ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၂ ၁၁/၁ စာ. ၄-၅
  • မေးခွန်း ၁– ကျွန်ုပ် ဘာအတွက် အသက်ရှင်နေရတာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေးခွန်း ၁– ကျွန်ုပ် ဘာအတွက် အသက်ရှင်နေရတာလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • အဓိပ္ပာယ်ပြည့်ဝသော ဘဝရည်ရွယ်ချက်ကို ရှာဖွေခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ဘာအတွက် အသက်ရှင်နေရတာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • လူတွေအတွက် ဘုရားရည်ရွယ်ချက်က ဘာလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ကျမ်းစာမေးခွန်းတွေရဲ့အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
က၁၂ ၁၁/၁ စာ. ၄-၅

မေးခွန်း ၁– ကျွန်ုပ် ဘာအတွက် အသက်ရှင်နေရတာလဲ

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

ရိုစလင်းဟာ အင်္ဂလန်နိုင်ငံမှာ ကြီးပြင်းလာခဲ့ပြီး ပညာလောဘရှိတဲ့သူ ဖြစ်တယ်။ လူတွေကိုလည်း သူ ကူညီပေးချင်တယ်။ ဘွဲ့ရပြီးတဲ့နောက် ဂုဏ်သိက္ခာရှိတဲ့ အလုပ်တစ်ခု ရခဲ့တယ်။ အဲဒီအလုပ်ထဲမှာ အိုးမဲ့အိမ်မဲ့တွေကို ကူညီပေးတာလည်း ပါဝင်တယ်။ ဒါ့အပြင် မသန်စွမ်းသူတွေနဲ့ သင်ယူနိုင်စွမ်း ချို့တဲ့သူတွေကိုလည်း သူကူညီပေးခဲ့တယ်။ ကျေနပ်စရာကောင်းတဲ့ အလုပ်နဲ့ ဇိမ်ကျကျ နေထိုင်ခဲ့ရပေမဲ့လည်း သူဒီလိုပြောပြတယ်– “‘ကျွန်မတို့ ဘာကြောင့် ဒီကမ္ဘာပေါ်မှာ ရှိနေရတာလဲ၊ ဘာအတွက် အသက်ရှင်နေရတာလဲ’ ဆိုပြီး ကျွန်မ သိချင်နေတာ ကြာပြီ။”

မေးရတဲ့အကြောင်းရင်း။

လူသားတွေဟာ အသိဉာဏ်မဲ့တဲ့ တိရစ္ဆာန်တွေနဲ့ မတူပါဘူး။ ကျွန်ုပ်တို့ဟာ အတိတ်ကနေ သင်ခန်းစာယူဖို့၊ အနာဂတ်အတွက် အစီအစဉ်ဆွဲဖို့၊ ဘဝရည်ရွယ်ချက်ကို ရှာဖွေဖို့ စွမ်းရည်ရှိကြပါတယ်။

လူတချို့ ဖြေကြားပုံ။

ဘဝရဲ့ အဓိကရည်ရွယ်ချက်က ချမ်းသာကြွယ်ဝဖို့ ဒါမှမဟုတ် ကျော်ကြားဖို့ ဖြစ်တယ်၊ ဒါမှသာ ပျော်ရွှင်မယ်လို့ လူအများက ယူဆကြတယ်။

အဓိပ္ပာယ်သက်ရောက်ပုံ။

ကျွန်ုပ်တို့ဘဝမှာ အရေးကြီးဆုံးအရာကို ကိုယ့်ဘာသာကိုယ် သတ်မှတ်မယ်။ ဘုရားသခင်ရဲ့ အလိုတော်က ကျွန်ုပ်တို့ရဲ့ ဆန္ဒတွေလောက် အရေးမကြီးပါဘူး။

သမ္မာကျမ်းစာ သွန်သင်ရာ။

ဘုရင်ရှောလမုန်က စည်းစိမ်ဥစ္စာတွေကို စုဆောင်းပြီး ပျော်ရွှင်မှုရဖို့ ကြိုးစားခဲ့ပေမဲ့ အဲဒါတွေအားလုံးဟာ ရေရှည်မှာ ဘာအကျိုးမှ မရှိဘူးဆိုတာ သူ သိမြင်လာခဲ့တယ်။ ဘဝရည်ရွယ်ချက် အစစ်အမှန်နဲ့ ပတ်သက်ပြီး သူဒီလိုဖော်ပြခဲ့တယ်– “အချုပ်အခြာစကားဟူမူကား ဘုရားသခင်ကို ကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား လူနှင့်ဆိုင်သော အမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း။” (ဒေသနာ ၁၂:၁၃) ပညတ်တော်တို့ကို စောင့်ရှောက်ပါလို့ ဆိုတဲ့အခါမှာ ဘာတွေလုပ်ဆောင်ဖို့ လိုအပ်သလဲ။

လူသားတွေနဲ့ပတ်သက်ပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ထဲမှာ ဘဝမှာ မွေ့လျော်ဖို့လည်း ပါဝင်တယ်။ ရှောလမုန် ဒီလိုရေးခဲ့တယ်– “စားသောက်ခြင်းငှာလည်းကောင်း၊ ကြိုးစားအားထုတ်ရာ၌ စိတ်နှလုံးပျော်မွေ့ခြင်းငှာလည်းကောင်း လူ၌ကောင်းသောအခွင့်မရှိ။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ထိုသို့သောအခွင့်ကို ရနိုင်သည်ဟု ငါသိမြင်၏။”—ဒေသနာ ၂:၂၄။

မိသားစုကို ချစ်ပြီး ဂရုစိုက်ဖို့ ကျွန်ုပ်တို့ကို ဘုရားသခင် အလိုရှိတယ်။ မိသားစုဝင်တိုင်းအတွက် ရိုးရှင်းပြီး လက်တွေ့ကျတဲ့ အောက်ပါလမ်းညွှန်ချက်တွေကို သတိပြုကြည့်ပါ။

  • “ခင်ပွန်းသည်လည်း ကိုယ့်ကိုယ်ကိုယ် ချစ်သကဲ့သို့ ဇနီးကို ချစ်သင့်၏။”—ဧဖက် ၅:၂၈။

  • “ဇနီးသည်လည်း မိမိ၏ခင်ပွန်းကို အလွန်ရိုသေသင့်၏။”—ဧဖက် ၅:၃၃။

  • ‘သားသမီးဖြစ်သူတို့၊ မိဘတို့ကို နာခံကြလော့။’—ဧဖက် ၆:၁။

ဒီကျမ်းစာမူတွေကို ကျွန်ုပ်တို့ လိုက်နာမယ်ဆိုရင် ကျေနပ်မှုနဲ့ ပျော်ရွှင်မှု အတော်အတန် ရရှိမှာဖြစ်ပါတယ်။ ကျွန်ုပ်တို့ လုပ်ဆောင်နိုင်တဲ့ အရေးကြီးဆုံးအရာကတော့ ဖန်ဆင်းရှင်အကြောင်း အတတ်နိုင်ဆုံး သင်ယူပြီး ကိုယ်တော်နဲ့ရင်းနှီးတဲ့ မိတ်ဆွေဖြစ်အောင် ကြိုးစားခြင်းဖြစ်ပါတယ်။ တကယ်တော့ အဲဒီလိုလုပ်ဖို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ ဘုရားသခင်နဲ့ရင်းနှီးအောင် ကျွန်ုပ်တို့ ကြိုးစားမယ်ဆိုရင် ဘုရားသခင်ကလည်း ကျွန်ုပ်တို့နဲ့ ရင်းနှီးလာပါလိမ့်မယ်။ (ယာကုပ် ၄:၈) ကျမ်းစာဖော်ပြချက်ကိုသာ သင်လက်ခံမယ်ဆိုရင် သင့်ဘဝဟာ အဓိပ္ပာယ်ရှိလာပါလိမ့်မယ်။

စောစောက ဖော်ပြခဲ့တဲ့ ရိုစလင်းဟာ အခုဆိုရင် ဘဝရဲ့အဓိပ္ပာယ် အမှန်ကို ရှာတွေ့ပြီလို့ ခံစားနေရပါပြီ။ ဒီမဂ္ဂဇင်းရဲ့ စာမျက်နှာ ၁၀ မှာ သူ့ရဲ့သဘောထား ပြောင်းလဲသွားပုံနဲ့ပတ်သက်ပြီး သူပြောပြရာတွေကို ဖတ်ရှုနိုင်ပါတယ်။

ဘုရားသခင် နှစ်သက်တဲ့နည်းလမ်းနဲ့ ဘယ်လိုအသက်ရှင် နိုင်တယ်ဆိုတာ ထပ်သိချင်တယ်ဆိုရင် သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်းဆိုတဲ့ စာအုပ်ရဲ့ အခန်း ၁၂ မှာဖတ်ကြည့်ပါ။ www.pr2711.com ၀က်ဘ်ဆိုက်ကနေလည်း ကူးယူနိုင်ပါတယ်

ဘဝရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ယေရှုပြောခဲ့ရာ

ယေရှုဟာ သူ့ဘဝရည်ရွယ်ချက်ကို အသေအချာ သိထားတယ်။ သူ ဒီလိုပြောခဲ့တယ်- “အမှန်တရားကို သက်သေခံရန် ငါသည် ဖွားမြင်ခြင်းကိုခံ၍ ဤလောကသို့ ကြွလာပြီ။” (ယောဟန် ၁၈:၃၇) ယေရှုဟာ လူတွေကို ဘုရားသခင်နဲ့ဆိုင်တဲ့ အမှန်တရားတွေ၊ ကိုယ်တော့်ရည်ရွယ်ချက်တွေ သွန်သင်ပေးခြင်းဖြင့် သူ့ဘဝကို ကုန်ဆုံးစေခဲ့တယ်။

ယေရှုရဲ့စံနမူနာအတိုင်း လိုက်နာမယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ဘဝဟာ အဓိပ္ပာယ်ရှိလာပါလိမ့်မယ်။ တကယ်ဆိုရင် ယေရှုက ကျွန်ုပ်တို့ကို သူ့ဆီကနေ သင်ယူဖို့ ဖိတ်ခေါ်ထားတယ်။ (မဿဲ ၁၁:၂၉) ယေရှုဆီကနေ ကျွန်ုပ်တို့သင်ယူနိုင်မယ့် နည်းလမ်းနှစ်ခုကိုပဲ သုံးသပ်ကြည့်ရအောင်။

ကျွန်ုပ်တို့ ပျော်ရွှင်ချင်တယ်ဆိုရင် “ဘုရားသခင်ကို မှီခိုရန် လိုအပ်” တယ်ဆိုတာ အသိအမှတ်ပြုရမယ်လို့ ယေရှု သွန်သင်ခဲ့တယ်။ (မဿဲ ၅:၃) “မှန်သောဘုရားသခင် တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်နှင့် စေလွှတ်ခြင်းခံရသော ယေရှုခရစ်” တို့နဲ့ဆိုင်တဲ့ အသိပညာကို ဆည်းပူးခြင်းအားဖြင့် ဘုရားသခင်နဲ့ ရင်းနှီးလာပြီး ကိုယ်တော်ကိုမှီခိုဖို့ လိုအပ်တယ်ဆိုတာကို အသိအမှတ်ပြုလာပါလိမ့်မယ်။—ယောဟန် ၁၇:၃။

ယေရှုဟာ သူ့တပည့်တွေကို သူတို့သင်ယူခဲ့ရာတွေ တခြားသူတွေကို ပြန်ပြောပြဖို့ မိန့်မှာခဲ့တယ်။ ကိုယ်တော် ဒီလိုပြောခဲ့တယ်- “ထို့ကြောင့် သွား၍ လူမျိုးတကာမှ လူတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောစွမ်းအားတော်၏ နာမ၌ နှစ်ခြင်းပေးကြလော့။ သင်တို့အား ငါမိန့်မှာသမျှကို စောင့်ရှောက်စေရန် သွန်သင်ပေးကြလော့။” —မဿဲ ၂၈:၁၉၊ ၂၀။

သမ္မာကျမ်းစာကို လေ့လာပြီး သိရှိလာရာတွေကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့် ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရရှိလာတဲ့သူတွေဟာ သူတို့ရဲ့ဘဝကို တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲခဲ့ကြတယ်။ ဘုရားသခင်အကြောင်း တခြားသူတွေ သိလာအောင် သူတို့ကူညီပေးတဲ့အခါ သူတို့ဘဝမှာ ရည်ရွယ်ချက်အမှန် ရှိတယ်ဆိုတာကို ယုံကြည်စိတ်ချလာကြတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ