အသိပညာ စာအုပ်ဖြင့်တပည့်ဖြစ်ရန်ပြုလုပ်ပုံ
၁ ခရစ်ယာန်အားလုံး၌ရှိသင့်သောပန်းတိုင်သည် အခြားသူများအားသမ္မာတရားသင် ကြားပေးရန်ဖြစ်ပြီး “ထာဝရအသက်ကို တလိုတလားရှိသူများ” အား တပည့်ဖြစ်လာစေရန်ဖြစ်သည်။ (တ. ၁၃:၄၈၊ ကဘ; မ. ၂၈:၁၉၊ ၂၀) ယေဟောဝါ၏အဖွဲ့အစည်းသည် ဤလုပ်ငန်းပြီးမြောက်အောင်မြင်ရန် ကျွန်ုပ်တို့၌ အထူးကောင်းမွန်သည့် လက်နက်ကိရိယာများ တပ်ဆင်ပေးထားသည်—ယင်းကား ထာဝရအသက်ရစေသောအသိပညာ စာအုပ်ဖြစ်သည်။ ယင်း၏ခေါင်းစဉ်က စစ်မှန်သည့်တစ်ဆူတည်းသောဘုရားယေဟောဝါနှင့် သားတော်ယေရှုခရစ်ကို သိကျွမ်းခြင်းအပေါ်မူတည်သည့် ထာဝရအသက်ရရှိစေရန် အိမ်တွင်းကျမ်းစာသင်အံမှု၌ အလွန်အရေးကြီးသည့်ပေါ်လွင်ချက်များကို စုစည်းထားပေးပါသည်။—ယော. ၁၇:၃။
၂ အသိပညာ စာအုပ်သည် ယခုအခါတွင် အိမ်တွင်းကျမ်းစာသင်အံမှုပြုရာတွင် အသုံးပြုရန် အသင်းမကအဓိကထုတ်ဝေထားသောစာအုပ်ဖြစ်သည်။ ယင်းကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့သည် သမ္မာတရားကို ရိုးရိုး၊ ရှင်းရှင်း၊ တိုတိုတုတ်တုတ်ဖြင့် သင်ကြားနိုင်မည်ဖြစ်သည်။ ယင်းသည် သင်ကြားခံရသူ၏နှလုံးကို ထိမိရန်ကူညီပေးမည်။ (လု. ၂၄:၃၂) အမှန်ပင် သင်အံမှုလုပ်ဆောင်သူအတွက် သင်ကြားမှုနည်းစနစ်ကောင်းများကိုသုံးရန် လိုအပ်သောစာအုပ်ဖြစ်သည်။ ထိုရည် ရွယ်ချက်အတွက် ဤကြားညှပ်အကြောင်းကို ပြင်ဆင်ထားခြင်းဖြစ်သည်။ ယင်း၌ အကြံပြုချက်များနှင့် ထိရောက်သည့် သင်ကြားမှုစနစ်များကို သတိရစေသည်။ ထိုးထွင်းဉာဏ်ကိုသုံးပြီး တစ်ဦးစီ၏အခြေအနေနှင့်အညီ ဤတွင်ဖော်ပြထားသည့် အကြံပြုချက်အချို့ သို့မဟုတ် အားလုံးကို အဆင့်ဆင့်အသုံးပြုသွားနိုင်ပါသည်။ ဤကြားညှပ်စာရွက်ကို ကောင်းစွာသိမ်းဆည်းထားပြီး မကြာခဏကိုးကားတင်ပြပါ။ အသိပညာ စာအုပ်ကိုအသုံးပြုပြီး တပည့်ဖြစ်လာရန်ပြုလုပ်ရာ၌ ပိုမိုထိရောက်မှုရှိရန် အမျိုးမျိုးသောအချက်များက သင့်အားကူညီပေးနိုင်ပါသည်။
၃ အဆင့်ဆင့်တိုးတက်သွားသည့် အိမ်တွင်းကျမ်းစာသင်အံမှုကို ကျင်းပခြင်း– သင်သားအား ခရစ်ယာန်တပည့်နှင့် ဝိညာဏညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးဖြစ်လာရန် အလားအလာရှိသူတစ်ဦးအဖြစ် ကိုယ်တိုင်ကိုယ်ကျ စစ်မှန်သည့်စိတ်ဝင်စားမှု တင်ပြပါ။ လှိုက်လှဲပျူငှာမှုရှိပါ၊ ခင်မင်ရင်းနှီးပြီးစိတ်ဝင်စားမှုပြပါ။ ကောင်းစွာနားထောင်ပေးသူတစ်ဦးဖြစ်ခြင်းဖြင့် အခြားသူ၏နောက်ခံအကြောင်းနှင့် ဘဝအခြေအနေများကိုသိနိုင်သည်။ ယင်းက သင့်အားဝိညာဉ်ရေးအရ အကောင်းဆုံးကူညီနိုင်သည့်နည်းလမ်းကို ထိုးထွင်းသိမြင်ရန်ကူညီပေးမည်။ သင်သား၏အကျိုးအတွက် မိမိကိုယ်ကိုပေးဆက်ရန် အသင့်ရှိပါ။—၁ သက်. ၂:၈။
၄ သင်အံမှုတစ်ခုရရှိပြီးနောက် အသိပညာ စာအုပ်ရှိအခန်းများကိုအစဉ်လိုက် လေ့လာသွားခြင်းသည် ပို၍ကောင်းပါသည်။ ကျိုးကြောင်းညီညွတ်အစီအစဉ်ကျနစွာ ကျမ်းစာအကြောင်းအရာများကို ဖော်ပြထားသည့် စာအုပ်ဖြစ်သောကြောင့် ယင်းသည် သင်သားအား သမ္မာတရားတိုးတက်နားလည်မှုကိုရရှိစေရန် အကူအညီဖြစ်စေမည်ဖြစ်သည်။ သင်အံမှုသည် အသက်ဝင်ပြီး ရှေ့ဆက်လှုပ်ရှားသွားရန် ရိုးရိုးလေးနှင့် စိတ်ဝင်စားဖွယ်ဖြစ်စေပါ။ (ရော. ၁၂:၁၁) သင်သား၏ပါရမီနှင့် အခြေအနေပေါ်မူတည်ပြီး သင်သည် လေ့လာနေစဉ်တစ်လျှောက် အလောတကြီး မဟုတ်ဘဲ တစ်နာရီ သို့မဟုတ် ထိုအချိန်လောက်တွင် အများအားဖြင့် တစ်ခန်းပြီးကောင်းပြီးနိုင်ပေမည်။ သင်ပေးသူကောသင်သားပါ ပတ်စဉ်သင်အံမှုအတွက် ချိန်းဆိုသတ်မှတ်ချိန်များကို မှန်မှန်စောင့်ထိန်းလာသည့်အခါ သင်သားအတွက်ပို၍တိုးတက်မှုကို ဖြစ်စေမည်။ ဤသို့ဖြင့် လူများနှင့် ခြောက်လခန့် သို့မဟုတ် ထိုမျှလောက်အတွင်း စာအုပ်၏အခန်း ၁၉ ခန်းကိုပြီးနိုင်ပါသည်။
၅ အကြောင်းအရာကို စိတ်ဝင်စားစေရန်လှုံ့ဆော်ပေးသည့် မှတ်ချက်တိုတိုဖြင့် အပိုင်းတစ်ခုစီကို နိဒါန်းပျိုးပါ။ အခန်းတစ်ခုစီ၏ခေါင်းစဉ်သည် အထူးအလေးပေးဖော်ပြ ရန်လိုအပ်သည့် အဓိကအကြောင်းဖြစ်သည်ကို သင်သတိပြုမိပေမည်။ ခေါင်းစဉ်ငယ်တစ်ခုစီသည် အဓိကအချက်တစ်ခုကို ခွဲခြားဖော်ပြထားပြီး ယင်းသည် သင့်အား အခန်း၏အဓိကအကြောင်းအရာကို အာရုံစိုက်သွားနိုင်ရန် ကူညီပေးသည်။ စကားများများပြောခြင်းမပြုရန် ဂရုစိုက်ပါ။ ယင်းအစား သင်သား၏ဖွင့်ဟချက်များ ပေါ်ထွက်လာရန်ကြိုးစားပါ။ သင်သားသိရှိပြီးသော အကြောင်းပေါ်အခြေပြုပြီး တိကျသည့် ကြောင်းလမ်း မေးခွန်းများကိုမေးပါ။ ယင်းသည် သူ့အား စဉ်းစားဆင်ခြင်ပြီး ဆုံးဖြတ်ချက်အမှန်ကိုချနိုင်ရန် ကူညီပေးပါမည်။ (မ. ၁၇:၂၄-၂၆; လု. ၁၀:၂၅-၃၇; ကျောင်းညွှန်းစာအုပ် စာမျက်နှာ ၅၅၊ အပိုဒ် ၁၀ ရှု။) အသိပညာ စာအုပ်ထဲရှိ ပုံနှိပ်ထားသည့်အကြောင်းအရာများကို အနီးကပ်လိုက်နာပါ။ အပိုအသေးစိတ်အကြောင်းအရာများပြောခြင်းသည် အဓိကအချက်များမှ အာရုံပြောင်း သို့မဟုတ် မသဲမကွဲဖြစ်စေနိုင်ပြီး သင်အံမှုကို အချိန်ပို၍ကြာစေသည်။ (ယော. ၁၆:၁၂) လေ့လာနေသည့်အကြောင်းနှင့် မသက်ဆိုင်သည့်မေးခွန်းကိုမေးပါက များသောအားဖြင့် လေ့လာနေသည့်အပိုင်းပြီးမှ သင်ဖြေကြားနိုင်သည်။ ဤသို့ဖြင့်လမ်းကြောင်းမပြောင်းသွားဘဲ ပတ်စဉ်လေ့လာမည့်သင်ခန်းစာကိုပြီးစေရန် သင့်အားအကူအညီဖြစ်စေမည်။ သင်သား၏ ကိုယ်ပိုင်မေးခွန်းများစွာကို လေ့လာနေသည့်အစီအစဉ်တစ်လျှောက် ပြီးဆုံးသည့်အခါ ဖြေကြားပေးသွားမည်ကို ရှင်းပြပါ။—ကျောင်းညွှန်းစာအုပ် စာမျက်နှာ ၉၂၊ အပိုဒ် ၁၄ ရှု။
၆ သင်သားသည် သုံးပါးတစ်ဆူ၊ မသေနိုင်သည့်ဝိညာဉ်၊ မီးငရဲ သို့မဟုတ် အခြားမှားယွင်းသည့်အယူဝါဒများကို အခိုင်အမာယုံကြည်ထားပြီး အသိပညာ စာအုပ်၌ဖော်ပြထားရာများနှင့်မကျေနပ်နိုင်ပါက သင်သည် သူ့အား စဉ်းစားဆင်ခြင်စာအုပ် သို့မဟုတ် အကြောင်းအရာကို ဆွေးနွေးထားသည့် အခြားစာပေကိုပေးနိုင်ပါသည်။ သူဖတ်သည့်အကြောင်းကို သူစဉ်းစားပြီးနောက် သူနှင့်အတူအကြောင်းအရာကို ဆွေးနွေးမည်ဖြစ်ကြောင်းပြောပါ။
၇ ယေဟောဝါ၏လမ်းပြမှုနှင့် အံ့ဖွယ်ကောင်းချီးများအတွက်ဆုတောင်းခြင်းဖြင့် သင်အံမှုကိုအစပြုပြီးအဆုံးသတ်ပါ။ ရိုသေလေးစားသည့်စိတ်သဘောကိုတင်ပြပြီး စစ်မှန်သည့်ဆရာအဖြစ် ယေဟောဝါကိုအာရုံစိုက်စေပါ။ (ယော. ၆:၄၅) သင်သားသည် ဆေးရွက်ကြီးကိုသုံးစွဲနေသူတစ်ဦးဖြစ်နေသေးပါက လေ့လာနေစဉ်အချိန်အတွင်း ရှောင်ကြဉ်ရန် ပြောဖို့လိုပေမည်။—တ. ၂၄:၁၆; ယာ. ၄:၃။
၈ ကျမ်းချက်များ၊ ဥပမာများနှင့် ပြန်လည်သုံးသပ်သည့် မေးခွန်းများဖြင့် ထိရောက်စွာသင်ပါ– ယခင်က အကြိမ်မည်မျှလေ့လာခဲ့ပါစေ၊ ကျွမ်းကျင်သောဆရာသမားတစ်ဦးသည် သင်သားတစ်ဦးစီကို စိတ်ထဲတွင်ထား၍ အကြောင်းအရာတစ်ခုစီကို ပြင်ဆင်ပါလိမ့်မည်။ ယင်းက သင်သား၏မေးခွန်းများကို တင်ကူး၍ မြော်မြင်ရန် ထောက်ကူသည်။ ထိရောက်စွာသင်ကြားပေးရန် အခန်း၏အဓိကအချက်များကို ရှင်းလင်းစွာနားလည်ထားပါ။ အကြောင်းအရာနှင့် မည်သို့သက်ဆိုင်ကြောင်း သိမြင်ရန် ကျမ်းချက်များကို ဖွင့်ဖတ်ကာ သင်အံမှုအတွင်း မည်သည့်ကျမ်းချက်ဖတ်မည်ကို ဆုံးဖြတ်ပါ။ ပုံဥပမာများနှင့် အခန်း၏အဆုံးပိုင်းတွင်ရှိ ပြန်လည်သုံးသပ်သည့် မေးခွန်းများကို အသုံးပြုလျက် မည်သို့သင်ကြားပေးနိုင်မည်ကို စဉ်းစားပါ။
၉ ကျမ်းချက်များကို ထိရောက်စွာအသုံးပြုခြင်းဖြင့် သင်သားအား သူသည် ကျမ်းစာကို အမှန်တကယ်လေ့လာနေကြောင်း လေးမြတ်တန်ဖိုးထားလာရန် သင်ကူညီပေးနိုင်လိမ့်မည်။ (တ. ၁၇:၁၁) အသိပညာစာအုပ် စာမျက်နှာ ၁၄ ရှိ “သင်၏သမ္မာကျမ်းစာကို ကောင်းစွာအသုံးချပါ” လေးထောင့်ကွက်ကိုအသုံးပြုပြီး ကျမ်းစာကိုမည်သို့ရှာဖွေလေ့လာရမည်ကို သင်ပေးပါ။ သင်သားအား သင်ခန်းစာပါ ကိုးကား ထားသည့်ကျမ်းပိုဒ်များကို ခွဲခြားတတ်ရန် ပြပေးပါ။ အချိန်ရမည် ဆိုပါက မကိုးကားထားသည့် ဖော်ပြ ပါကျမ်းချက်များကိုရှာဖွေ၍ဖတ်ပါ။ သင်သားအား အပိုဒ်ဖော်ပြပါအကြောင်းအရာများကို သူတို့မည်သို့လက်ခံသည် သို့မဟုတ် မည်သို့နားလည်သည်ကိုတင် ပြစေပါ။ သင်ခန်းစာ၏အဓိကကျသော အကြောင်းရင်းများကို လေးမြတ်တတ်လာရန် ကျမ်းချက်၏သော့ချက်အပိုင်းကို အလေးထားဖော်ပြပါ။ (နေ. ၈:၈) ဆွေးနွေးရာတွင် များသောအားဖြင့် စာအုပ်တွင်ဖော်ပြထားသည်ထက် ကျမ်းချက်များကို ပို၍သုံးရန်မလိုပါ။ ကျမ်းစာ၏အမည်များကို အစဉ်လိုက်သိရှိကျွမ်းဝင်နေခြင်း၏တန်ဖိုးကိုပြောပြပါ။ ဤသို့ ဖြင့် သင်သားအား ကင်းမျှော်စင် ၁၉၉၁၊ ဇွန် ၁၅၊ စာမျက်နှာ ၂၇-၃၀ ကိုဖတ်ရန် အကူအညီဖြစ်စေပါသည်။ သင့်လျော်သည့်အခါတွင် ကမ္ဘာသစ်ဘာသာပြန်ကျမ်း ကိုအသုံးပြုရန် အားပေးပါ။ မျဉ်းဘေးရှိကိုးကားချက်များနှင့် ကျမ်းစကားလုံးမာတိကာတို့ကဲ့သို့သော အမျိုးမျိုးကို အသုံးပြုတတ်လာရန် တဖြည်းဖြည်းပြသပေးပါ။
၁၀ သီအိုကရက်တစ်အမှုဆောင်ကျောင်းလမ်းညွှန်စာအုပ် သင်ခန်းစာ ၃၄ က ဥပမာ များသည် လူတစ်ဦး၏အတွေးအခေါ်ကိုလှုံ့ဆော်ပေးပြီး ယူဆပုံအသစ်ကိုလက်ခံရန်လွယ်ကူစေသည်။ ယင်းတို့သည် အသိဉာဏ်နှင့် စိတ်ပိုင်းဆိုင်ရာကို စုစည်းပေးသည်၊ သို့ဖြင့် သတင်းကို ပိုမိုအလေးစီးစေသည်၊ စကားပြောရုံနှင့်မူကား ယင်းသို့မဖြစ်နိုင်ပါ။ (မ. ၁၃:၃၄) အသိပညာ စာအုပ်တွင် ရိုးရိုးလေးဖြစ်သော်လည်း အစွမ်းထက်သည့် ပုံဥပမာသွန်သင်ချက်မြောက်မြားစွာပါရှိပါသည်။ ဥပမာ အခန်း ၁၇ တွင် အသုံးပြုထားသည့် ဥပမာတစ်ခုက အသင်းတော်တစ်ခုလုံးကို ဝိညာဉ်ရေးအရ ယေဟောဝါထောက်ပံ့ပေးသောအစာ၊ အဝတ်၊ အမိုးအကာများအတွက် ကျေးဇူးတင်လေးမြတ်ရန် တည်ဆောက်ပေးသည်။ အသိပညာစာအုပ်တွင်ပါရှိသည့် လှပသောရုပ်ပုံများဖြင့် ဖော်ပြထားသည့်ဥပမာများဖြင့် စိတ်နှလုံးကိုလှုံ့ဆော်ပေးရန် ထိရောက်စွာအသုံးပြုနိုင်ပါသည်။ စာမျက်နှာ ၁၈၅၊ “ပျော်ရွှင်ဖွယ်ကောင်းသော ရှင်ပြန် ထမြောက်ခြင်း” ခေါင်းစဉ်ငယ်အောက် အပိုဒ် ၁၈ ၏ဖော်ပြချက်သည် စာမျက်နှာ ၈၆ ပါ ရုပ်ပုံများကို ကြည့်ရှုသုံးသပ်ရာ၌ သင်သားအားခွန်အားရှိစေပါမည်။ ယင်းသည် သူ့အား ရှင်ပြန်ထမြောက်ခြင်းသည် ဘုရားသခင့်နိုင်ငံတော်အောက်အမှန်တကယ်တည်ရှိမည့်အရာအဖြစ် ယူမှတ်ရန် လှုံ့ဆော်ပေးနိုင်သည်။
၁၁ ကျမ်းစာသင်သားများသည် သင်ခန်းစာတစ်ခုစီနှင့်အတူ ဝိညာဉ်ရေးတိုးတက်သွားရန်လိုအပ်သည်။ ယင်းကြောင့် အခန်းတစ်ခုစီ၏အဆုံး၌ဖော်ပြထားသည့် “သင်၏အသိပညာကို စစ်ဆေးခြင်း” လေးထောင့်ကွက်ပါ မေးခွန်းများကိုပြန်မေးရန်မချန်ထားခဲ့ပါနှင့်။ အဖြေမှန်ကို ပေးနိုင်ရုံထက်မက ပို၍ဂရုပြုသင့်သည်။ မေးခွန်းမြောက်မြားစွာကို တစ်ဦးစီ၏နှလုံးမှတုံ့ပြန်မှုအတိုင်း ထွက်ပေါ်လာစေရန်စီမံထားသည်။ ဥပမာ စာမျက်နှာ ၃၁ ရှိ “ယေဟောဝါ၏အဘယ်ဂုဏ်ရည်တော်များက သင့်အတွက် အထူးနှစ်သက်စရာဖြစ်သနည်း” မေးခွန်းကို သင်သားအားမေးပါ။—၂ ကော. ၁၃:၅။
၁၂ သင်အံမှုအတွက်ပြင်ဆင်ရန် သင်သားအားလေ့ကျင့်ပေးပါ– သင်သားတစ်ဦးသည် သင်ခန်းစာကိုကြိုတင်ဖတ်ထားခြင်း၊ အဖြေများကိုမှတ်သားထားခြင်း၊ ကိုယ်ပိုင်စကားဖြင့်ဖြေနိုင်ရန် စဉ်းစားထားပါက ဝိညာဏတိုးတက်မှု၌လျင်မြန်စေပါလိမ့်မည်။ သင်၏ပုံသက်သေနှင့် အားပေးမှုအားဖြင့် သင်အံမှုအတွက်ပြင်ဆင်ရန် သူ့အားလေ့ကျင့်ပေးနိုင်ပါသည်။ အဓိကစကားလုံးများနှင့် စကားစုများကို ပေါ်လွင်အောင်မှတ်သားထားသည့် သို့မဟုတ် မျဉ်းသားထားသည့်သင်၏စာအုပ်ကို သူ့အားပြပါ။ ပုံနှိပ်ထားသည့်မေးခွန်း၏တိုက်ရိုက်အဖြေကို မည်သို့ရှာရမည်ကိုရှင်းပြပါ။ အခန်းတစ်ခုကိုသူနှင့်အတူပြင်ဆင်ပါက သင်သားအားအကူအညီဖြစ်စေနိုင်သည်။ သူ၏ကိုယ်ပိုင်စကားနှင့်ဖြေဆိုရန် အားပေးပါ။ ပြီးနောက် အကြောင်းအရာကို သူနားလည်မလည် ရှင်းပြခိုင်းပါ။ စာအုပ်ထဲမှအဖြေကိုဖတ်ပြပါက ဤအကြောင်းကိုအခြားသူတစ်ဦးအား သင့်ကိုယ်ပိုင်စကားဖြင့်မည်သို့ရှင်းပြနိုင်မည်နည်းဟု မေးခြင်းဖြင့် သူ၏စဉ်းစားဉာဏ်ကိုလှုံ့ဆော်ပေးပါ။
၁၃ လေ့လာနေစဉ်အတွင်း အားလုံးကိုဖတ်ရန်အချိန်ရမည်မဟုတ်သောကြောင့် ပတ်စဉ်ပြင်ဆင်စဉ် ဖော်ပြထားရာကျမ်းချက်အားလုံးကို ရှာဖွေဖတ်ရှုရန်အားပေးပါ။ သင်ခန်းစာနှင့်ပတ်သက်ပြီး သူ၏ကြိုးစားတင်ပြပြောဆိုမှုများအတွက် ချီးမွမ်းပေးပါ။ (ကျမ်းစာသင်အံမှုကိုတိုးတက်စေရန် သင်ပေးသူနှင့်သင်သားနှစ်ဦးစလုံးအတွက် ပြုလုပ်နိုင်သည့် ထပ်ဆင့်အကြံပြုချက်များကို ၂ ပေ. ၁:၅; ၁၉၉၃၊ ဩဂုတ် ၁၅၊ ကင်းမျှော်စင် စာမျက်နှာ ၁၃-၁၄ ရှု။) ဤနည်းအတိုင်း သင်သားသည် ပြင်ဆင်မှုအတွက် လေ့ကျင့်ခံရပြီး အသင်းတော်စည်းဝေးများ၌ ထိရောက်သောအဖြေများကို ဖြေဆိုနိုင်မည်ဖြစ်သည်။ အသိပညာ စာအုပ်နှင့် သူ၏ကိုယ်ပိုင်ကျမ်းစာလေ့လာမှုပြီးဆုံးသွားသည့်အခါ သမ္မာတရားမှဆက်လက်အကျိုးရရှိစေရန် အကျိုးဖြစ်ထွန်းသည့် ကိုယ်ပိုင်လေ့လာမှုလုပ်သည့်အလေ့အထကို မည်သို့လုပ်ဆောင်ရမည်ကို သူသင်ယူရရှိနေပါလိမ့်မည်။—၁ တိ. ၄:၁၅; ၁ ပေ. ၂:၂။
၁၄ သင်သားအား ယေဟောဝါ၏အဖွဲ့အစည်းသို့ လမ်းညွှန်ပေးပါ– သင်သား၏စိတ်ဝင်စားမှုကို ယေဟောဝါအဖွဲ့အစည်းသို့လမ်းညွှန်ပေးခြင်းသည် တပည့်ဖြစ်စေသူ၏တာဝန်ဖြစ်သည်။ သင်သားသည် အဖွဲ့အစည်းကိုအသိအမှတ်ပြုတန်ဖိုးထားပြီး ယင်း၏အစိတ်အပိုင်းဖြစ်လာရန် လိုအပ်ချက်များကိုသိရှိနားလည်လာပါက ဝိညာဏရင့်ကျက်မှုအဆင့်သို့ လျင်မြန်စွာတက်လှမ်းနိုင်မည်ဖြစ်သည်။ သူ့အား ခရစ်ယာန်အသင်းတော်မှ ပေးကမ်းသည့် ဝိညာဏနှင့်စိတ်ပိုင်းဆိုင်ရာအထောက်အပံ့များကို ရရှိနိုင်သည့်နိုင်ငံတော်ခန်းမတွင် ကျွန်ုပ်တို့နှင့်အတူရှိနေစေရန်နှင့် ဘုရားလူမျိုးတော်နှင့်ပေါင်းသင်းရခြင်းမှပျော်ရွှင်မှုရရှိစေရန် ကျွန်ုပ်တို့ဆန္ဒရှိကြသည်။—၁ တိ. ၃:၁၅။
၁၅ ယေဟောဝါ၏သက်သေများ—ကမ္ဘာတစ်ဝန်းတွင် စည်းစည်းလုံးလုံး ဘုရားသခင့်အလိုတော်ထမ်းရွက်ခြင်းဘရိုရှာကို ကိုယ်တော်.အလိုတော်ပြီးပြည့်စုံရန် ယနေ့အသုံးပြုနေသည့် တစ်ခုတည်းသောယေဟောဝါ၏မျက်မြင်ရအဖွဲ့အစည်းနှင့် တစ်ဦးချင်းအကျွမ်းဝင်လာစေရန် ထုတ်ဝေထားပြီးဖြစ်သည်။ သင်အံမှုကိုစအခြေချပြီးပြီးချင်း ယင်းစာအုပ်ကိုပေးပါလေ။ သင်သားအားအစပြုသည့်အချိန်မှစ၍ စည်းဝေးကိုအမြဲခေါ်ဖိတ်ပါ။ မည်ကဲ့သို့ လုပ်ဆောင်ကြောင်းရှင်းပြပါ။ လာမည့်အပတ် လူထုဟောပြောချက်၏ခေါင်းစဉ်ကို သူ့အားပြောပြနိုင်ပြီး ကင်းမျှော်စင် သင်တန်းတွင်ဆွေးနွေးမည့်ဆောင်းပါးကို ပြပေးပါ။ ပထမဆုံးအကြိမ် နေရာသစ်တစ်ခုသို့သွားရသည့်အတွက်ကြောင့် ဖြစ်ပေါ်နိုင်သည့်စိုးရိမ်မှုကိုလျော့နည်းစေရန် စည်းဝေးမကျင်းပသည့်အချိန်၌ နိုင်ငံတော်ခန်းမကိုသိရှိထားရန် ခေါ်ဆောင်သွားနိုင်ပါသည်။ စည်းဝေးသို့ အကြိုအပို့လုပ်ပေးနိုင်သည်။ သူစည်းဝေးတက်သည့်အချိန်တွင် ဖော်ရွေပျူငှာမှုနှင့် သက်သောင့်သက်သာရှိမှုကိုခံစားစေပါ။ (မ. ၇:၁၂) သူ့အား အကြီးအကဲများအပါအဝင် အခြားသက်သေခံများနှင့် မိတ်ဆက်ပေးပါ။ သူသည် အသင်းတော်ကို ဝိညာဏမိသားစုအဖြစ် ရှုမြင်လာရန် မျှော်လင့်နိုင်သည်။ (မ. ၁၂:၄၉၊ ၅၀; မာ. ၁၀:၂၉၊ ၃၀) ထိုကဲ့သို့သောစည်းဝေးတစ်ခုကို ပတ်စဉ်တက်ရောက်ရန် သူ့အတွက်သင်ပန်းတိုင်ထားပေးနိုင်ပါသည်။ ယင်းနောက် ပန်းတိုင်ကို အဆင့်ဆင့်တိုးမြှင့်နိုင်သည်။—ဟေဗြဲ ၁၀:၂၄၊ ၂၅။
၁၆ အသိပညာ စာအုပ်ဖြင့် အိမ်တွင်းကျမ်းစာသင်အံမှုကို ဆက်လက်ပြုလုပ်နေစဉ် စည်းဝေးများတွင် အသင်းတော်နှင့်မှန်မှန်ပေါင်းသင်းရန်အတွက် လိုအပ်သည်ကိုဖော်ပြသည့် အပိုင်းကိုအထူးအလေးပေးပါ။ အခန်း ၁၇ နှင့်အတူ စာမျက်နှာ ၅၂၊ ၁၁၅၊ ၁၃၇-၉၊ ၁၅၉ တို့ကို အထူးသတိပြုပါ။ ယေဟောဝါ၏အဖွဲ့အစည်းအပေါ် သင်၏နက်ရှိုင်းသည့်တန်ဖိုးထား လေးမြတ်စိတ်ကိုဖော်ပြပါ။ (မ. ၂၄:၄၅-၄၇) ဒေသခံအသင်းတော်အကြောင်းနှင့် စည်းဝေး၌သင်လေ့လာသည့်အကြောင်းများကို အပြုသဘောပါပါပြောဆိုပါ။ (ဆာ. ၈၄:၁၀; ၁၃၃:၁-၃) ယေဟောဝါသက်သေများ—နာမတော်နောက်ဝယ်ရှိအဖွဲ့အစည်း နှင့်အစပြုပြီး အဖွဲ့အစည်း၏ဗီဒီယိုခွေအသီးသီးကို သင်သားကြည့်ခွင့်ရပါက အလွန်ပင်အကျိုးရှိပါမည်။ အဖွဲ့အစည်းကိုစိတ်ဝင်စားရန် မည်သို့ညွှန်ပြရမည်နှင့်ပတ်သက်၍ ထပ်ဆင့်အကြံဉာဏ်များကို ၁၉၈၅၊ နိုဝင်ဘာ ၁၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၄-၁၈ နှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ ၁၉၉၃ ဧပြီတွင်ကြည့်ပါ။
၁၇ သင်သားအား အခြားသူများကိုသက်သေခံရန်အားပေး– လူတို့နှင့်ကျမ်းစာသင်ရသည့်ကျွန်ုပ်တို့၏ ပန်းတိုင်မှာ ယေဟောဝါအတွက်သက်သေဖြစ်လာမည့် တပည့်တော်များဖြစ်လာစေရန်ဖြစ်သည်။ (ဟေရှာ. ၄၃:၁၀-၁၂) ယင်းက သင်သားသည် ကျမ်းစာမှမိမိလေ့လာခဲ့ရသည့်အကြောင်းများကို အခြားသူများအားပြောပြရန် သင်ပေးသူက အားပေးရမည်ကိုဆိုလိုပါသည်။ ယင်းကို “သင်၏မိသားစုအား ဤသမ္မာတရားကို မည်သို့ရှင်းပြမည်နည်း” သို့မဟုတ် “သင်၏မိတ်ဆွေအား ဤအချက်မှန်ကန်ကြောင်းသက်သေပြရန် မည်သည့်ကျမ်းချက်ကိုသုံးမည်နည်း” ဟုမေးခြင်းဖြင့် ရိုးရိုးကလေးပြုလုပ်နိုင်ပါသည်။ အသိပညာစာအုပ်၏ အခန်း ၁၈ နှင့်အတူ စာမျက်နှာ ၂၂၊ ၉၃-၅၊ ၁၀၅-၆ ကဲ့သို့သော သက်သေခံခြင်းကိုအားပေးသည့် အဓိကနေရာများ၌ အလေးထားဖော်ပြပါ။ သင့်လျော်သည့်အခါတိုင်း သင်သားအား အလွတ်သဘောသက်သေခံရာတွင်အသုံးပြုရန် ဝေစာအချို့ကိုပေးထားနိုင်သည်။ သင်အံမှုတွင် အခြားမိသားစုဝင်များပါ ပါဝင်ရန် ဖိတ်ခေါ်ဖို့အကြံပေးပါ။ ကျမ်းစာသင်သည်ကိုနှစ်သက်သည့် အခြားမိတ်ဆွေများလည်း သူ၌ရှိသလော။ မည်သူများစိတ်ဝင်စားသည်ကို သင့်အားညွှန်ပြပေးရန် မေးကြည့်ပါ။
၁၈ သီအိုကရက်တစ်ဓမ္မအမှုကျောင်းနှင့် လုပ်ငန်းတော်စည်းဝေးတို့ကိုတက်ခြင်း ဖြင့် တပည့်ဖြစ်ရန်အလားအလာရှိသူတစ်ဦးသည် သတင်းကောင်းကိုကြေညာသူတစ်ဦးဖြစ်လာစေရန် အကူအညီဖြစ်စေသည့် ထပ်ဆင့်လေ့ကျင့်မှုနှင့် လှုံ့ဆော်မှုကိုရရှိနိုင်သည်။ ကျောင်းတွင်စာရင်းသွင်းဖို့ စိတ်ဝင်စားမည် သို့မဟုတ် နှစ်ခြင်းမခံရသေးသည့် ကြေညာသူတစ်ဦးဖြစ်လိုကြောင်းတင်ပြလာပါက မိမိတို့၏ဓမ္မအမှု စာအုပ် စာမျက်နှာ ၁၂၃ နှင့် ၁၂၅ ပါမူများ သက်ဆိုင်ပါသည်။ အရည်အ ချင်းပြည့်မီရန် သူ၏ဘဝကဏ္ဍတစ်ခုကအတားအဆီးဖြစ်နေပါက သက်ဆိုင်သည့် အကြောင်းအရာကို အသင်းမထုတ်စာပေများမှရှာဖွေကာ ယင်းကိုသူ့အား ဝေမျှပါ။ ဥပမာ၊ သင်သားသည် ဆေးရွက်ကြီး သို့မဟုတ် အခြားမူးယစ်ဆေးစွဲခြင်းကို အောင်မြင်ရန်အခက်တွေ့နိုင်ပါသည်။ ကျိုးကြောင်းဆင်ခြင် စာအုပ်က ခရစ်ယာန်များ ထိုကဲ့သို့အကျိုးယုတ်စေသည့်အကျင့်များကို ရှောင်ရသည့် ခိုင်လုံသောကျမ်းစာအကြောင်းရင်းများကိုညွှန်ပြထားသည်။ ယင်းစာအုပ် စာမျက်နှာ ၁၁၂ တွင် အကျိုးယုတ်စေသည့်အကျင့်များကို စွန့်ပယ်နိုင်ရန် အခြားသူများကိုကူညီပေးရာတွင် အောင်မြင်မှုရရှိကြောင်း အကြမ်းဖျင်းဖော်ပြထားသည်။ ကြုံရသည့်အခက်အခဲနှင့်ပတ်သက်ပြီး သူနှင့်အတူဆုတောင်းပါ။ အကူအညီအတွက် ယေဟောဝါအပေါ် သူ၏ယုံကြည်အားထားမှုကို တည်ဆောက်ရန် သွန်သင်ပေးပါ။—ယာ. ၄:၈။
၁၉ ၁၉၉၆၊ ဇန်နဝါရီ ၁၅၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၆၊ အပိုဒ် ၆ တွင် တစ်ဦးတစ်ယောက်သည် လူထုရှေ့ဓမ္မအမှုတွင် အရည်အချင်းပြည့်မီမမီကိုပိုင်းခြားသိမြင်ရန် လိုက်နာရမည့်လုပ်ထုံးလုပ်နည်းများကို ဖော်ပြထားသည်။ သင်သားသည် အရည်အချင်းပြည့်မီသောအခါ လယ်ကွင်းလုပ်ငန်းတွင် ပထမဦးဆုံးပါဝင်ရန်အတွက် ပြင်ဆင်ပေးခြင်းသည် လက်တွေ့လုပ်ဆောင်ရန်အတွက် အကူအညီဖြစ်စေပါမည်။ သင်၏ရပ်ကွက်၌ တွေ့ကြုံရတတ်သည့် ကန့်ကွက်မှုများနှင့် တုံ့ပြန်မှုများကို အပြုသဘောပါသောပြုမူပြောဆိုပုံဖြင့်ဆွေးနွေးပါ။ ဖြစ်နိုင်သည့်အခါတိုင်း တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် ပထမဦးစွာအစပြုကာ ဓမ္မအမှု၏အခြားအပိုင်းများတွင် တဖြည်းဖြည်းတိုးတက်လာစေရန် လေ့ကျင့်ပေးပါ။ သင့်တင်ဆက်ပုံသည် တိုတုတ်ပြီးရိုးရှင်းပါက သူ့အတွက် တုပရန်လွယ်ကူစေမည်ဖြစ်သည်။ တည်ဆောက်မှုဖြစ်ကာ အားရှိစေပါ။ လုပ်ငန်းတော်၌ ဝမ်းမြောက်ပါ။ သို့ဖြင့် သူသည် သင့်စိတ်ဓာတ်ကိုတုပပြီး ရောင်ပြန်ဟပ်ပါလိမ့်မည်။ (တ. ၁၈: ၂၅) တပည့်သစ်တစ်ဦးသည် သတင်းကောင်းကို ဇွဲဖြင့်မှန်မှန်ဟောပြောသူတစ်ဦးဖြစ်ရန် ပန်းတိုင်ရှိသင့်သည်။ ဖြစ်နိုင်ပါက လက်တွေ့ကျသောလုပ်ငန်းတော် ဇယားတစ်ခုထားပေးခြင်းအားဖြင့် ထိုသူအားတိုးတက်လာစေရန် ကူညီနိုင်ပါသည်။ အခြားသူများအားသက်သေခံနိုင်စွမ်း တိုးတက်စေရန် ၁၉၈၅၊ ဩဂုတ် ၁၅၊ စာမျက်နှာ ၁၃-၂၃; ၁၉၈၉၊ ဇူလိုင် ၁၅၊ စာမျက်နှာ ၁၀-၂၂; ၁၉၉၁၊ ဇန်နဝါရီလ ၁၅၊ စာမျက် နှာ ၁၆-၂၂ နှင့် ၁၉၉၄၊ ဇန်နဝါရီလ ၁၊ စာမျက်နှာ ၂၀-၅ ကင်းမျှော်စင် များကိုဖတ်ရန် အကြံပြုနိုင်ပါသည်။
၂၀ သင်သားများအား ဆက်ကပ်အပ်နှံ နှစ်ခြင်းခံခြင်းသို့လှုံ့ဆော်ပါ– အသိပညာ စာအုပ်ကို အတော်အတန်လေ့လာခြင်းအားဖြင့် နှလုံးရိုးဖြောင့်သူအား ဘုရားသခင်ထံဆက်ကပ်အပ်နှံ နှစ်ခြင်းခံရန်အတွက် အရည်အချင်းပြည့်မီလာစေနိုင်ပါသည်။ (တ. ၈:၂၇-၃၉; ၁၆:၂၅-၃၄ နှိုင်းယှဉ်။) သို့ရာတွင် လူတစ်ဦးသည် ဆက်ကပ်အပ်နှံရန်လှုံ့ဆော်မခံရမီ ယေဟောဝါထံ ဆည်းကပ်ဝတ်ပြုခြင်း တိုးပွားနေရန်လိုအပ်သည်။ (ဆာ. ၇၃:၂၅-၂၈) သင်အံမှုကျင်းပနေစဉ် ကာလအတွင်း ယေဟောဝါ၏ဂုဏ်ရည်တော်များအား လေးမြတ်သည့်သဘောကိုတည်ဆောက်ပေးရန် အခွင့်အရေးရှာယူပါ။ ဘုရားသခင်နှင့်ပတ်သက်သောနက်ရှိုင်းလှသည့် သင့်ခံစားချက်များကို ထုတ်ဖော်ပြသပါ။ သင်သားအား ယေဟောဝါနှင့်နှစ်ကိုယ်ကြား နွေးထွေးသောဆက်ဆံရေး တိုးပွားလာစေမည့်အကြောင်းများကို စဉ်းစားဆင်ခြင်စေရန် ကူညီပါ။ ထိုသူသည် ဘုရားသခင်ကိုအမှန်တကယ် သိပြီးချစ်မြတ်နိုးလာပါက ကိုယ်တော်အားသစ္စာရှိစွာ ဝတ်ပြုလာမည်ဖြစ်သည်၊ အကြောင်းမှာ ဘုရားရေးရာဆက်ကပ်ခြင်းသည် ယေဟောဝါအားပုဂ္ဂိုလ်တစ်ပါးအဖြစ် ကျွန်ုပ်တို့မည်သို့ယူမှတ်ပုံနှင့် ပတ်သက်နေသောကြောင့်ဖြစ်သည်။—၁ တိ. ၄:၇၊ ၈; ကျောင်းညွှန်းစာအုပ် စာမျက်နှာ ၇၉၊ အပိုဒ် ၁၁ ကိုရှု။
၂၁ သင်သား၏နှလုံးထိ ရောက်ရှိရန်ကြိုးစားပါ။ (ဆာ. ၁၁၉:၁၁; တ. ၁၆:၁၄; ရော. ၁၀:၁၀) သမ္မာတရားက သူကိုယ်တိုင်အပေါ် မည်သို့အကျိုးသက်ရောက်ပုံကို သိရှိလာပြီး လေ့လာသိရှိရာနှင့်အညီ လုပ်ဆောင်သင့်ရာကို ဆုံးဖြတ်ရန်လိုသည်။ (ရော. ၁၂:၂) တစ်ပတ်ပြီးတစ်ပတ် တင်ပြခဲ့သည့်သမ္မာတရားကို သူအမှန်တကယ်ယုံကြည်လက်ခံပါသလော။ (၁ သက်. ၂:၁၃) အဆုံးတွင် ဤအကြောင်းနှင့်ပတ်သက်ပြီး သင်မည်သို့ခံစားရသနည်း၊ ဤအချက်ကို သင့်ဘဝတွင် မည်သို့ကျင့်သုံးနိုင်သနည်း စသောပိုင်းခြားသိမြင်စေသည့် ရှုထောင့် မေးခွန်းများမေးပါ။ သူ၏အဖြေအားဖြင့် သူ၏နှလုံးသို့ရောက်ရှိရန် မည်သည့် နေရာတွင် အကူအညီပိုလိုအပ်သည်ကို သင်သိမြင်လာနိုင်သည်။ (လု. ၈:၁၅; ကျောင်းညွှန်းစာအုပ် စာမျက်နှာ ၅၅၊ အပိုဒ် ၁၁ ကိုရှု။) အသိပညာစာအုပ် စာမျက်နှာ ၁၇၂ နှင့် ၁၇၄ ရှိရုပ်ပုံကိုညွှန်းထားသည့် “သင်သည် ဆုတောင်း၍ဘုရားသခင်ထံအပ်နှံပြီးပြီလော” နှင့် “နှစ်ခြင်းမခံရအောင် သင့်ကိုအဘယ်အရာက ဆီးတားထားသနည်း” မေးခွန်းများကို မေးပါ။ ယင်းက သင်သားအား လုပ်ဆောင်ရန် ထိရောက်စွာလှုံ့ဆော်ပေးနိုင်ပါသည်။
၂၂ နှစ်ခြင်းမခံရသေးသည့်ကြေညာသူတစ်ဦး နှစ်ခြင်းခံလိုသောအခါ လိုက်နာရမည့်လုပ် ထုံးလုပ်နည်းများကို ၁၉၉၆၊ ဇန်နဝါရီ ၁၅၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၇၊ အပိုဒ် ၉ တွင်ဖော်ပြထားပါသည်။ အသိပညာစာအုပ်ကို နှစ်ခြင်းခံမည့်သူနှင့် အကြီးအကဲများပြန် လည်သုံးသပ်မည့် မိမိတို့၏ဓမ္မအမှု စာအုပ်နောက်ဆက်တွဲပါ “နှစ်ခြင်းခံလိုသူများအတွက် မေးခွန်းများ” ကို ဖြေဆိုနိုင်ရန် ပြင်ဆင်ပေးသည့်ရည်ရွယ်ချက်ဖြင့် ရေးသားထုတ်ဝေထားခြင်းဖြစ်သည်။ သင်သည် အသိပညာစာအုပ်ပါပုံနှိပ်ထားသည့်မေးခွန်းများ၏ အဖြေများကိုသာ ပိုအလေးပေးခဲ့ပါက နှစ်ခြင်းခံဖို့ပြင်ဆင်ရာတွင် အကြီးအကဲများလုပ်ဆောင်မည့်မေးခွန်း အပိုင်းများအတွက် သင်သားအား ကောင်းစွာပြင်ဆင်ထားပေးနှင့်ပြီးဖြစ်မည်။
၂၃ အိမ်တွင်းကျမ်းစာသင်အံမှု ပြီးဆုံးသွားသူတို့အားကူညီပေးခြင်း– လူတစ်ဦးသည် အသိပညာ စာအုပ်ကိုလေ့လာပြီးဆုံးသွားသည့်အခါ ဘုရားသခင်အားဝတ်ပြုရာတွင် သူ၏စိတ်ရင်းမှန်မှုနှင့် နက်ရှိုင်းသည့်စိတ်ဝင်စားမှုတို့သည် သိသိသာသာပေါ်လွင်လာရန် မျှော်လင့်သင့်သည်။ (မ. ၁၃:၂၃) ထိုကြောင့် စာအုပ်၏နောက်ဆုံးခေါင်းစဉ်ငယ်က “သင်ဘာပြုလုပ်မည်နည်း” ဟုမေးထားပါသည်။ နိဂုံးစာပိုဒ်က သင်သားအား ဘုရားသခင်နှင့်ဆက်ဆံရေးကိုတိုးတက်သင့်ရာ၊ သိရှိလာရာများကို ကျင့်သုံးရန်လိုအပ်ချက်နှင့် ယေဟောဝါကိုချစ်သည့်မေတ္တာကို အလျင်အမြန်တင်ပြရန်လိုအပ်ချက်တို့ကို အာရုံစိုက်ရန်ဆွဲဆောင်ထားသည်။ အသိပညာ စာအုပ်ကိုလေ့လာ၍ပြီးဆုံးသွားသူနှင့် နောက်ထပ်စာအုပ်များဖြင့်လေ့လာရန် အခြားအစီအစဉ်မရှိပါ။ ဘုရားသခင့်အသိပညာကိုတုံ့ပြန်ရန် ပျက်ကွက်သည့်သင်သားအား ဝိညာဉ်ရေးတွင်တဖြည်းဖြည်းတိုးတက်လုပ်ဆောင်ဖို့လိုကြောင်း ကြင်နာစွာနှင့်ရှင်းလင်းစွာပြောပြပါ။ သင်သည် အခါအားလျော်စွာ သူနှင့်ဆက်သွယ်နိုင်ကာ သူ့အားထာဝရအသက်ရရှိစေမည့် အဆင့်သို့တက်လှမ်းနိုင်ရန် လမ်းဖွင့်ပေးထား ပါ။—ဒေ. ၁၂:၁၃။
၂၄ သမ္မာတရားကိုလက်ခံပြီးနှစ်ခြင်းခံခဲ့သည့် တပည့်သစ်တစ်ဦးသည် ယုံကြည်ခြင်းတွင်လုံးဝ ခိုင်ခံ့လာစေရန် သူ့တွင်ရှိထားသည့်အသိပညာ၊ သဘောပေါက်နားလည်မှုတို့ကို ဆက်လက်တိုးပွားအောင် လုပ်ဆောင်ရလိမ့်မည်။ (ကော. ၂:၆၊ ၇) အသိပညာစာအုပ်ကိုလေ့လာပြီးဆုံးသွားသည့်နောက် အိမ်တွင်းကျမ်းစာသင်အံမှု ဆက်လုပ်မည့်အစား သူ့အတွက် ဝိညာဉ်ရေးတွင်ရင့်ကျက်လာစေရန် ကိုယ်တိုင်ကိုယ်ကျ လိုအပ်သည့်အကူအညီတစ်ခုခုကို စီစဉ်ပေးနိုင်ပါသည်။ (ဂလ. ၆:၁၀; ဟေဗြဲ ၆:၁) သူ့လိုအပ်ချက်အတွက် ကျမ်းစာကိုနေ့စဉ်ဖတ်ရှုခြင်း၊ ကင်းမျှော်စင် နှင့် ‘သစ္စာရှိကျေးကျွန်’ ထုတ်ဝေသော အခြားစာပေများကို ကိုယ်ပိုင်လေ့လာမှုပြုခြင်း၊ စည်းဝေးများကိုတက်ရောက်ပြီးယင်းအတွက်ပြင်ဆင်ခြင်း၊ ယုံကြည်သူများနှင့်သမ္မာတရားကိုဆွေးနွေးခြင်းတို့ဖြင့် သူ၏တတ်သိထားရာများကို ပိုမိုပြည့်စုံစေနိုင်ပါသည်။ (မ. ၂၄:၄၅-၄၇; ဆာ. ၁:၂; တ. ၂:၄၁၊ ၄၂; ကော. ၁:၉၊ ၁၀) မိမိတို့၏ဓမ္မအမှု စာအုပ်ကိုဖတ်ပြီး လက်တွေ့အသုံးပြုခြင်းသည် သီအိုကရက်တစ်နည်းကျကျဖွဲ့စည်းထားသည့် သူ၏ဓမ္မအမှုကိုအပြည့်အဝကျေပွန်စေရန် အရေးကြီးသည့်ကဏ္ဍမှပါဝင်သည်။—၂ တိ. ၂:၂; ၄:၅။
၂၅ သွန်သင်ခြင်းပညာကို တိုးတက်စေပါ– ကျွန်ုပ်တို့သည် “လူမျိုးတကာတို့ကိုတပည့်ဖြစ်စေပြီး . . . သွန်သင်ပေးရန်” တာဝန်ကိုအပ်နှင်းခံခဲ့ရသည်။ (မ. ၂၈:၁၉၊ ၂၀) သွန်သင်ခြင်းပညာသည် တပည့်ဖြစ်စေခြင်းနှင့် ဆက်စပ်နေသောကြောင့် သင်ကြားပေးသူများအဖြစ်တိုးတက်ရန် ကျွန်ုပ်တို့ကြိုးစားလိုကြမည်။ (၁ တိ. ၄:၁၆; ၂ တိ. ၄:၂) သွန်သင်ခြင်းပညာကို တိုးတက်စေရန် ထပ်ဆင့်အကြံပြုချက်များအတွက် ကျောင်းညွှန်းစာအုပ် သင်ခန်းစာ ၁၀ နှင့် ၁၅ ပါ “သွန်သင်ပြသနိုင်သော အရည်အချင်းကို ဖြစ်ထွန်းစေခြင်း” နှင့် “ပရိသတ်နှလုံးထဲသို့စိမ့်ဝင်အောင်ပြောဆိုခြင်း”၊ ထိုးထွင်းသိမြင်ခြင်း၊ အတွဲ ၂ ပါ “သွန်သင်သူ၊ သွန်သင်ခြင်း”၊ နှင့် ကင်းမျှော်စင် ဆောင်းပါးများဖြစ်သည့် ၁၉၈၅၊ ဩဂုတ် ၁၊ ပါ “မီးခံပစ္စည်းများ နှင့်ဆောက်ခြင်း” နှင့် “သင်ကြားစဉ်နှလုံးကိုထိမိပါ”၊ ၁၉၈၆၊ မတ် ၁ [လိပ်]၊ ပါ “ကျမ်းစာကို သင်အကျိုးရှိရှိ စဉ်းစားဆင်ခြင်သလော” နှင့် ၁၉၉၆၊ ဖေဖော်ဝါရီ ၁၅၊ ပါ “တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ရွှင်လန်းမှုမည်သို့ရရှိနိုင်ပုံ” တို့ကို သင်ဖတ်လိုပေမည်။
၂၆ အသိပညာ စာအုပ်ကိုအသုံးပြုပြီး တပည့်ဖြစ်စေခြင်းလုပ်ငန်းကို သင်ကြိုးစားလုပ်ဆောင်စဉ် “ကြီးပွားစေသောအရှင်” ယေဟောဝါထံအစဉ်ဆုတောင်းပါက နိုင်ငံတော်သတင်းကောင်းကို လူတို့နှလုံးသို့ရောက်ရန် သင့်ကြိုးစားအားထုတ်မှုသည် ကောင်းချီးရမည်ဖြစ်သည်။ (၁ ကော. ၃:၅-၇) သင်သည် အခြားသူများကို ထာဝရအသက်ရစေသည့်အသိပညာကို နားလည်ရန်၊ တန်ဖိုးထားလေးမြတ်ရန်၊ လက်တွေ့ကျင့်သုံးရန် သင်ကြားပေးခြင်းမှရွှင်လန်းမှုကို ရရှိနိုင်ပါစေ!