သီချင်း ၁၇၃
မေတ္တာ—စုံလင်ခြင်းအနှောင်အဖွဲ့
၁။ အေးစက်လို့သွား အများမေတ္တာ၊
ဤဆုံးရက်တိုင်ချိန်ခါ
သို့ငြားလက်ဦးမေတ္တာထိန်းထား၊
ထိုခေတ်သို့ရှုရှောင်ရှား
တို့ဘုရားကို အတုယူလျှင်၊
လူတိုင်းအားပေးစေချင်
တို့ဘုရားမေတ္တာ ကိုယ်တိုင်ပြ၊
စိတ်တွင်းမှပြည့်လျှံကျ
၂။ ယောင်ဆောင်မှုကင်းသော ချစ်မေတ္တာ၊
ပြင်းထန်လှ ချစ်မေတ္တာ
ပျိုးထောင်ပေးဖို့တို့ထူးလိုပါ၊
လွတ်လပ်စွာကျင့်သုံးရာ
စိတ်တွင်းတိုင်အောင် တိုးချဲ့ကြစို့၊
စစ်မှန်ညီအစ်ကိုများတို့
ဘုရားမေတ္တာထားသူများအား၊
ထားအပ်မေတ္တာတရား
၃။ ဤစနစ်ဟောင်း ကျဆုံးစိတ်မြွှာ၊
တို့မေတ္တာစည်းလုံးလာ
စုံလင်ဖွဲ့စည်းမှုတို့ရထား၊
မြဲမြံစွာစွဲကိုင်ထား
ကရုဏာ စုံဖက် နွေးထွေးယုယ၊
ယောက်စီတွက်ရေးကြီးလှ
ညီအစ်ကိုဘဝ ပူးကပ်မိ၊
လုပ်ငန်းကုန်ဆုံးချိန်ထိ
၄။ ဘုရားမွန်မြတ် မိတ်သဟာယ၊
တို့အောင်မြင်ရာကူမ
ကိုယ့်ကိုယ်နှင့်တကွ မေတ္တာမျှ၊
ဤ ခဲယဉ်းရာကာလ
လေးနက်ထက်သန်လှ တို့မေတ္တာ၊
လုံးစုံစိတ်ရင်းမှန်စွာ
စုံလင်ဖွဲ့စည်းခုမိတ်သဟာ၊
မေတ္တာကိုယ်၌ပြနေ