ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၉/၉၉ စာ. ၂
  • စက်တင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စက်တင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • စက်တင်ဘာ ၆ တွင်စမည့်အပတ်
  • စက်တင်ဘာ ၁၃ တွင်စမည့်အပတ်
  • စက်တင်ဘာ ၂၀ တွင်စမည့်အပတ်
  • စက်တင်ဘာ ၂၇ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
နဓ ၉/၉၉ စာ. ၂

စက်တင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ

စက်တင်ဘာ ၆ တွင်စမည့်အပတ်

သီချင်း ၁၉၀

၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။

၁၇ မိ– “သင်သည် ရည်ရွယ်ချက်တစ်ခုဖြင့် လုပ်ဆောင်နေပါသလော။” အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။ ကျွန်ုပ်တို့၏ဓမ္မအမှုစာအုပ်၊ စာမျက်နှာ ၈၈-၉ ပါမှတ်ချက်များကို ပါဝင်စေပါ။ ဓမ္မအမှုတွင် တစ်သမတ်တည်းရှိရန်နှင့် စေ့စေ့စပ်စပ်ရှိရန် အားလုံးကိုအားပေးပါ။

၁၈ မိ–“မိဘတို့—သင်တို့၏သားသမီးများအတွက် ပုံသက်သေကောင်းကို ချမှတ်ပေးကြလော့။” အကြီးအကဲတစ်ဦးသည် တိုတိုတုတ်တုတ်နိဒါန်းပျိုးပြီး မိဘများဖြစ်ကြသည့်ညီအစ်ကိုနှစ်ဦးက ဆောင်းပါးကိုဆွေးနွေးရန်။ သူတို့သည် ကျောင်းတွင်၊ ရုပ်မြင်သံကြားတွင်၊ သက်သေခံမဟုတ်သည့်ဆွေမျိုးများနှင့် အခြားသူများတို့တွင်တွေ့ရသည့် မကောင်းသောစရိုက်လက္ခဏာများမှ မိမိတို့၏သားသမီးများကိုကာကွယ်ပေးခြင်းနှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်ကြောင်း ပြောဆိုကြသည်။ ညီအစ်ကိုများသည် မလေးစားသော သဘောထားများ၊ လောကဆန်သောအပြောအဆိုနှင့် ဝတ်စားဆင်ယင်မှု၊ အကျိုးမပြုသောဖျော်ဖြေမှုတို့ကို သုံးသပ်ကြသည်။ သူတို့သည် ပုံသက်သေကောင်းချမှတ်ပေးဖို့လိုအပ်ချက်ကို သုံးသပ်ကြပြီးနောက် မိသားစုသင်အံမှု၊ အသင်းတော်အစည်းအဝေးများနှင့် လယ်ကွင်းလုပ်ငန်းအတွက် စိတ်ထက်သန်မှုပို၍တိုးပွားစေသည့်နည်းများကို ဆွေးနွေးကြသည်။—ဇူလိုင် ၁၊ ၁၉၉၉၊ ကင်းမျှော်စင်၊ စာမျက်နှာ ၈-၂၂ နှင့် ဇွန် ၈၊ ၁၉၉၂၊ နိုးလော့!၊ စာမျက်နှာ ၈၊ ၉ ရှု။

သီချင်း ၁၀၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

စက်တင်ဘာ ၁၃ တွင်စမည့်အပတ်

သီချင်း ၁၇၁

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။

၁၅ မိ– ယခင်နှစ်က ကျွန်ုပ်တို့ မည်သို့လုပ်ဆောင်ခဲ့သနည်း။ လုပ်ငန်းတော်ကြီးကြပ်မှူးဟောရန်။ ၁၉၉၉ လုပ်ငန်းတော်နှစ်အတွက် အသင်းတော်မှတ်တမ်းမှ ပေါ်လွင်ချက်များကို သုံးသပ်ပါ။ ပြီးမြောက်ခဲ့သည့် ကောင်းသောအရာများအတွက် ချီးမွမ်းပါ။ တိုးတက်ဖို့လိုအပ်သည့်ကဏ္ဍရပ်များကို ထောက်ပြပါ။ အစည်းအဝေးတက်ရောက်ရာတွင်နှင့် ကျမ်းစာသင်အံမှုများကျင်းပရာတွင် အသင်းတော်လုပ်ဆောင်ခဲ့ပုံတို့ကို အာရုံစိုက်ပါ။ လာမည့်နှစ်အတွက် လက်တွေ့ကျသောပန်းတိုင်များကို အကြမ်းဖျင်းဖော်ပြပါ။

၂၀ မိ– “ဟိန္ဒူဘာသာဝင်တစ်ဦးကို သင်မည်သို့ပြောမည်နည်း။” မေးဖြေရန်။ လူတစ်ဦးနှင့် နှစ်ဦးနှစ်ဖက်သဘောတူနိုင်မည့်အရာကို အခြေချခြင်း၏အကျိုးကို အလေးပေးတင်ပြကာ ဟိန္ဒူဘာသာဝင်တစ်ဦးနှင့် ကျွန်ုပ်တို့ သဘောတူနိုင်ဖွယ်ရှိသည့်အရာများကို ထောက်ပြပါ။ ဘာသာရေးနောက်ခံအသီးသီးရှိ လူတို့ကိုသက်သေခံရန် အကြံပြုထားသည့်တင်ဆက်နည်းများကို မည်သို့ပြုပြင်နိုင်ကြောင်းတင်ပြပါ။ ဟိန္ဒူဘာသာဝင်တစ်ဦးကို သက်သေခံခြင်းနှင့်စပ်လျဉ်း၍ ကောင်းစွာပြင်ဆင်ထားသော တင်ဆက်နည်းတစ်ခုကို သရုပ်ပြပါ။ ဟိန္ဒူဘာသာနှင့်ဆိုင်သည့် ထပ်ဆင့်အချက်အလက်များအတွက် ဖေဖော်ဝါရီ ၁၉၉၈ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်စာရွက်; ကျိုးကြောင်းဆင်ခြင်စာအုပ်၊ စာမျက်နှာ ၂၂; နှင့် ဘုရားသခင်ကိုလူသားများရှာပုံတော်၊ [လိပ်] အခန်း ၅ ကိုရှုပါ။

သီချင်း ၁၄၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

စက်တင်ဘာ ၂၀ တွင်စမည့်အပတ်

သီချင်း ၁၉၃

၁၂ မိ– ဒေသကြေညာချက်များနှင့် လယ်ကွင်းလုပ်ငန်းတွေ့ကြုံမှုများ။

၁၅ မိ– ဒေသလိုအပ်ရာများ။

၁၈ မိ– ဝေစာများကိုကောင်းစွာအသုံးချပါ။ ဟောပြော၍ သရုပ်ပြရန်။

သီချင်း ၁၇၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

စက်တင်ဘာ ၂၇ တွင်စမည့်အပတ်

သီချင်း ၁၄၁

၁၅ မိ– ဒေသကြေညာချက်များ။ စက်တင်ဘာအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကိုနှိုးဆော်ပါ။ အောက်တိုဘာအတွင်း မဂ္ဂဇင်းဝေငှခြင်း၌ အပြည့်အဝပါဝင်ရန်အတွက် အစီအစဉ်များလုပ်ကြရန် အားလုံးကိုတိုက်တွန်းပါ။ တင်ဆက်ပုံများကို မည်သို့ပြင်ဆင်ရမည်နှင့်စပ်လျဉ်း၍ အောက်တိုဘာ ၁၉၉၆ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၈ တွင်ဖော်ပြထားသော အကြံပြုချက်အချို့ကို ပြန်သုံးသပ်ပါ။ နောက်ဆုံးထုတ်မဂ္ဂဇင်းများကိုအသုံးပြု၍ ပြောစရာအချက်ကောင်းအချို့ကိုဖော်ပြပြီး တိုတုတ်သည့်တင်ဆက်မှုတစ်ခုနှစ်ခုကို သရုပ်ပြပါ။

၁၅ မိ– မေးခွန်းသေတ္တာ။ အကြီးအကဲတစ်ဦးဟောရန်။

၁၅ မိ– “စစ်မှန်သောဝတ်ပြုရေး အရှေ့ဥရောပတွင်တိုးချဲ့နေ။” အကြီးအကဲသည် မေးဖြေပြုလုပ်သွားရန်။ မကြာသေးမီက နှစ်ချုပ်စာအုပ်များတွင်မှတ်တမ်းတင်ထားသည့်အတိုင်း ဖော်ပြထားသည့်နိုင်ငံများရှိ တိုးတက်မှုနှင့်စပ်လျဉ်းသည့်တွေ့ကြုံမှုများ သို့မဟုတ် သာဓကကိုဖော်ပြပါ။

သီချင်း ၈၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ