ကင်းမျှော်စင်—အချိန်တန် ဝိညာဉ်အစာ
၁ ကင်းမျှော်စင်သည် စာရှုသူများအား ဝိညာဉ်ရေးဘက် နိုးကြားနေကြရန် တိုက်တွန်းခဲ့သည်မှာ နှစ်ပေါင်း ၁၁၄ နှစ်၊ (မြန်မာနိုင်ငံတွင် ၃၆ နှစ်) နီးပါးရှိပြီ။ ယင်း၏တွဲဖက်မဂ္ဂဇင်း နိုးလော့သည် ကျွန်ုပ်တို့ခေတ်အတွင်း ငြိမ်းချမ်းလုံခြုံသောကမ္ဘာသစ်ဆိုင်ရာ ဖန်ဆင်းရှင်၏ကတိတော်ကို ယုံကြည်စိတ်ချစေသည်။ ဤစာစောင်နှစ်စောင်သည် မှောင်မိုက်လောကအတွင်း တွဲဖက်၍ ကျွန်ုပ်တို့၏လမ်းစဉ်ကို မှန်မှန်အလင်းပြခဲ့ပြီ။ (ဟေရှာ၊ ၆၀:၂) ဘုရားသခင့်နှုတ်ကပါဌ်တရားတော်သည် မပြောင်းလဲသော်လည်း ဤစာစောင်များနှင့် အခြားကိရိယာများအားဖြင့် ယေဟောဝါသည် “အချိန်တန် [ဝိညာဏ] အစားအသောက်” ကျွေးမွေးရာသမ္မာတရားကို ပိုသိနားလည်လာကြပါသည်။—မ၊ ၂၄:၄၅။ သု၊ ၄:၁၈။
၂ မဂ္ဂဇင်းများကို အကောင်းဆုံးနည်းဖြင့် အသုံးပြု။ ကင်းမျှော်စင် နှင့် နိုးလော့ကိုပါ ဖတ်ရှုကြရန် လူတို့ကိုတိုက်တွန်းပေးခြင်းဖြင့် ကျွန်ုပ်တို့ရရှိထားသော ဝိညာဏအလင်းကို ကျေးဇူးတင်ကြောင်း တင်ပြကြမည်။ တစ်အိမ်မှတစ်အိမ်လုပ်ငန်း သို့မဟုတ် အလွတ်သဘောသက်သေခံသည့်အခါ နှစ်စဉ်ကြေး ကမ်းလှမ်းကြမည်။ မဂ္ဂဇင်းတစ်စောင်ချင်းစီ မှန်မှန်ယူဖတ်လိုသောသူ များစွာရှိပါသည်။ ဤသူတို့သည် မဂ္ဂဇင်းများကို နှစ်စဉ်ကြေးပေး၍ ရလိုပေမည်။ သို့သော် နှစ်စဉ်ကြေးမယူလိုသူများအား တစ်စောင်ချင်းစီ ဆက်ဝေငှပါမည်။
၃ တကယ်စိတ်ဝင်စားသည် မဝင်စားသည်ကို မည်သို့သိရှိနိုင်မည်နည်း။ မဂ္ဂဇင်း၊ ဝေစာ၊ သို့မဟုတ် ဘရိုရှာပါ အချက်တစ်ချက်နှစ်ချက်ကိုတင်ပြရာတွင် အိမ်ရှင်တုံ့ပြန်ပုံကို သတိပြုပါ။ အာရုံစူးစိုက် နားထောင်ပါသလော။ ကျမ်းစာကိုတန်ဖိုးထားကာ ကျမ်းချက်များကို လိုက်ဖတ်ရှုပါသလော။ သဘောထားမေးခွန်းများကို သူတုံ့ပြန်ပါသလော။ ထိုသို့ဆိုလျှင် တစ်ပတ်အတွင်း သို့မဟုတ် ထိုထက်ပင်စောစီးစွာ ပြန်လည်ပတ်ရန် စီစဉ်ပြီး ထိုအချိန်တွင် ဆက်ဆွေးနွေးနိုင်ပါသည်။ နှစ်စဉ်ကြေးယူသူဖြစ်မည်ဆိုလျှင် သူ့အား ကျမ်းစာသင်အံမှု ကမ်းလှမ်းပါ။ နှစ်စဉ်ကြေးမယူသော်လည်း သင်ချန်ရစ်ခဲ့သောစာပေကို ဖတ်ရှုပြီး ဝိညာဉ်ရေးရာများအကြောင်း ဆွေးနွေးလိုဟန်ရှိလျှင် မဂ္ဂဇင်းများကို မှန်မှန်ရရှိလိုပါသလောဟု မေးမြန်းကြည့်ပါ။
၄ အလုပ်လုပ်ဖော်များ၊ ကျောင်းနေဖက်များ၊ ဆွေမျိုးများအား မဂ္ဂဇင်းတစ်စောင်စီကို ကြိုးစားဝေငှကြည့်ပါ။ မဂ္ဂဇင်းများကို စီးပွားဖက်များအား၊ သို့မဟုတ် လမ်းပေါ်သက်သေခံရာတွင် ဝေငှနိုင်ပါသည်။
၅ အသင်းတော်ထံ မဂ္ဂဇင်းအသစ်များ ရောက်လာသည်နှင့် ကြေညာသူများအား ထုတ်ဝေပေးသင့်သည်။ စောင်ရေအသစ်ကို ရရှိသည်နှင့် အသေအချာဖတ်ရှုကြည့်ပါ။ သင့်ရပ်ကွက်ရှိသူများ အဘယ်အကြောင်းများကို အထူးစိတ်ဝင်စားသနည်း။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးလော။ စီးပွားရေးလော။ အုပ်ချုပ်မှုကောင်းလော။ ဝန်းကျင်ဆိုင်ရာလော။ ကင်းမျှော်စင်သည် တစ်ခုတည်းသောဖြေရှင်းနည်းဖြစ်သည့် ဘုရားသခင့်နိုင်ငံတော်သို့ လူတို့အား လမ်းညွှန်ပေးပါသည်။ (ဒံ၊ ၂:၄၄။ မ၊ ၆:၁၀) ယင်းသည် ကျွန်ုပ်တို့၏ “ကြီးမြတ်တော်မူသော သွန်သင်ပေးရှင်” ထံမှ တန်ဖိုးဖြတ်မရဆုလာဘ်အမှန်ဖြစ်ပါသည်။—ဟေရှာ၊ ၃၀:၂၀။
၆ ဧပြီနှင့်မေလအတွင်း လယ်ကွင်းလုပ်ငန်း၌ အချိန်ပို ပါဝင်နိုင်ခွင့်များရှိပါသည်။ ကျောင်းသူကျောင်းသားများသည် ကျောင်းပိတ်ထားချိန်ကိုအခွင့်အရေးယူကာ အရန်ရှေ့ဆောင်သင့်ပါသည်။ မေလတွင် စနေတနင်္ဂနွေရက်များ ငါးကြိမ်ရှိသည့်အတွက် အရန်ရှေ့ဆောင်မည့်သူ များစွာရှိပေမည်။ ဤနှစ်လအတွင်း လယ်ကွင်းလုပ်ငန်းတွင် တိုးချဲ့ပါဝင်ရန် ယခုကတည်းက ပန်းတိုင်များထားကြ၍ တွေ့ဆုံသမျှသူများအား ကင်းမျှော်စင်နှင့်နိုးလော့မဂ္ဂဇင်းများကိုဖတ်ကြရန် အားတက်သရော တိုက်တွန်းကြမည်။