၁၉၉၆ ခုနှစ်အတွက် သီအိုကရက်တစ် ဓမ္မအမှုကျောင်းမှ အကျိုးခံစား—အပိုင်း ၁
၁ “၁၉၉၆ ခုနှစ်အတွက် သီအိုကရက်တစ် ဓမ္မအမှုကျောင်း အစီအစဉ်” နှင့် ယှဉ်တွဲတင်ပြထားသော ညွှန်ကြားချက်များကို သင် ဖတ်ရှုပြီးပြီလော။ အပြောင်းအလဲအချို့ကို သတိပြုမိသလော။
၂ ကျောင်းသားတာဝန်များ– တာဝန်နံပါတ် ၃ ကို ညီအစ်မတစ်ဦးအား တာဝန်ပေးပါမည်။ ဇာတ်ကွက်သည် တစ်အိမ်မှတစ်အိမ် သို့မဟုတ် အလွတ်သဘော သက်သေခံခြင်း အခြေအနေနှင့် သက်ဆိုင်သင့်သည်။ ပြန်လည်ပတ်မှုအနေနှင့်လည်း တင်ဆက်နိုင်သည်။ ယင်းသို့ ပြုခြင်းက များစွာ အကူအညီ ဖြစ်စေသင့်သည်။
၃ အသုံးပြုသော အခြေအနေသည် ပြန်လည်ပတ်မှု ဖြစ်မည်ဆိုလျှင် ညီအစ်မနှစ်ဦးစလုံး ထိုင်နေနိုင်သည်။ အကျဉ်းချုပ် နိဒါန်းပျိုးပြီး ဆက်ဆွေးနွေးပါ။ အိမ်ရှင်လုပ်သူသည် ယုတ္တိရှိရှိ ပြုမူဆောင်ရွက်သင့်သည်။ ကျမ်းချက်များကို ဖွင့်ဖတ်နိုင်သည်။ တာဝန်ကျသော ညီအစ်မသည် အိမ်ရှင်ကို မေးခွန်းများ မေးခြင်းနှင့် အသုံးပြုသော ကျမ်းချက်များကို ဆင်ခြင်စေခြင်းတို့ဖြင့် သွန်သင်မှု နည်းပညာကို အသုံးပြုသင့်သည်။
၄ ငါးမိနစ်အတွင်း ဆွေးနွေးတင်ပြနိုင်သည်ထက် ကျမ်းချက်များ ပိုများနေမည်ဆိုလျှင် မည်သို့ ပြုလုပ်နိုင်သနည်း။ အဓိကအချက်များကို ပေါ်လွင်စေသော ကျမ်းချက်များကို ရွေးချယ်ပါ။ ကျမ်းချက် အနည်းငယ်သာ ရှိမည်ဆိုလျှင် သင်ခန်းစာပါ အဓိကအချက်များကို အကျယ်တဝင့် ဆွေးနွေးတင်ပြနိုင်သည်။
၅ တာဝန်နံပါတ် ၄ သည် အလွန် စိတ်ဝင်စားစရာကောင်းပြီး လက်တွေ့ကျသင့်သည်။ ကျွန်ုပ်တို့၏ နိုင်ငံတော်ဓမ္မအမှုတွင် ကျိုးကြောင်းဆင်ခြင်စာအုပ်မှ အကျဉ်းချုပ် အချက်အလက်များ ပါလာလိမ့်မည်။ ညီအစ်ကိုများသည် ယင်းတို့ကို ဟောပြောချက်တွင် အသုံးပြုသင့်သည်။ သင်သည် အင်္ဂလိပ်စာတတ်ပါက အင်္ဂလိပ်ကျိုးကြောင်းဆင်ခြင်စာအုပ်ကိုအသုံးပြုပါ။ သို့မဟုတ်လျှင် ကျွန်ုပ်တို့၏ နိုင်ငံတော် ဓမ္မအမှုတွင် ပါသောအချက်များကို အသုံးပြုပါ။ ဤတွင် ပေးထားသည့် ရက်စွဲသည် သီအိုကရက်တစ် ဓမ္မအမှုကျောင်းတွင် ဟောပြောချက်ပေးရမည့် အပတ်၏ အစရက်စွဲ ဖြစ်သည်; စာမျက်နှာ နံပါတ်ကမူ အင်္ဂလိပ်ကျိုးကြောင်းဆင်ခြင်စာအုပ်တွင် ထိုအကြောင်းကို သင် တွေ့ရှိနိုင်မည့် စာမျက်နှာနံပါတ် ဖြစ်သည်။
၆ ကျောင်းတွင် ရရှိသည့် လေ့ကျင့်မှုကို သင် အပြည့်အဝ အသုံးပြုမည်ဆိုလျှင် အလွန်ကောင်းသော “သွန်သင်မှု နည်းပညာ” ကို တင်ပြသည့်နည်းဖြင့် သာ၍ ကောင်းမွန်စွာ “နှုတ်ကပါဌ် တရားတော်ကို ဟောပြော” နိုင်ပါလိမ့်မည်။—၂ တိ. ၄:၂၊ ကဘ။
၇ ၁၉၉၆ ကျွန်ုပ်တို့၏ နိုင်ငံတော် ဓမ္မအမှု၏ ကြားညှပ်တွင် ပါမည့် ဤအကြောင်းကို သိမ်းဆည်းထားနိုင်သည်။ ယင်းကို လယ်ကွင်းလုပ်ငန်း၌ တစ်အိမ်မှတစ်အိမ်၊ ပြန်လည်ပတ်မှု သို့မဟုတ် ကျမ်းစာသင်အံမှုတွင် အသုံးပြုနိုင်သည်။ ထို့ကြောင့် ကျောင်းအစီအစဉ်တွင် အသုံးပြုပြီးနောက် သင့်ကျမ်းစာအုပ်တွင်လည်းကောင်း၊ သက်သေခံရာ၌အသုံးပြုသော အိတ်တွင်လည်းကောင်း သိမ်းဆည်းထားပါ။