို ဘယ်လိုနည်းနဲ့ ဘယ်အချိန်မှာ ‘လူမျိုးခြားတို့က ခြေဖြင့်နင်း’ ခဲ့ကြသလဲ။ ဂျေရုဆလင်မြို့ကို ဗာဗုလုန်တွေ ဝင်ရောက်သိမ်းပိုက်တဲ့ ဘီစီ ၆၀၇ မှာဖြစ်တယ်။ ‘ယေဟောဝါရဲ့ရာဇပလ္လင်’ မှာ နန်းထိုင်တဲ့သူမရှိဖြစ်ခဲ့ပြီး ဒါဝိဒ်ကဆင်းသက်တဲ့ ဘုရင်မင်းဆက် ပြတ်တောက်သွားခဲ့တယ်။ (၄ ဓမ္မရာဇဝင် ၂၅:၁-၂၆) အမြဲပဲ ဒီလို “ခြေဖြင့်နင်း” ခံနေရမှာလား။ မဟုတ်ပါဘူး။ ဂျေရုဆလင်မြို့ရဲ့ နောက်ဆုံးဘုရင် ဇေဒကိနဲ့ပတ်သက်ပြီး ယေဇကျေလ ဒီလို ကြိုတင်ဟောခဲ့တယ်– “ဦးရစ်တော်ကိုပယ်၍ ရာဇသရဖူကိုချွတ်လော့။ . . . အစိုးပိုင်သောသူ မရောက်မီတိုင်အောင် . . . ငါမှောက်လှန်မည်။ . . . အစိုးပိုင်သောသူ၌ ငါအပ်မည်။” (ယေဇကျေလ ၂၁:၂၆၊ ၂၇) ဒါဝိဒ်မင်းဆက်ရဲ့သရဖူကိုရထိုက်တဲ့ “အစိုးပိုင်သောသူ” ဟာ ယေရှုခရစ်ဖြစ်တယ်။ (လုကာ ၁:၃၂၊ ၃၃) ဒါကြောင့် “ခြေဖြင့်နင်း” ခံရတာဟာ ယေရှုဘုရင်ဖြစ်လာတဲ့အချိန်မှာ ပြီးဆုံးသွားတယ်။

အဲဒီအရေးပါတဲ့အဖြစ်အပျက် ဘယ်အချိန်မှာ ဖြစ်ပျက်ခဲ့သလဲ။ လူမျိုးခြားတွေက သတ်မှတ်ထားတဲ့အချိန်ကာလတစ်ခုအထိသာ အုပ်ချုပ်ကြမယ်လို့ ယေရှုပြောခဲ့တယ်။ ဒံယေလ အခန်းကြီး ၄ မှာပါတဲ့မှတ်တမ်းက အဲဒီအချိန်ကာလ ဘယ်လောက်ကြာမယ်ဆိုတာ သိရှိစေတဲ့သော့ချက်ဖြစ်တယ်။ အဲဒါက ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာမက်ခဲ့တဲ့ အိပ်မက်နဲ့ ဆက်စပ်နေတယ်။ ခုတ်လှဲခံရတဲ့ သစ်ပင်ကြီးတစ်ပင်ကို သူမြင်မက်ခဲ့တယ်။ အဲဒီသစ်ပင်ရဲ့အငုတ်ကို သံ၊ ကြေးဝါတို့နဲ့ စည်းနှောင်ထားလို့ မကြီးထွားနိုင်ဘူး။ “ဒီလိုနဲ့ ခုနစ်ကာလ ကုန်လွန်သွားပါစေ” လို့ကောင်းကင်တမန်တစ်ပါးက ပြောခဲ့တယ်။—ဒံယေလ ၄:၁၀-၁၆၊ ကဘ။

သမ္မာကျမ်းစာမှာ သစ်ပင်တွေကို အုပ်ချုပ်ရေးကိုပုံဖော်ဖို့ တစ်ခါတလေ အသုံးပြုခဲ့ကြတယ်။ (ယေဇကျေလ ၁၇:၂၂-၂၄; ၃၁:၂-၅) ဒါကြောင့် ပုံဆောင်သစ်ပင်ကိုခုတ်လှဲခြင်းက ဂျေရုဆလင်မြို့မှာရှိတဲ့ ဘုရင်တွေကိုယ်စားပြုတဲ့ ဘုရားသခင့်အုပ်ချုပ်မှု ဘယ်လိုပြတ်တောက်သွားမယ်ဆိုတာ ဖော်ပြတယ်။ ဒါပေမဲ့ ‘ဂျေရုဆလင်မြို့ကို ခြေဖြင့်နင်း’ တာက ခေတ္တယာယီဖြစ်တဲ့ “ခုနစ်ကာလ” ကြာမယ်လို့ ရူပါရုံမှာဖော်ပြထားတာကို သတိပြုပါ။ အဲဒီအချိန်ဟာ ဘယ်လောက်ကြာရှည်သလဲ။

ဗျာဒိတ် ၁၂:၆၊ ၁၄ က သုံးကာလခွဲဟာ “ရက်ပေါင်း တစ်ထောင့်နှစ်ရာခြောက်ဆယ်” နဲ့ညီမျှတယ်လို့ ဖော်ပြတယ်။ ဒါကြောင့် သုံးကာလခွဲရဲ့ နှစ်ဆဖြစ်တဲ့ “ခုနစ်ကာလ” က ရက်ပေါင်း ၂,၅၂၀ ဖြစ်မယ်။ ဒါပေမဲ့ လူမျိုးခြားတွေက ဂျေရုဆလင်မြို့ကျဆုံးပြီးနောက် ရက်ပေါင်း ၂,၅၂၀ လောက်ပဲ ဘုရားသခင့်အုပ်ချုပ်မှုကို “ခြေဖြင့်နင်း” ခဲ့ကြတာမဟုတ်ဘူး။ ဒါကြောင့် ဒီကြိုတင်ဟောကြားချက်က ပိုပြီးကြာရှည်တဲ့ကာလဖြစ်တယ်ဆိုတာ ထင်ရှားတယ်။ တောလည်ရာ ၁၄:၃၄ နဲ့ ယေဇကျေလ ၄:၆ ကိုအခြေခံပြီး “တစ်ရက်ကိုတစ်နှစ်” ထားမယ်ဆိုရင် “ခုနစ်ကာလ” က နှစ်ပေါင်း ၂,၅၂၀ ဖြစ်မယ်။

နှစ်ပေါင်း ၂,၅၂၀ က ဗာဗုလုန်လူမျိုးလက်ထဲ ဂျေရုဆလင်မြို့ကျဆုံးပြီး ဒါဝိဒ်မင်းဆက်ကို ရာဇပလ္လင်ကနေ ချခဲ့တဲ့ ဘီစီ ၆၀၇၊ အောက်တိုဘာလမှာစပြီး ၁၉၁၄၊ အောက်တိုဘာလမှာ ကုန်ဆုံးတယ်။ ၁၉၁၄၊ အောက်တိုဘာလမှာ ‘လူမျိုးခြားတို့ရဲ့အချိန်ကာလ’ ကုန်ဆုံးပြီး ဘုရားသခင်ရဲ့ကောင်းကင်ဘုရင်အဖြစ် ယေရှုခရစ် နန်းတင်ခံခဲ့ရတယ်။a—ဆာလံ ၂:၁-၆; ဒံယေလ ၇:၁၃၊ ၁၄။

ကောင်းကင်ဘုရင်အဖြစ် ယေရှု ‘ရောက်ရှိ’ တဲ့အခါ ထူးခြားတဲ့ကမ္ဘာ့ဖြစ်ရပ်တွေဖြစ်တဲ့ စစ်ပွဲ၊ အစာခေါင်းပါးခြင်း၊ မြေငလျင်၊ ကပ်ရောဂါတွေ ဖြစ်မယ်လို့ ယေရှုကြိုပြောခဲ့တယ်။ (မဿဲ ၂၄:၃-၈; လုကာ ၂၁:၁၁) အဲဒီဖြစ်ရပ်တွေက ၁၉၁၄ ခုနှစ်မှာ ဘုရားသခင့်ကောင်းကင်နိုင်ငံတော် တကယ် စတင်အုပ်ချုပ်ကြောင်း၊ ဒီလောကစနစ်ဆိုးရဲ့ ‘နောက်ဆုံးကာလ’ စတင်ကြောင်း အခိုင်အမာသက်သေထူပါတယ်။—၂ တိမောသေ ၃:၁-၅။

ဇယား-ခုနစ်ကာလ ဒါမှမဟုတ် လူမျိုးခြားအချိန်၊ ဂျေရုရှလင်မြို့ကျဆုံးချိန်ကနေ စတင်တွက်ချက်တဲ့အခါ နှစ်ပေါင်း ၂,၅၂၀ ဟာ ၁၉၁၄ အောက်တိုဘာလမှာ ကုန်ဆုံး

a ဘီစီ ၆၀၇၊ အောက်တိုဘာကနေ ဘီစီ ၁၊ အောက်တိုဘာအထိက ၆၀၆ နှစ်ဖြစ်တယ်။ သုညနှစ်မရှိတဲ့အတွက် ဘီစီ ၁၊ အောက်တိုဘာကနေ အေဒီ ၁၉၁၄၊ အောက်တိုဘာအထိက ၁,၉၁၄ နှစ်ဖြစ်တယ်။ ၆၀၆ နှစ်နဲ့ ၁,၉၁၄ နှစ်ကိုပေါင်းရင် ၂,၅၂၀ နှစ်ရတယ်။ ဘီစီ ၆၀၇မှာ ဂျေရုဆလင်မြို့ကျဆုံးခြင်းကိုဖော်ပြတဲ့ အချက်အလက်တွေအတွက် ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ သမ္မာကျမ်းစာအပေါ် ထိုးထွင်းအမြင် [အင်္ဂလိပ်] စာအုပ်မှ “သက္ကရာဇ်စဉ်” ဆောင်းပါးနဲ့ ‘ကျမ်းစာတစ်ကျမ်းလုံး’ စစ်မှန်ပြီးအကျိုးပြု (bsio4-BU) စာမျက်နှာ ၃၊ ၄ တို့ကိုကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ