သတင်းကောင်းကို အပြုသဘောဖြင့် တင်ဆက်နေခြင်း
၁ ကျွန်ုပ်တို့အားလုံး မိမိတို့၏လုပ်ဆောင်မှုများတွင် ရွှင်လန်းပြီး ပြီးမြောက်အောင်မြင်လိုကြကာ အထူးသဖြင့် တပည့်ဖြစ်စေခြင်းလုပ်ငန်း၌ ထိုသို့ဖြစ်လိုကြသည်။ ထိုသို့သောကျေနပ်မှုကို ဘာကရရှိစေသနည်း။ အခြားသူများကို ကူညီပေးရသည့် အကျိုးရှိသောလုပ်ငန်းတွင် အလုပ်များနေသည်နှင့်အမျှ ကျွန်ုပ်တို့ထိန်းသိမ်းထားသည့် အပြုသဘောရှိစိတ်ထားနှင့် အစပြုလုပ်ဆောင်ခြင်းဖြင့်ရရှိနိုင်သည်။ (သု. ၁၁:၂၅) သတင်းကောင်းတင်ဆက်ရာတွင် မိမိတို့ပြောနေသည့်အကြောင်းကို ကိုယ်ကိုယ်တိုင် အမှန်တကယ်ယုံကြည်ထားကြောင်း ကျွန်ုပ်တို့၏အမူအကျင့်က တင်ပြသင့်သည်။ ကျွန်ုပ်တို့၏နှလုံးမှပြောဆိုခြင်းဖြစ်ပါမူ ကျွန်ုပ်တို့၏အရင်းခံသဘောထားနှင့် ကိုယ်ပိုင်ယုံကြည်ချက်တို့သည်ပေါ်လွင်လာမည်ဖြစ်သည်။ (လု. ၆:၄၅) တင်ဆက်ပုံများကို ကြိုတင်ပြင်ဆင်ထားခြင်းဖြင့် ရပ်ကွက်ရှိလူတို့ကိုဟောပြောသည့်အခါ မိမိကိုယ်ကို ပို၍ယုံကြည်စိတ်ချမှုဖြစ်စေပါမည်။ ယင်းတို့သည် စက်တင်ဘာလအတွင်း အသက်—ဤတွင်မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲအားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော စာအုပ်ကိုဝေငှသောအခါ အထူးအသုံးဝင်ပါမည်။ အပြုသဘောဖြင့် သတင်းကောင်းတင်ဆက်ရာတွင် အောက်ပါအကြံပြုချက်များသည် အထောက်အကူဖြစ်ကြောင်း သင်တွေ့ရှိပေမည်။
၂ “ဖန်ဆင်းခြင်း” စာအုပ်ကိုဝေငှသောအခါ ဦးဆုံးအကြိမ်သွားရောက်လည်ပတ်ခြင်းကို သင်ဤသို့ပြောနိုင်သည်–
▪ “အိမ်နီးနားချင်းတွေနဲ့စကားပြောတဲ့အခါ ဘုရားသခင်အပေါ် ယုံကြည်စိတ်ချမှုရှိတဲ့သူတချို့ကိုတွေ့ရပါတယ်။ တချို့သူတွေကျတော့ ဘုရားကိုယုံကြည်ဖို့ ခက်နေကြပါတယ်။ ခင်ဗျားကော ဘယ်လိုယူမှတ်ပါသလဲ။ (တုံ့ ပြန်မှုကိုစောင့်ပါ။) ဒီအကြောင်းနဲ့ပတ်သက်ပြီး ကျမ်းစာသုံးသပ်ထားပုံကို သတိပြုပါ။ [ရောမ ၁:၂၀ ဖတ်။] ကိုယ်တော်ရဲ့ဖန်ဆင်းထားရာတွေကို ထောက်ရှုခြင်းအားဖြင့် ဘုရားသခင်ရဲ့ ‘ထာဝရတန်ခိုးတော်နဲ့ထာဝရအဖြစ်တော်’ သာဓကကိုတွေ့မြင်နိုင်ပါတယ်။” ဖန်ဆင်းခြင်း စာအုပ်စာမျက်နှာ ၄၈ ပါနောက်ဆုံးစာပိုဒ်ကိုဖတ်ပြီး သက်ရှိဆဲ(လ်) ၏ရှုပ်ထွေးနက်နဲပုံကို အာရုံစိုက်စေပါ။ သို့မဟုတ် သစ်ပင်၏ အံ့သြဖွယ်လည်ပတ်မှုစနစ်က ဖန်ဆင်းရှင်၏လုပ်ဆောင်မှု ပေါ်လွင်ထင်ရှားစေပုံကို ပြသရန် စာမျက်နှာ ၁၄၇ ပါအပိုဒ် ၁၈ ကိုအသုံးပြုပါ။ စာအုပ်ကိုဖတ်လိုပါက ဝေငှပါ။
၃ ဘုရားသခင်၏ ဖန်ဆင်းရှင်အဖြစ်တော်အကြောင်း ဆွေးနွေးခဲ့သူထံပြန်လည်ပတ်မှုသွားသောအခါ သင်ဤသို့ပြောလိုပေမည်–
▪ အရင်တစ်ခေါက်လာလည်တုန်းက ဘုရားသခင်တည်ရှိခြင်းရဲ့ သာဓကဖြစ်တဲ့—အံ့သြဖွယ်ဖန်ဆင်းခြင်းအကြောင်း ကျွန်တော်တို့ပြောခဲ့ကြတယ်။ စကြဝဠာကိုဖန်ဆင်းခဲ့တဲ့ပုဂ္ဂိုလ်ဟာ ကျွန်တော်တို့ရဲ့အနာဂတ်ကိုလည်း စိတ်ဝင်စားလိမ့်မယ်ဆိုတာကို ခင်ဗျားယုံရခက်ပါသလား။ [တုံ့ ပြန်မှုကိုစောင့်ပါ။] ဖန်ဆင်းရှင်ဟာ အနာဂတ်နဲ့ပတ်သက်ပြီး သတ်မှတ်ပြဋ္ဌာန်းထားပြီးပြီဆိုတာ စိတ်ဝင်စားစရာပါဘဲ။” ဟေရှာယ ၄၆:၉၊ ၁၀ ကိုဖတ်ပြပါ။ တစ်ဦးစီ၏စိတ်ဝင်စားမှုပေါ်မူတည်ပြီး ဘုရားကတိပြုထားသည့် အကောင်းဆုံးအခြေအနေများကို ပေါ်လွင်စေရန် ဖန်ဆင်းခြင်း စာအုပ်အခန်း ၁၉ ပါ ရုပ်ပုံနှင့်ပုံစာများကို အသုံးပြုပါ။ အခန်း ၂၀၊ အပိုဒ် ၁ ကိုဖတ်ပြီး ကျမ်းစာသင်အံမှုကမ်းလှမ်းပါ။ လက်ခံပါက အသိပညာ စာအုပ်နှင့်သင်အံမှုစတင်ပါ။
၄ “ဖန်ဆင်းခြင်း” စာအုပ်ကိုဝေငှသောအခါ ဤတင်ဆက်ပုံကို သင်စမ်းကြည့်နိုင်သည်–
▪ “အိမ်နီးနားချင်းကလူတွေနဲ့ စကားပြောတဲ့အခါ လုံခြုံတဲ့လူ့အဖွဲ့အစည်းနဲ့ ငြိမ်းချမ်းတဲ့ကမ္ဘာတစ်ခုကို အလွန်ပဲတောင့်တနေကြတာ ကျွန်တော်သတိပြုမိတယ်။ အဲ့ဒီလိုအခြေအနေမျိုးကို လူသားတွေမလုပ်ပေးနိုင်ရတာ ဘာကြောင့်လို့ ခင်ဗျားထင်ပါသလဲ။ [တုံ့ ပြန်မှုကိုစောင့်ပါ။] အချို့သောနိုင်ငံရေးခေါင်းဆောင်တွေဟာ စိတ်ရင်းမှန်နဲ့ကောင်းတဲ့အလုပ်အချို့ကို လုပ်ပေးကြပါလိမ့်မယ်။ ဒါပေမဲ့ ကျမ်းစာရဲ့ပညာရှိ ဩဝါဒစကားကို သတိပြုပါ။” ဆာလံ ၁၄၆:၃၊ ၄ ဖတ်ပါ; ပြီးနောက်ဤသို့မေးပါ– “လူ့လိုအပ်ရာတွေကို ကျေနပ်မှုရှိတဲ့အထိ တစ်ဦးဦးကလုပ်ပေးနိုင်ပါသလား။” အခန်းငယ် ၅ နှင့် ၆ ကိုဖတ်ပြပါ။ ဖန်ဆင်းခြင်း စာအုပ်စာမျက်နှာ ၂၅၁ ပါရုပ်ပုံကိုပြပြီး ဘုရားသခင်အုပ်စိုးခြင်း၏ အကျိုးကျေးဇူးများကို အာရုံစိုက်စေပါ။ စာအုပ်ကိုဝေငှပါ။
၅ ပထမအကြိမ်တွင် ဘုရားသခင့်အုပ်ချုပ်ရေးအကြောင်း ဆွေးနွေးခဲ့လျှင် ပြန်လည်ပတ်မှုသွားသောအခါ ဤအကြံပြုချက်ကို သင်စမ်းကြည့်နိုင်သည်–
▪ “လွန်ခဲ့တဲ့ရက်အနည်းငယ်မှာ ကျွန်တော်ဒီကိုရောက်လာတုန်းက ကမ္ဘာပေါ်စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိအောင် လူတွေမလုပ်ပေးနိုင်တဲ့အကြောင်း ဆွေးနွေးခဲ့ကြတယ်။ သမ္မာကျမ်းစာမှာပြောထားတဲ့ မအောင်မြင်ရတဲ့အကြောင်းရင်းကို ကျွန်တော်တို့ဆွေးနွေးခဲ့ကြတာ ခင်ဗျားပြန်မှတ်မိပါလိမ့်မယ်။ [ဆာလံ ၁၄၆: ၃ ကိုပြန်ဖတ်ပါ။] ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေကို လူသားတွေအပေါ်မှာ အခြေမစိုက်ထားဖို့ ဘုရားသခင် ဘာကြောင့် အသိပေးရတယ်ဆိုတာ ခင်ဗျားသတိပြုမိပါသလား။ [တုံ့ ပြန်မှုကိုစောင့်ပါ။] တည်မြဲတဲ့ဖြေရှင်းနည်းအတွက် ဘယ်မျှော်လင့်ချက်မဆို ဘုရားသခင်ထံမှလာမယ်ဆိုတာ ခင်ဗျား သဘောတူကောင်းတူပါလိမ့်မယ်။ ကျွန်တော်တို့ယုံကြည်စိတ်ချနိုင်တဲ့အကြောင်းရင်းကို ဆာလံ ၁၄၆:၁၀ မှာရှင်းပြထားပါတယ်။ [ဖတ်။] ဘုရားသခင့်နိုင်ငံတော်ရဲ့ လက်အောက်ခံတစ်ဦးဖြစ်ချင်တယ်ဆိုရင် ကျွန်တော်တို့ဘာလုပ်ရမလဲ။” ဖန်ဆင်းခြင်း စာအုပ်စာမျက်နှာ ၂၅၀ ကိုဖွင့်ပြီး အပိုဒ် ၁၃ ကိုဖတ်ကာ ယောဟန် ၁၇:၃ ကိုပေါ်လွင်စေပါ။ အိမ်တွင်းကျမ်းစာသင်အံမှုမှတစ်ဆင့် သန်းပေါင်းများစွာသောလူတို့ ထာဝရအသက်ရစေသောအသိပညာရရှိပုံကို ပြသရန်ကမ်းလှမ်းပါ။ ထိုသို့ခွင့်ပြုပါက အသိပညာ စာအုပ်နှင့်နိဒါန်းပျိုးပြီး သင်အံမှုစလိုက်ပါ။
၆ တစ်ဆိုင်မှတစ်ဆိုင် အမှုဆောင်သောအခါ “ဖန်ဆင်းခြင်း” စာအုပ်ဖြင့် ဤတိုတုတ်သောချဉ်းကပ်နည်းကို သင်အသုံးပြုနိုင်သည်–
▪ “ဒီနေ့ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အထူးလုပ်ငန်းတစ်ခု လုပ်ဆောင်ပေးနေပါတယ်။ ကျွန်တော်တို့အားလုံးဟာ တိုးပွားနေတဲ့ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှုတွေအတွက် စိုးရိမ်နေကြရပါတယ်။ ပြဿနာကိုအမှန်ဖြေရှင်းနည်း တစ်ဦးဦးမှာရှိမယ်လို့ ခင်ဗျားထင်ပါသလား။ [တုံ့ ပြန်မှုကိုစောင့်ပါ။] ဘုရားသခင်မှာ ဖြေရှင်းနည်းရှိပါတယ်။” ဖန်ဆင်းခြင်း စာအုပ်စာမျက်နှာ ၁၉၆ ကိုဖွင့်ပါ; အပိုဒ် ၁၉ ပါ သုတ္တံ ၂:၂၁၊ ၂၂ ကိုဖတ်ပြီး မှတ်ချက်ပေးပါ။ အခန်း ၁၆ ခေါင်းစဉ်ကိုပြပြီး စာအုပ်ကိုဝေငှပါ။
၇ “ဖန်ဆင်းခြင်း” စာအုပ်ဝေငှထားခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးထံ ပြန်လည်ပတ်သွားသောအခါ ဤသို့သင်ပြောပေမည်–
▪ “ပြီးခဲ့တဲ့နောက်ဆုံးအခေါက် ကျွန်တော်လာတုန်းက ဘုရားသခင်တစ်ပါးတည်းမှာသာ ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှုတွေအတွက် တည်မြဲတဲ့ဖြေရှင်းနည်းရှိတယ်ဆိုတာ ပြောခဲ့ကြတယ်။ ကိုယ်တော့်ကတိတော်အတိုင်း ငြိမ်းချမ်းတဲ့ကမ္ဘာတစ်ခု တကယ်ဖြစ်လာမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။ ကျွန်တော်တို့တစ်ဦးစီ ရှေ့မှာထားတဲ့ ရွေးချယ်စရာကိုသတိပြုပါ။” ဆာလံ ၃၇:၃၇၊ ၃၈ ပါသော ဖန်ဆင်းခြင်း စာအုပ်စာမျက်နှာ ၂၅၀ အပိုဒ် ၁၁ ကိုဖတ်ပါ။ စာမျက်နှာ ၂၅၁ ပါရုပ်ပုံကိုမှတ်ချက်ပေးပြီး အပိုဒ် ၁၄ ၏ပထမဝါကျကို ဖတ်ပြပါ။ သူအလုပ်လုပ်သည့်နေရာ သို့မဟုတ် အိမ်တွင် အခမဲ့ကျမ်းစာသင်အံမှုကျင်းပရန် ကမ်းလှမ်းပါ။
၈ “ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်များ” အဖြစ် သတင်းကောင်းတင်ပြစဉ် အပြုသဘောရှိဖို့ ကျွန်ုပ်တို့၌ ခိုင်လုံသောအကြောင်းရှိပါသည်။ (၁ ကော. ၃:၉၊ ကဘ) ဤသဘောထားကိုထိန်းသိမ်းထားခြင်းက ယေဟောဝါ၏ကြွယ်ဝသောကောင်းချီးများကို ရရှိစေပါမည်။