ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁/၉၅ စာ. ၁
  • လုပ်ကိုင်စရာ အမြဲများနေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ကိုင်စရာ အမြဲများနေ
  • Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင်အလွန်အလုပ်များနေသလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • အလုပ်များနေ အလုပ်သေများတွင်လော၊ ယေဟောဝါ၏လုပ်ငန်းတော်တွင်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • သူတစ်ထူး၌ ကိုယ်တိုင်စိတ်ဝင်စားမှုပြခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
  • ဟောပြောရန်အတားအဆီးဖြစ်သလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
နောက်ထပ် ကြည့်ပါ
Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
နဓ ၁/၉၅ စာ. ၁

လုပ်ကိုင်စရာ အမြဲများနေ

၁ ယေဟောဝါ၏ လူမျိုးသည် အလွန်အလုပ်များသူများဖြစ်သည်။ ‘သခင်ဘုရား၏ အမှုတော်၌ လုပ်ကိုင်စရာအလုပ်များစွာ’ အမြဲရှိနေသည်။ (၁ ကော. ၁၅:၅၈) ယင်းတို့သည် ပတ်စဉ်စည်းဝေးများအတွက် ပြင်ဆင်ရန်နှင့် ယင်းတို့ကို တက်ရောက်ကြရန်ဖြစ်သည်။ လယ်ကွင်းဓမ္မအမှုတွင် ပတ်စဉ် တစ်နည်းနည်းဖြင့် ပါဝင်ဖို့ရန် အားပေးခံရသည်။ ကိုယ်ပိုင်နှင့် မိသားစု ကျမ်းစာသင်အံမှုအတွက် အချိန်အလုံအလောက် မှန်မှန်ဖယ်ထားရမည်။ အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများတွင် အသင်းတော်တာဝန် များစွာရှိသည်။ တစ်ခါတစ်ရံ အကူအညီပေးသင့်သောသူများကို မစဖို့ တောင်းဆိုခံကြရ၏။ ယင်းတို့အပြင် ကျွန်ုပ်တို့၏မိသားစု၊ အလုပ်အကိုင်၊ ကျောင်းတို့နှင့်ပတ်သက်၍ ဖြည့်စွက်စရာ အခြားတာဝန်များရှိသည်။

၂ ရံဖန်ရံခါ လုပ်ငန်းကိုင်ငန်းများကြောင့် မနိုင်မနင်းဖြစ်သူအချို့ရှိသည်။ သို့ဖြစ်သည့်တိုင် အလုပ်အများဆုံးသူတို့သည် ချင့်ချင့်ချိန်ချိန်နှင့် အရာရာတွင် အရှိကိုအရှိအတိုင်းမြင်တတ်လျှင် ပျော်ရွှင်မှု အရှိဆုံးသူတို့အဝင် ဖြစ်နိုင်သည်။—ဒေ. ၃:၁၂၊ ၁၃။

၃ တမန်တော်ပေါလုသည် အလုပ်များသူတစ်ဦးဖြစ်သည်။ သူသည် အခြားတမန်တော်များထက် ပိုအလုပ်လုပ်ခဲ့သည်။ ဧဝံဂေလိတရား ဟောပြောသူတစ်ဦးအဖြစ် လူအများရှေ့သော်လည်းကောင်း၊ တစ်အိမ်မှတစ်အိမ်သော်လည်းကောင်း မမောနိုင်မပန်းနိုင်ဟောပြောရုံမက သူ၏သိုးထိန်းတာဝန်များကိုလည်း လျစ်လျူရှုမထားခဲ့ပါ။ ဤတာဝန်များအပြင် တဲရှင်ထိုး၍ မိမိကိုယ်ကို ထောက်ပံ့ခဲ့သည်။ (တ. ၂၀:၂၀၊ ၂၁၊ ၃၁၊ ၃၄၊ ၃၅) ဤမျှပင် သူအလုပ်များသည့်ကြားမှ ယေဟောဝါ၏လုပ်ငန်းတော်ကို တိုးချဲ့လုပ်ကိုင်ဖို့ရန် သူအမြဲစိတ်ထက်သန်ခဲ့သည်။—ရောမ ၁:၁၃-၁၅ နှိုင်းယှဉ်။

၄ ပေါလုသည် ယေဟောဝါထံမှ ရသောခွန်အားဖြင့် ဟန်ချက်ညီလျက် အမြဲရွှင်လန်းနိုင်ခဲ့၏။ ဓမ္မအမှုတော်မှ သူကျေနပ်နှစ်သိမ့်မှုရရှိခဲ့သည်။ (ဖိ. ၄:၁၃) သူ၏ကြိုးပမ်းမှုကို ဘုရားသခင် မေ့လျော့တော်မူမည်မဟုတ်ကြောင်း သူသဘောပေါက်သည်။ (ဟေဗြဲ ၆:၁၀) သူတစ်ပါးကို ယေဟောဝါအား သိကျွမ်းလာစေရန် ကူညီပေးမှုမှရသော ဝမ်းမြောက်ခြင်းက သူ့အား ခွန်အားရှိစေခဲ့သည်။ (၁ သက်. ၂:၁၉၊ ၂၀) ကျမ်းစာအခြေခံသည့် သူ၏မျှော်လင့်ချက် အမှန်ဖြစ်ပျက်လာမည်ဟု သူစိတ်ချသည့်အတွက် အစဉ်ကြိုးစားအားထုတ်ခဲ့ပါသည်။—ဟေဗြဲ ၆:၁၁။

၅ ကျွန်ုပ်တို့လည်း ကျွန်ုပ်တို့၏ကြိုးပမ်းမှုမှဖြစ်ပေါ်လာသော အကျိုးကျေးဇူးများကို အမြဲသုံးသပ်သင့်သည်။ ပတ်စဉ်အစည်းအဝေးများကိုတက်ပြီး ပါဝင်ခြင်းသည် အခြားသူများအား တည်ဆောက်မှုဖြစ်စေသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) လူအပေါင်း သတင်းကောင်းကြားနာရန် ကျွန်ုပ်တို့၏ကြိုးစားမှုများက စိတ်ဝင်စားသူတိုးများလာစေပြီး အသင်းတော်တွင် ကျွန်ုပ်တို့နှင့် ပေါင်းသင်းသူလူသစ်များကို တိုးတက်စေပါသည်။ (ယော. ၁၅:၈) ချို့တဲ့သူတို့ကို ကူညီပေးခြင်းအားဖြင့် အသင်းတော်တွင် ရင်းနှီးချစ်ခင်သော မိသားစုစိတ်ဓာတ် တိုးပွားစေသည်။ (ယာ. ၁:၂၇) ထို့ပြင် အကျိုးပြုသော လုပ်ငန်းများတွင် အလုပ်များနေခြင်းသည် ယေဟောဝါဘုရားသခင်၏ အလိုတော်နှင့်တွေ့ကြောင်းကို ပေါလုနည်းတူ ကျွန်ုပ်တို့လည်း မမေ့သင့်ပါ။ ကိုယ်တော့်အမှုတော်ထမ်းရခြင်းကို အခွင့်ထူးအဖြစ် ကျွန်ုပ်တို့ယူမှတ်ကြသည်။ ဤထက်ကောင်းသော ဘဝပုံစံ ကျွန်ုပ်တို့အတွက်မရှိပါ!

၆ လုပ်ကိုင်စရာ များစွာရှိသည့်အတွက် ထပ်ဆင့်အကျိုးရှိပါသေးသည်။ ဝိညာဏလုပ်ရိုးလုပ်စဉ်၌ အလုပ်များနေကြမည်ဆိုလျှင် အချိန်ကုန်လို့ကုန်မှန်း မသိပါ။ တစ်နေ့ထက်တစ်နေ့ ကမ္ဘာသစ် နီးသည်ထက်နီးလာကြောင်း သိထားကြရာ ကျွန်ုပ်တို့ယခုရရှိထားသည့် အဓိပ္ပာယ်ပြည့်ဝသောဘဝအပေါ် ဝမ်းသာအားရဖြစ်ကြပါသည်။ အချည်းနှီးသက်သက်ဖြစ်သော လောကီရေးရာတို့အတွက် အချိန်မရလောက်အောင် အလုပ်များနေခြင်းသည် ဉာဏ်ပညာရှိလမ်းစဉ်ဖြစ်ကြောင်းကိုလည်း ကျွန်ုပ်တို့အသိအမှတ်ပြုကြသည်။—ဧ. ၅:၁၅၊ ၁၆။

၇ သခင်ဘုရား၏ အမှုတော်၌ လုပ်ကိုင်စရာအလုပ် အမှန်ပင်များစွာရှိသည်။ သို့သော် ကျွန်ုပ်တို့၏လုပ်ဆောင်မှုကို လန်းဆန်းပေါ့ပါးစေ၍ ကျေနပ်အားရစရာဖြစ်စေတော်မူသော ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်ကို ဆက်၍မှီခိုအားထားကြမည်ဆိုလျှင် အမြဲပျော်ရွှင်မှု ရရှိနိုင်ကြပါမည်။—မ. ၁၁:၂၈-၃၀; ၁ ယော. ၅:၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ