ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၅၂
  • ဘာအတွက် အသက်ရှင်နေရတာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘာအတွက် အသက်ရှင်နေရတာလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာဖြေဆိုရာ
  • လူတွေအတွက် ဘုရားရည်ရွယ်ချက်က ဘာလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • မေးခွန်း ၁– ကျွန်ုပ် ဘာအတွက် အသက်ရှင်နေရတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဘဝအသက်တာကို အဘယ်အရာက အမှန်အဓိပ္ပာယ်ရှိစေသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ယေဟောဝါနဲ့ မိတ်ဆွေဖြစ်နိုင်
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၅၂

ဘာအတွက် အသက်ရှင်နေရတာလဲ

သမ္မာကျမ်းစာဖြေဆိုရာ

အသက်ရှင်ရတဲ့ရည်ရွယ်ချက်ကို လူတွေသိချင်လို့ ငါတို့လူသားတွေ ဘယ်လိုဖြစ်ပေါ်လာတာလဲ ဒါမှမဟုတ် ငါတို့ ဘာအတွက် အသက်ရှင်နေတာလဲ ဆိုပြီး မေးတတ်ကြတယ်။ ကျွန်ုပ်တို့အသက်ရှင်ရတဲ့ ရည်ရွယ်ချက်က ဘုရားနဲ့မိတ်ဆွေဖြစ်ဖို့ဆိုပြီး သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ ကျမ်းစာမှာဖော်ပြထားတဲ့ အခြေခံအမှန်တရားတချို့ကို သုံးသပ်ကြည့်ပါ။

  • ဘုရားသခင်က ကျွန်ုပ်တို့ရဲ့ ဖန်ဆင်းရှင်ဖြစ်တယ်။ ကျမ်းစာမှာ ဒီလိုပြောတယ်– “ထာဝရဘုရားသည် ငါတို့ကိုဖန်ဆင်းတော်မူ၍ ငါတို့၏အရှင်ဖြစ်တော်မူ၏။”—ဆာလံ ၁၀၀:၃; ဗျာဒိတ် ၄:၁၁။

  • ဘုရားသခင်က လူတွေအပါအဝင် အရာခပ်သိမ်းကို ရည်ရွယ်ချက်ရှိရှိ ဖန်ဆင်းခဲ့တာဖြစ်တယ်။—ဟေရှာယ ၄၅:၁၈။

  • ‘ဘုရားသခင်ကို မှီခို’ လိုတဲ့ စိတ်ဆန္ဒနဲ့ ကျွန်ုပ်တို့ ဖန်ဆင်းခံရတယ်။ အဲဒီစိတ်ဆန္ဒထဲမှာ အသက်ရှင်ရတဲ့အဓိပ္ပာယ်ကို သိချင်တဲ့ဆန္ဒလည်းပါတယ်။ (မဿဲ ၅:၃) အဲဒီဆန္ဒကို ဘုရားသခင်က ဖြည့်ဆည်းပေးလိုတယ်။—ဆာလံ ၁၄၅:၁၆။

  • ကျွန်ုပ်တို့ဟာ ဘုရားသခင်နဲ့ မိတ်ဆွေဖွဲ့ခြင်းအားဖြင့် ဘုရားသခင်ကို မှီခိုလိုတဲ့ စိတ်ဆန္ဒကို ဖြည့်ဆည်းနိုင်ပါတယ်။ ဘုရားသခင်နဲ့ မိတ်ဆွေဖွဲ့တယ်ဆိုတဲ့အယူအဆက တချို့သူတွေအတွက် မဖြစ်နိုင်ဘူးလို့ ထင်ရပေမဲ့ ကျမ်းစာမှာ ဒီလိုအားပေးထားပါတယ်– “ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။ ကိုယ်တော်သည်လည်း သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်။”—ယာကုပ် ၄:၈; ၂:၂၃။

  • ဘုရားသခင်နဲ့ မိတ်ဆွေဖြစ်ဖို့ ကျွန်ုပ်တို့ဟာ ဘုရားသခင်ရည်ရွယ်ထားတဲ့အတိုင်း အသက်ရှင်ရမယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ဒေသနာ ၁၂:၁၃ မှာ ခုလိုဖော်ပြတယ်– “သင်သည် ဘုရားသခင်အား ကြောက်ရွံ့ရိုသေ၍ ကိုယ်တော်၏ပညတ်တော်တို့ကို စောင့်ထိန်းလော့။ အဘယ်ကြောင့်ဆိုသော် ဤအမှုအရာတို့ကို ပြုကျင့်စေရန် ဘုရားသခင်သည် လူကိုဖန်ဆင်းတော်မူသောကြောင့် ဖြစ်၏။”—ခေတ်သုံးမြန်မာသမ္မာကျမ်း။

  • အနာဂတ်မှာ ဘုရားသခင်က ဆင်းရဲဒုက္ခတွေကိုဖယ်ရှားပြီး မိမိကိုဝတ်ပြုတဲ့ မိတ်ဆွေတွေကို ထာဝရအသက်ပေးတဲ့အခါ လူသားတွေအတွက် ဘုရားသခင်ရဲ့ မူလရည်ရွယ်ချက် ပြည့်စုံလာတာကို ကျွန်ုပ်တို့ ကြုံတွေ့ရမှာဖြစ်တယ်။—ဆာလံ ၃၇:၁၀၊ ၁၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ