အခြားစာပေများနှင့် ဝေစာများကို တွဲဖက်အသုံးပြု
၁ ယနေ့ထုတ်ဝေသမျှမဂ္ဂဇင်းများအနက် ကင်းမျှော်စင် နှင့် နိုးလော့သာလျှင် စိတ်ရင်းမှန်သော စာရှုသူများကို ထာဝရအသက်ရစေရန် ကူညီပေးနိုင်ပါသည်။ ဧပြီနှင့်မေလအတွင်း လူတို့နှင့်စကားစမြည်ပြောဆိုရာတွင် အချို့သူများသည် နိုင်ငံတော်သတင်းကို အထူးစိတ်ဝင်စားကြမည်။ ထိုအခါ နောက်ဆုံးထုတ် မဂ္ဂဇင်းများ၊ သို့မဟုတ် အသင်းမ၏ ရောင်စုံရုပ်ပြစာအုပ်များကို တင်ပြနိုင်ပါမည်။ အခြားသူများမူ အစတွင် စိတ်ဝင်စားမှုနည်းမည်။ ဤသို့ဆိုလျှင် ဝေစာပါ အချက်တစ်ချက်နှစ်ချက်ကို ဦးဆုံးဆွေးနွေးနိုင်သည်။ ထိုနောက် အိမ်ရှင်သည် စိတ်ဝင်စားမှုပြလာမည်ဆိုလျှင် သင်တင်ပြလိုသည့် မဂ္ဂဇင်း၊ သို့မဟုတ် ဘရိုရှာနှင့် ဝေစာကိုတွဲဖက်အသုံးပြုပါ။
၂ အသင်ပြောဆိုနိုင်သည်ကား-
▪ “အခု ကမ္ဘာပေါ်မှာ ဖြေရှင်းနည်းတွေထက် ပြဿနာတွေ ပိုများနေဒါကို လူအများ သဘောတူမှာပါ။ ကျွန်တော်တို့ရဲ့ အကြီးလေးဆုံးပြဿနာ အများကို ကျမ်းစာက ကြိုတင်ဖော်ပြထားဒါ သိပါသလား။” ထိုနောက် ဤလောက ဆက်လက်တည်ရှိမည်လောဝေစာ၏ စာမျက်နှာ ၄ နှင့် ၅ သို့ဖွင့်ကာ ပြဿနာအချို့ကို ဆွေးနွေးနိုင်ပါသည်။
၃ ဖေဖော်ဝါရီ ၁၅ ကင်းမျှော်စင်ကို သင်ဝေငှနေ၍ ဝေစာမှ သင်ဖတ်ပြခဲ့သည့်အချက်ကို အိမ်ရှင်စိတ်ဝင်စားပုံရှိလျှင် “လာလတ္တံ့သော စင်ကြယ်သည့်ကမ္ဘာ၌ အားရရွှင်လန်းခြင်း” ဆောင်းပါးကိုညွှန်ပြပြီး လူ့ပြဿနာများကို နောက်ဆုံးတွင် ယေရှုခရစ် မည်သို့ဖြေရှင်းပေးမည့်အကြောင်း ရှင်းပြပါ။ ထိုနောက် ယင်းအကြောင်းကို ဆက်ဆွေးနွေးရန် အဆင်ပြေသည့်အချိန်တွင်ပြန်လာမည်ဟု ပြောပြပါ။
၄ အောက်တိုဘာလထုတ် “နိုးလော့” ကိုဝေငှနေမည်ဆိုလျှင် ဤဆောင်းပါး၏ အပိုဒ် ၂ ပါနိဒါန်းကို အသုံးပြု၍ ဤသို့ဆက်ပြောနိုင်ပါသည်-
▪ “ကျွန်တော်တို့ကြုံနေရတဲ့ပြဿနာတွေထဲမှာ အတင်းစကားပြောပြီး ဖြစ်လာတာကို တွေ့ရတယ်။ အဲ့ဒီအကြောင်း သိသင့်စရာတွေ ဖြစ်တယ်။” ထိုနောက် လျောက်ပတ်သောအချက်တစ်ချက်ကို “အတင်းစကား နာကြည်းစရာမဖြစ်ရအောင် ရှောင်ကြဉ်နည်း” ဆောင်းပါးမှ ဖတ်ပြပါ။ ဤအကြောင်းကို စိတ်ဝင်စားမည့်သူ များစွာရှိပါလိမ့်မည်။
၅ “ကြည့်ရှုလော့” ဘရိုရှာကိုဝေငှရာတွင် ချဉ်းကပ်နည်း အခြားတစ်နည်းကို အသုံးပြုလိုပေမည်-
▪ “ကျွန်တော်တို့သေသွားတဲ့အခါ ဘာဖြစ်မယ်ကို သိချင်တဲ့လူများပါတယ်။ တချို့က ကောင်းကင်သွားတယ်၊ ငရဲသွားတယ် ပြောကြတယ်။ အဖြေ သေချာမသိသူတွေလည်း ရှိတယ်။ ကျမ်းစာအဖြေကတော့ အံ့ဩစရာလည်းဖြစ်၊ အားယူစရာလည်း ဖြစ်တယ်။” ထိုနောက် ချစ်မြတ်နိုးရသော သေလွန်သူများအတွက် မည်သည့်မျှော်လင့်ချက်ရှိသနည်းဝေစာကိုတင်ပြကာ အပိုင်းအချို့ကို ဆွေးနွေးနိုင်ပါသည်။ ထိုနောက် အိမ်ရှင်သည် ဝေစာကိုစိတ်ဝင်စားပါက ဘရိုရှာ၏ စာမျက်နှာ ၁၆ နှင့် ၁၇ ကိုညွှန်းနိုင်သည်။
၆ ကမ္ဘာသစ်တွင် ငြိမ်းချမ်းသောအသက်တာဝေစာကို အသုံးပြု၍ သက်သေခံသည့်အခါ ဝေစာ၏ ပထမအပိုဒ်တွင်ပါသော မေးခွန်းနှစ်ခုကို အိမ်ရှင်အား မေးမြန်းနိုင်သည်။ သူ့အဖြေကိုရပြီးနောက် စာမျက်နှာ ၃ ၏ပထမအပိုဒ်ကို ညွှန်ပြပါ။ ငြိမ်းချမ်းသောကမ္ဘာကို နိုင်ငံတော်ဖြစ်ပေါ်စေမည်ဟု တင်ပြလိမ့်မည်။ အိမ်ရှင်သည် စိတ်ဝင်စားမှုဆက်ပြလျှင် ဖေဖော်ဝါရီ ၁၅ ကင်းမျှော်စင်ကို ဤဆောင်းပါး၏အပိုဒ် ၃ အတိုင်းတင်ပြပေးပါ။
၇ သင်သည် ကြေညာသူလူသစ်ဖြစ်လျှင် နိဒါန်းရိုးရိုးလေးကို အသုံးပြုလိုပေမည်။ ဤလောက ဆက်လက်တည်ရှိမည်လောဝေစာများများ ဆောင်ထားပါ။ ထိုနောက် အပိုဒ် ၂ တွင်အကြံပြုထားသည့်နည်းအတိုင်း ဟောပြောပါ။
၈ ကယ်တင်ခြင်းသတင်းကို လူတို့ထံသယ်ယူခွင့်ရရှိသည့်အတွက် ကျွန်ုပ်တို့အခွင့်ထူးပါသည်။ ‘ထိုက်တန်သူများ’ ကိုရှာဖွေရာတွင် ဝေစာများကို ကောင်းစွာအသုံးပြုကာ စိတ်ဝင်စားသူများတွေ့ရှိသည့်အခါ အခြားစာပေများနှင့် တွဲဖက်အသုံးပြုပါလေ။—မ၊ ၁၀:၁၃။