သင် အကူအညီပေးနိုင်မည်လော
၁ တမန်တော်ပေါလုသည် အသင်းတော်သားများအား “အချင်းချင်း၏အကျိုးကို ပြုစု” ကြရန်သြဝါဒပေးခဲ့သည်။ (၁ ကော. ၁၂:၂၅၊ သတင်းကောင်း) ထို့ကြောင့် ကျွန်ုပ်တို့သည် တစ်ဦးကိုတစ်ဦး ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြကာ လိုအပ်သည်အချိန်တွင် မေတ္တာပါသောအကူအညီကို လိုလိုလားလားပေးသင့်သည်။ ဥပမာတစ်ခုအနေနှင့် ကျွန်ုပ်တို့၏အလယ်တွင်ရှိသော ဝိညာဏညီအစ်မအချို့သည် သမ္မာတရားတွင် သူတို့၏သားသမီးများကို တစ်ကိုယ်တည်း ပြုစုပျိုးထောင်ပေးရသည်။ ဤညီအစ်မများသည် သူတို့၏သားသမီးများကို ဝိညာဉ်ရေးလေ့ကျင့်ပေးရန်အတွက် တာဝန်အပြည့်ထမ်းဆောင်နေရသည်။ “သူတို့၏လိုအပ်ရာများနှင့်အညီ” ကျွန်ုပ်တို့၏ကြင်နာသောအားပေးမှုနှင့် လက်တွေ့ကျအကူအညီကို သူတို့အမှန်ရထိုက်သည်။ (ရော. ၁၂:၁၃က၊ ကဘ) သူတို့ကို သင် အကူအညီပေးနိုင်မည်လော။
၂ သင်ကူညီနိုင်သည့်နည်းများ– လူထုပို့ဆောင်ရေးယာဉ်များကို အားကိုးနေရသူများအား အစည်းအဝေးများသို့ ကြိုပို့ပေးခြင်းဖြင့် ထိုမိသားစုအတွက် ငွေကြေးအတော်အတန်သက်သာစေနိုင်ပါသည်။ အစည်းအဝေးများတွင် ကလေးငယ်များကိုထိန်းရသည့် မိခင်တစ်ဦးကိုကူညီပေးခြင်းဖြင့် သူသည် အစီအစဉ်မှ ပို၍အကျိုးအပြည့်အဝခံစားနိုင်ပေမည်။ အလားတူ၊ လယ်ကွင်းလုပ်ငန်းတွင် ကလေးများကိုခေါ်သွားသည့်အခါ အကူအညီပေးခြင်းဖြင့် မိခင်အတွက် အတော်အတန်သက်သာပေမည်။ ကလေးများကို အမှန်စိတ်ဝင်စားကြောင်းပြခြင်း—သူတို့နှင့်မိတ်ဆွေဖွဲ့ ခြင်း—သည် ကျွန်ုပ်တို့၏လူငယ်များကို အပြုသဘောဖြင့် များစွာသြဇာလွှမ်းမိုးနိုင်သည်။ အခါအားလျော်စွာ မိမစုံဖမစုံမိသားစုတစ်စုကို သင့်မိသားစုသင်အံမှုတွင်ပါဝင်ရန် ဖိတ်ခေါ်ခြင်းသည် လန်းဆန်းစေသော ဝိညာဏစိတ်အားတက်မှုကို ဖြစ်စေပါမည်။
၃ အမြော်အမြင်ရှိပါ– လိုအပ်သည်ဟုမခံစားရသူတစ်ဦးကို ဇွတ်အတင်းမကူညီရန် ကျွန်ုပ်တို့ဂရုစိုက်သင့်သည်။ လိုအပ်သည့်အကူအညီပေးစဉ် လူတစ်ဦး၏မိသားစုကိစ္စများတွင် ကျွန်ုပ်တို့ ဝင်စွက်ဖက်လိုကြမည်မဟုတ်ပါ။ အမှန်ပင်၊ ညီအစ်မများနှင့် အိမ်ထောင်သည်မောင်နှံများသည် လိုအပ်နေသောညီအစ်မတစ်ဦးကို အကူအညီပေးရန် အကောင်းဆုံးအနေအထားတွင်ရှိပါမည်။
၄ ခရစ်ယာန်အားလုံးသည် အချင်းချင်း “ဧည့်သည်ဝတ်ကို ကြိုးစား၍ပြုကြ” ရန် အားပေးခံရသည်။ (ရော. ၁၂:၁၃ခ) ကျွန်ုပ်တို့၏ဝိညာဏညီအစ်ကိုညီအစ်မများကို ကူညီပေးခြင်းသည် ကျွန်ုပ်တို့တွင်ရှိသည့် ခရစ်တော်ကဲ့သို့သောမေတ္တာမျိုးပြသနိုင်သည့် နည်းများစွာထဲမှတစ်ခုဖြစ်သည်။—ယော. ၁၃:၃၅။