ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၇ အမှတ် ၁ စာ. ၃
  • ကျမ်းစာကို ဘာကြောင့်ဖတ်သင့်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာကို ဘာကြောင့်ဖတ်သင့်သလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာဖတ်တဲ့အခါ အကျိုးအပြည့်အဝ ရနိုင်ပုံ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ဖတ်ရှုခြင်းတွင် လုံ့လထုတ်ပါ
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ငါဘာကြောင့် စာဖတ်ရမလဲ
    နိုးလော့!—၂၀၀၆
  • မည်သို့ဖတ်၍ မှတ်မိနိုင်ပုံ
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
ကလ၁၇ အမှတ် ၁ စာ. ၃
စာအုပ်စင်ကနေ ကျမ်းစာလှမ်းယူနေတဲ့ အမျိုးသမီး

မျက်နှာဖုံးဆောင်းပါး | ကျမ်းစာက ဘဝကို တိုးတက်စေနိုင်ပုံ

ကျမ်းစာကို ဘာကြောင့်ဖတ်သင့်သလဲ

“ကျမ်းစာက နားလည်ဖို့ ခက်လွန်းတယ်လို့ ကျွန်မထင်တယ်။”—ဂျူဗီ

“ကျမ်းစာဖတ်ရတာ သိပ်ပျင်းစရာကောင်းတာပဲ။”—ကွီနီ

“ကျမ်းစာအထူကြီးကို ကြည့်လိုက်တာနဲ့ ဖတ်ချင်စိတ်ပျောက်သွားတာပဲ။”—အီဇီကဲလ်

ကျမ်းစာဖတ်မယ်လို့ စိတ်ကူးပြီးကာမှ အပေါ်မှာဖော်ပြထားတဲ့ အကြောင်းရင်းတွေကြောင့် ဖတ်ဖို့ တွန့်ဆုတ်ဖူးသလား။ လူအများက ကျမ်းစာဖတ်ဖို့ ဝန်လေးကြတယ်။ ဒါပေမဲ့ ကျမ်းစာက သင့်အသက်တာကို ပိုပြီးကျေနပ်ပျော်ရွှင်အောင် ကူညီပေးနိုင်မယ်ဆိုရင်ကော။ ကျမ်းစာကို စိတ်ဝင်တစား ဖတ်နိုင်တဲ့ နည်းလမ်းတွေ ရှိတယ်ဆိုရင်ကော။ ကျမ်းစာကနေ ဘယ်လိုအကျိုးရနိုင်မလဲဆိုတာကို တစ်ချက်လောက် ဆန်းစစ်ကြည့်ပါလား။

ကျမ်းစာကိုဖတ်ပြီးနောက် အကျိုးရရှိခဲ့သူတွေရဲ့ မှတ်ချက်တချို့ကို သုံးသပ်ကြည့်ပါ။

အသက် ၂၀ ဝန်းကျင်ရှိတဲ့ အီဇီကဲလ်က “အရင်ကဆိုရင် ကျွန်တော်ဟာ ဦးတည်ချက်မရှိဘဲ ကားမောင်းနေတဲ့သူနဲ့ တူတယ်။ ဒါပေမဲ့ ကျမ်းစာဖတ်တဲ့အခါ ကျွန်တော့်ဘဝဟာ အဓိပ္ပာယ်ရှိလာတယ်။ ကျမ်းစာမှာ နေ့စဉ်အသက်တာအတွက် လက်တွေ့ကျ အကြံပြုချက်တွေပါတယ်” လို့ပြောပြတယ်။

အသက် ၂၀ ဝန်းကျင်ရှိတဲ့ ဖရီးဒါကလည်း “ကျွန်မဟာ စိတ်မြန်လက်မြန် လုပ်တတ်တဲ့သူပါ။ ဒါပေမဲ့ ကျမ်းစာဖတ်တော့ ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းတတ်လာတယ်။ ဒါကြောင့် ပေါင်းသင်းဆက်ဆံရေးမှာ တိုးတက်လာပြီး အခုဆို သူငယ်ချင်းအများကြီး ရလာတယ်” လို့ပြောပြတယ်။

အသက် ၅၀ အရွယ် ယူးနစ်ကလည်း “ကျမ်းစာဖတ်တာက ကျွန်မရဲ့ အကျင့်ဆိုးတွေကို ပြောင်းလဲပြီး ပိုကောင်းတဲ့လူတစ်ယောက် ဖြစ်လာအောင် ကူညီပေးတယ်” လို့ပြောပြတယ်။

ဒီမှာဖော်ပြထားတဲ့သူတွေနဲ့ သန်းပေါင်းများစွာသောသူတွေ သိရှိခဲ့သလိုပဲ ကျမ်းစာဖတ်ရှုခြင်းဟာ သင့်ကို ကျေနပ်ပျော်ရွှင်တဲ့အသက်တာ ပိုင်ဆိုင်ဖို့ ကူညီပေးနိုင်တယ်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) ဒါတင်မက (၁) ဆုံးဖြတ်ချက်ကောင်း ချနိုင်အောင်၊ (၂) မိတ်ဆွေစစ် ရနိုင်အောင်၊ (၃) ဖိစီးမှုကို ရင်ဆိုင်ဖြေရှင်းနိုင်အောင်၊ (၄) အကောင်းဆုံးကတော့ ဘုရားသခင်အကြောင်း ပိုသိလာအောင် ကူညီပေးနိုင်တယ်။ ကျမ်းစာပါ အကြံပြုချက်တွေဟာ ဘုရားသခင်ဆီက လာတာဖြစ်လို့ လိုက်နာမယ်ဆိုရင် ဘယ်တော့မှ မမှားနိုင်ဘူး။ ဘုရားသခင်က ဘယ်တော့မှ မကောင်းတဲ့အကြံဉာဏ် မပေးပါဘူး။

အရေးကြီးတာက ကျမ်းစာကို စတင်ဖတ်ရှုဖို့ပါပဲ။ အဲဒီလိုအစပြုတဲ့အခါ လွယ်ကူပြီး ဖတ်ချင်စိတ်ရှိလာအောင် ဘယ်လက်တွေ့ကျ အကြံပြုချက်တွေက ကူညီပေးနိုင်သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ