သင့်ဓမ္မအမှုတွင် ဘရိုရှာအမျိုးမျိုးကို အသုံးပြုလေ
၁ ယနေ့ လူတို့သည် အကြောင်းအမျိုးမျိုးကို စိတ်ဝင်စားတတ်ကြသည်။ ဇူလိုင်လအတွင်း လယ်ကွင်းလုပ်ငန်း၌ သင်ပါဝင်စဉ် ဘရိုရှာအမျိုးမျိုးယူဆောင်သွားကာ ရပ်ကွက်တွင်ရှိသူများ နှစ်သက်မည့်ဘရိုရှာကို အသုံးပြုနိုင်ပေမည်။ ဤတင်ဆက်ပုံတစ်ခုခုကို သင်အသုံးပြုလိုပေမည်–
၂ “ပရဒိသုဖြစ်ပေါ်စေမည့် ဘုရားသခင့်အစိုးရ” ဘရိုရှာကို ဝေငှသည့်အခါ သင်ဤသို့မေးမြန်းနိုင်သည်–
◼ “ဘုရားသခင်တစ်ပါးတည်းသာအုပ်ချုပ်မယ်ဆိုရင် ဒီကမ္ဘာဟာ ဘယ်လိုနေမယ် ထင်သလဲ။ [တုံ့ပြန်ပါစေ။] ယေရှုခရစ်သင်ပေးခဲ့တဲ့ သခင့်ပတ္ထနာတော် (သို့မဟုတ်) ကျွန်ုပ်တို့၏အဘဆိုတဲ့ဆုတောင်းချက်ကို ကျွန်တော်တို့တောင်းဆိုတဲ့အခါ ဒီကမ္ဘာမြေကြီးကို ဘုရားသခင်အုပ်ချုပ်ပါလို့ တောင်းဆိုနေကြတယ်။ [စာမျက်နှာ ၃ သို့ဖွင့်ပြီး မဿဲ ၆:၁၀ ကိုကိုးကားထားသည့် ပထမအပိုဒ်ကိုဖတ်ပါ။] အဲ့ဒီလိုကမ္ဘာမျိုးပေါ်မှာ နေချင်တယ်ဆိုရင် ဒီဘရိုရှာကို ဖတ်ကြည့်သင့်တယ်။” ၉ ကျပ် ဖြင့်ဝေငှပါ။
၃ “သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်အခါ” [လိပ်] ကို ဤနည်းအတိုင်း ဖော်ပြနိုင်သည်–
◼ “ကိုယ်ချစ်ရတဲ့သူတစ်ယောက် ဘယ်တော့မှမသေတဲ့အချိန် တစ်နေ့နေ့ရောက်လာမယ်ထင်သလား။ [တုံ့ပြန်ပါစေ။] နီးကပ်တဲ့အနာဂတ်မှာ အဲ့ဒီအချိန်ရောက်လာမယ်ဆိုတဲ့ ကျမ်းစာထဲက ယုံကြည်စိတ်ချနိုင်တဲ့ ကတိတော်ကို တင့်တင့်တယ်တယ် တင်ပြထားတဲ့ ဒီအင်္ဂလိပ်ဘရိုရှာဟာ သန်းချီတဲ့လူတွေကို နှစ်သိမ့်မှုပေးခဲ့ပြီ။ [စာမျက်နှာ ၅ သို့ဖွင့်ပြီး ၁ ကောရိန္သု ၁၅:၂၁၊ ၂၂ ပါအပါအဝင် ပဉ္စမအပိုဒ်ကိုဖတ်ပါ။ ထိုနောက် စာမျက်နှာ ၃၀ ပါရုပ်ပုံကို ဖွင့်ပြပါ။] ဒီမှာ ပန်းချီဆရာက သေသွားတဲ့ချစ်ရသူတွေကို ရှင်ပြန်ထမြောက်မယ့်အချိန်မှာ ကျွန်တော်တို့ကြိုဆိုတဲ့အခါ ဘယ်လောက်ပျော်ရွှင်ကြမယ်ဆိုတာကို ဖော်ပြထားတယ်။ ဒါပေမဲ့ ဒီလိုပျော်ရွှင်စရာအဖြစ်အပျက်ဟာ ဘယ်နေရာမှာဖြစ်မလဲ။ အဲ့ဒီမေးခွန်းရဲ့ ကျမ်းစာအဖြေကို ဒီဘရိုရှာက ဖော်ပြလိမ့်မယ်။” ဘရိုရှာကိုလက်ခံယူထားမည်ဆိုလျှင် ဤသို့ထပ်ဆင့်ပြောနိုင်သည်– “ဒီအကြောင်းကို ကျွန်တော်ပြန်လာပြီး ဆွေးနွေးချင်ပါတယ်။”
၄ “ကြည့်ရှုလော့! ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်” ဘရိုရှာဖြင့် ဤသို့ကျမ်းစာသင်အံမှုတိုက်ရိုက်ကမ်းလှမ်းပုံကို အသုံးပြုလိုပေမည်–
◼ “လူအတော်များများ ကျမ်းစာနဲ့ပတ်သက်တဲ့မေးခွန်းတွေရှိကြတယ်။ အဲ့ဒီမေးခွန်းတွေထဲက တစ်ခုရဲ့အဖြေကို စဉ်းစားဖူးမယ်။ [စာမျက်နှာ ၃၀ သို့ဖွင့်ပါ။] ‘ပရဒိသုတွင် ထာဝရအသက်ရရှိရန် သင်မည်သို့ ပြင်ဆင်နိုင်မည်နည်း’ ဆိုတဲ့ ဒီနောက်ဆုံးမေးခွန်းကို စိတ်ဝင်စားတဲ့လူ အတော်များတယ်။” စာမျက်နှာ ၂၉-၃၀ ပါအပိုဒ် ၅၇-၈ ကိုသင်ဆွေးနွေးပြီး ဗျာဒိတ် ၂၁:၃၊ ၄ ကိုဖတ်ပါက ကျမ်းစာသင်အံမှုစရန်အတွက် အခြေခံချနိုင်ခဲ့ပြီဖြစ်မည်။ ဘရိုရှာကို ၉ ကျပ် ဖြင့်ဝေငှပြီး အခြားမေးခွန်းအချို့ကို သူနှင့်ဆွေးနွေးရန် ပြန်လာဖို့စီစဉ်ပါ။
၅ “ထာဝစဉ်တည်တံ့သွားမည့် မြင့်မြတ်သောနာမတော်” ဘရိုရှာအတွက် ဤသို့ရိုးရိုးသာတင်ပြလိုပေမည်–
◼ “ကျမ်းစာကနေ ကျွန်တော်သိလာခဲ့တဲ့အကြောင်းတွေထဲမှာ ပထမဦးဆုံးက ဘုရားသခင့်နာမတော်ဖြစ်တယ်။ အဲ့ဒီနာမတော်ကိုသိလား။ [တုံ့ပြန်ပါစေ။] ပြမယ်နော်။ အင်္ဂလိပ်ကျမ်းစာထဲမှာ ဆာလံ ၈၃:၁၈ မှာပါတယ်။ မြန်မာကျမ်းစာမှာတော့ ယေရမိ ၃၃:၂ မှာတွေ့ရတယ်။ [ဖတ်ပါ။] ယေဟောဝါဆိုတဲ့ ဘုရားသခင်ရဲ့နာမတော်ဟာ ဘာသာစကားအသီးအသီးမှာ ဘယ်လိုဖော်ပြထားတယ်ဆိုတာကို ဒီဘရိုရှာက ဖော်ပြတယ်။ [စာမျက်နှာ ၈ ပါအကွက်ကိုပြပါ။] ယေဟောဝါဘုရားသခင်နဲ့ ကိုယ်တော်ရဲ့ရည်ရွယ်ချက်အကြောင်းကို ပိုသိချင်မယ်ဆိုရင် ဒီဘရိုရှာကို ဖတ်ကြည့်သင့်တယ်။” ဘရိုရှာကို အိမ်ရှင်အား ကမ်းပေးပါ။
၆ ကျွန်ုပ်တို့အသုံးပြုနိုင်စရာ ဤမျှကောင်းမွန်သောဘရိုရှာအမျိုးမျိုးရှိသည့်အတွက် “စိတ်နှိမ့်ချသူများအား သတင်းကောင်းပြောရန်” ကျွန်ုပ်တို့အမှန်တကယ်ပင် အသင့်ရှိနေကြသည်။—ဟေရှာ. ၆၁:၁၊ ကဘ။