စစ်မှန်သောဝတ်ပြုရေးအရှေ့ဥရောပတွင်တိုးချဲ့နေ
၁ ပထမရာစုခရစ်ယာန်များသည် ဇွဲရှိသောနိုင်ငံတော်ဟောပြောသူများဖြစ်ကြသည်။ အသင်းတော်တို့သည် “အရေအတွက်အားဖြင့် တစ်နေ့ထက်တစ်နေ့ တိုးပွားများပြား” လာသောအခါ သူတို့ပျော်ရွှင်ကြသည်။ (တ. ၁၆:၅) သူတို့ရဲရင့်စွာဟောပြောခဲ့ခြင်းကြောင့် စစ်မှန်သောဝတ်ပြုရေးသည် အာရှ၊ အာဖရိကနှင့် ဥရောပသို့ ရောက်ရှိကာ ယုံကြည်သူများစွာကိုရိတ်သိမ်းခဲ့ရသည်။
၂ ဤဆုံးခန်းကာလတွင် စစ်မှန်သောဝတ်ပြုရေးသည် အထူးသဖြင့် အရှေ့ဥရောပနိုင်ငံများတွင် ဆက်၍တိုးချဲ့လျက်ရှိသည်။ ၁၉၉၀ ပြည့်လွန်နှစ်များအစောပိုင်းအထိ အစိုးရ၏ပိတ်ပင်တားမြစ်မှုများအောက်၌ရှိသောနိုင်ငံများတွင် ယခုအခါ ထူးထူးခြားခြားတိုးတက်နေပါသည်။ ၁၉၉၉ နှစ်ချုပ်စာအုပ်က ထိုနိုင်ငံများမှနှစ်နိုင်ငံဖြစ်သောရုရှားနှင့် ယူကရိန်းတို့သည် လူထုရှေ့ဓမ္မအမှုတွင်ပါဝင်သောကြေညာသူ ၁၀၀,၀၀၀ ကျော်စီမှတ်တမ်းသွင်းခဲ့ကြကြောင်း ဖော်ပြသည်။ ယခင်ဆိုဗီယက်ပြည်ထောင်စု၏နယ်မြေ ၁၅ ခုတွင် ၁၉၉၁ ခုနှစ်ကတည်းက ၂၂၀,၀၀၀ ကျော်သောသူတို့သည် မိမိတို့ကိုယ်ကို ယေဟောဝါထံ ဆက်ကပ်အပ်နှံနှစ်ခြင်းခံခဲ့ကြသည်! ဤတစ်မုဟုတ်ချင်းတိုးတက်မှုကြောင့် နိုင်ငံတော်ခန်းမနှင့် အစည်းအဝေးခန်းမအသစ်များစွာကို ဆောက်လုပ်ရန်လိုအပ်သည့်အပြင် ဌာနခွဲအဆောက်အဦအတော်များများကိုလည်း တိုးချဲ့ရန်လိုအပ်လျက်ရှိသည်။
၃ ၁၉၉၇ မတ်လကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုတွင်ကြေညာခဲ့သည့်အတိုင်း ယခုအခါ အသင်းမ၏နိုင်ငံတော်ခန်းမရန်ပုံငွေတချို့ကို နောက်ထပ်နိုင်ငံတော်ခန်းမများရှိရန် ပိုအရေးတကြီးလိုအပ်နေသည့် ငွေကြေးအကန့်အသတ်သာရှိသော စီးပွားရေးအကျပ်အတည်းအတော်အတန်ရှိသည့် တိုင်းပြည်များရှိ အသင်းတော်များကို ချေးပေးရန်သုံးစွဲနေပါသည်။ မတ် ၁၉၉၆ နှင့် အောက်တိုဘာ ၁၉၉၈ အတွင်း အသင်းမသည် အရှေ့ဥရောပ ၁၁ နိုင်ငံကိုကြီးကြပ်ရသည့်ဌာနခွဲရုံးများမှနိုင်ငံတော်ခန်းမ ၃၅၉ လုံးအတွက်ချေးငွေတောင်းခံမှုများကို သဘောတူခဲ့သည်။ ထည့်ဝင်ခဲ့ကြသည့်ရန်ပုံငွေများကို နိုင်ငံတော်ခန်းမအသစ်များဆောက်လုပ်ရန်အတွက် မြေကွက်နှင့်ပစ္စည်းများဝယ်ယူရန်၊ ရှိပြီးသားအဆောက်အဦများကိုပြန်မွမ်းမံရာတွင် အသင်းတော်များအားထောက်ပံ့ရန် သုံးစွဲပါသည်။ ဤတွင်ဖော်ပြထားသောရုပ်ပုံများသည် ယူနိုက်တက်စတိတ်နှင့်အခြားနိုင်ငံများရှိ အသင်းမ၏နိုင်ငံတော်ခန်းမရန်ပုံငွေ၌ထည့်ဝင်မှုများက အရှေ့ဥရောပရှိ ကျွန်ုပ်တို့၏ညီအစ်ကိုများအား မည်သို့အကျိုးရရှိစေခဲ့ကြောင်းကို သဘောပေါက်စေသည်။
၄ ၁၉၉၈ ခုနှစ်အတွင်း ဘူလ်ဂေးရီးယားသည် ၁၂-ရာခိုင်နှုန်းတိုးတက်ခဲ့ကာ ညီအစ်ကိုများသည် ပထမဆုံးနိုင်ငံတော်ခန်းမကို ထိုနှစ်ဧပြီလတွင်အပ်နှံခဲ့သောအခါ ပီတိဖြစ်ခဲ့ကြရသည်။ ခရိုအေးရှားသည် ၄-ရာခိုင်နှုန်းတိုးတက်ခဲ့ကာ ယခုထိုတွင်ရှိသောညီအစ်ကိုများသည် စစ်မှန်သောဝတ်ပြုရေးကိုတိုးမြှင့်ရန် နောက်ထပ်နိုင်ငံတော်ခန်းမများကို ဆောက်လုပ်နေကြသည်။ ဟန်ဂေရီတွင် နိုင်ငံတော်ခန်းမ ၈၀ ခန့်ကို အသင်းတော် ၁၄၄ ခုကအသုံးပြုနေသည်။ ယင်းက ထိုနိုင်ငံရှိအသင်းတော် ၂၃၅ ခုအနက် ၆၁ ရာခိုင်နှုန်းသည် ကိုယ်ပိုင်ဝတ်ပြုသည့်နေရာရှိသည်ဟု ဆိုလိုသည်။ မက်စီဒိုးနီးယားတွင် နိုင်ငံတော်ခန်းမဆောက်လုပ်ရေးအစီအစဉ်မှ ခန်းမအသစ်နှစ်လုံးကို ဆောက်ပြီးကာ နောက်ထပ်လည်း ဆောက်လုပ်လျက်ရှိသည်။ ၁၉၉၉ ခုနှစ်နွေရာသီတွင် နှစ်ခုတွဲနိုင်ငံတော်ခန်းမတစ်လုံးကို စကော့ပ်ဂျီမြို့တော်တွင် ဆောက်လုပ်ပြီးခဲ့သည်။ ယင်းခန်းမတွင် အနည်းဆုံး အသင်းတော်ခြောက်ခုဝတ်ပြုနိုင်သည်။
၅ လွန်ခဲ့သည့်နှစ်ကရုရှားတွင် ပတ်စဉ်ပျမ်းမျှ ၂၆၀ ကျော်နှစ်ခြင်းခံခဲ့ကြသည်! အခြားနိုင်ငံများတွင်သုံးခဲ့သည့် စံနမူနာကိုလိုက်ကာ ယခုအခါ ရုရှားဌာနခွဲသည် အနာဂတ်နိုင်ငံတော်ခန်းမဆောက်လုပ်ရေးစီမံကိန်းများကို ထောက်ပံ့ရန် ကျယ်ဝန်းသောနယ်မြေတစ်လျှောက်တွင် ဒေသန္တရဆောက်လုပ်ရေးကော်မတီ ၁၂ ခုကိုဖွဲ့စည်းခဲ့သည်။ စိန့်ပီတာစဘာ့ဂ်၏မြောက်ပိုင်းတွင် ထိုင်ခုံ ၁,၆၀၀ ပါမည့် ထိုနိုင်ငံ၏ဦးဆုံးအစည်းအဝေးခန်းမကို ဆောက်လုပ်လျက်ရှိသည်။ ထိုအဆောက်အဦတွင် ထိုင်ခုံ ၂၀၀ စီပါသည့် နိုင်ငံတော်ခန်းမငါးလုံးလည်း ပါရှိမည်ဖြစ်သည်။ ယူကရိန်းရှိကျွန်ုပ်တို့၏ညီအစ်ကိုများနှင့် စိတ်ဝင်စားသူများစွာ၏ ဝိညာဉ်ရေးလိုအပ်ရာများကိုပံ့ပိုးပေးရန် နိုင်ငံတော်ခန်းမ ၈၄ လုံးကိုဆောက်လုပ်ပြီးစီးသွားပြီဖြစ်ကာ ခန်းမအလုံး ၈၀ မှာမူ ဆောက်လုပ်ဆဲဖြစ်သည်။
၆ အရှေ့ဥရောပရှိဤတိုးတက်မှုက ကျွန်ုပ်တို့၏နှလုံးကို ရွှင်ပြုံးစေသည်မဟုတ်လော။ ကျွန်ုပ်တို့သည် မည်သည့်နေရာတွင်နေနေ စစ်မှန်သောဝတ်ပြုရေးတိုးချဲ့မှုက ဘုရားသခင်သည် မျက်နှာမလိုက်ကြောင်း၊ ကိုယ်တော်၏သည်းခံမှုသည် ‘လူအုပ်ကြီး’ အတွက် ကယ်တင်ခြင်းကိုဖြစ်စေမည့်အကြောင်း ကျွန်ုပ်တို့ကိုအမှတ်ရစေသည်။ (ဗျာ. ၇:၉; ၂ ပေ. ၃:၉) အခြားသူများနှင့် ဝေးလံသောတိုင်းပြည်များရှိသူများ၏ ဝိညာဉ်ရေးတိုးတက်မှုအတွက် အနည်းငယ်ထည့်ဝင်လှူဒါန်းရခြင်းသည် ကျွန်ုပ်တို့အတွက် အခွင့်ထူးတစ်ရပ်ပါတကား! သုတ္တံ ၂၈:၂၇ က “ဆင်းရဲသားတို့အား စွန့်ကြဲသောသူသည် ကိုယ်တိုင်မဆင်းရဲရာ” ဟူ၍ ကျွန်ုပ်တို့ကိုအာမခံထား၏။ ဤဆောက်လုပ်ရေးကုန်ကျစရိတ်များကိုကာမိရန် ကူညီပေးလိုစိတ်ရှိခြင်းက ရုပ်ပိုင်းအရ “အညီအမျှ” ဖြစ်စေကာ ပေးကမ်းခြင်းမှရရှိသည့်ပျော်ရွှင်မှုနှင့် ကမ္ဘာတစ်ဝန်းတွင် စစ်မှန်သောဝတ်ပြုရေးတိုးချဲ့သည်ကိုတွေ့မြင်ရခြင်းမှ ရရှိသည့်ရွှင်လန်းမှုကို အားလုံးခံစားရစေနိုင်သည်။—၂ ကော. ၈:၁၄၊ ၁၅; တ. ၂၀:၃၅။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
စက်စလီ၊ရိုမေးနီးယား
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
မာရ်ဒူ၊အက်စ်တိုးနီးယား
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
စက်ဗ်နီကာ၊ စလိုဗေးနီးယား
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
တစ်ဇဗာ့စ်ဗရီ၊ဟန်ဂေရီ
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
ဂျူရ်မာလာ၊လက်တ်ဗီးယား
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
တာရဂီး၊လစ်သူယေးနီးယား
[စာမျက်နှာ ၄၊ ၅ ပါ ရုပ်ပုံ]
တဲလ်လင်၊ အက်စ်တိုးနီးယား
[စာမျက်နှာ ၁ ပါ ရုပ်ပုံ]
ပရီဗစ်ဇာ၊စလိုဗားကီးယား
[စာမျက်နှာ ၁ ပါ ရုပ်ပုံ]
မေတဇော့လ်ကာ၊ ဟန်ဂေရီ
[စာမျက်နှာ ၁ ပါ ရုပ်ပုံ]
ဘဲဂရိတ်၊ ယူဂိုစလားဗီးယား
[စာမျက်နှာ ၁ ပါ ရုပ်ပုံ]
ရူမာ၊ ယူဂိုစလားဗီးယား
[စာမျက်နှာ ၁ ပါ ရုပ်ပုံ]
ဗရာနော့ဗ် နတ်ဒ် တော့ပ်လ်လို၊စလိုဗားကီးယား
[စာမျက်နှာ ၁ ပါ ရုပ်ပုံ]
တောနကော်န်စ်၊လက်တ်ဗီးယား