ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၇ အမှတ် ၂ စာ. ၃-၄
  • အကောင်းတကာ့ အကောင်းဆုံးလက်ဆောင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အကောင်းတကာ့ အကောင်းဆုံးလက်ဆောင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားပေးတဲ့ အကောင်းဆုံးလက်ဆောင်​—⁠ဘာကြောင့် အလွန်အဖိုးတန်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • အကောင်းတကာ့ အကောင်းဆုံးလက်ဆောင်ဟာ ဘာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • ယေရှုခရစ် ကိုယ်တော့်သတင်းစကားက သင့်အတွက် အကျိုးရှိပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ရွေးနုတ်ဖိုး—ဘုရားသခင်ပေးတဲ့ အကြီးမြတ်ဆုံးဆုကျေးဇူး
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
ကလ၁၇ အမှတ် ၂ စာ. ၃-၄
သက်ကြီးရွယ်အိုတစ်ဦးက ကောင်လေးတစ်ဦးကို သင်္ဘောပုံ ခဲချွန်စက်ပေး

မျက်နှာဖုံးအကြောင်းအရာ | ဘုရားပေးတဲ့ အကောင်းဆုံးလက်ဆောင်ကို သင်လက်ခံမလား

အကောင်းတကာ့ အကောင်းဆုံး လက်ဆောင်

ဂျော်ဒန်လက်ထဲက သင်္ဘောပုံ ခဲချွန်စက်ဟာ ဘာမှထူးခြားပုံ မရဘူး။ ဒါပေမဲ့ အဲဒါဟာ သူ တန်ဖိုးအထားရဆုံး ပစ္စည်းတစ်ခုပဲ။ “ကျွန်တော် ကလေးဘဝတုန်းက မိသားစုရဲ့မိတ်ဆွေဖြစ်တဲ့ သက်ကြီးရွယ်အို ရပ်စယ်လ်ဟာ ကျွန်တော့်ကို ဒီလက်ဆောင်ပေးခဲ့တာ” လို့ ဂျော်ဒန် ပြောပြတယ်။ ရယ်စယ်လ်ဟာ ဂျော်ဒန်ရဲ့အဖိုးနဲ့ မိဘတွေအတွက် အရေးပါတဲ့ပုဂ္ဂိုလ်ဖြစ်မှန်း၊ သူတို့ ဒုက္ခရောက်ချိန်မှာ ကူညီပေးခဲ့သူဖြစ်မှန်း ရယ်စယ်လ်သေဆုံးပြီးမှ ဂျော်ဒန် သိလိုက်ရတယ်။ “ရယ်စယ်လ်အကြောင်း ပိုသိလာတော့ ဒီလက်ဆောင်လေးဟာ ကျွန်တော့်အတွက် အရင်ကထက် ပိုတန်ဖိုးရှိလာတယ်” လို့ ဂျော်ဒန်ပြောတယ်။

ဂျော်ဒန်ရဲ့ ဖြစ်ရပ်မှာလိုပဲ လက်ဆောင်တစ်ခုဟာ တချို့သူတွေရဲ့အမြင်မှာ တန်ဖိုးသိပ်မရှိတာ ဒါမှမဟုတ် ဘာတန်ဖိုးမှ မရှိတာဖြစ်နိုင်တယ်။ ကျေးဇူးတင်စိတ်နဲ့ လက်ခံသူအတွက်တော့ တန်ဖိုးရှိတဲ့လက်ဆောင်၊ တန်ဖိုးဖြတ်မရတဲ့ လက်ဆောင်တောင် ဖြစ်နိုင်တယ်။ ကျမ်းစာထဲမှာ တန်ဖိုးဖြတ်မရတဲ့ လက်ဆောင်အကြောင်း ဒီလိုပြောထားတယ်– “ဘုရားသခင်၏သားတော်ကို ယုံကြည်ကြောင်း တင်ပြသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ၊ ထာဝရအသက်ကို ရစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် ဤလောကကို ချစ်တော်မူ၏။”—ယောဟန် ၃:၁၆။

အဲဒီလက်ဆောင်ဟာ လက်ဆောင်ရရှိသူကို ထာဝရအသက် ရစေနိုင်တယ်။ ဒီထက်အဖိုးတန်တဲ့ လက်ဆောင် ရှိနိုင်ပါဦးမလား။ တချို့ကတော့ အဲဒီလက်ဆောင်ရဲ့ တန်ဖိုးကို သိချင်မှသိမယ်။ ခရစ်ယာန်စစ်တွေကတော့ အဲဒါကို ‘တန်ဖိုးကြီး’ တယ်လို့ သဘောထားတယ်။ (ဆာလံ ၄၉:၈။ ၁ ပေတရု ၁:၁၈၊ ၁၉) ဘုရားသခင်က မိမိသားတော်ရဲ့အသက်ကို ဒီလောကအတွက် လက်ဆောင်အဖြစ် ဘာလို့ပေးခဲ့တာလဲ။

အကြောင်းရင်းကို တမန်တော်ပေါလု ဒီလိုရှင်းပြတယ်– ‘အပြစ်သည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ ဝင်လာ၏။ သေခြင်းသည်လည်း အပြစ်အားဖြင့် ဝင်လာ၏။ သို့ဖြစ်၍ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသည် လူအပေါင်းတို့ထံ ပြန့်ပွားရ၏။’ (ရောမ ၅:၁၂) ပထမလူသားအာဒံဟာ ဘုရားသခင်ကို တမင်တကာ မနာခံဘဲ အပြစ်လုပ်တဲ့အတွက် သေဒဏ်ခံခဲ့ရတယ်။ အာဒံကြောင့် သူ့သားစဉ်မြေးဆက်အားလုံး၊ လူ့လောကတစ်ခုလုံး သေဆုံးကြရတယ်။

“အပြစ်တရား၏အခကား သေခြင်းဖြစ်၏။ ဘုရားသခင်၏ ဆုကျေးဇူးတော်ကား ငါတို့၏သခင် ခရစ်တော်ယေရှုအားဖြင့် ထာဝရအသက် ဖြစ်သတည်း။” (ရောမ ၆:၂၃) ဘုရားသခင်ဟာ လူသားတွေ သေဒဏ်ကနေ လွတ်မြောက်ဖို့ သားတော် ယေရှုခရစ်ကို မြေကြီးပေါ် စေလွှတ်ပြီး ပြည့်ဝစုံလင်တဲ့ ယေရှုရဲ့အသက်ကို ပူဇော်သက္ကာအဖြစ် ပေးဆက်စေခဲ့တယ်။ “ရွေးနုတ်ဖိုး” အဖြစ်သိထားကြတဲ့ အဲဒီပူဇော်သက္ကာကို အခြေခံပြီး ယေရှုကို ယုံကြည်ကြောင်း တင်ပြသူအားလုံးဟာ ထာဝရအသက် ရပါလိမ့်မယ်။—ရောမ ၃:၂၄။

ဘုရားသခင်ကို ကိုးကွယ်သူတွေအတွက် ယေရှုခရစ်ကတစ်ဆင့် ဘုရားပေးတဲ့ ကောင်းချီးအားလုံးနဲ့ပတ်သက်ပြီး ပေါလုက “ပြော၍မကုန်နိုင်သော ဆုကျေးဇူးတော်အတွက် ဘုရားသခင်၏ကျေးဇူးတော် ကြီးလှပါ၏” လို့ ပြောခဲ့တယ်။ (၂ ကောရိန္သု ၉:၁၅) ရွေးနုတ်ဖိုးဟာ ပြောမပြတတ်လောက်အောင် အလွန်ကောင်းတဲ့ လက်ဆောင်ပဲ။ လူသားတွေကို ဘုရားသခင် ရက်ရက်ရောရောပေးတဲ့ လက်ဆောင်တွေထဲမှာ ရွေးနုတ်ဖိုးဟာ ဘာကြောင့် အလွန်ထူးခြားသလဲ။ ဘယ်လိုနည်းနဲ့ အကောင်းတကာ့ အကောင်းဆုံး လက်ဆောင်ဖြစ်သလဲ။a အဲဒီလက်ဆောင်အတွက် ကျွန်တော်တို့ ဘယ်လို တုံ့ပြန်သင့်သလဲ။ အဲဒီမေးခွန်းတွေနဲ့ပတ်သက်ပြီး ကျမ်းစာရဲ့အဖြေကို နောက်ဆောင်းပါးနှစ်ခုမှာ ဖတ်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။

a ယေရှုဟာ ကျွန်တော်တို့အတွက် လိုလိုလားလား “အသက်စွန့်” ခဲ့တယ်။ (၁ ယောဟန် ၃:၁၆) အဲဒီလိုအသက်စွန့်တာဟာ ဘုရားရဲ့ ရည်ရွယ်ချက်မှာ တစ်ခုအပါအဝင်ဖြစ်တဲ့အတွက် ဘုရားသခင်ဟာ ရွေးနုတ်ဖိုး စီစဉ်ပေးသူဖြစ်တဲ့အကြောင်း ဒီဆောင်းပါးတွဲတွေမှာ အလေးပေးဖော်ပြထားတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ