သီချင်း ၁၄
မြေကြီးဘုရင်သစ်ကို ချီးမွမ်းခြင်း
၁။ လူမျိုးတိုင်းနဲ့ အနွယ်တိုင်းမှ
လူအုပ်ကြီးတစ်အုပ် စုရုံးလာ၊ ခရစ်တော်နဲ့ ဘိသိက်ခံအသင်းတော် အားဖြင့် စုသိမ်းခံရ။
ဘုရားနိုင်ငံတော် မွေးဖွားပြီ၊
မြေပေါ် အလိုတော် ပြည့်ဖို့ ဆုတောင်း။
မျှော်လင့်ခြင်း အဖိုးထိုက် လက်ဆောင်မွန်၊
နှစ်သိမ့်မှု၊ ဝမ်းမြောက်မှု ပေးရာ။
(ထပ်ကျော့ပိုဒ်)
ချီးမွမ်းကြ ယေဟောဝါ၊ ချီးမွမ်းကြ သားတော်ခရစ်၊
ဘုရင်၊ သခင်တို့ရဲ့ အထွတ်ပါ။
စည်းလုံးစွာ အုပ်ချုပ်မှု နာခံကြလေ၊
သံပြိုင် ချီးမွမ်းကြစို့လေ။
၂။ အုပ်စိုးနေ တို့ဘုရင်ခရစ်အား ဂုဏ်ပြုချီးမွမ်း ကြိုဆိုကြ။
တရားသူကြီး ငြိမ်သက်ခြင်းမင်း၊ ကယ်တင်ခြင်း ဆောင်ကြဉ်းပေးမှာ။
ကြိုမြင်ရ ရှေ့မှာ ဝမ်းမြောက်ခြင်း၊
ကြောက်ရွံ့ထိတ်လန့် ကင်းမဲ့ကမ္ဘာ၊
သေဆုံးသူများ ထမြောက်ရှင်ပြန်လာ။
မြူးထူးရွှင်လန်းတဲ့ချိန် ရောက်မှာ။
(ထပ်ကျော့ပိုဒ်)
ချီးမွမ်းကြ ယေဟောဝါ၊ ချီးမွမ်းကြ သားတော်ခရစ်၊
ဘုရင်၊ သခင်တို့ရဲ့ အထွတ်ပါ။
စည်းလုံးစွာ အုပ်ချုပ်မှု နာခံကြလေ၊
သံပြိုင် ချီးမွမ်းကြစို့လေ။
(ဆာ. ၂:၆။ ၄၅:၁။ ဟေရှာ. ၉:၆။ ယော. ၆:၄၀ တို့ကိုလည်း ကြည့်ပါ။)