ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၆ ဇူလိုင် စာ. ၃၁-စာ. ၃၂ ပိုဒ်. ၆
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ငါက သူတို့ကို . . . လူမျိုးတစ်မျိုးတည်း ဖြစ်စေမယ်”
    ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ပြီ
  • ၁၂က တုတ်နှစ်ချောင်း ပူးကိုင်ခြင်း
    ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ပြီ
  • “မင်းတို့ အသက်ပြန်ရှင်လာလိမ့်မယ်”
    ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ပြီ
  • “သိုးထိန်းအဖြစ် ပေါ်ထွန်းစေမယ်”
    ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ပြီ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
က၁၆ ဇူလိုင် စာ. ၃၁-စာ. ၃၂ ပိုဒ်. ၆
တုတ်နှစ်ချောင်းကို ယေဇကျေလ ကိုင်ထား

စာရှုသူများထံမှ မေးခွန်းလွှာ

ယေဇကျေလ အခန်းကြီး ၃၇ မှာ တုတ်နှစ်ချောင်းကို တစ်ချောင်းအဖြစ် ပူးလိုက်တယ်လို့ ဖော်ပြထားတယ်။ အဲဒါ ဘာအဓိပ္ပာယ်လဲ။

နောက်ဆုံးကာလမှာ ဘုရားကို ဝတ်ပြုသူတွေဟာ လူမျိုးတစ်မျိုးအဖြစ် ပေါင်းစည်းကြမယ် ဆိုတာကိုလည်း ဒီပရောဖက်ပြုချက်က ဖော်ပြတယ်။

တုတ်နှစ်ချောင်းပေါ်မှာ စာရေးဖို့ ပရောဖက်ယေဇကျေလကို ယေဟောဝါ ပြောတယ်။ တစ်ချောင်းပေါ်မှာ ‘ယုဒအမျိုးနဲ့ သူ၏အပေါင်းအဖော် အစ္စရေးအမျိုးသားအဖို့’ လို့ရေးခိုင်းပြီး နောက်တစ်ချောင်းပေါ်မှာ ‘ယောသပ်အမျိုးနဲ့ သူ၏အပေါင်းအဖော် အစ္စရေးအမျိုးသားများအဖို့ ဧဖရိမ်တုတ်’ လို့ ရေးခိုင်းတယ်။ အဲဒီတုတ်နှစ်ချောင်းကို “တစ်ချောင်းတည်း” ဖြစ်အောင် ယေဇကျေလ ပူးကိုင်လိုက်တယ်။—ယေဇ. ၃၇:၁၅-၁၇။

“ဧဖရိမ်” ဆိုတဲ့အသုံးအနှုန်းက ဘာကိုပုံဆောင်သလဲ။ ဧဖရိမ်အနွယ်ဟာ အစ္စရေးမြောက်ပိုင်းဆယ်နွယ်နိုင်ငံမှာ အထင်ကရအနွယ်ဖြစ်တယ်။ အဲဒီနိုင်ငံရဲ့ ပထမဆုံးဘုရင် ယေရောဗောင်ဟာ ဧဖရိမ်အနွယ်ဖြစ်တယ်။ (တရား. ၃၃:၁၃၊ ၁၆၊ ၁၇; ၃ ရာ. ၁၁:၂၆) ဒီအနွယ်ဟာ ယောသပ်ရဲ့သား ဧဖရိမ်ကနေ ဆင်းသက်လာတာဖြစ်တယ်။ (တော. ၁:၃၂၊ ၃၃) ယောသပ်ဟာ ဖခင်ယာကုပ်ဆီကနေ အထူးကောင်းချီးရခဲ့တယ်။ ဒါကြောင့် “ဧဖရိမ်တုတ်” က မြောက်ပိုင်းဆယ်နွယ်နိုင်ငံကို ကိုယ်စားပြုတာ သင့်တော်ပါတယ်။ ဒီပရောဖက်ပြုချက်ကို ယေဇကျေလမပြောခင် နှစ်ပေါင်းများစွာအကြာ ဘီစီ ၇၄၀ ကတည်းက မြောက်ပိုင်းဆယ်နွယ်နိုင်ငံသားတွေကို သုံ့ပန်းအဖြစ် အဆီးရီးယားတွေ ခေါ်ဆောင်သွားခဲ့တယ်။ (၄ ရာ. ၁၇:၆) နောက်ပိုင်းမှာ အဆီးရီးယားကို ဗာဗုလုန်က အနိုင်ယူခဲ့တယ်။ ဒါကြောင့် တုတ်နှစ်ချောင်းအကြောင်း ယေဇကျေလ ပရောဖက်ပြုချိန်မှာ အစ္စရေးအများစုဟာ ဗာဗုလုန်အင်ပါယာတစ်လျှောက် ပျံ့နှံ့နေကြပြီ။

ဘီစီ ၆၀၇ မှာ ယုဒတောင်ပိုင်းနှစ်နွယ်နိုင်ငံကို ဗာဗုလုန်က သိမ်းပိုက်ပြီး လူတွေကို သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားတယ်။ မြောက်ပိုင်းဆယ်နွယ်နိုင်ငံမှာ ကျန်ရှိနေသူတွေကိုလည်း ခေါ်ဆောင်သွားခဲ့ပုံရတယ်။ နှစ်နွယ်နိုင်ငံရဲ့ ဘုရင်တွေဟာ ယုဒအနွယ်သားတွေ ဖြစ်တယ်။ ယဇ်ပုရောဟိတ်တွေလည်း ဂျေရုဆလင် ဗိမာန်တော်မှာ အမှုဆောင်ရတဲ့အတွက် ယုဒပြည်မှာပဲ နေကြတယ်။ (၆ ရာ. ၁၁:၁၃၊ ၁၄; ၃၄:၃၀) ဒါကြောင့် ‘ယုဒအမျိုးအဖို့’ တုတ်ချောင်းက တောင်ပိုင်းနှစ်နွယ်နိုင်ငံကို ကိုယ်စားပြုတာ သင့်တော်ပါတယ်။

ဒီတုတ်နှစ်ချောင်းက ဘယ်အချိန်မှာ ပူးသွားသလဲ။ ဗိမာန်တော် ပြန်ဆောက်ဖို့ အစ္စရေးတွေ ဂျေရုဆလင်ကို ပြန်လာတဲ့ ဘီစီ ၅၃၇ မှာဖြစ်တယ်။ နှစ်နွယ်နိုင်ငံသားတွေနဲ့ ဆယ်နွယ်နိုင်ငံသားတွေဟာ ဗာဗုလုန်ကနေ အတူပြန်လာကြတယ်။ သူတို့ကြားမှာ ကွဲပြားမှု မရှိတော့ဘူး။ ယေဟောဝါကို စည်းစည်းလုံးလုံး ပြန်ဝတ်ပြုခဲ့ကြတယ်။ (ယေဇ. ၃၇:၂၁၊ ၂၂) ဒီပေါင်းစည်းမှုအကြောင်းကို ပရောဖက် ဟေရှာယနဲ့ ယေရမိတို့လည်း ကြိုဟောခဲ့တယ်။—ဟေရှာ. ၁၁:၁၂၊ ၁၃; ယေ. ၃၁:၁၊ ၆၊ ၃၁။

ယေဇကျေလရဲ့ ပရောဖက်ပြုချက်က စစ်မှန်တဲ့ဝတ်ပြုရေးအကြောင်း ဘာဖော်ပြသလဲ။ ယေဟောဝါက မိမိကျေးကျွန်အားလုံးကို ပေါင်းစည်းပေးမယ်ဆိုတဲ့အချက်ပဲ။ (ယေဇ. ၃၇:၁၈၊ ၁၉) အခုအချိန်မှာ အဲဒီကတိ ပြည့်စုံနေသလား။ ၁၉၁၉ ကစပြီး ပြည့်စုံနေတယ်။ အဲဒီအချိန်ကစပြီး ဘုရားသခင့်လူမျိုးဟာ တဖြည်းဖြည်း ပြန်လည်ဖွဲ့စည်းခံရပြီး ပေါင်းစည်းခဲ့ကြတယ်။ ဘုရားလူမျိုးကို ထာဝစဉ်ကွဲပြားစေမယ်ဆိုတဲ့ စာတန့်အကြံအစည် ပျက်စီးသွားတယ်။

အဲဒီအချိန်တုန်းက ဘုရားသခင့်လူမျိုး အများစုဟာ ကောင်းကင်မှာ ယေရှုနဲ့အတူ ဘုရင်နဲ့ ယဇ်ပုရောဟိတ်ဖြစ်ဖို့ မျှော်လင့်ချက်ရှိသူတွေ ဖြစ်တယ်။ (ဗျာ. ၂၀:၆) သူတို့ဟာ ‘ယုဒအမျိုးအဖို့တုတ်’ နဲ့ တူတယ်။ အချိန်ကြာလာတာနဲ့အမျှ သူတို့နဲ့ ပူးပေါင်းလာတဲ့ မြေကြီးမျှော်လင့်ချက်ရှိသူတွေ များသထက်များလာတယ်။ (ဇာ. ၈:၂၃) သူတို့ဟာ ‘ယောသပ်အမျိုးအဖို့တုတ်’ နဲ့ တူတယ်။

အခု၊ ဘုရင်ယေရှုခရစ်ရဲ့ လက်အောက်မှာ အဲဒီအဖွဲ့နှစ်ဖွဲ့စလုံး ယေဟောဝါကို စည်းလုံးစွာ ဝတ်ပြုနေကြတယ်။ ယေဇကျေလပရောဖက်ပြုချက်မှာ ယေရှုကို “ငါ၏ကျွန်ဒါဝိဒ်” လို့ ခေါ်ဆိုထားတယ်။ (ယေဇ. ၃၇:၂၄၊ ၂၅) တပည့်တွေနဲ့ပတ်သက်ပြီး ယေရှု အခုလိုဆုတောင်းခဲ့တယ်– ‘အို၊ အဖ၊ ကိုယ်တော်သည် ကျွန်ုပ်နှင့် တစည်းတလုံးတည်းရှိတော်မူ၍ ကျွန်ုပ်သည်လည်း ကိုယ်တော်နှင့် တစည်းတလုံးတည်းရှိသကဲ့သို့ ထိုသူအပေါင်းတို့သည် တစ်လုံးတစ်ဝတည်းဖြစ်ကြစေရန် တောင်းလျှောက်ပါ၏။’a (ယော. ၁၇:၂၀၊ ၂၁) ဘိသိက်ခံသိုးစုငယ်နဲ့ “အခြားသိုး” တွေဟာ “သိုးအုပ်တစ်အုပ်” ဖြစ်လာမယ်လို့လည်း ယေရှု ကြိုပြောခဲ့တယ်။ သူတို့အားလုံးဟာ “သိုးထိန်းတစ်ပါးတည်း” အောက်မှာပဲ ရှိကြမယ်။ (ယော. ၁၀:၁၆) ယေရှုပြောခဲ့သလိုပဲ ကောင်းကင်မျှော်လင့်ချက် ရှိသူဖြစ်စေ၊ မြေကြီးမျှော်လင့်ချက် ရှိသူဖြစ်စေ ဒီနေ့ခေတ် ဘုရားလူမျိုးအားလုံး စည်းလုံးနေကြတယ်။

ရှေးခေတ်မှာကော အခုခေတ်မှာပါ တုတ်နှစ်ချောင်းက တစ်ချောင်းတည်းဖြစ်လာ

a နောက်ဆုံးကာလရဲ့ နိမိတ်နဲ့ပတ်သက်ပြီး ယေရှု ပုံဥပမာများစွာ ပြောခဲ့တယ်။ ဘုရားသခင့်လူမျိုးကို ဦးဆောင်မယ့် ဘိသိက်ခံ အုပ်စုငယ်လေးဖြစ်တဲ့ ‘သစ္စာနဲ့ သတိပညာရှိကျွန်’ အကြောင်း ဦးဆုံးပြောခဲ့တာ စိတ်ဝင်စားစရာပဲ။ (မ. ၂၄:၄၅-၄၇) ပြီးတဲ့နောက် ဘိသိက်ခံအားလုံးနဲ့သက်ဆိုင်တဲ့ ပုံဥပမာတွေကို ပြောခဲ့တယ်။ (မ. ၂၅:၁-၃၀) နောက်ဆုံး၊ ခရစ်တော်ရဲ့ ညီတွေကို ကူညီပေးမယ့် မြေကြီးမျှော်လင့်ချက်ရှိသူတွေအကြောင်း ပြောခဲ့တယ်။ (မ. ၂၅:၃၁-၄၆) အဲဒီလိုပဲ ယေဇကျေလပရောဖက်ပြုချက်ရဲ့ ဒီနေ့ခေတ်ပြည့်စုံမှုဟာ ကောင်းကင်မျှော်လင့်ချက်ရှိသူတွေနဲ့ ဦးဆုံး သက်ဆိုင်တယ်။ ဆယ်နွယ်နိုင်ငံဟာ မြေကြီးမျှော်လင့်ချက်ရှိသူတွေကို ပုံဆောင်လေ့မရှိပေမဲ့ ပရောဖက်ပြုချက်မှာ ဖော်ပြထားတဲ့ ပေါင်းစည်းမှုဟာ မြေကြီးမျှော်လင့်ချက်ရှိသူတွေနဲ့ ကောင်းကင်မျှော်လင့်ချက်ရှိသူတွေရဲ့ စည်းလုံးမှုကို အမှတ်ရစေတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ